ဇာနီကြီး ● စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး)


 ဇာနီကြီး ● စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး)
(မိုးမခ) ဇွန် ၂၂၊ ၂ဝ၁၇


ဦးကိုနီ ပဉ္စမမြန်မာနိုင်ငံတော် (စာပေဟောပြောပွဲ၊ စင်ကာပူ ၂ဝ၁၅)
ဒိအကြောင်း ဗွီဒီယိုကို နားဆင်သူအမြောက်အများ။ ပြန်ရေးကြသူအမြောက်အများပါ။ ရှုဒေါင့်အမြင်တခုနဲ့ ရေးပါမယ်။

* ပထမမြန်မာနိုင်ငံတော်
ဘုရင်ခေတ်၊ သီပေါမင်းပါတော်မူခြင်းနဲY အဆုံးသပ်ပါတယ်။

* ဒုတိယမြန်မာနိုင်ငံတော်
အင်္ဂလိပ်ကိုလိုနီခေတ်၊ ၁၉၄၈ ဗီုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးနဲ့အဆုံးသပ်ပါတယ်။

* တတိယမြန်မာနိုင်ငံတော်
ဒီမိုကရေစီခေတ်ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံခေတ် ဖြစ်ပေပါတယ်။ ခေါင်းဆောင်များမညီညွတ်မှုကို အခွင့်ကောင်းယူပြီး စစ်တပ်ခေါင်းဆောင်တစ်ဦးက အခွင့်ကောင်းယူ၊ အာဏာသိမ်းခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီအ ကြောင်းကိုပဲ ဦးကိုနီက အလေးပေးပြောဆိုမှာ ဖြစ်ပါတယ်။

* စတ္တုထမြန်မာနိုင်ငံတော်
စစ်အာဏာရှင်များ အုပ်ချုပ်တဲ့ခေတ်ဖြစ်ပါတယ်။ အားလုံးသိပြီးပါပြီ။ စစ်အာဏာရှင်ကြီးက စနစ်တကျအာဏာလွှဲပေးပြီး၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီပါတီကို အာဏာလွှဲပေးသွားပါတယ်။

* ပဉ္စမ မြန်မာနိုင်ငံတော်
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သမတဦးသိန်းစိန်အစိုးရ ၂ဝ၁၁ ကတည်းစတင်ခဲ့ပြီး။ အခု ဒေါ်အောင်ဆန်းစုကြည် အင် အယ်ဒီအစိုးရ ခေတ်နောက်ပိုင်းကို ဦးကိုနီ မျှော်လင့်စွာနဲ့ ဟောပြောသွားပါတယ်။

● နိဒါန်း

မြန်မာ့ဒီမိုကရေစီဟာ ယခင်ကရှိပြီးသား၊ ၁၉၄၈ ခုနှစ်လွတ်လပ်ရေး ရစဉ်က အရှေ့တောင်အာရှမှာ အလွန်သာယာဝပြောခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါလဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး၊ ဥပဒေပညာရှင်တွေ၊ ခေါင်းဆောင်တွေနဲ့ ၁၉၄၇ ခုနှစ်မှာ အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။ အုပ်ချုပ်စနစ်ကောင်းတော့ ၁၂ နှစ်လုံးလုံး သာယာဝပြောခဲ့ပါတယ်။ ဒါပေမဲ့ တဖြေးဖြေး မြန်မာတွေရဲ့ ဒိမိုကရေစီစိတ်ဓါတ်များ ကျဆင်းလာပြီး စစ်အာဏာရှင်တစ်ဦးက နိုင်ငံတော်အာဏာကို ဓါးပြ တိုက်သလို ယူသွားခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီ ပြုပြင်ပြောင်းလဲရေးဟာ အသစ်မဟုတ်ပါဘူး။ ကိုယ့်မှာရှိခဲ့တဲ့ပစ္စည်းကို ဓါးပြတိုက်ယူသွားတဲ့ စစ်အာဏာရှင်များထံက ပြန်တောင်းနေခြင်းဖြစ်ပါတယ်။ ပစ္စည်းကလည်း မြင်နေပါပြီ။ (စကားချပ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြဌာန်းရေး ဖြစ်ပါတယ်)။

● ပဉ္စမ မြန်မာနိုင်ငံတော်
လွှတ်လပ်ရေးရပြီးခေတ် ပါလီမန်ဒီမိုကရေစီစနစ်မှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) က အဲဒီခေတ် ကာလမှာ အင်မတန်ကောင်းပါတယ်။ ဖက်ဒရယ်မူကို ဥိးတည်တဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာတွေ အရှေ့တောင် အာရှမှာ ထိတ်တန်းနိုင်ငံ၊ ငွေကြေးအချမ်းသာဆုံးနိုင်ငံ၊ ပညာရေးအကောင်းဆုံးနိုင်ငံ၊ လေဆိပ်၊ အိမ်ယာ၊ သင်္ဘော၊ ဘဏ်စနစ်၊ ရန်ကုန်မြို့တော် စတဲ့ စံပြနိုင်ငံကြီး ဖြစ်ခဲ့ပါတယ်။

(စကားချပ်။ စင်ကာပူဟောပြောပွဲ ၁ နာရီ ၁၅ မိနစ်ကြာတဲ့ ဗွီဒီယိုကို ၂ဝ၁၇ အထိ မြန်မာ ၂ သိန်း နားဆင်ခဲ့ပါပြီ။ ပုဂ္ဂိုလ် စွဲဘေးချိတ်ထားပြီး အချိန်ပေးနားဆင်ကြည့်စေလိုပါတယ်။
နှိပ်ရန်လင့် .. https://www.youtube.com/watch?v=RTUrWLQJnvk )။

အဲဒီ မြန်မာ့ဒီမိုကရေစီ ထွန်းကားတဲ့ခေတ် (၁၉၄၈-၁၉၆၂) မှာ စင်ကာပူနိုင်ငံဆိုတာ မပေါ်သေးပါဘူး။ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ရှိနေချိန်ပါ။ ၁၉၆ဝ ဖဆဖလ တည်မြဲ၊ သန့်ရှင်း ကွဲသွားတဲ့အချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာပြည်ကို လာလည်ရင်းနဲ့ မြန်မာလေယဉ်ကွင်းကြီးကို ကြည့်ပြီး၊ မြန်မာနိုင်ငံကိုမှီဖို့ နှစ် ၂ဝ လောက် ကြိုးစားရမယ် ပြောသွားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများကို ခေါင်းဆောင်မဲ့ ကုလသမဂ္ဂအကြီးအကဲအဖြစ် မြန်မာနိုင်ငံသား ဦးသန့်ကို ရွေးချယ်ခဲ့ပါတယ်။ ဦးသန့် တော်လို့ ဆိုတာထက်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကောင်းလွန်းလွန်းလို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံခြားက ပညာရှင်တွေဆို မြန်မာနိုင်ငံကို ပြီး ဒီမိုကရေစီအကြောင်း ပို့ချ၊ အကြံပေးကြပါတယ်။ နားထောင်ရတာ ကြာတော့ ကျွန်တော်တို့က ပြန်ပြောလာရတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲလို့မသင်ကြားပါနဲ့၊ ဒီမိုကရေစီဆိုတာ ကျွန် တော်တို့ အရှေ့တောင်အာရှမှာ ပထမဆုံးကျင့်သုံး၊ ခံစားခဲ့ဖူးလို့ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ကို သင်ကြား ပေးရမှာက အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ လုသွားခံရတဲ့ပစ္စည်းကို ဘယ်ပြန်ယူရမဲ့နည်းလမ်းပဲ သင်ကြားပေးပါ၊ အကြံပေးပါလို့ ပြောရပါတယ်။

စစ်အာဏာရှင်တွေ ပေးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခ့ဥပဒေ ဘယ်လမ်းကိုသွားနေသလဲ။ နိုင်ငံတော်အာဏာ ကို ဘယ်သူတွေလက်ထဲမှာ ရှိနေသလဲ။ ဥပဒေပြု၊ လွှတ်တော်၂၅ ရာခိုင်နှုန်း စစ်တပ်အမတ်များ။ အုပ်ချုပ်ရေး၊ ကာလုံအဖွဲ့ ၁၁ ဦးမှာ စစ်တပ် ၆ ဦးပါခြင်း၊ ကာ/ချုပ်က ပြည်ထဲရေး၊ နယ်စပ်၊ ကာကွယ်ရေး အရေးပါဆုံးအုပ်ချုပ်ရေးဝန်ကြီးများကိုခန့်ခြင်း၊ ကာ/ချုပ်ကို သမတခန့်ပိုင်ခွင့်မရှိခြင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ရဲဌာနကို ပြည်နယ်တိုင်းဒေသအစိုးရလက်အောက် မထားနိုင်သေးခြင်း .. စတဲ့အချက်များကို ပြောပါတယ်။ လက်ရှိ ပကတိအခြေအနေများကို အရင်ရှင်းပြပါတယ်။

● ဒီမိုကရေစီ အစိုးရသစ်အတွက် စိမ်ခေါ်ချက် (၅) ခု
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ပြဌာန်းရပါမယ်။ လွှတ်တော်တွင်းမှာလုပ်ဖို့ ၂၅ ရာခိုင်နှုန်း စစ်တပ် အမတ်တွေကို ပညာပေးခြင်း၊ လွှတ်တော်ပြင်ပမှာလည်း ဥပမာ ငြိမ်းချမ်းရေး NCA ဆွေးနွေးပွဲများနဲ့ တပ်မတော်ကို ဆွဲ ဆောင်ခြင်းကလည်း ခက်ခဲတဲ့ စိမ်ခေါ်မှုပါ၊

၂။ စိတ်နေစိတ်ထား၊ နှစ် ၅ဝ ယိုယွင်းသွားတဲ့ စိတ်နေစိတ်ထားများကိုပြုပြင်ခြင်း၊ ခက်ခဲစွာလုပ်ဆောင်ရပါမယ်။ အမှားဆိုတာ ကြာလာတော့ အမှန်ဖြစ်လာတတ်ပါတယ်။ ဥပမာ လာဘ်ပေးဖို့ မရှက်ခြင်း။ ဂုဏ်ယူခြင်း၊ ငွေတပ်မက်ခြင်း၊ ကြမ်းတမ်းသော အပြောဆို၊ လုပ်ရပ် စရိုက်များ၊ အလွန်ခက်ခဲစွာ လုပ်ဆောင်ရပါမယ်။ ပညာပေးခြင်း၊ ဒဏ်ပေးခြင်း နည်းလမ်းတွေ ရှိပါတယ်။

၃။ ပညာရေးစနစ်၊ လူသားအရင်းအမြစ် ဖြစ်ပါတယ်။ ပညာရေးစနစ်ကောင်းမွန်ခြင်း၊ ပညာရေးဘတ်ဂျတ် ပံ့ပိုးပေးခြင်း၊ ဆရာများ၊ ကျောင်းများကို ပညာရေးမူဝါဒ၊ ပညာရေးစနစ်ပြောင်းလဲခြင်းလဲ ခက်ခဲတဲ့စိမ်ခေါ်မှု ဖြစ်ပေမဲ့ စတင်နေပြီဖြစ်ပါတယ်။

၎။ စီးပွားရေး။ ဆင်းရဲချမ်းသာ ကွာခြားမှု ကျြီးမားခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးတဲ့ ခရိုနီစိးပွားရေး ကြောင့်၊ ဆင်းရဲသားများက ပိုပြီးမွဲတေလာပြီး၊ သူဌေးများက ပိုပြီးချမ်းသာလာတဲ့ ဥပဒေများစွာ ပြဌာန်းထားပါတယ်။ (စကား ချပ်၊ အင်အယ်ဒီ စီးပွားရေးမူဝါဒ ၁၂ ချက် ထုတ်ပြန်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ဆိုတာလဲ မဟာဗြူဟာနဲ့ ကဏ္ဍအသီးသီးမှာ အခြေခံကစပြီး လုပ်ရမှာဖြစ်လို့၊ ခက်ခဲတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်။

၅။ တပ်မတော်နဲ့ ဝန်ထမ်းအဖွဲ့အစည်းကို ပညာပေး၊ ဆွဲဆောင်ခြင်း
အလွန်အရေးကြီးတဲ့ စိမ်ခေါ်မှုဖြစ်ပါတယ်။ အမေရိကန်ခရီးစဉ်မှာ ပါမောက္ခတစ်ဦးက ထူးဆန်းတဲ့အကြံတစ်ခု ပေးပါတယ်။ သူကပြောတယ်၊ ခင်ဗျားတို့က ပြည်သူလူထုကို ပညာပေးဖို့ချည်း ပြောနေတယ်၊ လုပ်နေတယ်။ စစ်တပ်ကို Educate လုပ်ဖို့ပြောတော့၊ ဒါဟာ အလွန်ခက်ခဲဆုံး စိမ်ခေါ်မှုကြီး ဖြစ်ပါတယ်။

(စကားချပ်။ စစ်တပ်ကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပညာပေးခြင်း လုပ်နိုင်ပါတယ်။ ၂၅ ရာခိုင်နှုန်း လွှတ်တော်မှာ ထိုင် နေတဲ့ တပ်မတော်သားအမတ်များကို ထိခိုက်စေမဲ့ တိုက်ရိုက်ပြောဆိုခြင်းတွေကို သတိထားရှောင်ကျဉ် နေပါတယ်။ ပင်လုံညီလာခံမှာ ဖက်ဒရယ်စနစ်၊ ပြည်နယ်များကို ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲခွင့်များပေးမယ်လို့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားများ သဘောတူကြပါပြီ)

ပြည်သူတွေဟာ တပ်မတော်သားတွေကို ချစ်မြတ်နိုးပါတယ်။ ရှေ့တန်းပြန်တပ်မတော်သားတွေကို တကယ်အနမ်းနဲ့ကြိုဆိုခဲ့ ပါတယ်။ ဟိုတုန်းကအခြေအနေပါ။ (လက်ခုပ်သံများစွာ အားပေးကြပါတယ်) ဒါဟာ ကြီးကျယ်တဲ့ စိမ်ခေါ်မှုပါ။

● နိဂုံးချုပ်
စာရေးဆရာ ဥိးဖေမြင့် (ယခု ပြန်ကြားရေးဝန်ကြီး) လည်း စင်ကာပူစာပေဟောပြောပွဲမှာ အတူပြောပါတယ်။ ဆရာဖေမြင့် ပြောစကားနဲ့ဆိုရင် သင်္ချာပုစ္ဆာ တွက်သလိုပါပဲ။ အပစ်ခတ်ရပ်စဲရေး + နိုင်ငံရေးတွေ့ဆုံပွဲ (Cease Fire + Dialogue) = Solution အဖြေထွက်လာဖို့ ဖြစ်ပါတယ်။

ပြည်သူတွေ လိုလားတဲ့ ပေးထားချက်များကို အခြေပြုပြီး အဖြေထွက်လာအောင်လုပ်ရပါမယ်။ ပြည်သူတွေ လိုလားတာကို ပြက်သားစွာ ပြောရပါမယ်။ စိတ်ဓါတ်တွေ ကျနေလို့မဖြစ်ပါဘူး။ Isolate ကိုယ့်အုပ်စုနဲ့ သီခြားနေလို့ မဖြစ်တော့ပါဘူး။ လူငယ်တွေရှိတယ်၊ အနာဂါတ်တွေ ရှိတယ်။ စွန်လွှတ်သင့်တဲ့ စိတ်နေစိတ်ထား၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့်ဆိုတာတွေ စွန့် လွှတ်တန် စွန့်လွှတ်ရမယ်။

နိုင်ငံသားတွေအားလုံးက အချုပ်အချာအာဏာရဲ့ ပင်ရင်းပိုင်ရှင်များဖြစ်ပါတယ်။ ပြည်သူကလည်း ပြောလာ၊ လုပ်လာမှ ပြည်သူ လူထုလိုလားတဲ့ သာယာဝပြောသောမြန်မာပြည်ကြီး၊ ပဉ္စမမြန်မာနိုင်ငံတော် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ်။ (စင်ကာပူမှ လက်ခုပ်သံများစွာ)။

ကိုးကားခြင်း။ ဦးကိုနီ စင်ကာပူစာပေးဟောပြောပွဲ ၂ဝ၁၅
https://www.youtube.com/watch?v=RTUrWLQJnvk
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

● ရာဇဝတ်မှုများပြားလာခြင်းနဲ့ ဦကိုနီ ၅ မိနစ်အင်တာဗျူး ...
အခုတလော သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတွေများလာတယ်။ မေတ္တာတရားလည်း နည်းပါးသွားပါတယ်။ အခုမှဖြစ်တာ မဟုတ်ပါဘူး။ တအိအိနဲ့ တဖြေးဖြေး ဖြစ်လာရတာပါ။

မှားယွင်းတဲ့အုပ်ချုပ်ရေးစနစ်ကြောင့် လူတွေ အင်မတန်ဆင်းရဲမွဲတေသွားကြတယ်။ ဆင်းရဲတော့ ပညာမသင်နိုင်၊ ဆင်ခြင် တုံတရား အပိုင်းအားနည်းသွားတယ်။ ဆင်ခြင်တုံးအားနည်းတော့ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်မှု မရှိတော့ဘူး။ ဒီ တော့ ဆင်းရဲမှုအောက်မှာ မွန်းကြပ်နေတော့ ထွက်ပေါက်ရှာချင်လာတယ်။

စိတ်ထွက်ပေါက်အနေနဲ့ မုဒိမ်းမှု၊ လူသတ်မှုတွေ ထင်ရာမြင်ရာလုပ်လာကြပါတယ်။

ပြောစရာတခုရှိပါတယ်။ ရဲတပ်ဖွဲ့ရှိတယ်။ လူတွေဆိုးလာရင် ရဲတွေ ထိန်းနိုင်ရမှာပေါ့ ..ဆိုပေမဲ့ တရားဥပဒေတွေကို လေး စားမှု၊ စိုးမိုးမှု မရှိတော့ဘူး။ လူတွေတင်မက အုပ်ချုပ်သူများကပါ လေးစား၊ လိုက်နာဖို့ လိုပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅ဝ လောက် မကောင်းတဲ့စနစ်အောက်မှာ နေခဲ့ရတော့ ဒီလိုအဖြစ်ဆိုးတွေ အခုကြုံနေရတာပါ။

ပြစ်ဒဏ်တိုးမြှင့်ပေးလို့ ရာဇဝတ်မှုတွေ ပပျောက်နည်းပါးမသွားပါဘူး။ သီအိုရီလဲ မဟုတ်သလို လက်တွေ့မှာလဲ မဟုတ်ပါ ဘူး။ သေဒဏ်တွေပေးပေမဲ့ ပြစ်မှုတွေကျဆင်းတယ် ဆိုတာမရှိပါဘူ။ ပြစ်မှုကျူးလွန်သူတိုင်းကို သေချာပေါက် ပြစ်ဒဏ်ခံ ရရင်၊ ထောင်ကျမယ်ဆိုရင် လူတွေကြောက်ပါတယ်။ ထောင်ထဲမှာ တရက်တောင်မနေနိုင်ပါဘူး။

ထောင်စနစ်ကိုလည်း ပြုပြင်ဖို့ပါ။ သူများနိုင်ငံတွေမှာ ထောင်ကျပြီးလို့ ပြန်ထွက်လာရင် ပြစ်မှုပြန်ကျူးလွန်တာမျိုး တော် တော်အလှမ်းဝေးသွားပါတယ်။ မြန်မာနိုင်ငံ ထောင်စနစ်ကိုလည်း ပြုပြင်ရမှာပါ။

ဒါလောက်စိတ်ထားမြင့်မြတ်သူ ..မသမာသူတစုက လုပ်ကြံသတ်ဖြတ်ခံလိုက်ပါတယ်။ စာရေးဆရာ ဘာတန်လစ်တနာ ကတော့ လက်ရှိစနစ်အတွင်းမှာပဲ ကယ်ပေါက်ကိုရှာနိုင်တဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့ရခြင်းက သက်သေခံနေခဲ့ပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအသစ် ရေးဆွဲနေဆဲ ဖြစ်လို့ လူတစ်စုက လုပ်ကြံလိုက်ခြင်းဖြစ်တယ်လို့ ရေးပါတယ်။ သူသေပေမဲ့ သူ့ရဲ့ ဝိညာဉ်၊ အခိုးအငွေ့တွေက မသေပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

● ဦးကိုနီ (ကိုယ်ရေးအကျဉ်း)
တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ (ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။ ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B (ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီး ဦးကို ယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင် မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦးရှိပြီး သမီးကြီး ဒေါက်တာ ယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့် ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈ဝ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း (အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေလည်းဖြစ်ပြီး ပြန်ကြားရေး ဝန် ကြီးဌာန၏ အင်ဒိုနီးရှား လေ့လာရေးခရီးစဉ်လိုက်ပါပြီး လေဆိပ် ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ် လုပ်ကြံ ခံရခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

● ဒေါ်အောင်ဆန်းစုကြည်
ပဉ္စမမြန်မာနိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍက အလွန်အရေးကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမှုနဲ့ပဲ နိုင်ငံတိုး တက်အောင်လုပ်ရမှာ သေချာပါတယ်။ ရေတိုနဲ့ရေရှည် ..လူတွေက ရေတိုပဲ စိတ်ဝင်စားကြတယ်။ ခဏလေးနဲ့ ဝယ်ရောင်း၊ ပွဲစားအလုပ်၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ပဲ လူငယ်များက စိတ်ဝင်စားကြပါတယ်။ ဒါလဲ ဒေါ်အောင်ဆန်းစုကြည် စိတ်မ ကောင်းကြောင်း စင်ကာပူမှာ မိန့်ခွန်းနဲ့ အမေးအဖြေတွေမှာ ပြောသွားပါတယ်။

အင်အယ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ပြီး၊ မန္တလေးမှာ အထက်မြန်မာပြည် အင်အယ်ဒီ ရွေးကောက်ခံကိုယ်စားလှယ်များကို မိန့်ခွန်းပြောပါတယ်။ သူမ အသက်အရွယ်အရ မြန်မာနိုင်ငံအတွက် အာခီတက်လိုမျိုး အခြေခံအဆောက်အဦတခု လုပ် ပေးသွားဖို့ပဲ တတ်နိုင်ပါတယ် .. ပြောပါတယ်။ လူတစ်စုကတော့ ပဉ္စမမြန်မာနိုင်ငံတော်မှာ ခံစား၊ စံစားရမယ်ဖြစ်ပါတယ်။ သမတဦးသိန်းစိန် အစိုးရခေတ်မှာ အစိုးရနဲ့နီးစပ်သူများ ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်များ၊ ကုမဏီများ သယံဇာတ လာယူသွားတဲ့ ကျောက်စိမ်း၊ ရေအားလျှပ်စစ်၊ ကြေးနီတို့နဲ့ ပြည်ပအလုပ်၊ လူပွဲစားများပဲ စံစား၊ ခံစားသွားပါပြီ။ အခုပြုပြင်ပြောင်းလဲတဲ့ ခေတ်သစ် (ပဉ္စမမြန်မာနိုင်ငံတော်) မှာ လူငယ်ပညာရှင်များ၊ စွန့်ဦးတီထွင်သူများ၊ ပိုမိုခံစား၊ စံစားခွင့် ရကြမှာ သေချာပါတယ်။ အခြေခံ ကျေးလက်တောင်သူ လူတန်းစားတွေကတော့ ချက်ခြင်း ၅ နှစ်အတွင်း ခံစား၊ စံစားဖို့ မလွယ်သေးပါ။ ကျေး လက်အုပ်ချုပ်ရေးမှူး ကောင်းတဲ့ ကျေးရွာတွေပဲ တိုးတက်နေပါတယ်။

ဒေါ်ခင်ခင်ဝင်းပြုစုတဲ့ လေဆန်လမ်းမှအိမ်အပြန်စာအုပ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က "အဝင်းရေ၊ တိုင်းပြည်ရဲ့ စီးပွား ရေးနိမ့်ကျနေတာကို ကျွန်မသာ ဦးဆောင်ခွင့်ရရင် လေးငါးနှစ်အတွင်း ပြန်ကောင်းအောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူ တွေရဲ့ အကျင့်စာရိတ္တတွေ ယိုယွင်းကုန်တာကိုတော့ ဒီနှစ်ပိုင်းလောက် အချိန်အတွင်းမှာ လုပ်ပေးနိုင်ပါ့မလားဆိုတာ စိတ်ပူ မိတယ်" လို့ ရေးထားပါတယ်။

(စကားချပ်၊ သမတဦးသိန်းစိန် အစိုးရလည်း ရန်ကုန်မှာ လေဆိပ်၊ သင်္ဘောဆိပ်၊ တိုက်တာကြီးတွေ၊ ဘဏ်ကြီးတွေ၊ ရှော့ ပင်စင်တာကြီးတွေ အထပ်မြင့်တွေ အမြောက်အများလုပ်ပြသွားပါပြီ။ လူတွေရဲ့စာရိတ္တတွေကတော့ သိတဲ့အတိုင်း၊ ပိုပြီး ပျက်စီးသွားပါတယ်။ အဓိက သူဌေးကြီးများစွာ ပေါ်ပေါက်လာတော့ အားကျစိတ်နဲ့ ငွေကို တပ်မက်ခြင်းကြီးလွန်းလာလို့ပါ)။

ပျက်အစဉ်၊ ပြင်ခဏ ဆိုသလို၊ ကံကြမ္မာနဲ့ ကံဉာဏ်ဝီရိယ ဆိုတဲ့အတိုင်း၊ ပြည်သူလူထု တောင်းဆိုမှုကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ ခေါင်းဆောင်ခွင့်ရလာပါပြီ။ ၁ နှစ်ကျော်လာချိန် တပ်မတော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို ပူးပေါင်းဆောင်ရွက်လာဖို့ စိမ်ခေါ်မှုကြီးတွေ အတွင်းကျကျ ပိုမို မြင်လာရပါတယ်။

လူတော်တွေ ကဏ္ဍအသီးသီးမှာ အမြောက်အများ ရှိပါတယ်။ စာရိတ္တကောင်းပြီး၊ တော်တဲ့လူတွေ၊ အုပ်ချုပ်နိုင်စွမ်းရှိသူတွေ ရပ်ကျေး အုပ်ချုပ်ရေးမှူးကအစ ပညာပေးမှုနဲ့အညီ ပြောင်းလဲနိုင်ရပါမယ်။ မပြောင်းလဲသူများကို အစားထိုးရပါမယ်။ ဆိုးဝါး လွန်းသူများကို အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှု မသိမ်းဆည်းနိုင်ရင်တောင်မှ အလုပ်ကအနားပေးရပါမယ်။

နောက်ဆုံးမေးခွန်းကတော့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မလုပ်ရင်၊ ဘယ်သူလုပ်နိုင်မလဲ မေးခွန်းပါပဲ။ Good Question!.

မ.ဘ.သ ဖျက်သိမ်းခြင်း၊ ကချင်၊ ရခိုင် အဖြစ်ပျက်များကို မကျေနပ်ခြင်း၊ ခရိုနီကြီးများကို ဆက်လက်လုပ်ပိုင်ခွင့်ပေးနေခြင်း၊ လာပ်ပေးလာပ်ယူမှုများ သိပ်မထူးခြားခြင်း၊ နောက်ဆုံး အစိုးရခေါင်းဆောင်များက စစ်အာဏာရှင်များလို အာဏာရှင်ဆန် လာခြင်း စတဲ့ မကျေနပ်သူများက ရေးသား၊ ဝေဖန်လာသူ အနည်းကျဉ်း ပေါ်လာပါတယ်။ ၅ နှစ် သက်တမ်းကို ပြီးအောင် ဆောင်ရွက်ခွင့်ပေးဖို့၊ နေမြဲပဲ နေလိုတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းတွေရဲ့ တပ်မတော်နဲ့အစိုးရ ပြဿနာဖြစ်အောင် လုပ် နေတာကို မိမိပါမသွားဖို့၊ အပြုသဘော အကြံဥာဏ်များ ပေးခြင်း၊ အစိုးရခေါင်းဆောင်များ၊ တပ်မတော်အမတ်များကို အလွတ်သဘော များများ ပြောဆိုနိုင်၊ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဇာနီကြီး
ဇွန် ၁၉၊ ၂ဝ၁၇