ကိုပွေး- ငြိမ်းချမ်းရေးစကား

KT# 
ငြိမ်းချမ်းရေးစကား

ကိုပွေး
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၇

ကမ်းပါးနား ဘုရားမတည်မိစေနဲ့
ငိုသံကလွဲလို့ ဘာမှမပါခဲ့ကြဘူး မဟုတ်လား
မစီးချင်တဲ့သင်္ဘောမှာမှ  မတဲ့သူနဲ့ ခုံချင်းကပ်လျက်
သူ့အသက်သူ တချက်ထဲ ပစ်ခတ်ထွက်သွားပုံများ
စစ်ချီဖို့လွယ်သလောက်
စစ်ပြီးဖို့ခက်သလိုမျိုး
အိပ်ရမှန်း မသိတော့ဘူး
စိတ်ပျော်ရာ လူလိုက်လို့
ရထားအတွဲလိုက် မှောက်ပြီးမှ   
ပန်းတွေ တဖြေးဖြေး ထပွင့်လာသလိုမျိုး။  ။

ကိုပွေး
ဇူလိုင် ၂၄၊ ၂၀၁၇

Comments