ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်ပျူတာအတွက် အင်္ဂလိပ်စာ –၂
(မိုးမခ) မေ ၂၅၊ ၂၀၁၇
ENGLISH FOR COMPUTERS - 2
WHAT ARE VALVES?
A simple electronic valve contains two electrodes.They are metal conductors that are attached to a circuit at one end only and either receive or give out free electrons.They are called thermionic valves.An electronic valve works by passing a stream of electrons from a heated cathode or negative electrode to anode or positive electrode.There are two types of thermionic valves : diodes and tri-odes.
DIODE
The diode is used as the detector of radio waves.The resonant circuit,consisting of an inductance and a capacitor,serves to select a specific frequency.This is the simplest radio receiver realisable with a vacuum tube.To operate a loudspeaker,the signal must be amplified.
TRIODE
The triode is used as a voltage amplifier. Small voltage changes at the grid result in large voltage changes over the load resistor.
အဆို့များသည် အဘယ်နည်း ရိုးရိုးရှင်းရှင်း အီလက်ထရောနစ်အဆို့တွင် အီလက်ထရုတ် နှစ်ခု ပါဝင်သည်။ အီလက်ထရုတ်ဟူသည်မှာ လျှပ်စစ်စီးရန် စီမံထားသော သတ္တုပစ္စည်းဖြစ်သည်။ ၄င်းတို့ကို လျှပ်စစ်ကွန်ယက်တစ်ခု၏ တစ်ဖက်တည်းတွင် တပ်ဆင်ထားသည်။ ၄င်းတို့သည် လွတ်လပ်သောအီလက်ထရွန်အမှုန်ကလေးများကို လက်ခံသောအလုပ် သို့မဟုတ် လွှင့်ထုတ်သောအလုပ်ကို လုပ်သည်။ ၄င်းတို့ကို သာမီအိုနစ်အဆို့များ ဟု ခေါ်သည်။ အီလက်ထရောနစ်အဆို့၏ အလုပ်အလုပ်ပုံမှာ အပူပေဒသော ကက်သုတ်အမည်ရှိပြွန်ချောင်း သို့မဟုတ် အနှုတ်အီလက်ထရုတ်မှ စီးထွက်သော အီလက်ထရွန်အမှုန်ကလေးများကို အနုတ်အမည်ရှိပြွန်ချောင်း သို့မဟုတ် အပေါင်းအီလက်ထရုတ်ဆီသို့ ပို့ပေးသည်။ သာမီယိုနစ် အဆို့ နှစ်မျိုး ရှိသည်။ ၄င်းတိုမှာ ဒိုင်ယုတ် နှင့် ထရိုင်ယုတ်တို့ ဖြစ်ကြသည်။
ဒိုင်ယုတ်ဒိုင်ယုတ်သည် ရေဒီယိုလှိုင်းများကို ဖမ်းရာတွင်သုံးသော အဆို့ဖြစ်သည်။ ၄င်းတွင်ပါဝင်သော ပစ္စည်းများသည် လိုချင်သောရေဒီယိုလှိုင်းကို ရွေးပေးသည်။ ၄င်းသည် လေဟာနယ်ပြွန်ချောင်းဖြင့်ပြုလုပ်သော ရေဒီယိုလှိုင်းဖမ်းစက်များတွင် အရိုးဆုံး အရှင်းဆုံးဖြစ်သည်။
အကယ်၍ အသံချယ့်စက်ကို သုံးမည်ဆိုလျှင် သုံးနိုင်အောင်ချဲ့ထွင်၍ သုံးနိုင်သည်။
ထရိုင်ယုတ်
ထရိုင်ယုတ်ကို ဘို့အားမြှင့်ရာတွင် သုံးသည်။ လေးထောင့်ကွက်ထဲတွင် ဘို့အား အနည်းငယ်အပြောင်းအလဲသည် အခြားနေရာတွင် များများပြောင်းစေသည်။
Language Notessimple(adj) - ရိုးသားရှင်းလင်းသော
valve (N) - အဆို့
conduct (v) - လျှပ်စစ်စီးသည်
conductor (N) - လျှပ်စစ်စီးသောအရာ
work (v) - အလုပ်လုပ်သည်
detect (v) - ရှာဖွေတွေ့ရှိသည်
detector (v) - ရှာဖွေသောအရာ၊ ဖမ်းစက်
receive (v) - လက်ခံသည်
receiver (N) - လက်ခံသောအရာ
wave (N) - လှိုင်း
circuit (N) - လျှပ်စစ်ကွန်ယက်။ ဆားကစ်
serve (v) - အသုံးဝင်သည်
It serves to select a specific radio frequency.
၎င်းကို တိကျသော ရေဒီယိုတုန်ခါနှုံးများကို ရွေးရာတွင် အသုံးချသည်။
Specific (adj) - တိကျသော
receive (v) - လက်ခံသည်
receiver (N) - လက်ခံသောအရာ၊ ဖမ်းစက်။
realise (v) - ရသည်
realisable (adj) - ရနိုင်သော
Vacuum (N) - လေဟာနယ်။ လေမရှိသောနယ်
amplify (v) - တိုးချဲ့သည်
loud speaker (N) - အသံချဲ့စက်
amplifier (N) - တိုးချဲ့သောအရာ
grid (N) - လေးထောင့်ကွက်
Result (v) - ဖြစ်ပေါ်စေသည်
Small changes of voltage at the grid result in large changes over the resistor.
လေးထောင်ကွက်ထဲတွင် ဘို့အားအနည်းငယ်ပြောင်းခြင်းသည် အခြားနေရာတွင် များများပြောင်းစေသည်။
resist (v) - ခုခံသည်
resistor (N) - ခုခံသောအရာ အထူးသဖြင့် လျှပ်စစ်