လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (32)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (32)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၇

အချက်အလက်များ (Data) ကို စီစဉ်ခြင်း


Sheet မှာက ကိန်းဂဏန်း အတွက်အချက်တွေချည်းပဲ လို့ ထင်ရင် မှားပါမယ်။ စာရင်းဇယားတွေမှာ ဂဏန်းတွေအပြင် အချက်အလက်တွေ (Data) တွေလည်း ပါပါတယ်။ လူအမည်၊ လိပ်စာ၊ ဆိုင်၊ ပစ္စည်းအမျိုးအမည် စတာတွေလည်း တွဲဖက် ပါဝင်ပါတယ်။ သည်တော့ စာရင်းဇယားတွေထဲက ကိန်းဂဏန်းတွေအပြင် အချက်အလက်တွေကိုလည်း စီတာ စဉ်တာ ရှာတာ ဖွေတာ စစ်ဆေးတာတွေလည်း လုပ်ဖို့ လိုအပ်ပါတယ်။ အဲသည်အတွက် Data Sorting and Filtering ဆိုတဲ့ အသုံးကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

Sort ဆိုတာက ငယ်စဉ် ကြီးလိုက်စီတာ၊ ရက်စွဲနဲ့ စီတာ၊ အက္ခရာဝလိ စီတာတွေ ဖြစ်ပြီး Filtering ဆိုတာကတော့  အချက်အလက်တွေကို လိုတာတွေချည်း ရွေးချယ်ပြီး စစ်တာ ဖြစ်ပါတယ်။

Types of sorting စီနည်း အမျိုးအစားများ


Data Sorting လုပ်မယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာက Sheet တခုလုံးလား Cell Range ဆဲလ် အုပ်စု တစုတည်းပဲ ရည်ရွယ်ပြီး စီမှာလားကို ဖြစ်ပါတယ်။
  • Sort sheet  လုပ်တယ်ဆိုတာက sheet တခုလုံးက ကော်လံတခုကို အသေထားပြီးတော့မှ အချက်အလက်တွေကို စီခိုင်းတာ ဖြစ်ပါတယ်။ ဥပမာ အောက်က sheet မှာ နာမည်၊ လိပ်စာ၊ မြို့ ကော်လံတွေနဲ့ လုပ်ထားတဲ့ စာရင်းတခုလုံးမှာ လူနာမည်တွေကို အက္ခရာဝလိအတိုင်း စီခိုင်းရင် လူတွေကို  A to B စီပေးရာမှာ လူနဲ့ သက်ဆိုင်ရာ လိပ်စာတို့ မြို့တို့က သူ့နာမည်နဲ့အတူ အခြားကော်လံတွေမှာ လိုက်ပါပြီး စီပေးပါတယ်။

  • Sorting a column by alphabetical order
  • Sort range လုပ်တယ်ဆိုတာကတော့ ကိုယ်သတ်မှတ်ထားတဲ့ cell တွေအတွင်းမှာပဲ အချက်အလက်တွေကို စီတာ ဖြစ်ပါတယ်။ ဒါက sheet ထဲမှာ သီးခြားစီ ရပ်တည်နေတဲ့ ဇယားတွေ တွဲပြီး ပါနေတယ် ဆိုရင် ကိုယ်လိုချင်တဲ့ cell range ထဲက data တွေကိုပဲ စီတာ ဖြစ်ပါတယ်။ ဥပမာ အောက်က sheet မှာ Running Log Table ထဲက Date အောက်က cell အုပ်စုကိုပဲ စီခိုင်းတာပါ။ သူနဲ့ သက်ဆိုင်တဲ့ Distance တို့ Time တို့အောက်က cell data တွေလည်း Date စီတဲ့အလိုက် ပြောင်းပါတာကို တွေ့ရပါမယ်။
  • Sorting a range

To sort a sheet: Sheet တခုလုံးကို စီခြင်း


အခု ဥပမာမှာ စားသုံးသူစာရင်းတခုလုံးမှာ သူတို့ရဲ့ Last Name နဲ့ပဲ အက္ခရာစဉ်အလိုက် စီကြည့်ရအောင်။ ဇယားမှာ ထိပ်ဆုံးက ကန့်လန့်တန်း (Header row) မှာက ဇယားခေါင်းစဉ်တွေ တပ်ထားတယ်ဆိုတော့ သူ့ကို စီတဲ့အထဲမှာ လိုက်ပါခိုင်းလို့ မရပါဘူး။ သူက ထိပ်စီးမှာ အသေကျန်နေရစ်ရပါမယ်။ သည်တော့ ထိပ်စီးတန်းကို Freeze ဆိုပြီး ကပ်ချန်ခဲပစ် ခဲ့ရပါမယ်။

  1. View မီးနူးကို ဆွဲချပြီး Freeze အပေါ်မှာ မောက်စ်ကို ချပါ။ ပြီးတော့ ဆိုက်မီးနူးက ထွက်လာတဲ့ ရွေးစရာထဲကနေပြီး  1 row အတန်းတခုတည်းလို့ ရွေးပါ။
  2. Freezing the header row
  3. Header Row က freeze သွားပါပြီ။ အခု ဘယ် ကော်လံ column ကို စီဖို့ ရွေးမလဲ။ အခုကတော့ customer last name ကော်လံထဲက cell ကို ကလစ် အရင် လုပ်ပါ။
  4. Selecting a cell in the desired column
  5. Data မီးနူးကို ဆွဲချပါ။ Sort Sheet by column, A-Z (ascending) သို့မဟုတ် Sort Sheet by column, Z-A (descending) တခုခုကို ရွေးပါ။ အခုကတော့ A-Z ကို ရွေးကြတာပေါ့။
  6. Selecting Sort sheet by A to Z
  7. ဒါဆိုရင် Last Name Column မှာ A to Z စီပေးပါမယ်။
  8. The sorted data

To sort a range: ဆဲအုပ်စုကိုရွေးပြီး စီခြင်း

အခု ဥပမာမှာကတော့ Sheet ထဲမှာ စာရင်း ဇယားက ၂ ခု ရှိနေတယ်။ အဲသည်ထဲက ဒုတိယဇယားကိုပဲ ရွေးပြီး စီကြမယ်။ တီရှပ်အရောင်းစာရင်းမှာ အတန်းလိုက် ဘယ်လောက် ရောင်းထားရသလဲဆိုတဲ့ ဇယားကိုပဲ  အနည်းကနေ အများ စီတာပေါ့။
  1. cell range အဖြစ် ကိုယ်စီချင်တဲ့ ဆဲလ် အုပ်စုကို အရင် ရွေးပါ။ အခုဟာက Class ကော်လံအောက်က အတန်းတွေကို ရွေးမယ်ဆိုရင်  cell range က G3:H6.
  2. Selecting a range
  3. Data မီးနူးကို ဆွဲချပါ။ သည်တခါတော့ Sort range ဆိုတာကို ရွေးပါတယ်။
  4. Selecting Sort range
  5. The Sorting dialog box ပေါ်လာပါတယ်။ ဘယ်ကော်လံ column က data တွေကို စီချင်တာလဲကို သင်ရွေးပေးရပါမယ်။ ကော်လံ H က အရောင်းအရေအတွက်ကို အနည်းအများ စီခိုင်းစေချင်တာမို့ Column H ကို ရွေးပါတယ်။
  6. Setting the sort range options
  7. ကော်လံ H မှာ ascending or descending ရွေးရာမှာ descending (Z-A) များရာကနေ နည်းရာကို ရွေးပါတယ်။ Sort ကို နှိပ်ပါ။
  8. Selecting descending

  9. အခုဆိုရင် အတန်းအလိုက် အရောင်းဇယားမှာ အများဆုံး ရောင်းရတဲ့ အတန်းကနေ အနည်းဆုံး ရောင်းရတဲ့ အတန်းကို စီပေးထားတာ တွေ့ရပါတယ်။
  10. The sorted range of cells

To create a filter: စစ်တဲ့ နည်းကို သုံးခြင်း


ဒီဥပမာမှာကတော့ sheet ထဲမှာ ပစ္စည်းစာရင်းတွေ အားလုံးထဲကမှ ငှားလို့ရတဲ့ ကွန်ပျူတာ နဲ့ ပရိုဂျက်တာ စာရင်းတွေ ကို စစ်ထုတ်ခြင်းကို လုပ်ပါမယ်။ ပစ္စည်းများ စာရင်းဆိုတော့ ထုံးစံအတိုင်း ခေါင်းစီးအတန်း header row မှာ ပစ္စည်းအမျိုးအမည်တွေ ခေါင်းစဉ်တွေ ကော်လံထိပ်စီးတွေမှာ တပ်ထားမှာ ဖြစ်တော့ စိစစ်တဲ့အခါ သူတို့ကို ချန်ထားခဲ့ရပါမယ်။ Freeze Header Row လုပ်ရဦးမှာပေါ့။
  1. View မီးနူးကနေ Freeze. 1 row လုပ်လိုက်ပါဦး။
  2. Freezing the header row
  3. ကော်လံတွေထဲကမှ အချက်အလက် စစ်ချင်တဲ့ cell ကော်လံကို ရွေးပါ။ အခုဟာကတော့ TYPE ကော်လံအောက်က cell ပေါ့။
  4. Selecting a cell
  5. ပြီးတော့ မီးနူးဘားပေါ်က ကတော့ပုံလေးနဲ့ Filter Button ကို နှိပ်ပါ။
  6. The Filter button
  7. အဲသည်ကျရင် မိမိရွေးထားတဲ့ ဆဲလ်ရဲ့ ကော်လံထိပ်စီးမှာ အဲသည် Filter icon လေး ပေါ်လာပါတယ်။
  8. Drop-down arrows in the column headers
  9. drop-down arrow ကို ဆွဲချပါ။ အခုဟာက column B  ကို Filter လုပ်မှာ ဖြစ်ပါတယ်။ ဘာကို စစ်မှာလည်း ဆိုတော့ မိမိအလိုရှိတဲ့ ပစ္စည်း Type ကိုပဲ စိစစ် Filter လုပ်မှာပါ။
  10. The checklist of column values
  11. Pull down menu ကနေ Type Column ထဲက Cell Data တွေ ပေါ်လာတာလည်း တွေ့ရပါတယ်။ အခုကတော့ Clear ဆိုပြီး အကုန်လုံးကို ရွေးထားတာကို ဖယ်ရှားလိုက်ပါ။
  12. Clicking Clear
  13. ပြီးတော့မှ ကိုယ် Filter လုပ်ချင်တဲ့ Type တွေကိုသာ ရွေးချယ်ပါ။ အခုကတော့ Laptop နဲ့ Project တွေကိုပဲ စာရင်းကို စိစစ် Filter လုပ်ခိုင်းတာပေါ့။  click OK.
  14. Setting the filter
  15. Filtered Data , စိစစ်ထားတဲ့ အချက်အလက်ကိုသာ လက်ရှိ Sheet မှာ ပေါ်လာပါမယ်။ ကျန်တဲ့ ဒေတာတွေကိုတော့ sheet က filter rule ကြောင့် ဖုံးကွယ်ပေးထားပါတယ်။ ပျောက်မသွားပါဘူး။
  16. Viewing the filtered results

Applying multiple filters - စိစစ်မှု အဆင့်ဆင့် ပြုလုပ်ခြင်း


Filter တွေဆိုတာ ရေစစ်တွေလိုပါပဲ။ အထပ်ထပ် စိစစ်လို့ရပါတယ်။ အဆင့်ဆင့် စစ်ပြီး မိမိအလိုရှိတဲ့ အချက်အလက်ကို ပစ်မှတ်ထား ရှာဖွေလို့ ရပါတယ်။ အခု multiple filter ဥပမာမှာကတော့ - laptop and project တွေချည်းကို အရင် စစ်ချပြီးနောက်မှာ August လအတွင်းမှာပဲ ထုတ်ငှားတဲ့ စာရင်းကိုပဲ စစ်ချင်တယ်လို့ filter လုပ်ကြည့်ရအောင်။ ဗမာလို ဖြောင့်အောင် ပြောရရင်တော့ သြဂုတ်လအတွင်းက ထုတ်ငှားထားမိသော ကွန်ပြူတာနဲ့ ပရိုဂျက်တာစာရင်းကို စစ်ပေးရန် ပေါ့။

  1. ခုနင်က Laptop and Porjector filter လုပ်ပြီးသား ဇယားပေါ်မှာ ထပ်ပြီး စစ်ချင်တဲ့ ကော်လံက drop-down arrow  ဆွဲချပါ။ (Checked Out Date) ခေါင်းစီးနဲ့ column D ကို filter ဆွဲမယ်ပေါ့။ Creating a new filter
  2. အဲသည် Sort Pulldown Window မှာ August တွေကို ရွေးပြီး Check (အမှန်ခြစ်) ကြည့်လိုက်ပါ။
  3. Selecting items
  4. Filter နောက်တိုးအသစ် နဲ့ Result ရလဒ်ဇယား ပေါ်လာပါတယ်။  ဗိုလို ပြောရရင်တော့ - filtered to show only laptops and projectors that were checked out in August.
  5. Viewing multiple filters

Filter View တွေကို နောင်ထပ်သုံးနိုင်အောင် သိမ်းဆည်းခြင်း

ခုနင်က Filter Menu Pulldown ကနေ Create New Filter View ဆိုပြီး ကိုယ့် Filter View ကို အမည်ပေးပြီး သီးသန့် သိမ်းထားလို့ ရပါတယ်။  သဘောကတော့ မိမိ Sheet ကို သူများတွေနဲ့  share သုံးနေတဲ့အခါ မိမိ filter view လုပ်ထားလို့ orignial sheet တခုလုံးကို တခြားလူက တပြိုင်နက်တည်း ၀င်ကြည့်နေချိန် မမြင်ရတော့မှာကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

Creating a filter view

To clear all filters: Filter များကို ရှင်းပစ်ခြင်း

  • Filter button ကို သွားနှိပ်လိုက်ပါ။ filter လုပ်ခဲ့တာတွေ အားလုံး ပျက်ပျယ်သွားပါတယ်။ အရင်အတိုင်း ဇယားကို ပြန်တွေ့ရပါမယ်။
  • Clicking the filter button

Challenge!

  1. အောက်ဖော်ပြပါ sheet ကို ကော်ပီလုပ်ပါ။


  1. Equipment Log tab က ဇယားကို ကြည့်ပါ။
  2. Freeze row 1 လုပ်ပါ။
  3. Sort the spreadsheet by the Checked Out date from most recent to the oldest.
  4. Hint: Sort by column D from Z to A.
  5. Sort the range A2:F9 by column B from A to Z.
  6. Hint: Make sure the box next to data has header row is left unchecked.
  7. Filter the spreadsheet so it only shows equipment that has never been checked in.
  8. Hint: Filter column E to show cells that are empty.
  9. When you're finished, your spreadsheet should look like this:
  10. sorting filtering challenge


ကဲ Google Sheet Basic သင်ခန်းစာတွေကတော့ သည်လောက်ပါပဲ။

နောက်တပတ်မှာ ဆက်ရေးမှာကတော့ - Google Slide ဆိုတဲ့ Powerpoint ဆလိုက်တွေ လုပ်နည်း သုံးနည်း တွေဖြစ်ပါတယ်။ powepoint လို့ ခေါ်ခေါ် slide လို့ ခေါ်ခေါ် keynote လို့ပဲ ခေါ်ခေါ် စာသင်တာမှာ အစည်းအဝေးမှာ အစီရင်ခံတင်ပြတဲ့ဆီမှာ ဆလိုက်တွေသုံးပြီး မိမိပြောချင်တာ သင်ချင်တာ အစီရင်ခံစာကို တင်ပြရတဲ့အတွက် အဲသည်လို slide တွေ လုပ်နည်းကို google slide နဲ့ သင်ပြမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments