နတ်ရေထွက်ချောင်
ကိုပွေး
(မိုးမခ) မေ ၁၄၊ ၂၀၁၇
လျှံနေတဲ့မြစ်ကို
လက်ဝါးပြတ်ဖြတ်တော့
လှိုင်းကထန်လိုက်တာ
လူးနေတဲ့ပေါင်းမိုးအောက်မှာ
ဂေါဝန်ဆိပ်ဟာ မူးပြီးအော့အန်လို့
ကြောက်စိတ်က
ဘုရားကို အလိုလိုတတယ်
ဒီပုထိုးအိုကြီးများပြိုခဲ့ရင်
မိဘသေတောင်ပစ်ထားခဲ့ တဲ့ မြစ်ကလည်း
အကြီးကြီး
ပြိုနေတဲ့ခြသေ့င်္ကလည်း
ခေါင်းမရှိတော့ဘူး
မမင်းဖြူ မှန်မှန်ပြောပါ
မင်းကွန်းဆရာတော်
ပျံလွန်တော်မမူသေးပါ
မြစ်ရဲ့လက်ချောင်းလေးဟာ
နွေမှာသဲတွေကို ဖြန့်လိုက်
ဆုပ်လိုက်
စကားပန်းတွေပျော်တဲ့လမ်းကလေးထဲ
ဖွဖွလျှောက်
ချိုးဝင်ခဲ့တယ်
ရေက သူရောက်ဖူးကြောင်း
သဲကိုမြောင်းလုပ်လို့
တောဟာ တောအတိုင်းပဲ
သစ်ပင်အိုပျို ကျောင်းစိုစို
တောင်ခြေရင်းမှာ စေတီလေးက
ဝင်းလို့
နတ်ဆက်တဲ့ ကျောက်စက်ရေက
တစ်စက်ချင်း
ဒါပေမဲ့ အဆက်မပြတ်
ရှေးဘဝကို ယုံတယ်
ခုဘဝရဲ့အဘိုးအဘွားများက
လမ်းပြတယ်
အမျိုးတွေနဲ့
သွားခဲ့ကြတယ်
ခုထိ မရောက်နိုင်သေး ။ ။
ကိုပွေး
၂၈၀၄၁၇