မောင်စွမ်းရည် - ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ


မောင်စွမ်းရည် - ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၇


မေတ္တာလဲရှိ၊ သစ္စာရှိ။
ပညာလဲရှိ၊ သတ္တိရှိ။
ကမ္ဘာသိတဲ့ စု။

တောင်ပေါ်ကချစ်၊ မြေပြန့်ချစ်။
ဗမာကချစ်၊ ကမ္ဘာချစ် -
ပြည်သူချစ်တဲ့ စု။

ပြည်သူ့မိခင်၊ ဒို့မိခင်
ပျော်ရွှင်ကျန်းမာ၊ ပန်းကမ္ဘာ
မေတ္တာရေဖျန်း၊ လန်းစေသော။
သစ္စာဝေရွှန်း၊ ထွန်းစေသော။
သက်တန်းရာကျော် -
ရှည်စေသော်။

မောင်စွမ်းရည်
၂၀၁၇ စက်တင်ဘာ ၂၀၊ နယူးယောက်

Comments