ဘာသာပြန်သူ အမ်မလီ ● ဂျင်နီဂျိုးဆက်ဖ်ရဲ့ သတိပေးခြင်း

ဘာသာပြန်သူ အမ်မလီ ● ဂျင်နီဂျိုးဆက်ဖ်ရဲ့ သတိပေးခြင်း
(မိုးမခ) ဇူလိုင် ၂၊ ၂ဝ၁၇

ဂျင်နီဂျိုးဆက်ဖ်ဟာ ၁၉၃၂ ခုနှစ် မေလ ၇ ရက်နေ့ဖွား အင်္ဂလိပ်ကဗျာဆရာမတစ်ဦးဖြစ်ပါတယ်။ သူမကို ဘာမင်ဟန်မြို့မှာ မွေးဖွားခဲ့ပြီး St hilda’s College, Oxford မှာပညာသင်ဆုနဲ့ အင်္ဂလိပ်စာပေကိုလေ့လာသင်ကြားခဲ့ပါတယ်။သူမရဲ့ကဗျာတွေကို ၁၉၅ဝ အစောပိုင်း သူမတက္ကသိုလ် တက်ရောက်နေစဉ်ကာလမှာပဲ ပထမဆုံးထုတ်ဝေခဲ့ပါတယ်။ Bedfordshire Times, Oxford Mail နဲ့ Drum Publications (Johannesburg, South Africa) တို့မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဂျာနယ်လစ် တစ်ယောက်ဖြစ်လာပါတယ်။

ဂျိုးဆက်ဖ်ရဲ့အကောင်းဆုံးကဗျာတစ်ပုဒ်အဖြစ်လူသိများခဲ့တဲ့ကဗျာကတော့ "သတိပေးခြင်း" ဆိုတဲ့ကဗျာဖြစ်ပြီး ဒီကဗျာကို ၁၉၆၁မှာသူမရေးသားခဲ့တာဖြစ်ပါတယ်။ ဒီကဗျာဟာ သူမရဲ့ 1974 Collection Rose in the Afternoon စာအုပ်နဲ့ The Oxford Book of Twentieth Century English Verse စာအုပ်တွေမှာ ပါဝင်ပါတယ်။ ၁၉၉၆ ခုနှစ် BBC ရဲ့မဲဆန္ဒစာရင်းအရ သူမရဲ့ "သတိပေးခြင်း" ဆိုတဲ့ကဗျာဟာ UK နိုင်ငံရဲ့ စစ်ပြီးခောတ်လူကြိုက်အများဆုံးကဗျာအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

ဒုတိယစာကြောင်းဟာ Red Hat Society ** အတွက် စိတ်ကူးစိတ်သန်းဖြစ်ခဲ့ပါတယ်။ ကဗျာရဲ့ထင်ရှားပေါ်လွင်မှု၊ ရုပ်ပုံများ နဲ့ အပိုလက်ဆောင်ဖော်ပြထုတ်ဝေခဲ့တဲ့ "သတိပေးခြင်း" ဆိုတဲ့ကဗျာဟာ ၁၉၉၇ ခုနှစ် Souvenir Press Ltd မှ ပထမ အကြိမ်ထုတ်ဝေမှုကနေ ခုဆိုရင် ၄၂ ကြိမ်အထိ အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရပါတယ်။

သူမရဲ့ ပထမဆုံးကဗျာစာအုပ်မှာ "The Unlooked-For Season" ဖြစ်ပြီး ၁၉၆ဝ ခုနှစ်မှာ "Gregory" ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမရဲ့ဒုတိယစာအုပ်ဖြစ်တဲ့ "Rose in the Afternoon" နဲ့ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် "Cholmondeley" ဆုကိုလည်း ထပ်မံရရှိခဲ့ပါတယ်။

**(RHS ဆိုသည်မှာ နိုင်ငံတကာလူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး အသက် ၅ဝ ကျော်နှောင်းပိုင်း အမျိုးသမီးကြီးတွေအတွက်အထူးရည်ရွယ်ပြီး ၁၉၉၈ ခုနှစ်တွင် အမေရိကန်မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့အသင်းအဖွဲ့တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံ တကာမှ အမျိုးသမီးများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ အထောက်အပံ့ပေးနိုင်ရန်၊ အားပေးနိုင်ရန် ရည်ရွယ်ပြီး ထိုမှတဆင့် အဖွဲ့ဝင်အချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိပြီး၊ လူမှုဘဝကိုလည်း ပျော်ရွှင်သာယာစွာဖြတ်သန်းနိုင်ဖို့ ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။)  **

ရည်ညွှန်း >> ဝီကီပီးဒီးယား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Jenny Joseph (born 7 May 1932) is an English poet.

She was born in Birmingham, and with a scholarship, studied English literature at St Hilda's College, Oxford (1950) . Her poems were first published when she was at university in the early 1950s. She became a journalist and worked for the Bedfordshire Times, the Oxford Mail and Drum Publications (Johannesburg, South Africa) .

Joseph's best known poem, 'Warning', was written in 1961 and is included in her 1974 collection Rose In the Afternoon and The Oxford Book of Twentieth Century English Verse.
'Warning' was identified as the UK's 'most popular post-war poem' in a 1996 poll by the BBC. The second line was the inspiration for the Red Hat Society. Due to its popularity, an illustrated gift edition of 'Warning', first published by Souvenir Press Ltd in 1997, has now been reprinted 41 times.

Her first book of poems, 'The Unlooked-for Season' won a Gregory Award in 1960 and she won a Cholmondeley Award for her second collection, 'Rose in the Afternoon' in 1974.

(Wikipedia)


သတိပေးခြင်း


ကျွန်မ အဖွားကြီးဖြစ်တဲ့အခါ
ခရမ်းရောင်တောက်တောက်ဝတ်စုံကြီးနဲ့
ကျွန်မနဲ့ နည်းနည်းမှ မလိုက်ဖက်တဲ့
ဘယ်တော့မှမဝတ်တဲ့ ဦးထုပ်အနီရောင်ကြီးကို ဆောင်းပစ်မယ်။

ကျွန်မရဲ့ ပင်စင်လစာတွေကို
ဘရန်ဒီတွေ နွေရာသီလက်အိပ်စွပ်တွေ ဝယ်ဖို့ရာ သုံးပစ်မယ်။

ပိုးသားကြိုးသိုင်း ဖိနပ်တွေစီးပြီး
ထောပတ်ဝယ်ဖို့ ပိုက်ဆံမရှိကြောင်း လျှောက်ပြောပစ်မယ်။

မောပန်းလာတဲ့အခါ
လမ်းဘေး ပလက်ဖောင်းပေါ် ထိုင်မယ်။

ဈေးဆိုင်တွေက နမူနာကျွေးတဲ့ အစားအစာတွေကို
ငမ်းငမ်းတက် လျှောက်စားပစ်မယ်။

အရေးပေါ်အချက်ပေးကိရိယာတွေ လျှောက်နှိပ်ပစ်မယ်။
ကျွန်မရဲ့တုတ်ကောက်ကြီးနဲ့ လူသွားလက်ရန်းတွေတလျှောက် ပြေးလွှားသွားမယ်။

ကျွန်မရဲ့ငယ်ရွယ်ပျိုမြစ်ချိန် တည်ငြိမ်လေးနက်မှုတွေအတွက်
မိတ်ကပ်ထူလပြစ်ကြီးလိမ်းချယ်ပစ်လိုက်မယ်။

မိုးသည်းထဲကို ခြေညှပ်ဖိနပ်ပါးလေးစီးပြီး အပြင်ထွက်ချင်ထွက်ပစ်မယ်။
တခြားသူတွေစိုက်ပျိုးထားတဲ့ ဥယျာဉ်ထဲကပန်းတွေ ခူးပစ်မယ်။

ပြီးတော့ တံတွေး တပြစ်ပြစ်
ထွေးထုတ်တတ်ဖို့လည်း သင်ယူအုံးမယ်။

ခင်ဗျားကလည်း မထော်မနန်း ရှပ်အင်္ကျီတွေဝတ်ပြီး
စားချင်တာတွေလည်း စားချင်သလောက်သာ စားပစ်လိုက်ပေါ့။

တချိန်တည်းမှာ ဝက်အူချောင်း ၃ ပေါင်လောက် စားချင်စား
ဒါမှမဟုတ် ပါမုန့်ရယ် ချဉ်ဖတ်ရယ်နဲ့ တပတ်လုံး စခန်းသွားချင်သွားပေါ့။

သတ္တာငယ်လေးတွေမှာလည်း သိမ်းထားတဲ့ ဘောပင်တွေ၊ ခဲတံတွေအပြင်
ဘီယာခွက်အောက်ခံပြားလေးတွေရော တိုလီမုတ်စ အကုန်စုပြုံလို့ပေါ့။

ဒါပေမဲ့လည်း အခုအချိန်မှာတော့ ...
ကျွန်မတို့ကို ခြောက်သွေ့နွေးထွေးစေမဲ့ အဝတ်အစားတွေရယ်၊
အိမ်ငှားခမှန်မှန်ပေးဖို့ရယ်၊
လမ်းတွေပေါ် မဆဲမိဖို့ရယ်
ကလေးတွေရဲ့ စံနမူနာကောင်းဖြစ်ဖို့ရယ်
မဖြစ်မနေလုပ်ရအုံးမယ်။

ဖတ်စရာစာအုပ်စာတမ်းတွေရယ်၊
ညစာအတူတူစားဖို့ မိတ်ဆွေကောင်းတွေရယ်လည်း
မဖြစ်မနေ ရှိအောင် လုပ်ရအုံးမယ်။

ဒါပေမဲ့လို့တော့… အခုကစ နည်းနည်းစီ နည်းနည်းစီ
လေ့ကျင့်ထားနိုင်ရမယ်လေနော့?
ဒါမှသာ ကျွန်မနဲ့ သိကျွမ်းတဲ့သူတွေ
ကျွန်မရုတ်တရက် အသက်ကြီးသွားတဲ့အခါ
ခရမ်းရောင်အင်္ကျီကြီးတကားကားနဲ့တွေ့ရမှာကို
သိပ်ပြီး မအံ့သြ ရှော့ခ် မရကြမှာပေါ့။   ။

#Warttenby Jenny Joseph

ဘာသာပြန်- Emily

Warning - Poem by Jenny Joseph
When I am an old woman I shall wear purple
With a red hat which doesn't go, and doesn't suit me.
And I shall spend my pension on brandy and summer gloves
And satin sandals, and say we've no money for butter.
I shall sit down on the pavement when I'm tired
And gobble up samples in shops and press alarm bells
And run my stick along the public railings
And make up for the sobriety of my youth.
I shall go out in my slippers in the rain
And pick flowers in other people's gardens
And learn to spit.

You can wear terrible shirts and grow more fat
And eat three pounds of sausages at a go
Or only bread and pickle for a week
And hoard pens and pencils and beermats and things in boxes.

But now we must have clothes that keep us dry
And pay our rent and not swear in the street
And set a good example for the children.
We must have friends to dinner and read the papers.

But maybe I ought to practice a little now?
So people who know me are not too shocked and surprised
When suddenly I am old, and start to wear purple. 


Jenny Joseph

Comments