Graphic - Than Htay Maung |
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၇
အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီ။
တစ်လွဲဆံပင်ကောင်းအတွေးအခေါ်တွေနောက်
ကယောင်ချောက်ချားလိုက်
သံကိုသံဖျက် သံချေးတက်သလို
တက္ကသိုလ်ကို တက္ကသိုလ်ကဖျက်
အောက်စဖို့စ်နာမည်ပျက်ခဲ့ပြီ။
ရဲရင့်နှင်းဆီဟာ
အောက်စဖို့စ်ခန်းမမှာပွင့်မှ
ရနံ့မွှေးကြိုင်လှပလာခဲ့တာမဟုတ်ပေဘူး
အာဏာရူးတွေရဲ့လှံစွပ်ရှေ့
မျက်နှာချင်းဆိုင်တေ့ရပ်
အာဏာရှင်စနစ်ကိုတစ်ခန်းရပ်အောင်
နှိပ်စက်သတ်ဖြတ်ခြင်းတွေကို
နှစ်များစွာကျော်ဖြတ်ပြီးတဲ့နောက်မှာမှ
ကမ္ဘာတစ်ခွင်ကြိုင်လှောက်လာတာဖြစ်တယ်။
ရဲရင့်နှင်းဆီတစ်ပွင့်
သူ့ဂုဏ်နဲ့သူ ဝင့်ပြီးမှ
အောက်စဖို့စ်ကထိုးစိုက်
ဂုဏ်ယူလိုက်ချင်တာမဟုတ်လား
စိန်နားကပ်အရောင်နဲ့
ပါးပြောင်ချင်တာမဟုတ်လား။
ဒီ နှင်းဆီနီနီတစ်ပွင့်
ပြည်သူ့ယုံကြည်မှုမှာ
ထာဝဇဉ်ပွင့်လန်း
ဂုဏ်သိက္ခာတွေ
ကမ္ဘာကိုလွှမ်းနေမှတော့
အောက်စဖို့စ်ခန်းမထဲကဖြုတ်လိုက်ရုံနဲ့
ရနံ့ကုန်သွားမယ်ထင်နေသလား
ကမ္ဘာသူကမ္ဘာသားတွေနဲ့
မြန်မာပြည်သူတွေရဲ့ရင်ထဲ
စွဲစွဲမြဲမြဲချိတ်ဆွဲရှင်သန်
အောင်ပွဲခံမွှေးကြိုင်လှပနေမှာအမှန်ပါ။
အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီလေ။ ။
အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီ။
တစ်လွဲဆံပင်ကောင်းအတွေးအခေါ်တွေနောက်
ကယောင်ချောက်ချားလိုက်
သံကိုသံဖျက် သံချေးတက်သလို
တက္ကသိုလ်ကို တက္ကသိုလ်ကဖျက်
အောက်စဖို့စ်နာမည်ပျက်ခဲ့ပြီ။
ရဲရင့်နှင်းဆီဟာ
အောက်စဖို့စ်ခန်းမမှာပွင့်မှ
ရနံ့မွှေးကြိုင်လှပလာခဲ့တာမဟုတ်ပေဘူး
အာဏာရူးတွေရဲ့လှံစွပ်ရှေ့
မျက်နှာချင်းဆိုင်တေ့ရပ်
အာဏာရှင်စနစ်ကိုတစ်ခန်းရပ်အောင်
နှိပ်စက်သတ်ဖြတ်ခြင်းတွေကို
နှစ်များစွာကျော်ဖြတ်ပြီးတဲ့နောက်မှာမှ
ကမ္ဘာတစ်ခွင်ကြိုင်လှောက်လာတာဖြစ်တယ်။
ရဲရင့်နှင်းဆီတစ်ပွင့်
သူ့ဂုဏ်နဲ့သူ ဝင့်ပြီးမှ
အောက်စဖို့စ်ကထိုးစိုက်
ဂုဏ်ယူလိုက်ချင်တာမဟုတ်လား
စိန်နားကပ်အရောင်နဲ့
ပါးပြောင်ချင်တာမဟုတ်လား။
ဒီ နှင်းဆီနီနီတစ်ပွင့်
ပြည်သူ့ယုံကြည်မှုမှာ
ထာဝဇဉ်ပွင့်လန်း
ဂုဏ်သိက္ခာတွေ
ကမ္ဘာကိုလွှမ်းနေမှတော့
အောက်စဖို့စ်ခန်းမထဲကဖြုတ်လိုက်ရုံနဲ့
ရနံ့ကုန်သွားမယ်ထင်နေသလား
ကမ္ဘာသူကမ္ဘာသားတွေနဲ့
မြန်မာပြည်သူတွေရဲ့ရင်ထဲ
စွဲစွဲမြဲမြဲချိတ်ဆွဲရှင်သန်
အောင်ပွဲခံမွှေးကြိုင်လှပနေမှာအမှန်ပါ။
အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီလေ။ ။
Comments