လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (26)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (26)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇

Formating - နေရာအထားအသို


Spreadsheet က Cell တွေမှာ စာသားတွေ ဂဏန်းတွေ ရိုက်ထည့်တဲ့ဆီမှာ formatting လိုအပ်ပါတယ်။ သဘောကတော့ မိမိစာရင်းဇယားရဲ့ အထားအသို နေရာ အမြင် ကို Look and Feel ကောင်းစေဖို့ ဖြစ်ပါတယ်။ သည်တော့ စာသား ကိန်းဂဏန်းတွေရဲ့ size, style, and color တို့ text alignment  တို့ borders နဲ့  background colors တွေကို ပြင်ဆင်ဖို့ လေ့လာထားရပါမယ်။

To change the font size: ဖောင့်ဆိုက်ကို ပြင်ဆင်ခြင်း


မိမိစာရင်းစာမျက်နှာ ခေါင်းစဉ်ကို header cells လို့ ခေါ်ပါတယ်။ ဒါကို အခြား ဆဲလ်တွေနဲ့ မတူအောင် ပြင်ဆင်ပေးရပါတယ်။

  1. ပုံကို ကြည့်ပါ။ ထိပ်ဆုံးက ဆဲလ်တွေထဲက ခေါင်းစဉ်တွေကို ပြင်ကြရအောင်။ Row 1 and 2 ကို ဆလက်လုပ်ပါ။
  2. Selecting the desired cells
  3. Font Size button ကို  toolbar ကနေ ဆွဲချပါ။ ဆိုက်ကို 14 ပြောင်းပါ။
  4. Changing the font size
  5. ဖောင့်ဆိုက်အသစ် ပြောင်းပြီး ဖြစ်သွားပါမယ်။
  6. The updated font size

To change the font: ဖောင့်အမျိုးအစားကို ပြောင်းခြင်း


  1. ပြင်ချင်တဲ့ ဆဲလ် သို့မဟုတ် ဆဲလ်တွေကို ဆလက် အရင်လုပ်ပါ။
  2. Format  ဆိုတာကို toolbar menu ကနေ ဆွဲချပါ။
  3. မောက်စ်ကို Font ဆိုတဲ့ နေရာမှာ သွားပြီး ချိန်ဆလိုက်ပါ။ ဖောင့်စာရင်းမျိုးစုံ ရွေးနိုင်တာ တွေ့ရပါမယ်။Georgia ဖောင့်စာလုံးကို ရွေးလိုက်ပါ။
  4. Changing the font style
  5. ဖောင့်ပုံစံ အသစ်တခု ပြောင်းပြီး ဖြစ်ပါမယ်။
  6. The new font style

To change the text color: ဖောင့်အရောင်များ ပြောင်းခြင်း

  1. ပြင်ချင်တဲ့ ဆဲလ်ကို အရင် ရွေးပါ။
  2. Text color button ကို toolbar ကနေ ဆွဲချပါ။
  3. Changing the text color
  4. text colors drop down menu ဆိုတာမှာ အရောင်မျိုးစုံ တွေ့ရမယ်။
  5. ကြိုက်တဲ့ အရောင်ကို ရွေးပါ။ အခုကတော့ အနီ ရောင်ကို ရွေးပါ။
  6. Choosing a text color
  7. ဖောင့်အရောင် ပြောင်းပြီး ဖြစ်ပါလိမ့်မယ်။
  8. The new text color

To make text bold: ဖောင့်ကို Bold လုပ်ခြင်း

  1. ပြင်ချင်တဲ့ ဆဲလ်က စာသားတွေကို ရွေးပါ။
  2. bold လုပ်ချင်ရင် Bold text button ကို နှိပ်။ ကီးဘုတ် ရှော့ကပ်သုံးချင်ရင်တော့  press Ctrl+B (Windows) or Command+B (Mac) ကို နှိပ်ရပါတယ်။
  3. Bolding text
  4. Bold လုပ်တာကို တွေ့ရပါမယ်။
  5. The bolded text

Press Ctrl+I (Windows) or Command+I (Mac) က စာလုံးစောင်း italics.

Press Ctrl+U (Windows) or Command+U (Mac) က စာလုံးကို မျဉ်းတားပေးတာ underlining.

Italics and underlining

Text alignment စာသားများကို ဘယ်ညာအလယ် ညှိခြင်း


ပုံမှန်ကတော့ ဆဲလ်စာသားတွေက ဘယ်ညှိထားပြီးသား ဖြစ်ပါတယ်။ ဘယ်ညှိတာမှာ ဆဲလ်ရဲ့ အောက်ခြေမျဉ်းနားမှာ ကပ်ပြီး ညှိထားတာပါ။ aligne to the bottom-left of a cell လို့ ခေါ်ပါတယ်။ နံပါတ်တွေ ကဏာန်းတွေဆိုရင်တော့ ဆဲလ်အောက်ချေမျဉ်းနားကပ်ပြီး ညာညှိထားလေ့ ရှိပါတယ်။ aligned to the bottom-right of a cell လို့ ပြောပါတယ်။  ဒီလို alignment တွေကိုလည်း ပြောင်းလဲလို့ ရပါတယ်။

To modify the horizontal text alignment: ဆဲလ်ကို အလျားလိုက် ဘယ်၊ ညာ၊ အလယ်ညှိခြင်း

  1. မိမိညှိလိုတဲ့ ဆဲလ်ကို ရွေးပါ။
  2. Clicking the Align button
  3. Horizontal align button ကို toolbar ကနေ ရွေးချယ်ပါ။ alignment drop-down menu ကနေ ရွေးရတာ ဖြစ်ပါတယ်။
  4. Choosing the horizontal alignment
  5. စာသားတွေ ညှိပြီး ဖြစ်ပါပြီ။
  6. The new horizontal alignment

To modify the vertical text alignment: စာသားတွေကို ဒေါင်လိုက် အပေါ် အောက် အလယ် ညှိခြင်း

  1. အလိုရှိရာ ဆဲလ်ကို ဆလက်လုပ်ပါ။
  2. Vertical align button ကို toolbar ကနေ ရွေးချယ်ပါ။ alignment အလိုရှိရာကို drop-down menu ကနေ ရွေးပါ။
  3. Choosing the vertical alignment
  4. စာသားတွေ ဒေါင်လိုက် ညှိတာ လုပ်ပြီး ဖြစ်ပါတယ်။
  5. The new vertical alignment

Alignment ဆိုတာမှာ Horizontal  အလျားလိုက် Vertical ဒေါင်လိုက် နေရာညှိတာကို ဆဲလ်တခုတည်းမှာ ၂ မျိုးစလုံး လုပ်နိုင်တာ တွေ့ရပါမယ်။ စမ်းသပ်ကြည့်ပါ။

Cell borders and background colors ဆဲ၏ ဘောင်နဲ့ နောက်ခံအရောင်

ဆဲလ်တွေကို မီးခိုးရောင် ဘော်ဒါလိုင်းတွေနဲ့ နေရာချထားပေမယ့် ဒါတွေက အမြင်သက်သက် ဖြစ်ပါတယ်။ တကယ်တန်း ဘောင်ခတ်ထားတဲ့ ဘော်ဒါလိုင်းတွေ မဟုတ်သေးပါ။ ပြီးတော့ တကယ်ကို စာရင်းကို ပရင့်ထုတ်တဲ့အခါ အရောင်တွေ ဘာတွေ နောက်ခံ မထည့်ရသေးပါဘူး။ ဒါတွေကိုလည်း ဖော်မက်တင်း လုပ်လို့ ရပါတယ်။

To add cell borders: ဆဲလ်မှာ ဘော်ဒါထည့်ခြင်း

  1. အလိုရှိရာ cell ကို ဆလက်လုပ်ပါ။
  2. Clicking the Borders button
  3. Borders button ကို နှိပ်ပါ။ drop-down menu ကနေ အလိုရှိရာ ဘောင်ခတ်တာကို ရွေးပါ။ အခု ဥပမာမှာကတော့ ဆဲလ်တခုလုံးကို ဘော်ဒါလိုင်း ခတ်ပါမယ်။ all cell borders.
  4. Selecting the cell border settings
  5. ဆဲလ်ကို ဘော်ဒါခတ် မျဉ်းတွေ ဆွဲပြီးပါပြီ။
  6. The new cell borders

To change the fill color: ဆဲလ်ကို အရောင်သွင်းခြင်း

ဘက်ဂရောင်းကာလာထည့်တယ် ဆိုတာကို Fill Color လုပ်တယ်လို့ ခေါ်ပါတယ်။ fill color.
  1. အလိုရှိရာ ဆဲလ်ကို ဆလက်လုပ်ပါ။
  2. Fill color button ကို toolbar ကနေ ဆွဲချပါ။
  3. Changing the text background color
  4. ကာလာမျိုးစုံကို drop-down menu ကနေ တွေ့ရပါမယ်။ ဒီဥပမာမှာ  blue ကာလာကို ရွေးပါ။
  5. Choosing a text background color
  6. ဘက်ဂရောင်း အရောင် ပြောင်းသွားပါပြီ။
  7. The new text background color

Challenge! အိမ်စာ

  1. အောက်ပါအတိုင်း ဖြစ်အောင် မိမိ၏ spreadsheet ကို အောက်ပါအတိုင်း ဖြစ်အောင် ဆောင်ရွက်ပါ။
  2. formatting cells challenge example

Comments