လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (15)

လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (15)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇
Google DOCS Basics
ဂူးဂဲဒေါ့ကူမင့် အခြေခံ

Google Docs ဆိုတာက အခြေခံအားဖြင့်တော့ Microsoft Word နဲ့ အတူတူပါပဲ။ သုံးစွဲပုံနဲ့ အသုံးဝင်ပုံခြင်း အတူတူလို့ ဆိုတာပါ။ မတူတာကတော့ ဂူးဂဲဒေါ့က အွန်လိုင်း ကလောက်ဒ် ပေါ်မှာ ရှိပြီး၊ မိမိအီးမေးအကောင့်နဲ့ ၀င်ပြီး သုံးစွဲရတယ်၊ မိမိကလွဲပြီး သူများတွေကို မရှယ်မခြင်း မိမိတဦးတည်းပိုင် သုံးစွဲနိုင်တယ်၊ ပြီးတော့ မိမိဘယ်သွားသွား ဘယ်ကွန်ပြူတာမှာမဆို မိမိအင်တာနက်ရှိနေသမျှ လိုက်ပါပြီး သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ မိုက်ခရိုဆော့အော့ဖစ်က ၀ဒ်ဆိုရင်တော့ သူ့ဆော့ဝဲရှိတဲ့ ကွန်ပြူတာနဲ့မှ သုံးလို့ရတယ်၊ မိမိစာဖိုင်ကို အဲသည်ကွန်ပြူတာမှာ သိမ်းထားမိရင် တခြားကွန်ပြူတာကနေ ခေါ်သုံးလို့ (လွယ်လွယ်နဲ့) မရနိုင်ဘူး၊ ဆော့ဝဲမရှိတဲ့ ကွန်ပြူတာနဲ့ဆိုရင်လည်း မိမိစာဖိုင်ကို ယူအက်စ်ဘီဒရိုက်နဲ့ ကော်ပီကူးထားဦးတော့ ဖွင့်သုံးလို့ မလွယ်ဘူးဆိုတဲ့ အားနည်းချက်တွေ ရှိကြောင်း သင်တန်းဆရာက ရှင်းပြရပါမယ်။






ဂူးဂဲဒရိုက်ကနေ New - Google Docs ကို နှိပ်ပါ။

ဂူးဂဲဒေါ့ ၀င်းဒိုးရဲ့ အင်တာဖေ့စ် မြင်ကွင်းကို သင်တန်းဆရာက ရှင်းပြရပါမယ်။






ဥပမာ အထက်ပါ ရိုက်ထားပြီးသား စာဖိုင်ရှိတယ် ဆိုရင် အဲသည်က မီးနူးတွေ၊ ဘတ်တမ်တွေ၊ ကွန်မန်းတွေက ဘာတွေလဲဆိုတာကို ရှင်းပြရပါမယ်။






အဲသည်ထိပ်က ပုံ - အိုင်ကွန်ကတော့ ဂူးဂဲဒရိုက်ကို ပြန်နောက်ဆုတ်တဲ့ မောက်စ်ကလစ် ဖြစ်ပါတယ်။






Thank You Letter ဆိုတာ မိမိစာဖိုင်ရဲ့ စာဖိုင်အမည် ပေးထားတာ ဖြစ်ပါတယ်။ စာဖိုင်အမည် မပေးရသေးရင် သူက “untitled document” လို့ ပေါ်နေပါလိမ့်မယ်။






ဒါကတော့ ဒေါ့ကူမင့်ဝင်းဒိုးက ပေတံတွေ အတိုင်းအတာမြင်ကွင်းနေရာ ဖြစ်ပါတယ်။ မာဂျင်ချထားတာ၊ ဘယ်ညာ ညှိတာ၊ အပိုဒ်ခွဲတာ ဘာညာတွေကို ချိန်လို့ရတဲ့ ယူနစ်ပြနေရာဖြစ်ပါတယ်။






ထိပ်ဆုံးမှာ File, Edit. View ဆိုတဲ့ မီးနူး တူးလ်ဘားဆိုတာကို ရှင်းပြရပါမယ်။ စာရိုက်ကူ ကိရိယာအမိန့်ပေးချက်တွေကို သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်စုခွဲထားတယ်ဆိုတာကို သင်တန်းဆရာက တခုချင်း ရှင်းပြရမှာ ဖြစ်ပါတယ်။





သင်တန်းဆရာ ထောက်ပြရမယ့် အချက်ကတော့ ဖိုင်တွေဟာ အွန်လိုင်းပေါ်မှာ ရှိနေတဲ့အတွက် save လုပ်စရာ သီးခြားမလိုဘဲ အောက်တိုဆေ့ဗ်သွားတဲ့ အကြောင်းကို ရှင်းပြပါ။





Tool Bar Menu အောက်မှာ ရုပ်ပုံ အိုင်ကွန်လေးတွေနဲ့ အမိန့်ပေးချက်တွေကိုတော့ Shortcut toolbar လို့ ခေါ်ပါတယ်။ အလွယ်တကူ မောက်စ်နှိပ်ပြီး မကြာခန သုံးစွဲရတဲ့ ကွန်မန်းတွေ အမိန့်ပေးချက်တွေကို တင်ထားတာ ဖြစ်ကြောင်း ရှင်းပြ သုံးစွဲပြရပါမယ်။ တကယ်တန်း စာရိုက်တဲ့အခါ မီနူးကို ဆွဲချသုံးတာထက် ရှော့ကပ်တွေကို နှိပ်ပြီး အများဆုံး သုံးရတယ်ဆိုတာကို သူတို့ကို သရုပ်ပြရမှာ ဖြစ်ပါတယ်။





နောက်ဆုံးတခုကတော့ Share ဆိုတဲ့ အိုင်ကွန်နဲ့ သူများတွေကို ကိုယ့်စာဖိုင်ကို ဝေမျှ ရှယ်ပေးတဲ့ ကလစ်ဖြစ်ပါတယ်။ ဒါက လိုအပ်လို့ရှိရင် သူများအီးမေးဆီကို လှမ်းပြီး ရှယ်တဲ့ အလုပ်လုပ်နိုင်ပါတယ်။

ဥပမာ - သင်တန်းသားတွေကို အက်ဆေးတခု ရေးခိုင်းပြီးတော့ သင်တန်းဆရာဆီကို share ခိုင်းပါ။ သင်တန်းဆရာဆီက သူ့ဂူးဂဲဒရိုက်မှာ သင်တန်းသားတွေ ရှယ်လိုက်တဲ့ ဒေါ့ကူမင့်တွေ အသီးသီး ပေါ်လာတာကို သရုပ်ပြနိုင်ပါတယ်။ သင်တန်းဆရာက အက်ဆေးတွေကို အမှတ်ပေးတာ မှတ်ချက်ပေးတာကို သင်တန်းသားစာဖိုင်မှာ တခါတည်း လုပ်ပေးလို့ရတဲ့အတွက် အီးမေးပို့တာ ပြန်တာတွေ အလွန်သက်သာတာကို ပြနိုင်ပါတယ်။

Page Setup Menu ကို သရုပ်ပြခြင်း




ဖိုင်မီနူးကို ဆွဲချပါ။ Page Setup ကို ရွေးပါ။

Page ကို အတည့်လား အလှဲလား၊ Portrait or Landscape ပြောင်းလို့ရတာကို ပြသပါ။





Page margins မှာ စာမျက်နှာဘောင် အပေါ် အောက် ဘေး အလွတ်ထားတာကို ဆက်တပ် လုပ်ပြပါ။






Paper size - စာမျက်နှာဆိုက်ကိုလည်း လိုအပ်သလို ပြင်နိုင်ကြောင်း ပြပါ။





Page color - စာမျက်နှာရဲ့ နောက်ခံအရောင်ကိုလည်း မိမိနှစ်သက်သလို ပြင်ဆင်နိုင်ကြောင်းကိုလည်း လုပ်ပြပါ။




ဒါဆိုရင် ဂူးဂဲဒေါ့မှာ မိမိလုပ်ချင်တဲ့ ကိစ္စတွေ စာစီစာရိုက်လုပ်နိုင်ကြောင်း ရင်းနှီးအောင် မိတ်ဆက်ပေးနိုင်ပါပြီ။

လေ့ကျင့်ခန်း




Open Google Docs, and create a new blank file.

Change the document title from Untitled Document to Practice Document.

Change the page orientation to landscape.

Change all of the margin sizes to 0.5" (1.25 cm).

Change the page color to a light blue.

When you're finished, your document should look something like this:

(ဆက်လက်ဖော်ပြပါမည်)