မောင်မောင်ငြိမ်းအေး ● ပျဉ်းမနားမောင်နီသင်းကို ကျွန်တော်သိတယ်
(မိုးမခ) ဇွန် ၄၊ ၂၀၁၇
"ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း"....တဲ့
ရိုးသားတဲ့ ကလေးငယ်လေးတွေ လက်ပိုက်
အသံစူးစူးကလေးတွေနဲ့ အော်ဟစ်လိုက်ကြ။
ဒီကဗျာကလေးကိုစပ်ဆို
ကလေးလေးတွေကို ချစ်မြတ်
နှလုံးသားနဲ့ထပ်တူကြင်နာ
ဆရာမောင်နီသင်း
မရဏခံတွင်း
ဆင်းသွားခဲ့ပြီ။
ဆရာက အသားမည်းမည်း
အသည်းကတော့ဖြူရှာတယ်
သဘောဖြူ အူစင်း
လူချင်းတွေ့တာနဲ့ပြုံးပြ
အခုမှတွေ့ကြတဲ့သူတောင်
ညီအစ်ကိုမောင်နှမရင်းဖြစ်
ရှေးကထက်ပိုချစ်ကြတယ်။
ပညာရေးမှာ
ဆရာဟာ ဆရာပေါ့
ပညာကိုအရေးထား
လေးစားတဲ့ဆရာ
ပညာခေတ်မှာ
ပညာကို"စစ်"စေချင်ရှာခဲ့
ပညာနဲ့မတန်
စစ်မာန်စစ်သွေးကြွ
အာဏာပြသူတွေအောက်မှာ
ဆရာ့ခမျာအံတင်း
ပညာရဲ့အနာဂတ်ကိုမျှော်လင့်ရင်းနဲ့သာ
ဝေဒနာကို
သေရွာယူသွားခဲ့ပြီ။
၁၉၈၃-၈၄ လောက်က
ဧရာဝတီအနောက်ခြမ်း
ဆင်တဲ၊ ပန်တောင်း၊ ဥသျှစ်ပင်
ညောင်ခြေထောက်၊ထုံးဘို၊ကွင်းလှ
စာပေဟောပြောကြဖို့ ကျွန်တော်ဖိတ်
ဟိတ်ဟန်မရှိတဲ့ဆရာ
ဆရာမကြီးစောမုံညင်း၊ဆရာမကြီးခင်ဆွေဦး
ဆရာတည်ကြည်တို့နဲ့အတူ
ရန်ကုန်-ပြည်ရထားကလေး တတူတူ
ကျွန်တော်တို့လူငယ်တွေပျော်ရအောင်
ဟာသတွေနှော
တသောသောရယ်ပွဲဖွဲ့
ဆရာ့ရဲ့ ခင်မင်စရာကောင်းတဲ့ဆက်ဆံရေး
ဆလံအထပ်ထပ်ပေးမိရဲ့။
ဆရာနဲ့ကျွန်တော်
အကောက်တောင်ပေါ်တက်
ကမ်းပါးအထက်ကသစ်ရိပ်အောက်ထိုင်ရင်း
ဧရာဝတီကို ချစ်ခြင်းအပြည့်နဲ့ငုံ့ကြည့်မိကြတော့
"ကြည့်စမ်းပါဦး ကိုငြိမ်းအေးရာ
လွမ်းစရာလေးဗျာနော်" ဆိုလို့
ဆရာ့လက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့
ဟိုးအောက်ဘက်က ဧရာဝတီရဲ့ကျောပြင်ပေါ်မှာ
မြူတွေက ပြာပြာဆင်းလို့
တံငါလှေကလေးတစင်း
အဖော်ကင်းကင်းနဲ့ ကျနော်တွေ့လိုက်ရ
နောက်ပိုင်းကာလတွေမှာ
ဆရာကလည်းဆရာ့ဘဝထဲဆရာနစ်
ကျနော်ကလည်း ကျနော်ဘဝထဲကျနော်နစ်
တစ်နှစ်နေလို့ တခါတောင်မတွေ့ဖြစ်ကြတော့ပေမယ့်
"အဖော်ကင်းပြီး အထီးကျန်"နေသူတွေကိုတွေ့တိုင်း
"မြူတွေဆင်းပြီး ခရီးဆန်"နေသူတွေကိုတွေ့တိုင်း
ရင်မှာလှိုင်းထ
အတိုင်းအဆမရှိ
ကျနော် လွမ်းမိနေတတ်ခဲ့ပါတယ်။
သွားတော့ဆရာရေ သွားတော့
လူတိုင်းသွားရမယ့်နေရာ
ဆရာသွားတာပါပဲ
ဖြစ်လေရာဘဝတိုင်း
ပညာရေးမှိုင်းတွေကို ချွတ်နိုင်ပါစေပေါ့
ကလေးတွေရဲ့နောင်ရေး
စိတ်အေးနိုင်ပါစေပေါ့။
"ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း"....တဲ့
ရိုးသားတဲ့ကလေးငယ်လေးတွေလက်ပိုက်
အသံစူးစူးကလေးတွေနဲ့ အော်ဟစ်လိုက်ကြ
ကောင်းကင်က ဆရာကြားနိုင်စေ။ ။
မောင်မောင်ငြိမ်းအေး
(ဆရာ ပျဉ်းမနားမောင်နီသင်း ကွယ်လွန်ခြင်းအမှတ်တရ)
(မိုးမခ) ဇွန် ၄၊ ၂၀၁၇
"ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း"....တဲ့
ရိုးသားတဲ့ ကလေးငယ်လေးတွေ လက်ပိုက်
အသံစူးစူးကလေးတွေနဲ့ အော်ဟစ်လိုက်ကြ။
ဒီကဗျာကလေးကိုစပ်ဆို
ကလေးလေးတွေကို ချစ်မြတ်
နှလုံးသားနဲ့ထပ်တူကြင်နာ
ဆရာမောင်နီသင်း
မရဏခံတွင်း
ဆင်းသွားခဲ့ပြီ။
ဆရာက အသားမည်းမည်း
အသည်းကတော့ဖြူရှာတယ်
သဘောဖြူ အူစင်း
လူချင်းတွေ့တာနဲ့ပြုံးပြ
အခုမှတွေ့ကြတဲ့သူတောင်
ညီအစ်ကိုမောင်နှမရင်းဖြစ်
ရှေးကထက်ပိုချစ်ကြတယ်။
ပညာရေးမှာ
ဆရာဟာ ဆရာပေါ့
ပညာကိုအရေးထား
လေးစားတဲ့ဆရာ
ပညာခေတ်မှာ
ပညာကို"စစ်"စေချင်ရှာခဲ့
ပညာနဲ့မတန်
စစ်မာန်စစ်သွေးကြွ
အာဏာပြသူတွေအောက်မှာ
ဆရာ့ခမျာအံတင်း
ပညာရဲ့အနာဂတ်ကိုမျှော်လင့်ရင်းနဲ့သာ
ဝေဒနာကို
သေရွာယူသွားခဲ့ပြီ။
၁၉၈၃-၈၄ လောက်က
ဧရာဝတီအနောက်ခြမ်း
ဆင်တဲ၊ ပန်တောင်း၊ ဥသျှစ်ပင်
ညောင်ခြေထောက်၊ထုံးဘို၊ကွင်းလှ
စာပေဟောပြောကြဖို့ ကျွန်တော်ဖိတ်
ဟိတ်ဟန်မရှိတဲ့ဆရာ
ဆရာမကြီးစောမုံညင်း၊ဆရာမကြီးခင်ဆွေဦး
ဆရာတည်ကြည်တို့နဲ့အတူ
ရန်ကုန်-ပြည်ရထားကလေး တတူတူ
ကျွန်တော်တို့လူငယ်တွေပျော်ရအောင်
ဟာသတွေနှော
တသောသောရယ်ပွဲဖွဲ့
ဆရာ့ရဲ့ ခင်မင်စရာကောင်းတဲ့ဆက်ဆံရေး
ဆလံအထပ်ထပ်ပေးမိရဲ့။
ဆရာနဲ့ကျွန်တော်
အကောက်တောင်ပေါ်တက်
ကမ်းပါးအထက်ကသစ်ရိပ်အောက်ထိုင်ရင်း
ဧရာဝတီကို ချစ်ခြင်းအပြည့်နဲ့ငုံ့ကြည့်မိကြတော့
"ကြည့်စမ်းပါဦး ကိုငြိမ်းအေးရာ
လွမ်းစရာလေးဗျာနော်" ဆိုလို့
ဆရာ့လက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့
ဟိုးအောက်ဘက်က ဧရာဝတီရဲ့ကျောပြင်ပေါ်မှာ
မြူတွေက ပြာပြာဆင်းလို့
တံငါလှေကလေးတစင်း
အဖော်ကင်းကင်းနဲ့ ကျနော်တွေ့လိုက်ရ
နောက်ပိုင်းကာလတွေမှာ
ဆရာကလည်းဆရာ့ဘဝထဲဆရာနစ်
ကျနော်ကလည်း ကျနော်ဘဝထဲကျနော်နစ်
တစ်နှစ်နေလို့ တခါတောင်မတွေ့ဖြစ်ကြတော့ပေမယ့်
"အဖော်ကင်းပြီး အထီးကျန်"နေသူတွေကိုတွေ့တိုင်း
"မြူတွေဆင်းပြီး ခရီးဆန်"နေသူတွေကိုတွေ့တိုင်း
ရင်မှာလှိုင်းထ
အတိုင်းအဆမရှိ
ကျနော် လွမ်းမိနေတတ်ခဲ့ပါတယ်။
သွားတော့ဆရာရေ သွားတော့
လူတိုင်းသွားရမယ့်နေရာ
ဆရာသွားတာပါပဲ
ဖြစ်လေရာဘဝတိုင်း
ပညာရေးမှိုင်းတွေကို ချွတ်နိုင်ပါစေပေါ့
ကလေးတွေရဲ့နောင်ရေး
စိတ်အေးနိုင်ပါစေပေါ့။
"ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း"....တဲ့
ရိုးသားတဲ့ကလေးငယ်လေးတွေလက်ပိုက်
အသံစူးစူးကလေးတွေနဲ့ အော်ဟစ်လိုက်ကြ
ကောင်းကင်က ဆရာကြားနိုင်စေ။ ။
မောင်မောင်ငြိမ်းအေး
(ဆရာ ပျဉ်းမနားမောင်နီသင်း ကွယ်လွန်ခြင်းအမှတ်တရ)