ဇော်အောင် (မုံရွာ) ● ကချင်ပြည်နယ်နှင့် တရုတ်၊ မြန်မာတို့နှင့် အာစီယံမဟာဓာတ်အားလိုင်း သွယ်တန်းရေး


ဇော်အောင် (မုံရွာ) ● ကချင်ပြည်နယ်နှင့် တရုတ်၊ မြန်မာတို့နှင့် အာစီယံမဟာဓာတ်အားလိုင်း သွယ်တန်းရေး
(မိုးမခ) သြဂတ်စ် ၉၊ ၂ဝ၁၇

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဇူလိုင် ၂ဝ၁၇ RFA ကို "ကချင် ပြည် နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု ၁၃၃ မဂ္ဂါဝပ် ရှိပြီး၊ ပိုလျှံလျှပ်စစ်ဓာတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိကြောင်း၊ ရွာပေါင်း ၂ဝဝဝ ကျော် ထဲက ၈ဝဝ ကျော်သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁၂ဝဝ ကျော်ကို မီးမပေးနိုင်သေးကြောင်း၊ ၁၁ ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီး နေပေမဲ့ ခရီးဝေးဆိုရင် ဓာတ်အားဆုံးရှုံးမှုတွေများကြောင်း၊ ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးစေလိုကြောင်း။ ၆၆ ဓာတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓာတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပေမဲ့ နယ်မြေလုံခြုံမှု မရသေးလို့ မဖြန့်ဖြူးနိုင် သေးကြောင်း" .. ပြောသွားပါတယ်။

ပြဿနာများကတော့ ...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ် ပိုလျှံပြီး၊ မဟာဓာတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့် ဖြူးနိုင်သေး။
၂။ မြစ်ကြီးနား၊ ဝိုင်းမော် လျှပ်စစ်ဓာတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃ဝဝ ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ ကေဗွီလိုင်း ဓာတ်အားလိုင်း ဆုံးရှုံးမှုများလို့ ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွာအတွက် ၂၃ဝကေဗီ၊ ၁၁ဝကေဗွီ မဟာဓာတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ဘဏ်က ချေးငွေနဲ့ မဟာဓာတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။



● ကမ္ဘာ့နိုင်ငံများ လျှပ်စစ်ရောင်းချခြင်းများ
ပထမဆုံး မဟာဓာတ်အားလိုင်းက ၁၈၈၅ ခုနှစ် အီတလီနိုင်ငံမှာ စတင်ခဲ့ပြီး၊ ၁၉ ကီလိုမီတာ 2 KV, 22KW ဖြစ်ပြီး Siemens & Halske အော်တာနေတာသုံးပါတယ်။ ဥရောပနိုင်ငံများကတော့ လျှပ်စစ်ဓာတ်အားလိုင်းများ ကား၊ ရထားလမ်းလိုပဲ ဆက် သွယ်ရောင်းချကြတာ ၁၉ ရာစုကတည်းက ဖြစ်ပါတယ်။ ဗို့အား 300KV နဲ့လွှတ်ရင် ကီလိုမီတာတရာလောက်ကို လျှပ်စစ် လေလွင့်မှု ၄ % အထိရှိပြီး၊ ဗို့အားမြင့် 600KV လွှတ်ရင် ဝ.၅ % အထိ ရော့နည်းပါတယ်။ ဒီစီလိုင်း HVDC ကတော့ အ ကောင်းဆုံးဖြစ်ပေမဲ့ ဈေးအလွန်ကြီးလို့ ဧရာမမဟာဓာတ်အားလိုင်းတွေပဲ သုံးပါတယ်။

တိုးတက်တဲ့နိုင်ငံ အမေရိကန် နယူးယောက်မြို့က ကနေဒါနိုင်ငံက 1000 MW လျှပ်စစ်ဝယ်သုံးသလို ချမ်းသာတဲ့ ဆွီဒင်နိုင် ငံက ဆင်းရဲတဲ့ပိုလန်နိုင်ငံကို SwePol ၂၅၄ ကီလိုမီတာရှည်တဲ့ မဟာဓာတ်အားလိုင်းနဲ့ 450 KV, 600 MW ကို ပို့လွှတ်ပေး ပါတယ်။ ၆၄ကီလိုမီတာ စပိန်နဲ့ ပြင်သစ် မဟာဓာတ်အားလိုင်း 2000 MW လွှတ်ပေးပါတယ်။ ပြင်သစ်က လျှပ်စစ် မဟာဓာတ်အားလိုင်းတွေ အင်္ဂလန်ကိုရောင်းပါတယ်။ ဥရောပတိုက် လျှပ်စစ်ရောင်းဝယ်တဲ့ မဟာဓာတ်အားလိုင်းများစွာ ရှိ ပါတယ်။

အာဖရိကတိုက် ကင်ညာနိုင်ငံက ပိုလျှံလျှပ်စစ်များကို အိမ်နီးချင်း ယူဂန်ဒါ၊ တန်ဇန်နီးယား၊ ရဝမ်ဒါတို့ကို ရောင်းချပြီး ကင် ညာကပဲ အီသီယိုပီးယားနိုင်ငံက လျှပ်စစ်ကို ပါဝါဂရစ်မရှိတဲ့ဒေသများအတွက် ပြန်ဝယ်သုံးနေပါတယ်။ အီသီယိုပီးယား နိုင် ငံမှာ ရေအားလျှပ်စစ်များစွာရလို့ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ပါဝါဂရစ်ဆင်ထားပြီး ရောင်းချ ဝင်ငွေကောင်းနေပါတယ်။ အိန္ဒိယ နိုင်ငံက လျှပ်စစ်လိုနေတဲ့ နိပေါနိုင်ငံကို မဟာဓာတ်အားလိုင်သွယ်တန်းပြီး လျှပ်စစ်ရောင်းပေးပါတယ်။ နိပေါနိုင်ငံမှာ ရေ အရင်းမြစ်ကြွယ်ဝလို့ အိန္ဒိယအကူညီနဲ့ US$1.5 billion 900MW ရေအားလျှပ်စစ် Upper Karnali hydropower plant စီမံကိန်း ပြီးရင် နီပေါနိုင်ငံက လျှပ်စစ်ကို အိန္ဒိက ပြန်ဝယ်သုံးပါမယ်။ အရှေ့တောင်အာရှမှာ ထိုင်း-မလေးရှား ကီလိုမီတာ ၁၁ဝ အရှည် HVDC 300V , 300 MW မဟာဓာတ်အားလိုင်းကို ၂ဝဝ၂ ခုနှစ်မှာ တပ်ဆင်ပြီးစီးခဲ့ပါတယ်။ လာအိုနိုင်ငံမှာလည်း ရေအားလျှပ်စစ်ပိုလျှံစွာရှိလို့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ရောင်းချနေပြီး၊ အဝေးကြီးဖြစ်တဲ့ စင်ကာပူနိုင်ငံပါ ဝယ်ဖို့လုပ်နေပါတယ်။ မြန်မာနိုင်ငံပါဝါဂရစ်ဆီကို မဟာဓာတ်အားလိုင်း ဆက်မထားသေးတော့ မဝယ်နိုင်ဖြစ်နေပါတယ်။
(ပုံ၂ - အာစီယံ ပါဝါဂရစ်၊ ပုံ-၃ မြန်မာပါဝါဂရစ်)

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် များစွာရှိပြီး တရုတ်အကူညီနဲ့ တည်ဆောက်ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ စာချုပ်တွေက မြန်မာ နိုင်ငံအတွက် အကျိုးမရှိလို့ လူထုကန့်ကွက်ခဲ့တယ်။ မြစ်ဆုံစီမံကိန်းနဲ့ စီမံကိန်းအများစုကတော့၂ဝ၁၂ မှာ ဆိုင်းငံထားပါ တယ်။ အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း ခက်နေပါတယ်။ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေလဲ မြစ်ဆုံ ပြဿနာကြောင့် ဆိုင်းငံဖြစ်သွားကြပါတယ်။ တရုတ်ကုမ္ပဏီများရဲ့စာချုပ်များကို ပြန်လည်စိစစ်ဖို့လိုအပ်သလို၊ နိုင်ငံတကာယုံ ကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ပိုအရေးကြီးပါတယ်။ မြစ်ဆုံစီမံကိန်း ဆိုင်းငံဖြစ်သွားတော့ ကမ္ဘာ့ရင်းနှီးမြှုတ်နှံသူများ အမြင်မှာ စိတ်မချရတဲ့နိုင်ငံအဖြစ် ယုံကြည်မှုကျဆင်းနေတာလဲ ပြနာဿတစ်ခု ဖြစ်နေပါတယ်။

● မြန်မာနိုင်ငံအတွက် လျှပ်စစ်ဝယ်ယူသုံးစွဲရန်
ကမ္ဘာ့စီးပွားမကောင်းတာကြောင့် တရုတ်နိုင်ငံက ပိုလျှံလျှပ်စစ် မြန်မာကဝယ်ယူဖို့ ဆွေးနွေးနေပေမဲ့၊ ချက်ခြင်း ဖြစ်မလာနိုင် သေးပါဘူး။ တရုတ်နိုင်ငံက မဟာဓာတ်အားလိုင်းမရှိသေးတော့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ် မှုလဲ ရှိပါတယ်။ နိုင်ငံတကာစီးပွားရေးစာချုပ်မှာ အနိုင်ကျင့်မှုမရှိအောင် အရင်ကလို မြစ်ဆုံ၊ ကြေးနီ၊ ဓာတ်ငွေ့လိုင်း စီမံကိန်း စာချုပ်များ တဖတ်သတ်စာချုပ်တွေကလဲ အရိပ်မဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချုပ်အစိုးရက လျှပ်စစ်စာချုပ် တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်/အတိုင်ပင်ကုမ္ပဏီငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္ဒိယ စတဲ့နိုင်ငံများကလည်း ပိုလျှံတဲ့လျှပ်စစ် မြန်မာကို ရောင်းချလိုပေမဲ့ မြန်မာပါဝါ ဂရစ်ဆီကိုရောက်တဲ့ မဟာဓာတ်အားလိုင်းမရှိသေးတော့ ခက်ခဲ့နေပါတယ်။ မြန်မာတွေက အသေးစား၊ တနိုင်တပိုင် လျှပ် စစ်ဝယ်ယူသုံးစွဲရပေမဲ့ အကြီးစား လျှပ်စစ်ဝယ်ယူခြင်းကို မလုပ်နိုင်သေးပါဘူး။ နှစ်ဖက်မျှတတဲ့ Win-Win စာချုပ်များ ချုပ်ဖို့ ဒါလောက်မခက်ခဲပါဘူး။

တရုတ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓာတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုတ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ ရေနံ၊ ဓာတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓာငွေလိုင်း ၂ဝဝ၈၊ ၂ဝ၁၂၊ ၂ဝ၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ်စက်ရုံအချို့အား ပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ချွေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။

ဘယ်လိုဖြစ်ပါစေ၊ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေတည်ငြိမ်လာရင် ရေအားလျှပ်စစ် အမြောက်အများရနိုင်ပေမဲ့ ယာယီ အဖြေ ကတော့ အိမ်နီးခြင်းများထံက လျှပ်စစ် ဝယ်သုံးတဲ့နည်းလမ်းပါပဲ။ ပါဝါဂရစ် ဆက်ထားဖို့၊ မဟာဓာတ်အားလိုင်းဆွဲထားဖို့ စီမံကိန်းအမြန်လုပ်ရပါမယ်။

● မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂ဝ၁၇ သုံးစွဲမှု 3192 MW၊ လိုအပ်မှု 450 MW
၂ဝ၁၈ သုံးစွဲမှု 3587 MW၊ လိုအပ်မှု 844 MW

လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ-၂ဝ၁၇ လွှတ်တော်မှာ မြန်မာနိုင်ငံ လျှပ်စစ်စီမံကိန်း ၅ဝ ခုတို့မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခုနှင့် JVA ချုပ် ဆိုပြီး ခုနှစ်ခုတို့ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံးတွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီးတခုတို့ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။



● မဟာဓာတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းစီမံကိန်း ကုန်ကျစရိတ် လေ့လာခြင်း
မြန်မာနိုင်ငံမှာ လျှပ်စစ် မဟာဓာတ်အားလိုင်းများ တပ်ဆင်၊ သွယ်တန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း အမြောက်အမြား လုပ်ဆောင် နေပြီဖြစ်ပါတယ်။ တစ်ခုတည်းသော ပြိုင်ဖက်မရှိ မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းစီမံကိန်းဌာနက မြန်မာနိုင်ငံကို လာသမျှ လျှပ်စစ်ချေးငွေ အကူညီများကို စီမံနေပါတယ်။ ကမ္ဘာ့ဘဏ်က ၂ဝ၃ဝ ခုနှစ်မှာ မြန်မာနိုင်ငံတခုလုံး မီးလင်းဖို့ ဘီလျံဒေါ်လာ ၃ဝ ဘီလျံ ရရှိဖို့လိုကြောင်း၊ ကမ္ဘာ့ဘဏ်တခုတည်းက ဒေါ်လာ ၆.၈ ဘီလျံ ကူညီဖို့ရှိပေမဲ့ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတွေ ရှာဖို့ပြောပါတယ်။ မဟာဓာတ်အားလိုင်း ပစ္စည်းများရောင်းချနေတဲ့ ABB ကုမ္ပဏီကြီးရဲ့ ထိုင်း၊ မြန်မာ ဆိုင်ရာအကြီးကဲကတော့ ကျေးလက် ၇ဝ % ဒေသမြန်မြန်မီးလင်းဖို့ မီနီဂရစ်ဆိုတဲ့ အသေးစား ဓာတ်အားဖြန့်ဖြူးခြင်းကို ရေ အား၊ လေအား၊ နေရောင်ခြည်အားနဲ့ ထုတ်လုပ်ဖို့ ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရမှာ လျှပ်စစ်စီမံကိန်းများကို တကယ်လုပ်ဆောင်နိုင်တဲ့ပညာရှင်များ နည်းသထက် နည်းပါးလာပါတယ်။ အားလုံးနီးပါးဟာ ပုဂ္ဂလိက ကုမ္ပဏီများဆီ ပြောင်းရွှေ့နေကြတဲ့အတွက် မျိုးဆက်သစ် ပျိုးထောင်ရေး အလွန်လိုအပ်နေပါ တယ်။ ၂ဝ၁၆-၁၇ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနက ဘတ်ဂျတ်ရဲ့ ၂၄.၃၂ % (ကျပ် ၄၉၂၈ ဘီလျံ = US$ 3700 millions) နဲ့ အများဆုံးသုံးစွဲနေပါတယ်။ ကာကွယ်ရေးစရိတ်တောင်မှ ၁၄.၃၁ % ပဲရှိပါတယ်။ ဒီချုပ်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး နှုတ်ထွက်သွားပြီး အစိုးရလျှပ်စစ်လုပ်ငန်းများရဲ့ သတင်းကလည်း မကောင်းလှပါ။ ငွေများများသုံးစွဲရတဲ့ ဌာနဖြစ်တဲ့အတွက် အညှီရှိရာ ယင်အုံဆိုသလို ပြဿနာပေါင်းများစွာ ရှိမှာသေချာပါတယ်။

ကမ္ဘာဘဏ် ကလည်း မြန်မာနိုင်ငံ ၇ဝ % ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့၊ ၂ဝ၃ဝမှာ တနိုင်ငံလုံး မီးလင်းဖို့ ကန်ဒေါ်လာ ဘီလျံ ၃ဝ ရင်းနှီးမြှုတ်နှံမှုလိုအပ်ကြောင်း၊ ကမ္ဘာ့ဘဏ်က မဟာဓာတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း ၄ဝဝ ချေးငွေ ကူညီတဲ့အကြောင်း၊ ၂ဝ၃ဝ အထိ ကန်ဒေါ်လာ ၆.၈ ဘီလျံ ဆက်လက်ကူညီ ချေးငွေပေးသွားမဲ့အကြောင်း ပြောပါတယ်။ ဓာတ်အားထုတ်လုပ်ခြင်းအတွက်တော့ ချေးငွေရရှိမှု အလွန်ခက်ခဲနေလို့ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတွေကို အားကိုးနေရပါတယ်။

● မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်

Transmittion & Substation Capital Cost (ပုံ-၁)
WECC Western Electricity Ordination Council ဆိုတဲ့ အမေရိကန်အဖွဲ့အစည်းကြီးကို လျှပ်စစ်ဓာတ်အား ကန်ထရိုက်တာ Black & Veatch ကုမ္ပဏီက မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်ကို တင်ပြထားပါတယ်။ တွက်ချက်ထားတဲ့ နည်းလမ်း ကတော့ လုပ်ငန်းရှင်တဦးတောင်မှ နားလည်ပါတယ်။ မြန်မာအစိုးရ လျှပ်စစ်အင်ဂျင်နီယာတဦးဆိုရင် ပိုပြီးအသေးစိတ် နားလည်မှာပါ။ ဥပမာ မိုင်၂ဝဝရှည်တဲ့ ၂၃ဝ ကေဗွီ လိုင်းတခုကို တည်ဆောက်မယ်ဆိုရင် တမိုင်အတွက် ကုန်ကျစရိတ်၂ဝ၁၅ ဈေးနှုန်းအရ US$ 959000 per mile ဖြစ်လို့ US$ 192 million ကုန်ပါမယ်။ ငွေဖောင်းပွနှုန်းအရ နောက်တနှစ်ဆို ၂% လောက် ပိုကုန်ကျနိုင်ပါတယ်။ ဓာတ်ကြိုးအမျိုးအစား Conductor Type (ACSR, ACSS, HTLS..etc), Structure Type နဲ့ Lenght of Line အချက်တွေနဲ့ တွက်ချက်ပါတယ်။ လိုင်းအရှည် ၁ဝ မိုင်ကျော်ရင် ကုန်ကျငွေ အဆ 1.00 (Cost Multiplier)၊ လိုင်းအရှည် ၃ မိုင်နဲ့ ၁ဝ မိုင်အတွက် အဆ 1.20 ကျသင့်ပြီး၊ လိုင်းအရှည် ၁ဝ မိုင်အထက်ဆိုရင် အဆ 1.50 ကျသင့်မယ်ဖြစ် ပါတယ်။ လိုင်းရှည်ရှည်ဆွဲရင် ငွေကုန်သက်သာပါတယ်။ ရှိပြီးသား တာဝါတိုင်ပေါ်ကို ကြိုးအဟောင်းဖြုတ်ပြီး အသစ်ဆွဲရင် တော့ (Re-conductoring) အသစ်ကုန်ကျစရိတ်ရဲ့ ၃၅ % ကနေ ၅၅ % ပဲ ကုန်ကျပါတယ်။

တာဝါတိုင်များ Terrian Mulplier တည်ဆောက်ဖို့အတွက်လည်း ခြုံတောမြေ၊ ကန္တာရမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ တောင်တန်းမြေ၊ လူနေမြို့တွင်း၊ လူနေမြို့ပြင် စတဲ့နေရာပေါ်မူတည်ပြီး တည်ဆောက်စရိတ် မတူပါဘူး။ လယ်ယာမြေမှာ အဆ 1.00၊ တောင်ကုန်းမြေဆိုရင် အဆ 1.30၊ သစ်တော၊ တောင်ပေါ်၊ မြို့ပေါ်မှာ အဆ 1.50၊ စသဖြင့် ကုန်ကျပြီး၊ တာဝါ တိုင်အမျိုးအစား (PG&E, SEC, SOG&E, WREP, WECC ရှိပေမဲ့ ဈေးနှုန်း သိပ်မပြောင်းလဲပါဘူး။

● မြေလျော်ကြေးငွေ (ငှားရမ်းခ) Right of Way Cost
မဟာဓာတ်အားလိုင်းအတွက် အကျယ် ၁၂၅ ပေနဲ့တွက်ရင် တမိုင်အရှည်ကို မြေ ၁၅.၁၄ ဧက လိုအပ်ပါတယ်။ BLM Land Rental & Land Capital Cost ကုမ္ပဏီရဲ့တွက်ချက်မှုအရ မြေအမျိုးအစား ၁၂ မျိုး သတ်မှတ်ထားပါတယ်။ အနိုမ့်ဆုံးဈေးနှုန်း အဆင့် (၁) က ငှားရမ်းခ တဧက တနှစ် US$7.00 ဖြစ်ပြီး၊ အဆင့် (၁၂) တဧက တနှစ်ကို US$ 3449 ဈေးနှုန်း ရှိပါတယ်။ မြေကို အပြီးရော်ကြေးပေးခြင်းနှုန်းကတော့ အနိမ့်ဆုံး US$85 per Acre (တဧက ကျပ်တစ်သိန်း) ဖြစ်ပြီး၊ အမြင့်ဆုံး တဧက US$ 34,141 per Acre (တဧက ကျပ် သိန်း ၄၃ဝ) ဖြစ်ပါတယ်။
(ပုံ-၄ မြေလျော်ကြေး @ ငှာရမ်းခပေါက်ဈေး ၂ဝ၁၅)

230KV ဓာတ်အားခွဲစက်ရုံနဲ့ထရန်စဖွန်မာ တန်ဖိုး (Base Substation Capital Cost)
Base Station Cost = US$ 1,706,250
ထရန်စဖွန်မာ Ring Bus Position Transformers = US$ 11,400 (သိန်း၁၄ဝ)
ထရန်စဖွန်မာ Breaker&Half Position Transformers အဆ 1.50 = US$ 171,00
ကပက်စီတာဘဏ်တခုဈေးနှုန်း၊ Static VAR Compensators (S$$88,000), Shunt Reactors ($20,700), Series Capacitor ($31,000) ဖြစ်ပါတယ်။

● HVDC Converter Station
မြန်မာနိုင်ငံအတွက်တော့ ဈေးကြီးလွန်းလို့ မသုံးနိုင်သေးပါဘူး။ အလွန်ကြီးမားတဲ့ မဟာဓာတ်အားလိုင်း မိုင်ရာ၊ ထောင်ချီခရီး ကို အေစီ-ဒီစီ ပြောင်းပြီး ပို့လွှတ်ပါတယ်။ Efficiency ကောင်းပြီး၊ လျှပ်စစ်လေလွင့်မှု အလွန်နည်းပါတယ်။ ဈေးအလွန်ကြီးပြီး US$ 506 million ကုန်ကျပါတယ်။ 500kv, 600kv မဟာဓာတ်အားလိုင်း အကြီးစားတွေမှာပဲ သုံးပါတယ်။ ဘရာဇီးနိုင်ငံက ±600 kV, 3150 MW အကြီးဆုံး HVDC လိုင်းက အရှည် ၁၄၇၆မိုင် နဲ့ အရှည်ဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံ Three Gorges - Changzhou က ၈၉ဝ ကီလိုမီတာရှည်ပြီး 500KV, 3000 MW အိန္ဒိယ Talcher-Kolar ကတော့ ၁၄၅ဝ ကီလိုမီတာ ရှည်ပြီး၊ 500 KV, 2500 MW ပို့လွှတ်ပါတယ်။ မြန်မာတနိုင်ငံလုံး လျှပ်စစ်သုံးတာ 3192 MW ပဲ ရှိပါသေးတယ်။

အသုံးများတဲ့ မဟာဓာတ်အားလိုင်း သုံးတဲ့ပစ္စည်းများကတော့ Siemens, ABB ၂ ခုပဲ ဖြစ်ကြပြီး၊ ဂျပန်မှာတော့ Hitachi, Toshiba, Mitsubishi တို့ဖြစ်ပါတယ်။

● အထွေထွေစရိတ်
Allowance for Fund Used During Construction (AFUDC) & Overhead Costs
အောက်ဆုံးကုန်ကျစရိတ်ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ကာလအတွင်းမှာ ကာလ၊ ဒေသ၊ အခြေအနေပေါ်မူတည်ပြီး၊ ပုဂ္ဂလိက (သို့မဟုတ်) လျှပ်စစ်ရောင်းတဲ့ကုမ္ပဏီ (သို့မဟုတ်) အစိုးရ Public Utlity ရဲ့ ကုန်ကျစရိတ်(၂)မျိုးကိုလည်း AFUD (7%) + Overhead Cost (10%) = 17 % သတ်မှတ်ပါတယ်။ ဒါကြောင့် ဒေါ်လာ သန်း၁ဝဝ ကုန်ကျရင် အပိုငွေ ၁၇ သန်း က အထွေထွေကုန်ကျစရိတ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဂတိလိုက်စားမှုများတဲ့ နိုင်ငံဆိုရင် အထွေထွေစရိတ် ပိုများပါ တယ်။ ဇယားကို အစိုးရထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်က ၂၇ % အထိ ပိုမိုကုန်ကျနိုင်ကြောင်း တွေ့ရပါတယ်။
နိဂုံး
မြန်မာနိုင်ငံက ကြွယ်ဝတဲ့ ရေအားလျှပ်စစ်ကို ရေရှည်အတွက် ရင်းနှီးမြှုတ်နှံဖို့ ကူညီမဲ့ချေးငွေများစွာ လိုနေပါတယ်။ ကျောက်မီးသွေး ဓာတ်အားပေးရုံများ တည်ဆောက်တဲ့ ထိုင်း၊ အင်ဒိုနီးရှားကုမ္ပဏီများရဲ့စာချုပ်များကလည်း ရေရှည်မှာ လျှပ်စစ်ဈေးကြီးသွားနိုင်တဲ့ မမျှတတဲ့စာချုပ်များဖြစ်ဖို့များပါတယ်။ ဓာတ်ငွေ့၊ အယ်အင်ဂျီ ဓာတ်အားစက်ရုံများ တည် ဆောက်ခြင်းလဲ ရင်းနှီးငွေလိုပါတယ်။ နောက်ဆုံးတော့ အိမ်နီးချင်းနိုင်ငံများက လျှပ်စစ်ဝယ်ယူခြင်းက ဘေးအကင်းဆုံး ယာ ယီအဖြေဖြစ်ပါတယ်။



လျှပ်စစ်ဝယ်ယူဖို့ အာစီယံ မဟာဓာတ်အားလိုင်း ပုံကိုကြည့်လိုက်ရင်၊ ထိုင်း-မြန်မာ မိုင်၂ဝဝ လောက်ပဲ သွယ်တန်းဖို့လိုတာ တွေ့နိုင်ပါတယ်။ US$ 192 millions ကုန်ကျပါမယ်။ အထွေထွေစရိတ် ၂၇ % (US$ 52 million) ကုန်တယ်ပဲ ထားလိုက်။ US$ 244 million ကုန်ပါမယ်။ ABB ပစ္စည်းတွေ သုံးပြီး၊ အမေရိကန် နည်းပညာသုံးမှာ ဖြစ်ပါတယ်။ တရုတ်နည်းပညာနဲ့ မဟာဓာတ်အားလိုင်းဆိုရင်လဲ အတူတူပဲကုန်မှာပါ။ ချေးငွေ အတိုးများပြီး၊ မြန်မာအလုပ်သမား၊ တက်ကနီရှင်တွေ အလုပ် မရတာပဲ အဖတ်တင်ပါမယ်။

ဒါကြောင့် ထိုင်း-မြန်မာ မဟာဓာတ်အားလိုင်း အမြန်ဆွဲဖို့ မြန်မာအစိုးရ ပြင်ဆင်နေပြီဆိုရင်၊ လျှပ်စစ်ဝန်ကြီးဌာန ကိုင်တွယ် တာထက်၊ နိုင်ငံခြားကုမ္ပဏီများကို မိုဘိုင်းဖုန်းအော်ပရေတာ (တယ်လီနောနဲ့ အော်ရီဒူးရွေးသလို) နိုင်ငံခြားလျှပ်စစ်ကုမ္ပဏီ ကိုပဲ မဟာဓာတ်အားလိုင်းအလုပ်တင်ဒါကို မျှော်လင့်မိပါတယ်ခင်ဗျား။

ဇော်အောင် (မုံရွာ)
သြဂုတ် ၅၊ ၂ဝ၁၇

ကိုးကားဆိုဒ်များ
၁။ Black & Veatch ကုမ္ပဏီ မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်စာတန်း။
https://www.wecc.biz/…/2014_TEPPC_Transmission_CapCost_Repo…

၂။ မဟာဓာတ်အားလိုင်း လျှပ်စစ်ပို့လွှတ်ခြင်း
https://en.wikipedia.org/wiki/Electric_power_transmission

Comments