ကိုပွေး ● တောပန်း
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇
ပန်းထက်လှနေလဲ ပန်းမှမဟုတ်တာ
ထောပတ်သီးလို စိမ်းစိမ်းဆိမ့်ဆိမ့်လေး
တော်လှန်ရေးဆိုတာ ငြိမ်းဖို့မလိုတဲ့မီးလား
အရသာက သိမ်းထားတဲ့ရာဘာခင်းထဲမှာ
ဓားနဲ့ ခပ်နက်နက်ခြစ်မှ စီးကျလာပါတယ်
နေကြာတွေလို သေချာချင်လို့
သေနတ်မှာ မျက်တောင်တပ်ထားတယ်
မလှုပ်နဲ့ မခတ်နဲ့
သတ်ပြစ်ဖို့ လိုအပ်တဲ့အခါ
ပစ်သတ်လိုက်ကြသလို
တောပန်းတွေ မြို့ရောက်တဲ့အခါ
အယူမှားသူရဲ့ အိမ်ဦးခန်းမှာ
ကျည်ခွံတွေက ထိုးထိုးထောင်ထောင်။ ။
ကိုပွေး
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇
ပန်းထက်လှနေလဲ ပန်းမှမဟုတ်တာ
ထောပတ်သီးလို စိမ်းစိမ်းဆိမ့်ဆိမ့်လေး
တော်လှန်ရေးဆိုတာ ငြိမ်းဖို့မလိုတဲ့မီးလား
အရသာက သိမ်းထားတဲ့ရာဘာခင်းထဲမှာ
ဓားနဲ့ ခပ်နက်နက်ခြစ်မှ စီးကျလာပါတယ်
နေကြာတွေလို သေချာချင်လို့
သေနတ်မှာ မျက်တောင်တပ်ထားတယ်
မလှုပ်နဲ့ မခတ်နဲ့
သတ်ပြစ်ဖို့ လိုအပ်တဲ့အခါ
ပစ်သတ်လိုက်ကြသလို
တောပန်းတွေ မြို့ရောက်တဲ့အခါ
အယူမှားသူရဲ့ အိမ်ဦးခန်းမှာ
ကျည်ခွံတွေက ထိုးထိုးထောင်ထောင်။ ။
ကိုပွေး
Comments