အာကာဦး-ဝင်းမင်းခိုင်၏ "မတ်လ ၂၁ ရက်မှာရေးတဲ့ကဗျာ” ထွက်ပြီ




ဝင်းမင်းခိုင်၏ "မတ်လ ၂၁ ရက်မှာရေးတဲ့ကဗျာ”   ထွက်ပြီ
(မိုးမခ)၊ ဇွန် ၂၀၊ ၂၀၁၇

ကဗျာဆရာဝင်းမင်းခိုင်၏ ကဗျာဆရာဘဝနှစ်ပေါင်း ၃၀ ကာလအတွင်း(၁၉၈၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ) စာပေဂျာနယ်၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင်အောင်လံ၊ မဟေသီ၊ Beauty Max၊ Moemaka Media၊ ခွပ်ဒေါင်းဟစ်တိုင်မဂ္ဂဇင်း စသည်တို့တွင် ကဗျာဆရာ၏ နိုင်ငံရေးအမြင်နှင့် ငြိမ်းချမ်းရေးအယူအဆတို့ကို ဖော်ပြထားသော ကဗျာများနှင့် ကဗျာဆရာ၏ ဘဝဝန်းကျင် လူမှုဖြစ်ရပ်များအပေါ် အခြေပြုဖွဲ့သီထားသည့် ကဗျာများအပါအဝင် စုစုပေါင်း ကဗျာပုဒ်ရေ ၃၀ကို “မတ်လ ၂၁ ရက်မှာရေးတဲ့ကဗျာ” အမည်ဖြင့် အင်္ဂလိပ်- မြန်မာနှစ်ဘာသာစီစဉ်ထည့်သွင်းကာ ထုတ်ဝေဖြန့်ချိနေပြီဖြစ်ကြောင်း သိရသည်။

အမှာစာကို ဆရာမောင်သင်းခိုင်ရေးသားထားပြီ မောင်ညီညွတ်၊ နေထက်နိုင်တို့က ဘာသာပြန်ဆိုသည်။ 

မျက်နှာဖုံး- သော်ဒီဝေ
စာအုပ်အပြင်အဆင် - သူရိန်လင်း
ကွန်ပြူတာစာစီ- အာကာဦး၊မိုးလေး၊ အောင်သူ
ထုတ်ဝေသူ - ဦးစိန်ဝင်း။
နှစ်ကာလများစာပေ (၀၀၇၄၄)၊
အပေါ်ဆုံးထပ်(က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
ပုံနှိပ်တိုက်- ဟစ်တိုင်မီဒီယာဂရု
စာအုပ်ချုပ်- ဟစ်တိုင်မီဒီယာဂရု