လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (24)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (24)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၇

Cell basics

ဇယားအခြေခံ

ဒေါ့က်နဲ့ ရှိ(တ်) မတူတာက ရှိ(တ်)ထဲမှာ ဇယားကွက်တွေ Cell တွေ ရှိနေတာပဲ။ ဒေတာတွေကို ဆဲလ်ထဲမှာ ထည့်ရိုက်ရတယ်။ ဒေါက့်ကတော့ စာမျက်နှာ နံပါတ်နဲ့ သွားတယ်၊ ကြောင်းရေ ဘယ်လောက်၊ အပိုဒ် ဘယ်လောက်နဲ့ စာသားနေရာကို ညွှန်းတယ်။ ရှိ(တ်)ထဲက ဆဲလ်တွေကိုတော့ ကော်လံနဲ့ ရိုးလ် ဆုံမှတ်နဲ့ ညွှန်းကြပါတယ်။ ကော်လံဆိုတာက ဒေါင်လိုက်သွားပြီး ရိုးလ်ကတော့ ကန့်လန့်သွားတယ်။ ဒေါင်လိုက်မျဉ်းနဲ့ ကန့်လန့်မျဉ်းဆုံမှတ်ကို ဆဲလ်အမှတ်အသားနေရာအဖြစ် သုံးပါတယ်။

ကော်လံတွေကို A B C D နဲ့ သွားတယ်။ ရိုးလ်တွေကိုတော့ 1 2 3 4 နဲ့ သတ်မှတ်တယ်။


Cell C10

ဆဲလ်တွေမှာ မြေပုံအမှတ်အသား ရှိတယ် ဆိုကြပါစို့။ Map အခေါ်အဝေါ်အရဆို လောင်တီကျု လတ်တီကျု လို့ ခေါ်သလိုမျိုးပေါ့။ ဆုံမှတ် နေရာကို coordinate or address လို့လည်း ခေါ်ကြပါတယ်။ အခု C column နဲ့ 10th Row တို့ ဆုံမှတ်မှာ Cell (C10) ရှိပါတယ်။

ဆဲလ်တွေကို တခုချင်းစီ ဆလက်လုပ်လို့ရသလို၊ ဆဲလ်တွေ အစုအဝေး cell group, cell range လည်း ဆလက်လုပ်လို့ရတယ်။ ဒေါက်မှာ စာသားတွေ ဆလက်လုပ်သလိုမျိုးပေါ့။ ဆဲလ်တခုကနေ နောက် ဆက်တိုက်ကို မောက်စ်နဲ့ ဖိဆွဲပြီး ဆလက်လုပ်လို့ ရပါတယ်။

ဥပမာ - ဆဲလ် A1 A2 A3 A4 A5 ကို တစုတည်း ဆလက်လုပ်မယ် ဆိုပါစို့။ မောက်စ်နဲ့ A1 ကနေ A5 ကို ဖိဆွဲပါ။ ဒါကို ဘယ်လို ခေါ်သလဲဆိုတော့ A1:A5 လို့ ခေါ်နိုင်ပါတယ်။

  • Cell range A2:A8
  • Cell range A2:A8
  • Cell range A2:B8
  • Cell range A2:B8

Understanding cell content

ဆဲလ်အတွင်း စာသားများကို ရှင်းလင်းခြင်း

ဆဲလ်တခုအတွင်းမှာ စာ၊ ဖော်မြူလာ၊ တွက်ချက်နည်း၊ ပုံစံ စတဲ့ အချက်အလက်တွေ ထည့်သွင်းလို့ ရပါတယ်။ ဘိုလိုကတော့  text, formatting, formulas, and functions လို့ ခေါ်ဝေါ်ပါတယ်။

  • Text: Cells can contain text, such as letters, numbers, and dates.
    စာသားဆိုတာ ရိုးရိုးစာသားပါ။ အက္ခရာ၊ နံပါတ်၊ ရက်စွဲတွေ ဖြစ်နိုင်ပါတယ်။
  • Cell text
  • Formatting attributes: အက္ထရီဗျု ဆိုတာက စာသားရဲ့ ပုံသဏ္ဍန်ကို ပြောတာပါ။ စာသားဟာ စာလုံး၊ ဂဏန်းနဲ့ ရက်စွဲဆိုပြီး သတ်မှတ်ထားတဲ့အပြင် သူတို့ကို ဖော်ပြရာမှာ ပုံသဏ္ဍန်ချင်း မတူအောင် လုပ်ထား (formating) ပြောင်းထားလို့ ရပါတယ်။ ဥပမာ ရာခိုင်နှုန်းကို 0.15 လို့ ပြနိုင်သလို 15% ဆိုပြီးလည်း ပြနိုင်အောင် သူ့ attribute ကို ပြင်ပေးလို့ ရပါတယ်။ ပြီးတော့ ဆဲလ်ရဲ့ နောက်ခံအရောင်ကိုလည်း ပြင်လို့ ရပါသေးတယ်။

  • Cell formatting
  • Formulas and functions:  ဆဲလ်မှာ ဖော်မြူလာဆိုတဲ့ ပုံသေနည်းတွက်ထားတာကို ထည့်ထားနိုင်ပါတယ်။ Sum (B2:B8) ဆိုတာက ဆဲလ် ဘီ၂ ကနေ ဘီ၈ အထိကို ပေါင်းခိုင်းတဲ့ ဖော်မြူလာ ဖြစ်ပါတယ်။ ပြီးတော့ အကယ်၍ B9 မှာ Sum (B2:B8) လို့ ရိုက်ထည့်ထားရင် အဲသည်မှာ ပေါင်းလဒ်ကို ပြနေမှာ ဖြစ်ပါတယ်။
  • Cell formulas

To select cells: ဆဲများကို ဆလက်လုပ်ခြင်း


ဆဲကို ဆလက်လုပ်ပြီးတော့ ကီးဘုတ်ကနေ အချက်အလက်တွေ ရိုက်သွင်းရပါတယ်။

  1. ဆဲလ်ကို ကလစ်လုပ်ပါ။
  2. အပြာရောင် အကွက်လေး ဖြစ်သွားတဲ့နောက်မှာ စာရိုက်ရုံပါပဲ။

  1. Selecting a single cell

ကီးဘုတ်ပေါ်က မြားတွေကို နှိပ်ပြီးတော့လည်း ဆဲလ်တခုကနေ ဆဲလ်တခုဆီကို သွားနိုင် ကူးနိုင်ပါတယ်။

To select a cell range: ဆဲလ်အစုအဝေးကို ရွေးချယ်ခြင်း


cell range ဆဲအစုလိုက်ကို ဆလက်လုပ်တာကို cell range လုပ်တယ်လို့ ပြောပါတယ်။
  1. မောက်စ်နဲ့ အစပြုတာ ဆဲလ်ကနေ အဆုံးသွားရာ ဆဲလ်အထိ မောက်ကို ကလစ်နှိပ်၊ ဖိပြီး ဆက်ဆွဲပြီး ဆလက်လုပ်လို့ ရပါတယ်။ highlighted လို့ ခေါ်တဲ့ ဆဲလ်တွေ ရွေးချယ်ထားတဲ့ အပြာနုရောင် အစုအဝေးကို တွေ့ရပါတယ်။
  2. မောက်စ်ကို ဖိထားတာက လွှတ်လိုက်ပါ။

  1. Clicking and dragging to select multiple cells

To insert cell content: ဆဲလ်ထဲကို အချက်အလက်များ ထည့်သွင်းခြင်း

  1. မိမိအလိုရှိရာ ဆဲလ်ကို ရွေးချယ်ပါ။ ဆလက်လုပ်ပါ။

  1. Selecting a cell

  1. အလိုရှိရာ စာသားကို ရိုက်ထည့်ပြီး enter ခေါက်ပါ။ စာသားက cell မှာလည်း ပေါ်ပါမယ်။ ပြီးတော့ sheet အပေါ်တန်းက formula bar (Fx) ဆိုတဲ့ အတန်းမှာလည်း ပေါ်နေပါမယ်။
  2. The new cell content

To delete cell content: ဆဲလ်အတွင်းက စာသားကို ဖျက်ခြင်း

  1. ဖျက်ချင်တဲ့ စာသားရှိတဲ့ ဆဲလ်ကို ဆလက်လုပ်ပါ။
  2. Delete or Backspace key ကို နှိပ်ပါ။ စာသားတွေ ပျက်သွားပါပြီ။

  1. Deleting a cell's content

To copy and paste cells: ဆဲများကို ကော်ပီလုပ်ခြင်း၊ ထပ်ကူးခြင်း

  1. ကော်ပီလုပ်ချင်တဲ့ ဆဲလ်တခု သို့မဟုတ် ဆဲအစုအဝေးကို ဆလက်လုပ်ပါ။
  2. Press Ctrl+C (Windows) or Command+C (Mac) ကို ကီးဘုတ်မှာ နှိပ်ပါ။
  3. Selecting the cell to copy
  4. ဆလက်လုပ်ထားတဲ့ ဆဲလ်တွေမှာ အပြာနုရောင်ကာလာဘောက်စ် ဖြစ်နေတာ တွေ့ရပါမယ်။
  5. Choosing the destination for the copied cell
  6. ကိုယ် အလိုရှိတဲ့ ထပ်ကူးမယ့် ဆဲလ်နေရာကို ဆလက်သွားလုပ်ပါ။  Ctrl+V (Windows) or Command+V (Mac) ကို ကီးဘုတ်ကနေ နှိပ်ပြီး Paste လုပ်လိုက်ပါ။
  7. The copied and pasted cell content

To cut and paste cells: ဆဲလ်များကို ကပ်ပြီးတော့ ပေ့စ် လုပ်ခြင်း

  1. Cut လုပ်ချင်တဲ့ ဆဲလ်တွေကို ဆလက်လုပ်ပါ။
  2. Selecting the cell to cut
  3. Press Ctrl+X (Windows) or Command+X (Mac) ကီးဘုတ်ကို နှိပ်ပါ။ ကပ်မယ့် ဆဲလ်တွေက မူလနေရာမှာပဲ ရှိနေဦးမှာပါ။
  4. paste လုပ်ချင်တဲ့ နေရာမှာ ဆဲလ်တွေကို ဆလက်သွားလုပ်ပါ။
  5. Choosing the destination for the cut cell
  6. Press Ctrl+V (Windows) or Command+V (Mac) ကီးဘုတ်ကို နှိပ်ပြီး ပေ့စ်လိုက်ပါ။
  7. The cut and pasted cell content
Paste Special အကြောင်း

ဆဲလ်တွေကို ကော်ပီ ပေစ့် ကပ် အင်န် ပေစ့် လုပ်တာမှာ တချို့ဆဲတွေက လိုချင်တဲ့ အချက်အလက်တွေ ကော်ပီ မပါလာဘဲ ဖြစ်တတ်ပါတယ်။ ဒါက အဲသည်ဆဲလ်တွေထဲမှာ ဖော်မက်လုပ်ထားတဲ့ ဖော်မြုလာတွေ ပုံစံတွေ မတူညီလို့ ဖြစ်တတ်ပါတယ်။ အဲသည်ကျရင်တော့ Edit Menu က Paste Special ကို သုံးရပါမယ်။ အဲသည်မှာ ဘယ် ဆဲလ်ရဲ့ ဘာကိုပဲ ကော်ပီပေစ့် လုပ်မယ်ဆိုတာ ရွေးချယ်လို့ ရပါတယ်။

Accessing the Paste Special option

To drag and drop cells: ဆွဲပြီးတော့ လွှတ်ချခြင်း


ကပ် လုပ်ပြီး ပေစ့်လုပ်တာထက် မြန်ဆန်တဲ့နည်းကတော့ ဆဲလ်ကို မောက်စ်နဲ့ ဖိဆွဲပြီး လိုချင်တဲ့နေရာမှာ လွှတ်ချလိုက်တာ ဖြစ်ပါတယ်။

  1. ဆဲလ်ကို ဆလက်လုပ်ပါ။ မောက်စ်ကို ဆဲရဲ့ အနားစွန်းမှာ ၀ဲပြီးတော့ ရွှေ့ကြည့်ပါ။ လက်ပုံစံကလေး ပေါ်လာပါမယ်။
  1. Selecting a cell to drag and drop
  2. ကလစ်လုပ်ပြီး ဖိဆွဲ၍ မိမိပြောင်းချင်တဲ့ ဆဲလ်အလွတ်နေရာမှာ မောက်စ်ကို ဖိထားတာကနေ လွှတ်ချလိုက်ပါ။

  1. Clicking and dragging a cell
  2. drop the cell လို့ ခေါ်ပါတယ်။
  3. The dropped cell

To use the fill handle: ဖြည့်တဲ့ခလုပ် ဆွဲခြင်း


မကြာခဏ ကော်ပီအင်ပေ့စ်လုပ်ရာမှာ ဆဲလ်တခုတည်းက အချက်အလက်ကို ဆဲလ်အများကြီးဆီကို သွားသွား ကော်ပီအင်ပေစ့်လုပ်ရတာ အချိန်ကုန်ပါတယ်။ လွယ်တဲ့နည်းကတော့ Fill handel ဖြစ်ပါတယ်။ တခုကို ကော်ပီလုပ်ရာမှာ တခါတည်း ဆွဲပြီးဖြည့်တဲ့ နည်းပါ။ သူက မူလဆဲလ်နဲ့ ကပ်ရက် ဒေါင်လိုက် သို့မဟုတ် အလျားလိုက် ဆဲလ်တွေကို ဖြည့်ရာမှာပဲ အသုံးပြုလို့ ရပါတယ်။

  1. မူလဆဲလ်ကို ဆလက်လုပ်ပါ။ ပြီးတော့ မောက်စ်ကို ချိန်ဆ ရာမှာ ဆဲအနားသပ်မှာ အပေါင်းလက္ခဏာလေး ပေါ်လာအောင် လုပ်ယူပါ။ ဆဲလ်ညာဘက်ဒေါင့်မှာ အပေါင်းလက္ခဏာလေးဟာ Fill handle ဖြစ်ပါတယ်။
  2. Selecting the fill handle
  3. အဲသည် fill handle ကို ဖိဆွဲပြီးတော့ မိမိကော်ပီဆွဲချင်တဲ့ ဆဲလ်တွေအပေါ် ဆွဲချသွားပါ။

  1. Filling cells with the fill handle
  2. မောက်စ်ကို လွှတ်လိုက်ပါက မူလဆဲလ်က စာတွေကို အောက်ပါအတိုင်း ကူးပြီးသား ထွက်လာပါတယ်။
  3. The filled cells

Using the fill handle to continue a series - ဖိဆွဲဖြည့် ခလုပ်နဲ့ ဆီးရီးတွေ ထည့်ခြင်း


The fill handle နဲ့ series. ဆိုတဲ့ အစဉ်လိုက် ဂဏန်းတွေ ရက်စွဲတွေ ဖြည့်ခိုင်းလို့ ရပါတယ်။ မိမိမူလဆဲလ်နဲ့ ကပ်ရက် ဒေါင်လိုက် အလျားလိုက် ဆဲလ်တွေမှာ ဆီးရီးတွေ ဖြည့်ခိုင်းတာပါ။  numbers (1, 2, 3) or days (Monday, Tuesday, Wednesday) — တွေကို  fill handle နဲ့ ဖြည့်ခိုင်းလို့ရပါတယ်။ အခု ဥပမာက ရက်စွဲတွေကို အစဉ်အတိုင်း တိုးခိုင်းပါမယ်။

Using the fill handle to extend a series

A1 A2 A3 မှာ ရက်စွဲ ဆက်တိုက် ၃ ခု ဖြည့်ပါ။ မေ ၆ ကနေ မေ ၈ အထိ ဆိုကြပါစို့။ ပြီးတော့ သူတို့ A1:A3 ကို ဆလက်လုပ်ပါ။ Fill Handel ပေါ်အောင် မောက်စ်ကို ချိန်ဆပါ။ ဆလက်ဆဲလ်တွေ၏ ညာဖက်ထောင့်ကို မောက်စ်ကို ချိန်ဆလိုက်ရင် အပေါင်းလက္ခဏာ ပေါ်လာမယ်။ အပေါင်းလက္ခဏာကို မိမိအလိုရှိရာ ဆဲလ်တွေအထိ ဖိဆွဲလိုက်ပြီးမှ လွှတ်ပေးလိုက်ပါ။

The extended series
မေ ၉ ကနေ မေ ၂၅ အထိ စီးရီးကို ဖြည့်ပေးသွားပါတယ်။

Challenge! အိမ်စာ

  1. new blank spreadsheet တခု ရွေးချယ်ပါ။
  2. spreadsheet title ကို Untitled Spreadsheet မှ အခုနာမည် Practice Spreadsheet ပြောင်းပါ။
  3. Cell A1, နေ့စွဲကို ရိုက်ထည့်ပါ။ format M/D/YY ကို လ၊ ရက်၊ နှစ် အဖြစ် သတ်မှတ်ပါ။ (for example, 5/30/17).
  4. fill handle  သုံးပြီး cells A1:A10 ကို ဖြည့်ကြည့်ပါ။
  5. drag and drop  Date တွေကို cells B1:B10 ကို ရွှေ့ကြည့်ပါ။
  6. Delete cell B5
  7. အောက်ပါအတိုင်း ပေါ်နေသလား စမ်းစစ်ပါ။
  8. Getting Started Challenge Example


(ဆက်လက်ဖော်ပြပါမည်)

Comments