ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - (၃)

A Myanmar soldier stands near a township in Rakhine State, September 27, 2017. Soe Zeya Tun/Reuters


ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - (၃) 
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇
အနောက်နိင်ငံများရဲ့ မဟာဗျုဟာ အကြံအစီက ဘာလဲ
၂၆။ အနောက်နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်)ဟာ မြန်မာနိုင်ငံကို စိတ်ကြိုက်ချယ်လှယ်နိုင်လို့ရ ၊ မရ စမ်းသပ်ချင်ပါတယ်။ အထူးသဖြင့် လက်ရှိအခြေခံဥပဒေအရ တပ်မတော်က အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဏမှာ ပါဝင်နေတာကို မနှစ်မြို့ဘဲ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးအာဏာ အပြည့်အဝရစေဖို့ ဘင်္ဂလီကိစ္စကို အသုံးချလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပြောသလို လိုက်လုပ်လိမ်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ဝေဖန်ပြစ်တင်ပြီး အရေးယူမှု တစုံတရာ လုပ်ခဲ့ရင် ဖွဲ့စည်းပုံပြင်ပြီး တပ်မတော်ဆီမှ အာဏာအပြည့်အဝပြန်ယူမယ်လို့ အနောက်နိုင်ငံတွေက စိတ်ကူးယဉ်နေကြတယ်လို့ ပြောလိုက်ချင်ပါတယ်။  မြောက်ပိုင်းအဖွဲ့တွေ NCA ထိုးခိုင်းဖို့ အရေးမှာ တရုတ်ရဲ့သြဇာအာဏာ အရေးပါနေတာက ရှိတော့ ဒါကို တန်ပြန်နိုင်ဖို့ အနောက်နိင်ငံတွေက တကယ်တမ်း ဘင်္ဂလီတွေမှာ တရားမ၀င်သူတွေလည်း ပါနေတယ်ဆိုတာ သိသိနဲ့ မသိချင်ယောင်ဆောင်ကာ ဘင်္ဂလီကိစ္စကို ကြီးထွားအောင်လုပ်တာဟာ အနောက်နိုင်ငံတွေရဲ့ Power Gameဘဲ လို့ ဆိုချင်ပါတယ်။ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်မှာ ကျွန်းတုများတည်ဆောက်မှုနဲ့ ပိုးလမ်းမ ခါးပတ်စီမံကိန်း သြဇာအာဏာချဲ့ထွင်မှူလုပ်လာလို့ ထိန်းချုပ်နိုင်ရန်နဲ့ ဘင်္ဂလီတွေရဲ့ နောက်ကွယ်က အင်အားစုတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနေရပါတယ် ဟစ်ကြွေးနေတာကို လက်ခံလိုက်ကြပြီး မြန်မာနိုင်ငံအား သတ်ကွင်းနေရာရွေးချယ်ကာ ဘင်္ဂလီအဖွဲ့ (ARU) ရဲ့ စီမံချက်ကို အနောက်နိုင်ငံတွေက သဘောတူလိုက်ဟန်တူပါတယ်။

နိုင်ငံတကာနောက်ခံ နိုင်ငံရေးလုပ်ကြံမှု ထိုးစစ်ကြောင့် တွေ့ရှိရတဲ့ ခံစစ်စည်း ကျိုးပေါက်ရတဲ့ အချက်အလက်များ
၂၇။ ကုလသမဂရဲ့ အချက်အလက်ရှာဖွေစုံစမ်းရေးအဖွဲ့ ဝင်ရောက်ခွင့် မပြုတဲ့အတွက် အနောက်နိုင်ငံများက နိုင်ငံရေးဖိအားနဲ့ စစ်ရေးတိုက်ကွက်ကို ဟန်ချက်ညီ ထိုးစစ်ဆင်ခဲ့ပါတယ်။ အစိုးရက ဒုသမ္မတဦးစီးတဲ့ ရခိုင်
ရေးရာ စုံစမ်းမှု ကော်မရှင်အဖွဲ့နဲ့ ကိုဖီအာနန်ဦးစီးတဲ့ အကြံပေးကော်မရှင်ဖွဲ့ထားပြီးဖြစ်လို့ ကုလသမဂ္ဂလူ့
အခွင့်အရေးကော်မရှင်နာက စေလွှတ်မည့် အချက်အလက်စုံစမ်းရေးအဖွဲ့လက်ခံလိုက်ရင် ပြည်တွင်းက မကျေနပ် အုံကြွမှုနဲ့ ရင်ဆိုင်ဖွယ်ရှိလို့ လက်မခံရတဲ့ အကြောင်းရင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥရောပကို သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုကြပ်နေတဲ့အတွက် ကိုဖီအာနန်အစီရင်ခံစာထွက်ထာနဲ့ချိန်ကိုက်ပြီး  ဘင်္ဂလီအင်အားစုတွေရဲ့ စီမံချက်အတိုင်း တိုက်ကွက်ဖေါ်ကာ တပ်မတော်ရဲ့စစ်ဆင်ရေး အမှားကို စောင့်ဖမ်းပါတယ်။

ဘင်္ဂလီတွေရဲ့ တင်ပြချက်တွေကို အမှန်လို့အနောက်နိုင်ငံတွေက တဖက်သတ်ယူပြီး တပ်မတော်အား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ဝေဖန်ပြီး ဖိနိပ်ဖို့ လူ့အခွင့်အရေးကောင်စီနဲ့အဖွဲ့တွေ၊ နိုဘယ်ငြိမ်းချမ်းရေးရသူတွေက တဆင့် ဖိအားပေးလာပါတယ်။ စက်တင်ဘာလ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောတဲ့အခါ တပ်မတော်အား တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ ပြစ်တင်ဝေဖန်ခြင်း အလျဉ်း မပြုဘဲ ဘာကြောင့် ထွက်ပြေးရတာလဲ၊ မထွက်ပြေးဘဲကျန်နေတာ အများစုရှိနေတာ ဘာကြောင့်လဲ ဆိုတဲ့ လိမ္မာပါးနပ်စွာ မေးခွန်းထုတ်သွားပြီး တိုင်းရင်းသားလူနည်းစုတွေလည်း အသတ်ခံနေရတာကို မီးမောင်းထိုးပြတာကိုက ရှင်းလင်းပြတ်သားလှပါတယ်။

၂၈။ အနောက်နိုင်ငံတွေက အဲဒီမိန့်ခွန်းကြောင့် အကြပ်ရိုက်သွားကာ လုံခြုံရေးကောင်စီကို ယနေ့ထိ (၃)ကြိမ်အထိ တင်နေကတည်းက သူတို့ရဲ့ဖိအား အဆမတန် လိုတာထက်လွန်ကဲနေတာ ဂျပန်ကသိနေပြီး
ရုရှားက လေသံမာမာနဲ့ သူတို့ကို ထွက်ပြောယူရပါတယ်။ အနောက်နိုင်ငံတွေဖြစ်စေချင်တဲံ့ ဘင်္ဂလီတွေကို  တိုင်းရင်းသားပေးလို့ မရဖူးလို့ လုံခြုံရေးကောင်စီမတင်မီ လာတီးခေါက်တဲ့ ဗြိန်တိန် အငယ်တန်းဝန်ကြီးအား ဒေါ်အောင်ဆန်းစုကြည်က ပြတ်သားစွာ ပြောလိုက်ဟန်တူပါတယ်။ အလားတူ မောင်းတောဒေသသွားရောက် လည်ပတ်ပြီး ပြန်လာတွေ့တဲ့ ဆွစ်ဇာလန်သံအမတ်ကြီးကိုလည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလူမျိုး (၁၃၆) မျိုး အဖြစ် ဘင်္ဂလီကို ပေးလို့ မရကြောင်းတုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။
၂၉။ ဒီအနောက်နိုင်ငံတွေထဲက ငယ်မွေးခြံပေါက်လို့ယူဆကာ အာခံတယ်လို့ ထင်ပြီး ဒေါသပုန်ထသွားသူက ဗြိတိန်ဖြစ်ကာ သင်တန်းတက်နေတဲ့ တပ်မတော်အရာရှိတွေကို ပြန်လွှတ်လာပါတယ်။ ပန်ချီကား
ဖြုတ်၊ ဘွဲ့ဆုတဆိပ်သိမ်း၊ သူတို့မင်းသားလည်ပတ်မည့် အစီအစဉ်ရုတ်သိမ်းစတာတွေနဲ့ တုန့်ပြန်လာပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ဖို့ ခက်ခက်ခဲခဲ ရယူထားတာကို ဘယ်နည်းနဲ့မှ ဘင်္ဂလီကိစ္စ
တခုအတွက်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပျက်ခံမှာမဟုတ်ဖူးလို့ စာရေးသူက ဗြိတိန်ကို ပြောလိုက်ချင်ပါတယ်။ ဒါ့အပြင် သူမက ပြည်တွင်းက အင်အားစုတွေရဲ့အမျိုးသားရေး၊ပြင်းထန်မှု၊ မျိုးချစ်စိတ်ပြင်းပြမှုကို သိရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမိုင်းစာမျက်နှာမှာ အမဲစက် ဖြစ်ခံပြီး အနောက်နိုင်ငံတွေ ကြိုးဆွဲရာ ကတဲ့သူ မဟုတ်ကြောင်း ရဲရဲဝံ့ဝံ့ပြလိုက်ပြီဖြစ်ပါတယ်။

၃၀။  အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၁၆ခုနှစ် အောက်တိုဘာလတိုက်ခိုက်ခံရမှုအပြီး မခေါ်ခဲ့တာကို နိုင်ငံရေးသံတမန်ရေးရာ တန်ပြန်ထိုးစစ်ဆင်ဖို့ အစိုးရအားနည်းချက်ဖြစ်ခဲ့တယ်လို့ စာရေးသူ သုံးသပ်ပါတယ်။

(ကာ/လုံ) အစည်းအဝေးဟာ အတိုက်အခံတွေထင်နေသလို မဲနဲ့ အနိုင်ကျင့်ဖို့မဟုတ်ဘဲ ကျယ်ပြန့်လာတဲ့
နိုင်ငံတကာရေးရာနဲ့ ပြည်တွင်းဘင်္ဂလီများ ဆက်စပ်လှုပ်ရှားမှူကို ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်ချုပ်ကို လိုအပ်ရင် နှစ်ဦးတည်း ထိပ်သီးဆွေးနွေးသင့် ဆွေးနွေးရပါမယ်။ ထိပ်သီး (၂) ဦး အကြားအထင်အမြင်လွဲမှားစေမည့် ဘက်နှစ်ဘက်က လော်ဘီများ စွပ်စွဲနေတဲ့အပေါ် ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဖလှယ် ရှင်းထုတ်ရပါမယ်။ (နောက်ပိုင်းခေါင်းစဉ်တခုနဲ့အသေးစိတ်ရှင်းပြပါမယ်။)

(ကာ/လုံ) ခေါ်တာဟာ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေးနဲ့ တပ်မတော်က တင်ပြမည့်စီမံချက်ကို ဘယ်အတိုင်းအတာထိ လုပ်နိုင်မလဲ၊ တပ်က လုပ်ချင်နေတဲ့ စစ်အုပ်ချုပ်ရေးကို အစိုးရက နိုင်ငံတကာထောင်ချောက်ကို ရှင်းပြနိုင်ရင် တပ်ချုပ်က လက်ခံနိုင်ရပါလိမ့်မယ်။ ပြည်သူလူထုကို ဘယ်လို စည်းရုံးပြီးကွန်ယက်နဲ့ ပြည်သူ့စစ် မဟာဗျူဟာ တည်ဆောက်ရန် လို/ မလိုနဲ့ ခံစစ်စည်းတည်ဆောက်ဖို့ ဆွေးနွေးသင့်ပါတယ်။ ကိုဖီအာနန်အစီရင်ခံစာ ထွက်လာပြီးနောက် (ကာ/လုံ) အစည်းအဝေးဆန်ဆန် (အဓိက key ဖြစ်တဲ့ လူကယ်ပြန်ဝန်ကြီးပါ တက်ခိုင်း) အစိုးရကခေါ်ခဲ့သော်လည်း အတော်ကို နောက်ကျသွားပြီဖြစ်ပါတယ်။ ဘင်္ဂလီများထိုးစစ်ကြီး ဆင်နွှဲမယ်ဆိုတဲ့ သတင်းစ သတင်းအနံ့ ရနေတယ်ဆိုတာ ဒုသမ္မတဦးမြင့်ဆွေအဖွဲ့ရဲ့ အစီရင်ခံစာမှာ တွေ့လိုက်ရသလို ရခိုင်ပါတီလူတွေက တပ်ချုပ်ကို သွားရောက်တွေ့ဆုံ သတင်းပို့ကတည်းက စစ်ရေးသတိနဲ့ အရေးပေါ်အစည်းအဝေးခေါ်ဖို့ လုပ်သင့်ပါတယ်။ တပ်မတွေနဲ့ တက်ရှင်းတော့မှာဖြစ်လို့ဘင်္ဂလီတွေက လက်ဦးမှုယူ တိုက်ခိုက်တာဖြစ်ပါတယ်။

၃၁။ ခံစစ်စည်းကျိုးပေါက်ရတဲ့ အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ရဲစခန်းနဲ့ရဲများ ယခင်နှစ်မှာ ပထမအကြိမ် တိုက်ခိုက်သတ်ဖြတ်ခံရပြီး လက်နက်များ ဆုံးရှုံးခံရလို့ ပြည်ထဲရေးဝန်ကြီးက လက်သီးလက်မောင်းတန်းကာ ရဲကွပ်ကဲရေးကို ရဲမျူးချုပ်စန်းလွင်အား လှဲလှယ်ပေးလိုက်ပေမဲ့ သတင်းရယူမှု၊ သတင်းဆက် ဖေါ်ထုတ်မှု အားနည်းချက်ကြောင့် ရွာတွေအစုလိုက် အပြုံလိုက် မီးရှို့ခံရ ၊ လူမျိုးစုတွေ အစုလိုက်အပြုံလိုက် သတ်ခံရပါတယ်။ သတင်းဆက်ရအောင် မိမိအမာခံနယ်မြေတည်ဆောက်ဖို့ လိုတယ်ဆိုတာ ထောက်လှမ်းရေးကလာတဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ နားမလည်တာကို မိမိအဖို့ အံ့ကြထိတ်လန့်မိပါတယ်။ ဘင်္ဂလီရွာတွေက သူကြီး၊ ရာအိမ်မှူးတွေဟာ အစိုးရဘက်ပါချင်ပေမဲ့ လည်လှီးအသတ်ခံရကတည်းက လုံခြုံမှု အကာအကွယ် ပြည်ထဲရေးက မပေးနိုင်တာ အံ့သြဖို့ကောင်းပါတယ်။ စခန်း (၃၀) တိုက်ခံရကတည်းက သိက္ခာကျပြီး ဝင်လာတဲ့ တပ်မတော်စစ်ကြောင်းကို အထောက်အကူဖြစ်အောင် ဘယ်နေရာက သတ်ကွင်း၊ ဘယ်နေရာက ထောင်ချောက်ဆိုတာ ရန်သူ့သတင်းဆက် သုံးသပ်ဖေါ်ထုတ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အပြစ်မဲ့ရွာသားများ ထိခိုက်ဒဏ်ရာရ၊ အိမ်တွေမီးတိုက်တာခံရတာမို့ တပ်ချုပ်က တောင်းပန်ပေးရသည်အထိ မျက်နှာပျက်ခဲ့ရပါတယ်။ မိမိရဲ့ထောက်လှမ်းရေးအဖွဲဖြစ်တဲ့ ရဲသတင်းအထူးတပ်ဖွဲ့ဟာ သည်ထက်ပိုပြီး သင်ခန်းစာယူပြီး ပိုမိုကြိုးစားရပါလိမ့်မယ်။ ဘင်္ဂလီစကား ရဲဘယ်နှစ်ယောက် တတ်သလဲ၊ မိမိဖက်ပါအောင် ဘင်္ဂလီတွေကို informar သတင်းပေး ဘယ်နှစ်ယောက် စည်းရုံးထားနိုင်သလဲ၊ ဘာလို့ အကာအကွယ် မပေးနိုင်ရတာလဲ စတဲ့မေးခွန်းတွေရဲ့ အဖြေတွေဟာ NO သာဖြစ်လို့ ခံစစ်စည်းကျိုးပေါက်ရတဲ့ အချက်အလက်တွေဘဲ ဖြစ်ပါတယ်။

၃၂။ ခံစစ်စည်းကျိုးပေါက်သွားတဲ့ အဓိကနောက်တချက်ကတော့ ပြန်ကြားရေးဝန်ကြီးနဲ့ ကက(ပြည်) ညွှန်
ကြားရေးမှူးတို့ရဲ့ မီဒီယာတုန်ပြန့်မှု ညံ့ဖျင်းတာလို့ဆိုချင်ပါတယ်။ သတင်းမှန်အဖွဲ့ ဖွဲ့ထားသော်လည်း တုန့်ပြန်
ရာမှာ နှေးကွေးပြီး နိုင်ငံတကာမှာထွက်နေတဲ့ သတင်းတုသတင်းလိမ်တွေကို ဘယ်လိုချေဖျက်နိုင်မလဲဆို
တဲ့ မဟာဗျူဟာကျကျ စဉ်စားတွေးခေါ်နိုင်စွမ်းမရှိသလို သတင်းမှန် ထုတ်ပြန်တဲ့အခါ ရှေးရိုးကြီးနည်းလမ်းအတိုင်း ထုတ်လို့ ခေတ်မှီနည်းပညာနဲ့နိုင်ငံတကာမီဒီယာထိုးစစ်အောက်မှာ ပြားပြားဝပ်ခဲ့ရကာ ပုံရိပ်ထိုးကျကုန်ပါတယ်။ 

ထိပ်သီးခေါင်းဆောင် (၂) ဦး (ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်) ဆူပူခံရမှာ ကြောက်နေလို့ ဖြစ်စဉ်သတင်း မှန်၊ မမှန်ပြန်စိစစ်ခိုင်းနေရလို့ တချို့ အခြေအနေမပေးတာကို နားမလည်ဘဲ ဇွတ်စိစစ်နေရလို့ နောက်ကျသွားတာမို့ မိမိနိုင်ငံအတွက် အကျိုးရလဒ် နည်းသွားတာကြောင့် ဝန်ကြီးနဲ့ ညွှန်မှူးတို့ RISK မယူရဲတာ ပေါ်လွင်လာပါတယ်။

၃၃။ နမူနာဖြစ်စဉ်တွေကို တင်ပြရရင် သာမန်ရိုးကျ ရှေးရိုးကျရှေးရိုးကြီး သုံးပုံကတော့ ဘင်္ဂလီဗလီဆရာက ဖုံးနဲ့ ခြိမ်းချောက်ခံရပုံ၊ သူတို့ထွက်ပြေးခိုင်းတာ ပြောတဲ့စကား နားမထောင်လို့ ဗလီအတွင်း မိုင်းလာခွဲတဲ့
ထိကွက်ဖြစ်စဉ်ကို ထုတ်လွှင့်ရာမှာ ဗလီဆရာနောက်ကပ်လျှက် လက်နက်ကိုင်အစောင့်တစ်ဦးကို တွဲလျက် တွေ့လိုက်ရတာကို နိုင်ငံတကာက သူ့လုံခြုံရေးအတွက်စောင့်ပေးတယ်မမြင်ဘဲ ဖိအားပေးခြိမ်းချောက်ထွက်ဆိုခိုင်းတယ်လို့ မြင်မယ်၊ ပြန်လှန် စွပ်စွဲမယ်ဆိုတာ တွေးကြည့်ဖို့ကောင်းပါတယ်။ အစိုးရနဲ့ တပ်က ဝါဒဖြန့်၊လုပ်ကြံဇာတ်လမ်းဆိုပြီး စွပ်စွဲကြပါတယ်။ အလားတူ ဟိန္ဒူရွာသားတွေအသတ်ခံရတယ်၊ အလောင်းတွေမြုပ်ထားတဲ့ နေရာတွေ့လို့ သွားကြည့်တဲ့ သတင်းတွေ၊ ထွက်ပြေးတဲ့ ဟိန္ဒူအမျိုးသမီး(၈)ဦး ပြန်လာလို့ သတင်းကို တင်ရာမှာ မြန်မာစာတမ်းထိုးတာကို တကူးတက အချိန်ယူတင်နေပြီး အင်္ဂလိပ်လိုစာတမ်းထိုးတင်ဖို့က နောက်တရက်မှ တင်နိုင်တာတွေ့ရပါတယ်။ တကယ်တမ်း နောက်ခံစကားပြောကို မြန်မာလို ပြောပြီးအင်္ဂလိပ်လို စာတမ်းထိုး တပြိုက်နက် ဘာလို့မလုပ်နိုင်ရတာလဲ ဆိုတာ မေးခွန်းထုတ်လိုပါတယ်။ 

ဘာလို့လဲဆိုတော့ လုံခြုံရေးကောင်စီ တတိယအကြိမ်ကျင်းပလုဆဲဆဲ ဒီအလောင်းတွေ တွေ့ရတာဟာ မိမိတို့အပေါ်စီးရမည့် ထိကွက်ဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် တံခါးဖွင့်အစည်းအဝေးအဖြစ် ဆုံးဖြတ်ချက် မချတဲ့ ဆွေးနွေးပွဲအဆင့်သာ အရှိန်လျှော့ကျသွားတယ်လို့ ယူဆပါတယ်။ အစိုးရနဲ့ တပ်ကဘဲ သတင်းယူ၊ သတင်းထုတ်နေတာကိုက တဖက်က ယုံကြည်မှု အဆင့်အတန်းလျှော့ကျမှာ ဖြစ်ပြီး တတိယမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ မိမိတို့ကို နားလည်နိုင်စွမ်းပေးနိုင်တဲ့ ပြည်တွင်းမီဒီယာကို ကြားခံထည့်ပေးလိုက်ရင် နိုင်ငံတကာကို တန်ပြန်မီဒီယာထိုးစစ် သက်ရောက်မှု ကြီးမားသွားမှာဖြစ်ပါတယ်။

၃၄။ တပ်မတော်က စစ်ဆင်ရေးလုပ်နေခိုက်အချိန်မှာ အပြင်စည်း တောင်ပေါ်စစ်ဆင်ရေး၊ အကြမ်းဖက်စခန်းတွေကို ဝင်တိုက်တာမျိုး လုံခြုံရေးအကြောင်းပြချက်နဲ့ မီဒီယာကို မခေါ်တာ နားလည်သော်လည်း ရွာကို ဝင်ရှင်းတာမျိုးကျရင် ရဲပါလာတာမို့ စစ်မြေပြင်သတင်းထောက်အနေနဲ့ ပြည်တွင်းမီဒီယာတွေထဲက လက်ရွေးစင်ကို မြ၀တီနဲ့တွဲထည့်ပေးလိုက်ရင် ရွာကို တပ်ကမီးမရှို့ပါဆိုတဲ့ သက်သေအထောက်အထား ခိုင်မာသွားနိုင်ပါတယ်။

လေ့ကျင့်ပြီးသား သတင်းထောက် မရှိဟုဆိုပေမယ့် တဖက်ကရန်သူဟာ သေနတ်လက်နက်တွေထက် အခြားလက်နက်ဖြစ်တဲ့ ဒုတ်၊ ဒါး၊ လှံတို့ကိုသာ ကိုင်တာမို့ ကာကွယ်ချိန် ရနိုင်ပါတယ်။ သူတို့ လူသားဒိုင်း သုံးတာ၊ ရွာသားထဲမှာ အကြမ်းဖက်တွေ စိမ့်ဝင်နေတယ်ဆိုတာ သက်သေပြရပါမယ်။ မီဒီယာအားနည်းပုံက သံတမန်တွေကို ခေါ်ပြမည့် ပထမနေ့ ရာသီဥတုမကောင်းလို့ အချိန်ရွေ့တာကို ပွင့်လင်းမြင်သာစွာ သူတို့ဆန္ဒအရ ရွှေ့တယ် ဖြစ်တာ ချက်ခြင်းမထုတ်ပြန်နိုင်လို့ BBC ရဲ့မီဒီယာထိုးစစ်ကို ခံလိုက်ရပါတယ်။ ဒါတွေဟာ ပြန်ကြားရေးနဲ့ ကက(ပြည်)တို့ရဲ့ စွန့်စားပြီးခပ်မြန်မြန်ထုတ်လွှင့်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။


ကြိုတင်ပြင်ဆင်ထားသင့်သည့် ခံစစ်စည်းနဲ့ ရေရှည်ဆွဲထားသင့်သည့် မဟာဗျူဟာစီမံချက်
(သို့မဟုတ်) အစိုးရနဲ့ တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ၊

၃၅။ အောက်တိုဘာလ (၉) ရက်နေ့ နောက်ဆုံးထားပြီး ရွာသားတွေထွက်ခွါလာခိုင်းပြီး အကြမ်းဖက် ARSA က တဖက်သတ်အပစ်ရပ်ကာလ တလပြီးရင် သူတို့ဘာလုပ်နိုင်မလဲဆိုတာ တွက်ကြည့်ရပါမယ်။

(က) လူမှုမီဒီယာမှာ မိတ်ဆွေတစ်ဦးက ပေးပို့လာချက်အရ သူတို့ဟာ လမ်းကြောင်း (၃) ကြောင်း ဝင်လာနိုင်တယ်လို့ ပါရှိပါတယ်။ တရားမ၀င်တဲ့ဘင်္ဂလီများ ဘင်္ဂလားဒေ့ရှ်ကို အကုန်ပြန်ရောက်ကုန်တာမို့ မြန်မာနိုင်ငံကို နောက်ထပ်တကြိမ် လူ လက်နက် အပြည့်အစုံဖြင့် လာရောက်အကြမ်းဖက်တိုက်ခိုက်မည်ဟု သတင်းထွက်နေရာ - ပထမလမ်းကြောင်းမှာ ထိုင်း - မြန်မာနယ်စပ် မြ၀တီလမ်းကြောင်း၊ ဒုတိယလမ်းကြောင်းမှာ (ပြည်တွင်း စိမ့်ဝင် အကြမ်းဖက်ဘင်္ဂါလီတွေနဲ့ ပူးပေါင်းကာ) ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကျောက်တော်နဲ့ အလယ်သံကျော်၊ မောင်တောဘက်ကို ၀င်ရောက်မှာဖြစ်ပြီး တတိယလမ်းကြောင်းကတော့ ပဲခူးရိုးမကို ဖြတ်ကျော်ကာ ပြည်၊ အောင်လံ၊ မကွေး စတဲ့ဘက်တွေကို ၀င်ရောက်ပြီး မိုင်းထောင် ဖောက်ခွဲခြင်းတွေ ပြုလုပ်သွားမည်ဟု သတင်းရရှိ ပါတယ်။ စာရေးသူဖြည့်စွက်ချင်တာက ဘင်္ဂလီတွေဟာ AA နဲ့ နောက်ကွယ်မှာ ချိတ်ဆက် ရှိနိုင်တာမို့ ကချင်ပြည်နယ်မှလည်း ဝင်နိုင်သလို အိုင်စစ် (IS) လို ဘုံပျောက်နေတဲ့ အကြမ်းဖက်နိုင်ငံခြားသားများက Tourist Visa နဲ့ လေယာဉ်နဲ့ ဝင်ကာအတွင်းစည်း မြိုပြအဆောက်အဦတွေကို တိုက်ခိုက်နိုင်ပါတယ်။ အိန္ဒိယမှာလည်း ဘင်္ဂလီများရှိရာ တမူးနယ်စပ်၊ ကမ်းရိုးတန်းကို လှေများနဲ့မမျှော်လင့်တဲ့ အပေါက်မှ ဝင်ရောက်နိုင်တာကို ထည့်တွက်ထားသင့်ပါတယ်။ (ဒီလိုမျိုး အစွန်းကုန် အဆိုးမြင်တဲ့ လုပ်ကြံမှုနည်းလမ်းကို ဘာလို့ တင်ပြရသလဲဆိုတော့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားပါ ဆိုတဲ့ စကား hope for the best and prepare for the worst ကို ထည့်စဉ်းစားလို့ပါ။ ဖိလစ်ပိုင်မှာ အစွန်းရောက်အကြမ်းဖက်တွေ မြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်ကို ပြန်ကြည့်ပါ။ ပျက်ပြီဆိုရင် ပြန်ထူထောင်ဖို့ အကုန် ခက်ပါတယ်။ ဆီးရီးယားလိုနိုင်ငံတွေ ကျဆုံးရတဲ့ ဖြစ်စဉ်ကို စဉ်းစားပါ။ )

(ခ) တိုက်ပွဲဖြစ်ပွါးတုံးက ထွက်ပြေးခဲ့တဲ့ ဘင်္ဂလီတွေနဲ့ နောက်ပိုင်းမှ ထွက်ပြေးတဲ့ ဘင်္ဂလီတွေ ပေါင်းပြီး  ဘာလုပ်နိုင်မလဲဆိုတာ တွက်ချက်ရပါမယ်။ အထူးသဖြင့် ထွက်ပြေးသူတွေဟာ သံသယဖြစ်လာစရာ (၄)
ချက်ရှိပါတယ်။ ဟိန္ဒူဘာသာဝင်အမျိုးသမီး (၈) ဦးပြန်ဝင်သွားရာ သူတို့ရဲ့ထုတ်ဖေါ်ချက်အရ ပျောက်နေတဲ့  ကျန်ဟိန္ဒူရွာသား (၅၀) ခန့်မြှပ်ထားတဲ့ နေရာ ဆက်ဖေါ်ထုတ်ခိုင်းမှာ စိုးရိမ်မှု၊ တွေ့ရှိထားတဲ့ အလောင်းတွေနဲ့ ဆက်စပ်ကာ အကြမ်းဖက်ဘင်္ဂလီအမျိုးတွေကို ရွာထဲမှာ ရှိခဲ့ရင် ကွင်းဆက် ပေါ်ကုန်မှာကို စိုးရိမ်လို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကို ပြန်ဆင့်ခေါ် စည်းရုံးပြီး သူတို့ရဲ့အကြမ်းဖက်ဇာတ်လမ်း ဆက်လက် ကနိုင်အောင် ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။ ထပ်မံခေါ်ထုတ်တဲ့ ရွာသားတွေကို ရှေ့လူတွေနဲ့ပေါင်းခိုင်းတာဟာ အင်အားထုကြီးအောင် တည်ဆောက်ထားတာဖြစ်ပြီး တကယ်လို့အစိုးရက ပြန်လည် ၀င်ရောက်လာသူတွေကို လက်ခံနေတာ စီစစ်နေတာတွေ ကြန့်ကြာနေမယ်ဆိုရင် ပြသနာတစ်ရပ်ဖန်တီးပြီး နိုင်ငံတကာနဲ့ လှည့်တိုက်မည့် အစီအစဉ်ဖြစ်နိုင်ပါတယ်။  ပြသနာဖြစ်နေစဉ် မထွက်ပြေးဘဲကျန်နေတဲ့ ဘင်္ဂလီရွာတွေ ကျန်သေးတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောစကား မဟုတ်မှန်ကြောင်း သက်သေပြလိုတာကြောင့်လည်း ပါပါတယ်။

ဘင်္ဂလီများ ထွက်ပြေးတိမ်းရှောင်ရာမှာ မိန်းခလေးပျို၊ ယောကျာ်းလေး လူငယ် လူလတ်ကြီးများ မပါရှိဘဲ သက်ကြီးအိုနဲ့ အိမ်ထောင်သည်အမျိုးသမီးများ၊ ကလေးငယ်များသာဖြစ်လို့ အဲဒီလူတွေ၊ လူငယ်၊ လူကြီး မှန်သမျှ တောတွင်း လက်နက်ကိုင် အကြမ်းဖက်သမားများ ပုန်းခိုလေ့ရှိတဲ့နေရာ - မေယုတောင်တန်းဆီသို့ နေ့စဉ် သွားနေတာကော ရှိလားဆိုတာ တွက်ချက်ဖို့လိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments