ရာမိုးဇင် ● ယဉ်ကျေးမှုတွေ လဲဖြိုထားတဲ့ လက်ဖက်ရည်ဆိုင်
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၇
တိုင်းပြည်ကထွက်တဲ့သယံဇာတနဲ့
လုပ်ထားတဲ့စားပွဲနဲ့ ထိုင်ခုံတွေမရှိဘူး
အိမ်နီးချင်းကော်ခုံတွေခင်းကျင်းပြီး
ပြည်ပအားကိုးပုဆိန်ရိုးလို့ ထထအော်တဲ့
အသံချဲ့စက်နဲ့ တီဗွီကို ပြထား ဖွင့်ထားတယ်
ဖျော်ခန်းမျက်နှာစာအမြင့်တွေမှာ
လွတ်လပ်ရေးဗိသုကာကြီးနဲ့
လူထုခေါင်းဆောင်အမျိုးသမီးရဲ့ဓါတ်ပုံတွေ
ချိတ်ဆွဲထားတယ်
ပြီးတော့
ဆောင်ပုဒ်လိုလို နိုးတစ်စာလိုလို စာရွက်တွေကို
ကပ်ထားတယ်
ရွာကြီးတရွာက ပချုပ်ဆိုင်ကြီးလို
ဆိုင်ရှင်က ပုံစံသွင်းထားတဲ့အတိုင်း
အဲဒီဆိုင်ထဲမှာ
လပ်ဗီးဂက်စ်က ဂိုင်းစတားတွေဝိုင်းဖွဲ့ထိုင်နေသလို
ဘာသာအယူအဆ ဌာနပေါင်းစုံ
ပါတီပေါင်းစုံ ပရဟိတပေါင်းစုံ
အဲဒီဆိုင်အကျယ်အဝန်းရှိသမျှ ညွှန့်ပေါင်းစုပြုံပြီး
ထိုင်သောက်နေကြတယ်
အဲဒီဆိုင်ထဲလူစုလူဝေးဖြစ်လာတာနဲ့
ဆိုင်ရှင်ရဲ့ဥပဒေအရ သီချင်းတပုဒ်ကို အသံချဲ့စက်က အကျယ်ကြီး
ထထဖွင့်ပေးလိုက်တယ်
(တဝိုင်းနဲ့တဝိုင်း တော်ကီမကူးရတဲ့ပုဒ်မ) တဲ့
အဲဒီဆိုင်မှာ AM /PM အချိန်ဇယားရေးဆွဲထားပြီး
လက်ဖက်ရည်ရတဲ့ကာလ ရယ်ဒီမိတ်ရတဲ့ကာလ
ကိုယ်သောက်ချင်တာဖျော်သောက်ခွင့်ရတဲ့
လက်ဖက်ရည် ဒီမိုကရေစီကာလ
ကိုယ်ထူကိုယ်ထ အစစအရာရာ ဘူးဖေးကာလ
ပြီးတော့ ရှင်းချင် ရှင်းသွား မရှင်းချင် ချန်ထားလို့ရတဲ့
ယုံကြည်မှုတည်ဆောက်ရေးကာလလည်း
ရှိတယ်
ဆိုင်ပိုင်ရှင်ကြီးကတော့
မြေထဲပင်လယ်က ပင်လယ်ဓါးမြတယောက်လို
သူ့လက်မောင်းပေါ်က
ရတနာသိုက်မြေပုံအညွှန်းလိုရေးထိုးထားတဲ့ တက်တူးတွေကို ဒူးတနှံ့နှံ့ပွတ်သပ်ပြီး
တစုံတခုကို အလေးအနက်တွေးနေပုံနဲ့
ကမ်းမမြင်လမ်းမမြင်တဲ့ အနာဂတ်ပင်လယ်ထဲ
အရက်စည်ပိုင်းတွေကို
အသက်ကယ်ဘောတွေလို ချိတ်ဆွဲပြီး
လက် ပစ် ကူး ခတ်
ခေတ်တလျှောက်လုံးရဲ့
ငါးမျှားချိတ်မှာတပ်ထားတဲ့အစာတွေကို
တွေ့မြင်ပြီး
လွတ်သွားတဲ့ငါးတွေရဲ့ဘဝကို
ချဉ်ခြင်းတပ်နေလေရဲ့။ ။
ရာမိုးဇင်
၂၈ ဇွန်၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၇
တိုင်းပြည်ကထွက်တဲ့သယံဇာတနဲ့
လုပ်ထားတဲ့စားပွဲနဲ့ ထိုင်ခုံတွေမရှိဘူး
အိမ်နီးချင်းကော်ခုံတွေခင်းကျင်းပြီး
ပြည်ပအားကိုးပုဆိန်ရိုးလို့ ထထအော်တဲ့
အသံချဲ့စက်နဲ့ တီဗွီကို ပြထား ဖွင့်ထားတယ်
ဖျော်ခန်းမျက်နှာစာအမြင့်တွေမှာ
လွတ်လပ်ရေးဗိသုကာကြီးနဲ့
လူထုခေါင်းဆောင်အမျိုးသမီးရဲ့ဓါတ်ပုံတွေ
ချိတ်ဆွဲထားတယ်
ပြီးတော့
ဆောင်ပုဒ်လိုလို နိုးတစ်စာလိုလို စာရွက်တွေကို
ကပ်ထားတယ်
ရွာကြီးတရွာက ပချုပ်ဆိုင်ကြီးလို
ဆိုင်ရှင်က ပုံစံသွင်းထားတဲ့အတိုင်း
အဲဒီဆိုင်ထဲမှာ
လပ်ဗီးဂက်စ်က ဂိုင်းစတားတွေဝိုင်းဖွဲ့ထိုင်နေသလို
ဘာသာအယူအဆ ဌာနပေါင်းစုံ
ပါတီပေါင်းစုံ ပရဟိတပေါင်းစုံ
အဲဒီဆိုင်အကျယ်အဝန်းရှိသမျှ ညွှန့်ပေါင်းစုပြုံပြီး
ထိုင်သောက်နေကြတယ်
အဲဒီဆိုင်ထဲလူစုလူဝေးဖြစ်လာတာနဲ့
ဆိုင်ရှင်ရဲ့ဥပဒေအရ သီချင်းတပုဒ်ကို အသံချဲ့စက်က အကျယ်ကြီး
ထထဖွင့်ပေးလိုက်တယ်
(တဝိုင်းနဲ့တဝိုင်း တော်ကီမကူးရတဲ့ပုဒ်မ) တဲ့
အဲဒီဆိုင်မှာ AM /PM အချိန်ဇယားရေးဆွဲထားပြီး
လက်ဖက်ရည်ရတဲ့ကာလ ရယ်ဒီမိတ်ရတဲ့ကာလ
ကိုယ်သောက်ချင်တာဖျော်သောက်ခွင့်ရတဲ့
လက်ဖက်ရည် ဒီမိုကရေစီကာလ
ကိုယ်ထူကိုယ်ထ အစစအရာရာ ဘူးဖေးကာလ
ပြီးတော့ ရှင်းချင် ရှင်းသွား မရှင်းချင် ချန်ထားလို့ရတဲ့
ယုံကြည်မှုတည်ဆောက်ရေးကာလလည်း
ရှိတယ်
ဆိုင်ပိုင်ရှင်ကြီးကတော့
မြေထဲပင်လယ်က ပင်လယ်ဓါးမြတယောက်လို
သူ့လက်မောင်းပေါ်က
ရတနာသိုက်မြေပုံအညွှန်းလိုရေးထိုးထားတဲ့ တက်တူးတွေကို ဒူးတနှံ့နှံ့ပွတ်သပ်ပြီး
တစုံတခုကို အလေးအနက်တွေးနေပုံနဲ့
ကမ်းမမြင်လမ်းမမြင်တဲ့ အနာဂတ်ပင်လယ်ထဲ
အရက်စည်ပိုင်းတွေကို
အသက်ကယ်ဘောတွေလို ချိတ်ဆွဲပြီး
လက် ပစ် ကူး ခတ်
ခေတ်တလျှောက်လုံးရဲ့
ငါးမျှားချိတ်မှာတပ်ထားတဲ့အစာတွေကို
တွေ့မြင်ပြီး
လွတ်သွားတဲ့ငါးတွေရဲ့ဘဝကို
ချဉ်ခြင်းတပ်နေလေရဲ့။ ။
ရာမိုးဇင်
၂၈ ဇွန်၊ ၂၀၁၅
Comments