ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၅
ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၅
(မိုးမခ) ဇွန် ၉၊ ၂၀၁၇
English for Computers -5
ORIGINATOR OF MODERN COMPUTER
An English mathematician and inventor, Charles Babbage, 1792 -1871, made his first computer called the difference engine in the early 19 th century.It had more than 2000 moving parts.
His project on difference engine was funded by the government.However,he lost interest in the difference engine because he invented a better machine called analytical engine. An arithmetic unit would do calculations according to instructions from a central unit. Instructions were to be fed into the machine in code. Modern computers still use these ideas.
Charles Babbage devoted many years and much of his fortunes,yet still he could not complete his engine and died a disappointed man.
Charles Babbage wes considered the originator of the modern computer. Between 1813 and 1823 , he designed and built a small calculator that could tabulate certain mathematical computations to eight decimal places. Still,he could never complete his two early computers : the difference engine and the analytical engine .
အင်္ဂလိပ်​လူမျိုး သင်္ချာပညာရှင်​နှင့်​ တီ​ထွင်​သူ ချားလဘက်​​ဘေ့ ၁၇၉၂ - ၁၈၇၁ သည်​ ကွာခြားခြင်းစက်​ဟု အမည်​တွင်​​သော ပထမဦးဆုံးကွန်​ပျူတာကို ၁၉ ရာစု ​စော​စောပိုင်းက တည်​​ဆောက်​ခဲ့သည်​ ။ ထိုစက်​တွင်​လှုပ်​ရှား​သော အစိတ်​အပိုင်းများ နှစ်​​ထောင်​​ကျော်​ ပါဝင်​သည်​။ ထိုကွာခြားခြင်းစက် စီမံကိန်းကို အစိုးရက ပံ့ပိုး​ပေးသည်​။ သို​သော် ​ချားလဘက်​​ဘေ့သည် ​ထိုစီမံကိန်းအ​ပေါ်တွင် ​စိတ်​၀င်​စားမှု ကွယ်​​ပျောက်​သွား
သည်​။ အ​ကြောင်းမှာ သရုပ်​ခွဲစက်​ ဟု​ခေါ်​သော ပို​ကောင်းသည့်​စက်​ကို လိုက်​​သော​ကြောင့်​ဖြစ်​သည်​။ ထိုစက်​တွင်​ ဂဏန်းတွက်​သည့်​အစိတ်​အပိုင်းသည် ​ဗဟိုမှညွှန်​ကြားချက်​များကို လိုက်​နာ၍ ဂဏန်းများကို တွက်​ချက်​​ပေးသည်​။ စက်​ထဲသို့ လျှို့ဝှက်​သ​င်္ကေတများသုံးပြီး ညွှန်​ကြားချက်​များကို ထည့်​​ပေးသည်​။ ​ခေတ်​သစ်​ကွန်​ပျူတာများသည်​ ယင်းအ​ခြေခံသ​ဘောတရားများကို သုံး​နေဆဲဖြစ်​သည်​။
ချားလဘက်​​ဘေ့သည်​ သူ၏ ​အချိန်​နှင့်​​ငွေများစွာကို အကုန်​ခံ၍ကြိုးပမ်းခဲ့သည်​။ သို့​​သော် သူ၏ ​စက်ကို အပြီးမသတ်​နိုင်​ခဲ့ပါ။ ထို​ကြောင့်​ သူသည် ​စိတ်​ထိခိုက်​၍ပင်​ ကွယ်​လွန်​ခဲ့ရသည်​။
ချားလဘက်​​ဘေ့ကို​ ခေတ်​သစ်​ကွန်​ပျူတာကို အစပျိုးခဲ့သူဟု အားလုံးက အသိအမှတ်​ပြုသည်​။ ၁၈၁၃နှင့်​ ၁၈၂၃ ကြားတွင်​ သူသည်​ ​သေးငယ်​​သောဂဏန်းတွက်​စက်​တစ်​ခုကို ဒီဇိုင်းဆွဲ၍ တည်​​ဆောက်​ခဲ့
သည်​။ ထိုဂဏန်းတွစက်​သည်​ အချို့သော ပုစ္ဆာများကို ဒသမ ရှစ်​​နေရာအထိ တွက်​ချက်​ မှတ်​သားနိုင်​သည်​။
သို့​သော်​ငြားလည်း သူ၏ ​အ​စောဆုံးတီထွင်​မှု နှစ်​ခုဖြစ်​​သော ခြားနားခြင်းစက်​နှင့်​ သရုပ်​ခွဲစက်​ တို့ကို​တော့ အပြီးမသတ်​နိုင်​ခဲ့ပါ။
Language Notes
Origin (N) အစ
Originate (v) အစပျိုးသည်
Originator (N) အစပျိုး​သောသူ
Modern (adj.) ​ခေတ်​သစ်
Invent (v) တည်​ထွင်​သည်
Inventor (N) တည်​ထွင်​​သောသူ
Difference (N) ကွာခြားချက်​။ ခြားနားခြင်း။
Project (N) ပရိုဂျက်​။ အစီအစဉ်​။
Fund (N,v) - ​ငွေ​ကြေး။ ထောက်​ပံ့သည်​။
Interest (N, v) - စိတ်​၀င်​စားမှု၊စိတ်​၀င်​စား​စေသည်​။
lose interest - စိတ်​၀င်​စားမှု​ ပျောက်​သွားသည်။
Analytical (adj) - သရုပ်​ခွဲ
instruct (v) - ညွှန်​ကြားသည်​။
Instruction (N) ညွှန်​ကြားချက်
According to - ---- အရ။ အ​ကြောင်း​ကြောင့်
according to instructions - ညွှန်​ကြားချက်​များအရ ။ ညွှန်​ကြားချက်​များအတိုင်း။
Code (N) - လျှိ့ဝှက်​သ​င်္ကေတ
Devote (v) - မြှုပ်​နှံသည်​။
He devoted many years - သူသည် ​နှစ်​​ပေါင်းများစွာကို မြှုပ်​နှံသည်​။
dissapoint (v) - စိတ်​ပျက်​​စေသည်
Idea (N) - သ​ဘောတရား။ အယူအဆ
Complete (v) - ပြီးစီးသည်
Still (adv) ယခုထက်​တိုင်
Fortune(N) - စီးပွား​ရေး။ ငွေ၊စည်းစိမ်​။
Modern computers still use these basic ideas. - ​ခေတ်​သစ်​ကွန်​ပျူတာများသည် ​ယခုထက်​တိုင်
ဤအ​ခြေခံသ​ဘောတရားများကို သုံးသည်​။