ကိုသန်းလွင် ● တရုတ်တို့၏ အာကာသလေ့လာရေးအစီအစဉ်

ကိုသန်းလွင် ● တရုတ်တို့၏ အာကာသလေ့လာရေးအစီအစဉ်
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၇

(၁)
ဘေဂျင်းမြို့တော်အပြင်ဘက်ရှိ  CAS- Chinese Academy of Seicnce ၀င်းအတွင်းရှိ အမျိုးသားအာကာသ သိပ္ပံစင်တာ မှာ ဖြစ်ပါသည်။ သူတို့သည် နိုင်ငံအတွက် ပဌမဆုံး X-ray တယ်လီစကုပ်ကို လွှတ်တင်ရန် ပြင်ဆင်နေကြခြင်းဖြစ်ပါသည်။ မစ်ရှင်ကွန်ထရိုး နေရာတွင် ဧရာမ တီဗွီကြီးပေါ်တွင် လွှတ်တင်မည့် ယဉ်ကို အနီးကပ်ရိုက်ပြထားပါသည်။ အင်ဂျင်နီယာ များက သူတို့၏ ကွန်ပျူတာများနှင့် အသီးသီးအလုပ်ရှုပ်နေကြပါသည်။ တီဗွီရိုက်ကြသည့် မှတ်တမ်းတင်သူများကလည်း ရုပ်ရှင်ရိုက်ကူးရန် ကင်မရာများနှင့် အလုပ်ရှုပ်နေကြပါသည်။

(၂)
ဤခြံဝင်းသည် ၁၉.၄ ဟက်တာမျှ ကျယ်ဝန်းပါသည်။ ဒေါ်လာသန်းပေါင်း ၁၃၅ သန်း (တရုတ်ငွေ ယွန် ၉၁၄ သန်း) တန် ပစ္စည်းများနှင့် အဆောက်အဦးမှာ တရုတ်ပြည်၏ အာကာသသုတေသနလုပ်ငန်းများအတွက် တည်ဆောက်ထားခြင်းဖြစ်ပါ သည်။ ဂြိုလ်တုများ အာကာသယာဉ်များတည်ဆောက်ရန် လကမ္ဘာသို့သွားသောယဉ်များလွှတ်တင်ရန် ဤစခန်းမှပင် ဦးစီး ဆောင်ရွက်ပါသည်။

တရုတ်ပြည်သည် သူ့နယ်ပယ်တွင် ခေါင်းဆောင်ဖြစ်ရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်က ၁.၂ တန် လေးသော Chang’e-3 သည် လကမ္ဘာသို့ ဆင်းသက်နိုင်ခဲ့ပါသည်။ ဤယာဉ်နှင့်အတူ လကမ္ဘာပေါ်တွင် မောင်းနှင်နိုင်သော ရိုဘာ (Rover) တစီးနှင့်အတူ လကမ္ဘာကိုထွင်းဖောက်လေ့လာနိုင်သော ရေဒါတလုံးပါဝင်ပါသည်။ Resolution ကောင်း လွန်းလှသဖြင့် ကမ္ဘာကပင် အံ့သြကြရပါသည်။

တရုတ်ပြည်၏ နောက်ဆုံးအာကာသတွင် ဓါတ်ခွဲ သုတေသနစမ်းသပ်ခန်းမှာ(Space Lab) ၂၀၁၆ စက်တင်ဘာလ အတွင်း က လွှတ်တင်ခဲ့ပြီး သိပ္ပံဆိုင်ရာ ကိရိယာပေါင်း ၁ ဒါဇင်ခန့် ပါဝင်ပါသည်။ နောက်ထပ်လေးခေါက်သွားရန် စီစဉ်ထားပြီး အာ ကာသလေ့လာရေး (Astophysics) နှင့် ကွမ်တမ်ဆက်သွယ်ရေးစနစ်ကို စမ်းသပ်ရန် ကိရိယာများကို လွှတ်တင်ကြပါမည်။
တရုတ်တို့၏ အာကာသစွမ်းဆောင်မှုများမှာ မိမိတို့၏ ဘော်ဒါကို ကျော်သွားပြီးဖြစ်သည်။ ESA ( European Space Agency ) နှင့် ပူးပေါင်းလွှတ်တင်ရန် စီစဉ်သော ပရောဂျက်က လာမည့်ဆယ်နှစ်အတွင်း လကမ္ဘာမှ နမူနာပစ္စည်းများ သယ်ယူမည့် အပြင် အာကာသ၏ ရာသီဥတုအရေးရာများ ၀တ္တုမဲများ (dark matter) နှင့် တွင်းမဲကြီးများ (Black Hole) များကိုလေ့လာရန် အစီအစဉ်များရေးဆွဲထားပြီးဖြစ်သည်။

အရှိန်အဟုန်ရလာသည်မှန်စေ၊ သုတေသနလုပ်ငန်းများအဖို့ ရေရှည်တွင် တရုတ်အစိုးရ၏အထောက်အပံ့ငွေမှာ မသေချာ ဘဲဖြစ်နေသည်။ ဇူလိုင်လ ၂ ရက်နေ့က ပစ်လွှတ်သော Long March ၅ ရော့ကက် (Rocket) မှာ ဆက်သွယ်ရေးဂြိုလ်တု လွှတ်အတင်တွင် ပျက်ကျသွားသည်။ လကမ္ဘာသို့သွားမည့် အစီအစဉ်မှာလည်း ဤရော့ကက်ကို သုံးရန်စီစဉ်ထားသဖြင့် မရေမရာဖြစ်ကုန်သည်။ အာကာသလွှတ်တင်ရေးတွင် တရုတ်အစိုးရထဲထဲဝင်ဝင် မပါဝင်သဖြင့် အနာဂတ်ရေးမှာမသေမချာ ဖြစ်ကုန်သည်။

တရုတ်တို့၏ အာကာသစူးစမ်းလေ့လာရေးကို ၁၉၇၀ ခုနှစ်က မဌမဆုံးလွှတ်တင်ခဲ့သည့် (Dongfanghong-1) ဖြင့် စတင်ခဲ့သည်။ ဤပဌမဆုံး ဂြိုလ်တုက “The East is Red”  တေးသီချင်းကိုစတင် လွှင့်ခဲ့သည်။ တကယ့် အာကာသ သုတေသန လုပ်ငန်းကိုဂရုတစိုက် လုပ်ကိုင်လာကြသည်မှာ ယဉ်ကျေးမှုတော်လှန်ရေးပြီးဆုံးသည့် ၁၉၇၆ ခုနှစ်မှာ ဖြစ် သည်။ ၁၉၉၉ ခုနှစ်တွင် မဌမဆုံးဂြိုလ်တု Shenzhon-1 ကို လွှင့်တင်ခဲ့သည် လူမပါဝင်ခဲ့ပေ။

အာကာသယာဉ်များ ပစ်လွှတ်ခြင်းကို CNSA China National Space Admininstation က တာဝန်ခံရသည်။ ဓါတ်ခွဲခန်း Tiangang 2 မှာ (Advance Atomic Clock) နာရီနှင့် ဒေါ်လာ ၃.၄ သန်းတန် POLAR ခေါ် Detectior တခုပါဝင်သည်။ ၄င်းမှာ ပြိုကွဲသွားသောကြယ်များ နှင့်အခြား Source များမှ ထွက်ရှိသည် r-ray ကို တိုင်းတာသည့် ကိရိယာ များပါဝင် သည်။

၂၀၀၇ နှင့် ၂၀၁၀ ခုနှစ်တို့တွင် လဆင်းယာဉ်ဖြင့် လပေါ်သို့ ဆင်းသက်ခဲ့ရာ ၄င်းတို့မှာ တရုတ်တို့၏သိပ္ပံစွမ်းရည်ထက် တရုတ် အင်ဂျင်နီယာများ၏ လုပ်ဆောင်နိုင် စွမ်းဆောင်ရည်ကိုပြသည်။ ဤခရီးစဉ်များကြောင့် တရုတ်ပြည်သည် လပေါ် သို့ ဆင်းသက်သည့်ယာဉ်များ လွှတ်တင်သည့် တတိယမြောက်နိုင်ငံဖြစ်လာသည်။ Chang’e -3 ဆင်းခဲ့သည့်နေရာမှာ ယခင် က လူတို့မရောက်သေးသည့် နေရာဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂ ဘီလီယံကျော်က မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်နှင့် နီးစပ် သည့်နေရာဖြစ်သည်။ ဤလေ့လာမှုကြောင့် လကမ္ဘာ၏ လွန်ခဲ့သောနှစ်များက အနည်ကျခဲ့သည် အနည်ကျကျောက် များ (Structure) ကိုလေ့လာရေးအတွက် လမ်းပွင့်သွားစေပါသည်။

CAS ၏ ၂၀၀၀ ကာလ အတွင်း လုပ်ဆောင်ချက်များကြောင့် တရုတ်အစိုးရက ၂၀၁၁ ခုနှစ်မှစ၍ နောက်ငါးနှစ်အတွက် ဘတ်ဂျက်ငွေကို သန်း ၅၁၀ ချပေးလာသည်။  ဤငွေကို ဂြိုလ်တု ၄ လုံးတည်ဆောက်ရန်ရည်ရွယ်ထားသည်။

၂၀၁၆ သြဂုတ်လအတွင်းက လွှတ်တင်ခဲ့သော ဒေါ်လာသန်း ၁၀၀ ခန့် တန်ဖိုးရှိသည့် QUESS- Quantam Experiments at Space Scale ဂြိုလ်တုကြောင့်လည်း ကမ္ဘာကစောင့်ကြည့်ရသည့်အနေအထားသို့ရောက်လာသည် အမှုန်များ(Particle) သည်နေရာဒေသဝေးကွာသော်လည်း တခုနှင့်တခု ချိတ်ဆက်လျက်ရှိနေနိုင်ကြသည်။ ဤအဖြစ်အပျက်ကို Quantam Entanglement ဟု ခေါ်ပါသည်။ ယခင်က ၁၄၄ ကီလိုမီတာအကွာအဝေး အထိသက်သေပြနိုင်ခဲ့သော အဖြစ်မှာ ယခုအခါ ၁၂၀၀ KM အကွာအဝေးအထိ Link ရှိနိုင်ကြောင်းစမ်းသပ်နိုင်ခဲ့သည်။ ထို့အပြင် Quantum ဆက်သွယ်နည်း အရ ဘေဂျင်း နှင့် ဗီယာနာ မြို့နှစ်မြို့အကြား အဆက်သွယ်ပြုနိုင်ကြောင်းစမ်းသပ်ရန်ဖြစ်သည်။ သတင်းကိုမပို့လွှတ်မှီ encryp လုပ်ပြီးမှ ပို့လွှတ်ရန် ဖြစ်သည်။ ဤနည်းသာအောင်မြင်ပါက Quantum ဆက်သွယ်နည်းသည် စိတ်ကူးယဉ် မဟုတ်တော့ ပေ။

DAMPE (Dark Matter Particle Explorer) ဂြိုလ်တုမှာ ၂၀၁၅ ခုနှစ်ကလွှတ်တင်ခဲ့ပြီး အရေးကြီးသောပစ္စည်းကိရိယာ များကိုတပ်ဆင်ထားသည်။ ၄င်းသည် ကော့စမစ် Cosmic Ray များကိုဖမ်းယူစမ်သပ်နိုင်ပြီး အာကာသဓါတ်ခွဲခန်းတွင်အမြဲ တပ်ဆင်ထားသည်။ ၂၀၁၆ ခုနှစ်အာကာသစမ်းသပ်မှုများကြောင့်စိတ်ဝင်စားလာသော အစိုးရက ရံပုံငွေကို ၇၂၀ သန်းကိုချ ပေးထားသည်။

၂၀၂၀ ခုနှစ်တွင် ပဌမဆုံး နေကိုလေ့လာသည့်အစီအစဉ်နှင့် အဝေးမှထိမ်းသော ကရိယာများဖြင့် ကမ္ဘာကြီး၏ရေဆိုင်ကယ် (Water Cycle) ကို လေ့လာကြမည့် အာကာသယဉ်ကိုပစ်လွှတ်ရန်အစီအစဉ်ရှိသည်။၊ ၂၀၂၅ခုနှစ်တွင် ဒေါ်လာ ၄၄၀သန်း တန် eXTP Enhanced X-ray Timing Polarimetry ကိုဥရောပ ပါတနာများနှင့် ၂၀ နိုင်ငံတို့မှ ရာပေါင်းများစွာသော သိပ္ပံ ပညာရှင်များ ပါဝင်ပါတ်သက်ကြမည့်ဂြိုလ်တုကိုလွှတ်တင်ရန်ဖြစ်သည်။ ၄င်းတို့သည် အရာဝတ္ထုများ၏ အဆုံးစွန်သော အခြေအနေ (Extreme conditions) ကို မည်သို့တုန်ပြန်ကြောင်း များကို လေ့လာကြမည်ဖြစ်သည်။ အရာဝတ္တုများ၏ အဆုံးစွန်အခြေအနေကို အာကာသ ထဲမှာသာ တွေ့ရှိနိုင်ကြသည်။

CAS ၏ဆောင်ရွက်ချက်များတွင် မမြင်ရသော အရာဝတ္တုများ (dark Matter detector) များလေ့လာရေးမှာအရေးပါသည်။ DAMPE ထက်အဆ ၁၅ ဆပိုအားကောင်း သော dectetor များပါဝင်သည့်တိုင်းတာရေး ကရိယာကို အာကာသလေ့လာ ရေးစခန်းတွင် ၂၀၂၂ ခုနှစ်တွင်တပ်ဆင်ရန်ရည်ရွယ်သည်။ ထို့အပြင် ဟပ်ဘဲလ်တယ်လီစကုပ်ထက် Field အဆ ၃၀၀ ခန့်ရှိမည့်တယ်လီ စကုပ် တခုကိုလည်း တပ်ဆင်ရန်ရည်ရွယ်သည်။

ထိုဖြစ်ရပ်များကြောင့် တရုတ်တို့အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းကို အထင်အရှားတွေ့နေ ရသည်။ တရုတ်တို့၏အမြင်မှာ တဖြည်းဖြည်းနှင့် ပြင်ပလောကသို့ မျှော်ကြည့်ရသည့် သဘာဝကိုဆောင်သည်။ သတင်းကို  ထိန်ချန်ချင်၍မရ၊ ယခင်က ဆိုလျင် ဖြစ်ရပ်တခုသည် ဖြစ်ပြီးပြီ၊ သေချာပြီဆိုမှ တယ်လီဗေးရှင်းက ထုတ်လွှင့်ပေးသည်။ ယခုအခါ ကြေညာချက်ကို အမြဲထုတ်ပြန်နေပြီး အချိန်နှင့်တပြေးညီဖြစ်သည်။

အထူးသဖြင့် ဥရောပအာကာသလေ့လာရေးအဖွဲ့နှင့် အရှိန်အဟုန်ဖြင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်က EAS နှင့် CAS တို့ ပူးပေါင်းဆောင်ရွက်ရေးကိုစတင်ဆောင်ရွက်ခဲ့ကြသည်။ SMILE - Solar Wind Magneto Sphere Ionosphere Link ဂြိုလ်တုသည်သည် ဒေါ်လာ 53 သန်းတန်ဘိုးရှိပြီး ဤပရောဂျက်အတွက်လိုအပ်သော ရံပုန်ငွေကို နှစ်ဦးနှစ်ဖက် ကျခံကြသည်။ ဤပရော၈ျက်မှ ရရှိသောသတင်းကို ဖလှယ်လျက်ရှိကြပြီး နှစ်ဦးနှစ်ဖက်ယုံကြည်မှုကို တည်ဆောက် လျက် ရှိကြသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများတွင် မပါဝင်ဘဲကင်းကွာနေသည်မှာ အမေရိကန်တို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ပြဌာန်း လိုက်သောNASA ဥပဒေက အာကာသလေ့လာရေး   လုပ်ငန်းများတွင် အမေရိကန်သည်တရုတ်နိုင်ငံနှင့် ပါတ်သက်ခြင်း မရှိစေရန်တားမြစ်ထားသည် သို့တစေ NASA နှင့် CAS တို့သည် တဦးနှင့်တဦး လေ့လာရေးကိုယ်စားလှယ်များလွှတ်ခြင်း ဓလေ့ကတော့ရှိနေလေသည်။

(၃)
တရုတ်တို့၏အာကာသလေ့လာရေးတွင် လိုအပ်သည်မှာ အနာဂါတ်အတွက်မျှော်လင့်ချက်ဖြစ်သည်။ ရှေ့ငါးနှစ်အတွက် စီမံ ရေးရာများမှာပြည့်စုံသော်လည်းရေရှည်စီမံရေးမှာမရေမရာဖြစ်နေသည်။ “တရုတ်ခေါင်းဆောင်ကြီးများစိတ်မပြောင်းသရွေ”့ ဆိုသည့်သဘောဖြစ်နေသည်။ အထူးသဖြင့်အာကာသ သုတေသနစခန်းးမှာ ၁၄.၅ ဘီလီယမ် ဘတ်ဂျက်ဆိုသော်လည်း ၄င်းတွင်တပ်ဆင်ထားသောကရိယာများအတွက် သတ်မှတ်ထားသော ငွေမရှိဘဲဖြစ်နေသည်။ ပါဝါ ရှိနေသမျှ ကရိယာများ မှာအလုပ်လုပ်နေကြမည်ဖြစ်သော်လည်း ရေရှည်ခရီး အတွက် သေသေချာချာ မရှိသလိုဖြစ်နေသည်။ တရုတ်တို့ အနေဖြင့် ပိုမို၍လွတ်လပ်ပြီး အစိုးရ၏ပါဝင်ပါတ်သက်မှုကို အနည်းဆုံးသာဖြစ်စေလိုကြသည်

ကိုသန်းလွင်
Ref: Rising Star James Qiu, Nature 27 July 2017.

Comments