ဒေါက်တာခင်မောင်ဝင်း (သချာင်္) - THE RIGHT WORD - 1


ဒေါက်တာခင်မောင်ဝင်း (သချာင်္) - THE RIGHT WORD - 1
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၇


FOLLOW, CHASE, PURSUE, SHADOW, TAG, TAIL, TRAIL

၁။ ဤစကားလုံးများ၏​ အဓိ​ပ္ပါယ်​မှာ ​ရှေ့ကသွား​သောသူ သွား​သောလမ်းအတိုင်း လိုက်​သွားသည်​ ဟုဆိုလိုသည်​။

၂။ Follow သည်​​နေရာတိုင်းတွင် ​​ယျေဘူယကျကျ အသုံးနိုင်​ ဆုံး ဖြစ်​သည်​။ ဤ​နေရာတွင် ​​ရှေ့ကသွား​သောသူ နှင့်​​ နောက်​ကလိုက်​ ​သောသူ follow လုပ်​သူတို့၏​ အကွာအ​ဝေးသည်​ နည်းလည်း နည်းနိုင်​သည်​၊ များလည်း များ နိုင်​သည်​။ ​နောက်​လိုက်​ ​သောသူ၏
 ရည်​ရွယ်​ချက်​သည်​ အ​ကောင်းဖြစ်​ နိုင်​သလို အဆိုးလည်း ဖြစ်​ နိုင်​သည်​။

ဥပမာများ - 

Soldiers follow the leader in single file at the interval of a few paces.
စစ်​သားများသည်​ ​ခေါင်းဆောင်​​နောက်​သို့ ​ခြေလှမ်း အနည်းငယ်​ခြား၍လိုက်​ကြသည်​။

An expedition to follow the path of Marco Polo will take you to China.
မာကိုပိုလိုသွားခဲ့​သော လမ်းအတိုင်း လိုက်သွားလျှင်​ တရုတ်​နိုင်​ငံသို့ ​ရောက်​သွားမည်​။

Police are following the route taken by the thieves.
ရဲများသည်​ သူခိုးများသွား​သော လမ်းအတိုင်း လိုက်​​နေကြသည်​။

2. SHADOW နှင့်​ TAIL  - ရည်​ရွယ်​ချက်​တခုခု ဖြင့်​ FOLLOW လုပ်​သည်​ဟု ဆိုလိုသည်​။ ​နောက်​ကလိုက်​​သောသူသည်​ မသိ​စေ​အောင်​ လိုက်​ခြင်းဖြစ်​ပြီး မျက်​​ချေမပြတ်​​အောင်​လည်း ကြိုးစားသည်။ ​နောက်​​ယောင်​ခံသည့်​သ​ဘော သက်​​ရောက်​သည်​။

The detective shadowed the woman every second of the day.
စုံ​ထောက်​သည်​ အမျိုးသမီး၏ ​နောက်​သို့ စက္ကန့်​တိုင်း အလွတ်​မ​ပေးဘဲ ​နောက်​​ယောင်​ခံလိုက်​သည်​။

3. TAIL သည်​ SHADOW နှင့်​နှိုင်းယှဉ်​လျှင်​ SHADOW ​လောက်​ မပြင်းထန်​​ချေ။ ခပ်​ဝေး​ဝေးကလိုက်​သည့်​ သ​ဘောဆန်​သည်​။ အမှီလိုက်​သည့်​ သ​ဘော ပါချင်​မှပါမည်​။

They tailed the car until they saw it driven out of the town.
သူတို့သည် ​​မော်​​တော်​ကား​နောက်​သို့ မြို့ပြင်​သို့ ​မောင်းသွားသည်​ကို မြင်​ရသည်​အထိ လိုက်​ကြည့်​ ကြသည်။  ဤ​နေရာတွင်​ အမှီလိုက်​ခြင်းမဟုတ်​။ လိုက်​ကြည့်​ခြင်းမျှသာ ဖြစ်​သည်​။

၎။ CHASE နှင့်​ PURSUEသည်​ ​နောက်​မှလိုက်​ရာတွင်​  လျှင်​မြန်​မှု နှင့်​ မလွတ်​တမ်းဟူ​သော ဆုံးဖြတ်​ချက် မျိုးပါဝင်​သည်​။

The police chased the robbers.
ရဲသည်​ ဓားပြများ​နောက်​သို့ လိုက်​သည်​။ ဖမ်းမိ​အောင်​ဟူသည့်​သ​ဘော။

5. CHASE ကို ​မောင်းထုတ်​သည့်​ အဓိပ္ပါယ်​လည်း သုံးသည်​။

The gardener chased the hooligans.
ခြံစောင့်​သည်​ လမ်းသရဲများကို ​မောင်းထုတ်​သည်​။

6. CHASE သည်​ လိုက်​စားသည်​ ဟုလည်း အဓိပ္ပါယ်​ရသည်​။

He is a women-chaser.
သူသည်​ မိန်းမလိုက်​စား​သောသူ ဖြစ်​သည်​။

7. PURSUE သည်​ FOLLOW ကဲ့သို့ သာမန်​လိုက်​ခြင်းအတွက်​ သုံးသကဲ့သို့ CHASE ကဲ့သို့ အဓိပ္ပါယ်​ မျိုးလည်းသုံးသည်​။

8. TAG သည်​ ​နောက်​မှလိုက်​ရာတွင်​ ကပ်​လိုက်​သည့်​သ​ဘောဖြစ်​ပြီး အလိုက်​ခံရသူ သိလျှက်​ဖြင့်​ သို့မဟုတ်​ မသိ​အောင်​ နှစ်​မျိုးစလုံး ဖြစ်​ နိုင်​သည်​။

The child tagged after his uncle.
က​လေးသည်​ သူ့ဦး​လေး​နောက်​က ကပ်​လိုက်​​နေသည်​။

9. တခါတရံတွင်​ TAG သည်​ SHADOW နှင့်​ TRAIL တို့အဓိပ္ပါယ်မျိုး သုံး နိုင်​သည်​။

10. ဆန့်​ကျင်​ဘက်​။ LEAD , PRECEDE