အောင်ဝေး ● ညိုမီ ဂုမ္ဘာန် ညများ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မင်းနှုတ်ခမ်းတွေက ညှို့ငင်
မင်းမျက်လုံးတွေနဲ့
ပစ်လွှတ်လိုက်တဲ့
အနှစ်နှစ်အလလ အမြစ်စွဲနေတဲ့မြေကြီးကိုမှ
ခွဲခဲ့ရတဲ့သစ်ပင်ကို
အဲဒီမြားကို
နှလုံးသားက ဆွဲနှုတ်ရတဲ့အခါ
ဒါဟာ ဒီညပျက်ကြီးရဲ့
ပထမဆုံးခွက်ပေါ့။
ဒဂုန်တာရာအတွက် တစ်ခွက်
မြသီတာမြစ်ကြီးအတွက် တစ်ခွက်
ခရမ်းရောင် ပင်စီပန်းများအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မနက်မလင်းခင်
မက်ခဲ့ဖူးတဲ့အိပ်မက်ကိုပဲ
အက်ကွာရီဂျာ နဲ့သန့်စင်
ပြုပြင်ခဲ့ ဖာထေးခဲ့
ရွှေထက်လက်ရှတဲ့
လခမြညတွေ
ပပကြိုးကြွတွေ
မိခင်နို့ထက်ဖြူတဲ့ငှက်တွေ
ငါတစ်ဦးတည်းပိုင် မြင်းရိုင်းရဲ့လမ်းမှာ
ရွှေတောင်ကြီးလဲပြို
ပင်လယ်မုန်ယိုလှိုင်းကြမ်း
မြစ်တို့လည်း မဝှမ်းကြ
ပန်းနုရောင်နှစ်ကာလများထဲလေ
အဲဒီလိုနဲ့
မြရာပင်ထက်က
ကြယ်တွေကြွေသက်ခဲ့ကြပါပကော။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ငယ်ငယ်တုန်းက
ရိုးလည်းရိုးသားပါရဲ့
လည်ကတုံးကော်လံ တိုက်ပုံပင်နီ
လီနင်ဓာတ်ပုံ
ဘားဒေါ့ပုံလဲ ပါသပေါ့
ဒီဇင်ဘာ ၂၀ ကိုပင်
တက္ကသိုလ် ရွှေရတုသဘင်ဇာတ်ခုံပေါ်တင်ခဲ့
အရင်းကျမ်းနဲ့ ကိုးခန်းပျို့တွေခေါင်းအုံးအိပ်ခဲ့
ကံ့ကော်ဝါရိပ် လရောင်ပြာရိပ်ကနေ
ဆိတ်ဖလူးရနံ့တွေထဲအထိ
မိမိနဲ့ မိမိရဲ့ မှန်ကူကွက်များ
လှုပ်ရှား
သက်ငြိမ်
အဲဒီနရသိန်ကြီးအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဟောဒီမြေပြင်ကွက်လပ်ကြီးပေါ့
ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး
ကိုယ့်ပခုံသားပေါ်
ကိုယ့်ဝိညာဉ်ကိုယ်တင်ထမ်း
သေခြင်းရဲ့နှုတ်ခမ်းကို
ကိုယ့်နှုတ်ခမ်းအပ်လို့
ဒိုင်ယာလက်သစ် မမှားဘူး။
ပင်မရေစီးမမှားဘူး
အိပ်မက်ရဲ့မှားခြင်းနဲ့
မှားခြင်းရဲ့အိပ်မက်ကြား
တို့အထဲက
တချို့အကောင်တွေကလည်း
အပျိုရည်အမှေးပါးလို
စုတ်လွယ် ပြဲလွယ်နဲ့
ဂျီးလပ်စ် တစ္ဆေကလည်း
အဲဒီမှာချောက်လှန့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အရေးထဲ
သူ့ရင်အုံက လှံကိုနှုတ်ပေးဖို့
ကိုယ့်နောက်ကျောထိုးစိုက်နေတဲ့ဓားကို ကိုယ်မေ့လျော့
ကိုယ့်လေညင်းကို ကိုယ်ကာကွယ်ဖို့
သူခုခံနေတဲ့ မုန်တိုင်းကို ကိုယ်မေ့လျော့
မျှော်လင့်ခြင်းဆိုတာလည်း
ပန်းအိုးထဲ အမြစ်တွေ ကျုံ့ပြီး
ခေါင်းငုံ့သွားတာကိုလည်း ကိုယ်မေ့လျော့
အမှတ်တရ ကျောက်တုံးမှာရေးဖို့
ကိုယ့်နာမည်ကိုလည်း ကိုယ်မေ့လျာ့
အဲဒီအကြောင်းတွေကိုပဲ
တစ်ခါတစ်ခါ ငါမေ့လျော့
အဲဒီမေ့လျော့ခြင်းများအတွက် တစ်ခွက် ။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အသက်တွေက မငယ်ကြတော့ဘူးလေ
ဂျင်းဘောင်းဘီထဲဝတ်လို့
ဂျီအင်အာ တီရှပ်ထဲဝတ်လို့
ကန္တာရစီးကရက် ခဲလို့
ရေစီးကြောင်းက တော်လှန်ပြောင်းလဲသွား
မျိုးဆက်သစ်များခြားနား
လမ်းလျောက်ဖိနပ်ထဲ ခြေထောက်တွေထည့်ထည့်ပြီး
ဟဲဗီးရော့ခ် ဒီဇီုင်းနဲ့
ဘဝကိုသမိုင်းဆိုင်ရာ အိတ်စုတ်ကြီးထဲထည့်ထည့်ပြီး
တစ်က ပြန်စတဲ့ ဇာတ်ညွှန်းမှာ
ဖီးနစ်ငှက်က မျက်ရည်ကျတဲ့ ညတစ်ည
ခိုးယူခြင်းအရာမှာ ငါ့ထက်သာသူ
ဟဲလို ပရိုမီးသီးယပ်စ်
သင်နဲ့ပေါင်းပြီး
ဒေါင်းတစ်ကောင်နဲ့ပျားရည်တစ်အိုး
ပြန်ခိုးယူရမယ့်အခန်း
ကြမ်းချင်ကြမ်းမယ် လွမ်းချင်လွမ်းမယ်
စိမ်းလန်းသော ဟောဒီရင်အုံမှာ
ဝန်ခံပါရဲ့
ငါကတော့
ဂရမ်မာ ကိုတစ်ဖန်ပြန်ပြီး
ရွက်လွှင့်ချင်သူပေကပဲ ။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အရင်လိုကောင်းကင်အောက်
အဖန်ဖန်ပြန်ရောက်လာတဲ့မြစ်တွေထဲ
ဘယ်မြစ်ဟာ ငါပါလိမ့်ဆိုပြီး
ပင်လယ်ရင်အုံကို
နာကျင်ရုံသာသာလေး
ခေါင်းနဲ့ထိုးထိုးပြီး
တိုးတိုးလေး ငိုနေရတဲ့ညတွေ
နေ့တွေ
တကယ်တော့ ငါပြန်လာတာဟာ
ရည်းစားဦး အံဝှက်ထဲကိုပါ
ငါစီးဆင်းနေတာက
ခပ်ရိုင်းရိုင်းစည်းချက်နဲ့
ကချေသည်ရဲ့ လှိုင်းပုခက်မျိုး
အဲ့ဒီမှာ မွန်ရိုးရဲ့မြစ်တွေအတွက်
ငါ့တစ်ဘ၀လုံးဟာ တစ်ခွက်စာဆိုရင်
အဲဒီတစ်ခွက်စာကိုပဲ
အဲဒီမြစ်တွေအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ငြိမ်းချမ်းရေးအနမ်းများပေပဲ
အဲဒီမှာ ဒဏ်ရာဟက်တက်
ဓားက ဓားအိမ်ကို နာကျင်စေသလိုမျိုး
ရောမန္တိက မဖြစ်တဲ့ အတွေးအခေါ်တွေ
ဝိညာဉ်က ရင်ကို နွမ်းနယ်စေတာမျိုး
လှပတဲ့ အဆိပ်ကိုပင်
မြိုချခဲ့ပြီးတော့မှ
အက်သင်မြို့ကြီးကိုလည်း
ငါမျိုရတော့မယ်
အလို မုဆိုးမအလှပြင်သလို
လင်ကောင်း သားကောင်းကိုလိုချင်ပြန်တဲ့
ဟောဒီမြို့တော်ကြီးမှာ
ဘယ်ဟိုတယ်ရဲ့ညနဲ့များ
ငါမှားယွင်းအိပ်စက်မိပါလိမ့်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မသေချာခြင်းများကသာ
သေချာခဲ့ပါတယ်
ရာဇဝင်မြစ်ကျဉ်းတစ်ခုကနေ
နောက်ရာဇဝင်မြစ်ကျဉ်းတစ်ခုဆီ
မြိုသိပ်ရခြင်းတွေ လည်ပင်းမဆံ့
တမ်းတခြင်းများသာ
အခါခါ လျှို့ဝှက်ဖုံးဖိ
ဒီလိုနဲ့ပဲ
မောင့် ဂူစတီနာရေ ဆိုတဲ့အသံကို
နွေဦးထဲထည့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဘယ်လိုများလည်းဆိုရင်
ကဗျာဆရာတစ်ယောက်ဟာလည်း
နွေဦးတစ်ခုပါကွယ့်
အဲဒီနွေဦးကို
ဟောဒီအသည်းကွဲညကြီးထဲထည့်
အဲဒီညကြီးကိုပဲ
ဖန်ခွက်ထဲထည့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဟောဒီမှာ
ဗန်းမော်တင်အောင်အတွက်
ဟောဒီမှာ
မောင်လေးအောင်အတွက်
ဟောဒီမှာ
ဖော်ဝေးအတွက်
ဟောဒီမှာ .... ။ ။
အောင်ဝေး
- ၁၉၉၅ စက်တင်ဘာ ပန်းဝေသီမဂ္ဂဇင်း
- ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ချယ်ရီမဂ္ဂဇင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မင်းနှုတ်ခမ်းတွေက ညှို့ငင်
မင်းမျက်လုံးတွေနဲ့
ပစ်လွှတ်လိုက်တဲ့
အနှစ်နှစ်အလလ အမြစ်စွဲနေတဲ့မြေကြီးကိုမှ
ခွဲခဲ့ရတဲ့သစ်ပင်ကို
အဲဒီမြားကို
နှလုံးသားက ဆွဲနှုတ်ရတဲ့အခါ
ဒါဟာ ဒီညပျက်ကြီးရဲ့
ပထမဆုံးခွက်ပေါ့။
ဒဂုန်တာရာအတွက် တစ်ခွက်
မြသီတာမြစ်ကြီးအတွက် တစ်ခွက်
ခရမ်းရောင် ပင်စီပန်းများအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မနက်မလင်းခင်
မက်ခဲ့ဖူးတဲ့အိပ်မက်ကိုပဲ
အက်ကွာရီဂျာ နဲ့သန့်စင်
ပြုပြင်ခဲ့ ဖာထေးခဲ့
ရွှေထက်လက်ရှတဲ့
လခမြညတွေ
ပပကြိုးကြွတွေ
မိခင်နို့ထက်ဖြူတဲ့ငှက်တွေ
ငါတစ်ဦးတည်းပိုင် မြင်းရိုင်းရဲ့လမ်းမှာ
ရွှေတောင်ကြီးလဲပြို
ပင်လယ်မုန်ယိုလှိုင်းကြမ်း
မြစ်တို့လည်း မဝှမ်းကြ
ပန်းနုရောင်နှစ်ကာလများထဲလေ
အဲဒီလိုနဲ့
မြရာပင်ထက်က
ကြယ်တွေကြွေသက်ခဲ့ကြပါပကော။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ငယ်ငယ်တုန်းက
ရိုးလည်းရိုးသားပါရဲ့
လည်ကတုံးကော်လံ တိုက်ပုံပင်နီ
လီနင်ဓာတ်ပုံ
ဘားဒေါ့ပုံလဲ ပါသပေါ့
ဒီဇင်ဘာ ၂၀ ကိုပင်
တက္ကသိုလ် ရွှေရတုသဘင်ဇာတ်ခုံပေါ်တင်ခဲ့
အရင်းကျမ်းနဲ့ ကိုးခန်းပျို့တွေခေါင်းအုံးအိပ်ခဲ့
ကံ့ကော်ဝါရိပ် လရောင်ပြာရိပ်ကနေ
ဆိတ်ဖလူးရနံ့တွေထဲအထိ
မိမိနဲ့ မိမိရဲ့ မှန်ကူကွက်များ
လှုပ်ရှား
သက်ငြိမ်
အဲဒီနရသိန်ကြီးအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဟောဒီမြေပြင်ကွက်လပ်ကြီးပေါ့
ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး
ကိုယ့်ပခုံသားပေါ်
ကိုယ့်ဝိညာဉ်ကိုယ်တင်ထမ်း
သေခြင်းရဲ့နှုတ်ခမ်းကို
ကိုယ့်နှုတ်ခမ်းအပ်လို့
ဒိုင်ယာလက်သစ် မမှားဘူး။
ပင်မရေစီးမမှားဘူး
အိပ်မက်ရဲ့မှားခြင်းနဲ့
မှားခြင်းရဲ့အိပ်မက်ကြား
တို့အထဲက
တချို့အကောင်တွေကလည်း
အပျိုရည်အမှေးပါးလို
စုတ်လွယ် ပြဲလွယ်နဲ့
ဂျီးလပ်စ် တစ္ဆေကလည်း
အဲဒီမှာချောက်လှန့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အရေးထဲ
သူ့ရင်အုံက လှံကိုနှုတ်ပေးဖို့
ကိုယ့်နောက်ကျောထိုးစိုက်နေတဲ့ဓားကို ကိုယ်မေ့လျော့
ကိုယ့်လေညင်းကို ကိုယ်ကာကွယ်ဖို့
သူခုခံနေတဲ့ မုန်တိုင်းကို ကိုယ်မေ့လျော့
မျှော်လင့်ခြင်းဆိုတာလည်း
ပန်းအိုးထဲ အမြစ်တွေ ကျုံ့ပြီး
ခေါင်းငုံ့သွားတာကိုလည်း ကိုယ်မေ့လျော့
အမှတ်တရ ကျောက်တုံးမှာရေးဖို့
ကိုယ့်နာမည်ကိုလည်း ကိုယ်မေ့လျာ့
အဲဒီအကြောင်းတွေကိုပဲ
တစ်ခါတစ်ခါ ငါမေ့လျော့
အဲဒီမေ့လျော့ခြင်းများအတွက် တစ်ခွက် ။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အသက်တွေက မငယ်ကြတော့ဘူးလေ
ဂျင်းဘောင်းဘီထဲဝတ်လို့
ဂျီအင်အာ တီရှပ်ထဲဝတ်လို့
ကန္တာရစီးကရက် ခဲလို့
ရေစီးကြောင်းက တော်လှန်ပြောင်းလဲသွား
မျိုးဆက်သစ်များခြားနား
လမ်းလျောက်ဖိနပ်ထဲ ခြေထောက်တွေထည့်ထည့်ပြီး
ဟဲဗီးရော့ခ် ဒီဇီုင်းနဲ့
ဘဝကိုသမိုင်းဆိုင်ရာ အိတ်စုတ်ကြီးထဲထည့်ထည့်ပြီး
တစ်က ပြန်စတဲ့ ဇာတ်ညွှန်းမှာ
ဖီးနစ်ငှက်က မျက်ရည်ကျတဲ့ ညတစ်ည
ခိုးယူခြင်းအရာမှာ ငါ့ထက်သာသူ
ဟဲလို ပရိုမီးသီးယပ်စ်
သင်နဲ့ပေါင်းပြီး
ဒေါင်းတစ်ကောင်နဲ့ပျားရည်တစ်အိုး
ပြန်ခိုးယူရမယ့်အခန်း
ကြမ်းချင်ကြမ်းမယ် လွမ်းချင်လွမ်းမယ်
စိမ်းလန်းသော ဟောဒီရင်အုံမှာ
ဝန်ခံပါရဲ့
ငါကတော့
ဂရမ်မာ ကိုတစ်ဖန်ပြန်ပြီး
ရွက်လွှင့်ချင်သူပေကပဲ ။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
အရင်လိုကောင်းကင်အောက်
အဖန်ဖန်ပြန်ရောက်လာတဲ့မြစ်တွေထဲ
ဘယ်မြစ်ဟာ ငါပါလိမ့်ဆိုပြီး
ပင်လယ်ရင်အုံကို
နာကျင်ရုံသာသာလေး
ခေါင်းနဲ့ထိုးထိုးပြီး
တိုးတိုးလေး ငိုနေရတဲ့ညတွေ
နေ့တွေ
တကယ်တော့ ငါပြန်လာတာဟာ
ရည်းစားဦး အံဝှက်ထဲကိုပါ
ငါစီးဆင်းနေတာက
ခပ်ရိုင်းရိုင်းစည်းချက်နဲ့
ကချေသည်ရဲ့ လှိုင်းပုခက်မျိုး
အဲ့ဒီမှာ မွန်ရိုးရဲ့မြစ်တွေအတွက်
ငါ့တစ်ဘ၀လုံးဟာ တစ်ခွက်စာဆိုရင်
အဲဒီတစ်ခွက်စာကိုပဲ
အဲဒီမြစ်တွေအတွက် တစ်ခွက်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ငြိမ်းချမ်းရေးအနမ်းများပေပဲ
အဲဒီမှာ ဒဏ်ရာဟက်တက်
ဓားက ဓားအိမ်ကို နာကျင်စေသလိုမျိုး
ရောမန္တိက မဖြစ်တဲ့ အတွေးအခေါ်တွေ
ဝိညာဉ်က ရင်ကို နွမ်းနယ်စေတာမျိုး
လှပတဲ့ အဆိပ်ကိုပင်
မြိုချခဲ့ပြီးတော့မှ
အက်သင်မြို့ကြီးကိုလည်း
ငါမျိုရတော့မယ်
အလို မုဆိုးမအလှပြင်သလို
လင်ကောင်း သားကောင်းကိုလိုချင်ပြန်တဲ့
ဟောဒီမြို့တော်ကြီးမှာ
ဘယ်ဟိုတယ်ရဲ့ညနဲ့များ
ငါမှားယွင်းအိပ်စက်မိပါလိမ့်။
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
မသေချာခြင်းများကသာ
သေချာခဲ့ပါတယ်
ရာဇဝင်မြစ်ကျဉ်းတစ်ခုကနေ
နောက်ရာဇဝင်မြစ်ကျဉ်းတစ်ခုဆီ
မြိုသိပ်ရခြင်းတွေ လည်ပင်းမဆံ့
တမ်းတခြင်းများသာ
အခါခါ လျှို့ဝှက်ဖုံးဖိ
ဒီလိုနဲ့ပဲ
မောင့် ဂူစတီနာရေ ဆိုတဲ့အသံကို
နွေဦးထဲထည့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဘယ်လိုများလည်းဆိုရင်
ကဗျာဆရာတစ်ယောက်ဟာလည်း
နွေဦးတစ်ခုပါကွယ့်
အဲဒီနွေဦးကို
ဟောဒီအသည်းကွဲညကြီးထဲထည့်
အဲဒီညကြီးကိုပဲ
ဖန်ခွက်ထဲထည့်
ညီမလေး ညိုမီဂုမ္ဘာန်ရဲ့
ဟောဒီမှာ
ဗန်းမော်တင်အောင်အတွက်
ဟောဒီမှာ
မောင်လေးအောင်အတွက်
ဟောဒီမှာ
ဖော်ဝေးအတွက်
ဟောဒီမှာ .... ။ ။
အောင်ဝေး
- ၁၉၉၅ စက်တင်ဘာ ပန်းဝေသီမဂ္ဂဇင်း
- ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ချယ်ရီမဂ္ဂဇင်း
Comments