လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (28)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (28)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇

ဖော်မြူလာများ ထည့်သွင်းခြင်း

Googlesheet ဆိုတာက စာရင်းအင်းဆိုင်ရာ အက်ပလီကေးရှင်းဆိုတော့ စာရင်းတွက်ချက်တာတွေ ပါဝင်ပါတယ်။ အခြေခံအားဖြင့်တော့ ကိန်းဂဏန်းတွေကို ပေါင်း နှုတ် မြှောက် စား လုပ်ရတာတွေ မပါမဖြစ် ပါရတာပေါ့။ ဒါက ၀ဒ်ဖိုင်နဲ့ စာရင်းဖိုင်တို့ရဲ့ ကွာခြားချက်ပါပဲ။ ဒါကြောင့် sheet မှာ cell တွေနဲ့ စာတွေ ဂဏန်းတွေ ထည့်သွင်းထားရတာ ဖြစ်ပါတယ်။ အဲသည် cell အတွင်းက စာရင်းတွေကို တွက်ချက်ကြရတာပေါ့။

Creating simple formulas (လွယ်ကူသော ဖော်မြူလာ ထည့်ရန်)


တွက်နည်း ချက်နည်းတွေကို ဖော်မြူလာလို့ ခေါ်ကြပါစို့။ လွယ်ကူသော ဖော်မြူလာဆိုတာက cell တွေထဲက ကိန်းဂဏန်းတွေကို ပေါင်း နှုတ် မြှောက် စား လုပ်ကြည့်ကြတာပါ။

mathematical operator လို့ ခေါ်ရမယ့် + - * / ပေါင်း နှုတ် မြှောက် စား အလုပ်ပြ သင်္ကေတတွေ သုံးရပါမယ်။

သချာင်္သင်္ကေတသုံးပြီးတော့ ဂဏန်းတို့ တိုက်ရိုက် ပေါင်းနိုင်သလို cell address လို့ ဆိုတဲ့ cell အညွန်းလိပ်စာကို ပြောပြီးတော့လည်း သချာင်္တွက်ခိုင်းလို့ ရပါတယ်။

Mathematical operators


ကွန်ပြူတာထဲမှာ သချာင်္သင်္ကေတတွေ ထည့်သွင်းမယ် ဆိုရင် အောက်ပါ ကီးဘုတ်အက္ခရာတွေကို ရိုက်သွင်းရပါတယ်။

Standard operators

ဖော်မြုလာဆိုတာက တွက်ချက်နည်း ဆိုတော့ အဖြေကို ဖော်ပြရန်အတွက် = sign ကို သုံးရပါတယ်။ ကိုယ်တွက်ချင်တဲ့ တွက်နည်းကို ထည့်သွင်းပြီးတော့ အဖြေကို cell မှာ ပေါ်ဖို့က = sign ကိုပါ ထည့်သွင်းပေးမယ်။

Using cell references (ဆဲလ်အညွှန်းနဲ့ သချာင်္သင်္ကေတ တွဲသုံးရန်)


အောက်ပါ ဥပမာကို ကြည့်ပါ။ cell A1 + cell A2 ရဲ့ ပေါင်းလဒ်ကို cell A3 မှာ ဖော်ပြကြမယ်။ ပထမကတော့ A1 AND A2 က ၇ နဲ့ ၃ ထည့်ထားတာ။ ပေါင်းလဒ်က ၁၀ ပေါ့။ နောက်တော့ CELL A1 မှာ ၈ လို့ ပြောင်းလိုက်တော့ အဖြေက ၁၁ လို့ ပြောင်းသွားပါပြီ။

Using cell references to recalculate a formula


အောက်ပါ Cell with formula တွေဟာ သူ့သက်ဆိုင်ရာ တွက်နည်းအဓိပ္ပါယ်ကို ဆောင်ပါတယ်။ လေ့လာပါ။
Examples of simple formulas

Creating formulas ဖော်မြူလာ ထည့်သွင်းခြင်း

အခု ဥပမာမှာ ဇွန်ဘတ်ဂျက်နဲ့ ဇူလိုင်ဘတ်ဂျက် ၂ခုပေါင်းကို တွက်ပါမယ်။

To create a formula:

  1. Total ဘေးနားက အဖြေပေါ်ရမယ့် cell ကို မောက်စ်နဲ့ အရင် ဆလက်လုပ်ပါ။
  2. Selecting cell
  3. equals sign (=) ကို ရိုက်ထည့်ပါ။
  4. cell address တွေဖြစ်တဲ့ june budget အတွက် D10 ကို ရိုက်ထည့်ပါ။ cell reference အရောင်လေး ပြောင်းသွားတာ တွေ့ရပါတယ်။
  5. Typing a cell address
  6. operator အဖြစ် ပေါင်းတဲ့ သင်္ကေတ addition sign (+) ကို ရိုက်ထည့်ပါ။
  7. နောက် cell address အဖြစ် July Budget ရဲ့ D11 ကို ရိုက်ပါ။ cell မှာ ကာလာမတူတဲ့ မျဉ်းပြတ်တွေနဲ့ ဘောင်လေးတွေ ပြောင်းသွားတာ တွေ့ရပါမယ်။
  8. Completing the formula
  9. Enter key ရိုက်ထည့်လိုက်ရင် ပေါင်းလဒ် တခါတည်း ပေါ်လာပါတယ်။
  10. The result

အဲသည်မှာ cell D10 ကို သွားပြီး ဂဏန်းပြောင်းကြည့်လိုက်ပါက ပေါင်းလဒ် ဖော်မြုလာရှိနေတဲ့ D13 လည်း အဖြေလိုက်ပြောင်းသွားပါတယ်။
The recalculated value

To create a formula using the point-and-click method: မောက်စ်နဲ့ ရွေးပြီးတော့ ဖော်မြုလာထည့်သွင်းနည်း


Cell address တွေ ကီးဘုတ်ကနေ ရိုက်ထည့်မယ့်အစား မောက်စ်နဲ့ လိုချင်တဲ့ cell ကို ကလစ်လုပ်ပြီးတော့လည်း ရွေးထည့်လို့ ရပါတယ်။
  1. အရင်ဆုံး အဖြေထည့်ရမယ့် ဆဲလ်ကို ကလစ်လုပ်ပါ။Selecting the cell
  2. equals sign (=) ကို ရိုက်ထည့်လိုက်ပါ။
  3. ကိုယ်တွက်စေချင်တဲ့ ပထမဆုံး cell ကို သွား ကလစ်လုပ်ပါ။ အဖြေ ရလဒ် cell မှာ cell reference B4 ဆိုပြီး အလိုလို ပေါ်လာပါတယ်။
  4. Entering the first cell reference
  5. မိမိတွက်ရမယ့် သချာင်္သင်္ကေတ ကို ရိုက်ထည့်ပါ။ အခုက မြှောက်မှာဆိုတော့ multiplication sign (*) ကို ရိုက်ပေါ့။
  6. မြှောက်ဖော်ကိန်းဖြစ်ရမယ့် ဒုတိယ cell ကို မောက်စ်နဲ့ သွားကလစ်လုပ်ပါ။ * ဘေးနားမှာ အဲသည် address of the cell ပေါ်လာပါမယ်။ အခုဆိုရင် C4 ပေါ့။ Completing the cell reference
  7. Press the Enter လုပ်လိုက်တာနဲ့ အဖြေ ပေါ်ပါပြီ။ The calculated value

To edit a formula: ဖော်မြူလာကို တည်းဖြတ်ရန်

  1. ဖော်မြူလာရှိနေတဲ့ cell ကို Double-click the cell လုပ်လိုက်ပါ။ အဖြေနေရာကနေ မူလဖော်မြူလာ တွက်နည်း ပြန် ပေါ်လာပါမယ်။.Viewing the formula
  2. C4 ကို  C5 နဲ့ ပြောင်းလဲလိုက်ပါ။Editing the formula
  3. Enter key နှိပ်လိုက်ရင် ဖော်မြူလာက အသစ်ပြန်တွက်ပြီး ရလဒ်ကို ထုတ်ပေးပါမယ်။Viewing the recalculated result


စမ်းသပ်ရန်

ဆဲတွေထဲက ဖော်မြူလာတွေကို ကော်ပီလုပ် တခြားမှာ ပေ့စ်လုပ်ကြည့်ပါ။
ဥပမာ - ပထမ အတန်းက တွက်နည်းကို ဒုတိယတန်းနဲ့ အောက်တန်းတွေဆီကို ကော်ပီဆွဲကြည့်။ ပြီးတော့မှ အဲသည် အဖြေတွေကို Total မှာ ပေါင်းလဒ် တွက်နည်း ထည့်ပြီး တွက်ခိုင်းတာကို သင်တန်းဆရာက သရုပ်ပြပါ။


Comments