ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၅)


ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၅)
Data Sufficiency Question (5)

(မိုးမခ) မေ ၁၂၊ ၂၀၁၇

နမူနာမေး ခွန်း နှင့်​ အ​ဖြေ

အတန်းထဲမှ ​ကျောင်းသား သို့မဟုတ်​ ​ကျောင်းသူတဦးကို ကျပမ်း​ရွေး၍ စာဖတ်​ခိုင်းသည်​။
ထိုအခါ စာဖတ်​ရန်​​ အ​ရွေးခံရ​သောသူသည်​ ​ယောက်ျား​လေးဖြစ်​ဖို့ ဖြစ်နိုင်​စွမ်းသည်​ အဘယ်​နည်း။ 

အဆို ၁ ။ အတန်းထဲရှိ ​ကျောင်းသူ ​ကျောင်းသားများ၏​ သုံးပုံ တပုံသည်​ မိန်းက​လေးများ ဖြစ်​သည်​။

အဆို ၂ ။ အတန်းထဲတွင်​ ​ယောက်ျား​လေး ၄၀ ရှိသည်​။

စဉ်းစားနည်းနှင့်​ အ​ဖြေ

ကနဦး​တွေ့ရှိချက်​များအရ ​ယောက်ျား​လေးနှင့်​ မိန်းက​လေးများရှိသည့်​အနက်​ တ​ဦးကို ကျပမ်း​ရွေးသည်​။ အ​ရွေးခံရသူသည်​ ​ယောက်ျား​လေးဖြစ်​ဖို့ ဖြစ်​နိုင်​စွမ်းကို ရှာရမည်​။

အဆို၁ကို ကြည့်​မည်​။
ကျောင်းသား​ ကျောင်းသူများ၏​ သုံးပုံတ​ပုံသည်​ မိန်းက​လေးဖြစ်​သည်​ ။ထို့ကြောင့်​ 2/3  ပုံသည်​ ​ယောက်ျား​လေးဖြစ်​သည်​။
ထို့​ကြောင့်​ အားလုံးထဲမှ တဦးကို​ရွေးလျှင် ​ယောက်ျား​လေး ဖြစ်​​စေမည့်​ ဖြစ်​နိုင်​စွမ်းသည်​ 2/3 ဖြစ်​သည်​။
ထို့​ကြောင့်​ အဆို ၁ တခုထဲ ဖြင့်​ အဖြကိုရသည်​။

ယခု အဆို ၂ ကိုကြည့်​ မည်​။ အဆို ၁ ကို​မေ့ထားမည်​။
အဆို ၂ အရ ​ယောက်ျား​လေး ၄၀ ရှိသည်​။ ​ယောက်ျား​လေးအ​ရေအတွက်​ တခုတည်းကို သိရုံဖြင့်​ ​ယောက်ျား​လေးဖြစ်​ဖို့ ဖြစ်​နိုင်​စွမ်းကို မသိနိုင်​ပါ။
ထို့​ကြောင့်​ အဆို ၂ တခုတည်းဖြင့်​ အ​ဖြေမရနိုင်​ပါ။

ထို​ကြောင့်​ အ​ဖြေသည်​ A ဖြစ်​သည်​။
(A ။ အဆို ၁ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန်​အတွက်​ လုံလောက်​သည်​။ သို့​သော်​ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန် ​မလုံ​လောက်​ပါ)