ကျော်နိုင် - စည်ပင်ဥပဒေ (အကြံပြုချက် - ၂)





ကျော်နိုင် - စည်ပင်ဥပဒေ (အကြံပြုချက် - ၂)
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၇

စည်ပင်ဥပဒေ (ဂျင်းနံပါတ် - ၂) (ပူးတွဲပါ ပထမ ဓါတ်ပုံ) အတွက် အကြံပြုချက်ဖြစ်ပါတယ်။ ဥပဒေမူကြမ်းထဲက ဂျင်းတွေကို ဖေါ်ပြလို့ မပြီးသေးပါဘူး။ မသင့်တော်ဘူးလို့ ဝေဖန်ထောက်ပြထားတာတွေအတွက် အကြံပြုချက်တွေ အရင်ရေးရင် ပိုကောင်းမယ်ထင်လို့ ရေးနေတာပါ။

စည်ပင်ဥပဒေမူကြမ်းဟာ ပြည်သူတွေအတွက်တင်မဟုတ်ဘဲ အစိုးရအဖွဲ့ကိုလည်း ဂျင်းထဲ့ထားတာပါဘဲ။ ဥပဒေမူကြမ်းရေးသူတွေရဲ့ စိတ်စေတနာ အရင်းခံကို မသိရပေမယ့် ဒီဥပဒေကြမ်းကို အတည်ပြုပြီးမှ ပြည်သူကို ထုတ်ပြန်ကြေငြာမယ်ဆိုရင် အစိုးရအဖွဲ့တော်တော်လေး ဝေဖန်တိုက်ခိုက်ခံရနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ကို ပြောရမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အခြေအနေဆိုးတွေရင်ဆိုင်ရအောင် ရည်ရွယ်ပြီးတော့များ ဒီဥပဒေကြမ်းကို ရေးခဲ့လေသလားလို့ သံသယ ဖြစ်မိပါတယ်။

ဥပဒေကြမ်းထဲမှာ ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ဖြုတ်သင့်ပါတယ်။ မြို့တော်စည်ပင်ကို အာဏာပိုင်အဖွဲ့အနေနဲ့ အာဏာတွေ အပ်နှင်းချင်ရင် စီးပွားရေးလုပ်ပိုင်ခွင့်တွေ မယူပါနဲ့။ အာဏာနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ဟာ တွဲစားရင် အဆိပ်အတောက်ဖြစ်ပါတယ်။

မြို့တော်စည်ပင်ကို စီးပွားရေးလုပ်ခွင့်တွေ မပေးဘူးဆိုရင် "အမည်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်" အခန်းထဲက ပုဒ်မ (၁၀) ကို လုံးဝ ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ဒုတိယ ဓါတ်ပုံကို ကြည့်ပါ)


ပုဒ်မ (၂၇) က "စီးပွားရေး အဖွဲ့အစည်းများ" ဆိုတဲ့ စာသားကို ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ တတိယ ဓါတ်ပုံ)


ပုဒ်မ (၂၇)၊ ပုဒ်မခွဲ (ဂ) "စီးပွားရေးအဖွဲ့အစည်းများ" ကို ဖြုတ်ပြစ်ရပါမယ်။ ဥပဒေကြမ်းထဲမှာ စည်ပင်ကို လုပ်ကိုင်ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းတွေပါ။ ခေါင်းစဉ် (၄) မျိုးဘဲ လုပ်ခွင့်ပြုထားတယ် ထင်ရပေမယ့် နံပါတ် (၄) ခေါင်းစဉ်က "အခြားစီးပွားရေး လုပ်ငန်းများ" လို့ရေးထားတော့ အကုန်လုပ်ခွင့်ပြုထားတာပါဘဲ။ (ပူးတွဲပါ စတုတ္တဓါတ်ပုံ)



ပုဒ်ပ (၃၂) မှာ "စီးပွားရေး အဖွဲ့အစည်းများ" ဆိုတဲ့စာသား ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ပဉ္စမ ဓါတ်ပုံ)




ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (ဠ) "စီးပွားရေးအဖွဲ့အစည်းများ" ကို ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ဆဌမ ဓါတ်ပုံ)


ပုဒ်မ (၅၇) တစ်ခုလုံးကို ဖြုတ်ပြစ်ရပါမယ်။ အဲ့ဒီပုဒ်မအရဆို စည်ပင်က ဘဏ္ဏငွေရှာပြီး အိမ်ရာစီမံကိန်းလုပ်၊ စည်ပင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်မယ့် စီးပွားရေးအဖွဲ့အစည်းကဆောက်၊ ပြည်သူ့ဘဏ္ဏာအတွက် တော်တော်ကြီး အန္တရာယ်များပါတယ်။ (ပူးတွဲပါ သတ္တမဓါတ်ပုံ)



ပုဒ်မ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ နဲ့ ၁၅၅ တို့ကို ပြင်ရ၊ ဖြုတ်ရပါ့မယ်။ ဘယ်လို ပြင်ရဖြုတ်ရမယ်ဆိုတာ နောက် post မှာ ရေးပါ့မယ်။ (ပူးတွဲပါ ဆဌမ ဓါတ်ပုံ)

 

Comments