ခြေရာတွေဆီ. . .
ဆလိုင်းနံရံ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၇
(၁)
လက်ဖက်ရည်သောက်ရအောင်တဲ့။ ကြိုသိပြီးသားအရာတခုသူပြောတာပဲ။ မပြောခဲ့ဘူးဆိုရင်တော့ ကြို သိခဲ့တဲ့အရာ မှားတယ်လို့ ဝန်ခံရမှာပဲ။ ဟားခါးဟာ သိပ်ချမ်းတယ်။ ငါ ခံစားရတာကိုပဲ ပြောတာပါ။ တကယ်လို့ မင်းသာ ငါ့နေရာမှာဆို သိပ်ချမ်းတယ်လို့ပဲ ပြောမှာပါပဲ။ ဟားခါးက ချမ်းတာတော့မဟုတ်ဘူး။ ရာသီဥတုကသာ ချမ်းနေတာပါ။ ဟားခါးကလည်း ချမ်းတဲ့ရာသီဥတုကြား ရောက်နေတာပါ။
(၂)
မြူကို မိန်းကလေးလို့ထင်ချင်စရာပဲ။ နာမည်က မြူ ။ ' ဝူ ' တို့၊ ' ယွင်း 'တို့ နာမည်သာပေးကြည့်ရင် ဟားခါးမြို့ဟာ 'ဝူ'ထူတယ် လို့ပြောရမလားပဲ။ ဟုတ်တယ်ပြောရမှာပဲ။ ဒါ အများလက်ခံကြတာပဲ။ အမှန်တရားတော့ မဟုတ်ဘူး။ သူ့မှာ နာမည်ရှိပုံမတူဘူး။ လူတွေ ပြောလို့ မြူလို့ ငါတွေးမိတာပဲ။ ငါ့ ဘေးက ခွေးကလေးအတွက် ဒါ မြူ မဟုတ်လောက်ဘူး။ သူတို့ဘယ်လိုခေါ်ကြလဲမသိဘူး။ မခေါ်ပဲ နေရင်လည်း နေကြမှာပဲ။ ဒါဆို ကမ္ဘာဟာ ကမ္ဘာဆိုတာ စကြာဝဠာအမှန်တရားမဟုတ်ဘူး။ ဒီလိုတော့ လည်း အရာရာဟာ ဗလာကြီးပါလား။ အမှန်တရားလို့ ထင်ရင် အမှန်တရားလို့ နာမည်ပေးလိုက်။ မင်း မမှားဘူး။ ဒါဆို ငါဟာ ဘူနိန်မဟုတ်ပဲ ဂီဂီသာဖြစ်ကြည့်၊ ငါဟာ ငါဖြစ်နေတုန်းပဲ။
ငါလက်ခံပါတယ်။ မြူဟာ ဗလာကြီးနဲ့ တည်နေတယ်။
(၃)
တခါတလေတော့ စိတ်ဟာကိုယ်နဲ့မကပ်ဘူး။ မကပ်ဘူးဆိုတာကလည်း စိတ်နဲ့နှလုံးသားဟာ ပိုရင်းနှီးလို့ပဲ ဖြစ်ဟန်ရှိတယ်။ နှလုံးသားကတော့ စိတ်ကိုနားလည်သလိုပါပဲ။ စိတ်နဲ့နှလုံးသားဟာ တခုတည်းလို့ ယုံချင် စရာကောင်းသလို
(၄)
ထောင်လှေ။ မွေးရာပါခင်လာကြသူမဟုတ်ဘူး။ မူလတန်းတုန်းက ကမ္ဘာပေါ်မှာ သူရှိနေလိမ့်လို့ ငါ မတွေး ဖူးဘူး။ ခုတော့ သူ့ကိုငါသိတယ်။ ဖြစ်သလို နေတဲ့ကောင်တယောက်လို့ ငါသိတယ်။ ဖြစ်သလိုနေတာကလည်း ဟိတ်ဟန်မရှိလို့ပဲ။ ဟိတ်ဟန်နဲ့ခပ်တည်တည်နဲ့ပြတ်ပြတ်
သူဘာတွေးလဲ ငါမသိဘူး။ သူလုပ်နေတာအချို့ကိုတော့ ငါတွေ့တယ်။ သူတက်တဲ့ကျောင်းကိုငါသိတယ်။ သူရေးတဲ့စာ ငါဖတ်ဖူးတယ်။ ငါသူ့ကို သိတယ်။ ထောင်လှေ။ တကယ်လို့ ငါတို့မသိရင် အခုသူ့ကိုမြင်တဲ့ အချိန်မှာ လူငယ်တယောက်ကို ငါကြည့်သလိုကြည့်ရင်ကြည့်မယ်။ ကြည့်ချင်မှလည်း ကြည့်မယ်။ သူ့ဆီကို ငါလာတာပဲ။ ငါတို့ အချင်းချင်းသိတယ် ။
မကွေးကို ငါရောက်ဖူးတယ်။ ထောင်လှေနဲ့ တွေ့တယ်။ ငါမကွေးရောက်တာ ကြာခဲ့ပါပြီ။ ကြာတာမှ ကြား ထဲတောင် ဟားခါးမှာဆုံကြသေးတယ်။ ဧပြီလလောက်ပေါ့ ။ ငါဆေးရုံမတက်ခင်မနက်က လက်ဖက်ရည် ဆိုင်မှာ လက်ဖက်ရည်သောက်ခဲ့ကြတာတို့ ဆေးရုံတက်တော့ ဆေးရုံမှာဆုံခဲ့ကြတာတို့၊ နောက်ပိုင်း မတွေ့ တော့ဘူး။ ငါ့ကိုလည်း သူမတွေ့တော့ဘူး။ ပြန်တွေ့တဲ့အခါ ပြန်တွေ့ကြတယ်လို့ ငါရေးမယ်စိတ်ကူးတယ်။
(၅)
တစ်ပတ်ကြာလောက် နေရောင်ခြည်မမြင်ရပဲ နေ့ရက်တွေကိုဖြတ်သန်းမှုဟာ ဒီနေ့တော့ကောင်းကင်ပြာ ကြီး ပြန်ပေါ်လာမှုနဲ့ အဆုံးသတ်လိုက်ပါပြီ။ ဘယ်ချိန်ပြန်ပျောက်မလဲတော့ ရင်ထိတ်နေရသေးတယ်။ ဘာဖြစ်ဖြစ် နေရောင်ခြည်တွေ ငါ့အသားရေကိုထိတွေ့တဲ့ခံစားမှုကေ
ကြုံဖူးနေကျဆိုပေမယ့် ဘယ်တော့မှနေသားကျလို့မရတဲ့ ရာသီဥတု။ ဟားခါးကို ကျောင်းပိတ်ပြန်လာ တော့ ညကြီးမင်းကြီး ချမ်းစိမ့်စိမ့်နဲ့ကြိုဆိုမှုကိုခံခဲ့ရတယ်။ အရာရာဟာ သိပ်ကိုမှ တိတ်ဆိတ်လှတယ်။ အိမ်တချို့မီးလင်းတာကလွဲလို့ လူတွေမှနေကြသေးရဲ့လားဆိုတဲ့တိတ်ဆိတ်မှုမျိုးနဲ့ အိမ်ကိုပြန် ရောက်ခဲ့ တယ်၊ ခုနစ်ရက်အကြာထိ နေရောင်မမြင်သေးဘူး။ မနက်ခင်းမြူတွေအပြည့်၊ နေ့လည်လောက်ကျ မိုး တွေခပ်စိမ့်စိမ့်ရွာ၊ တိမ်တွေဟာ ကောင်းကင်မှာမနေ မြေပြင်လာပြီး တောင်ပေါ်သားတွေကြားရော နေ တတ်ကြ၊ ညတွေဟာလည်း မိုးလား နှင်းမိုးလားမသေချာတဲ့ စိုစွတ်မှုတွေ တဖျောက်ဖျောက်ကျနေတယ်။
နေရောင်ခြည်လွမ်းလာရင် လူမှုကွန်ယက် အပ်ပလီးကေးရှင်းမေ့ဆင်ဂျာကနေ နေပြည်တော် ကျန်ခဲ့တဲ့ သူငယ်ချင်းဆီက နေရောင်ခြည်ဓာတ်ပုံကို လှမ်းလှမ်းမှာခဲ့ရတယ်။ ဒီနေ့တော့ ကောင်းကင်ဟာ အပြာ ရောင်သန်းတဲ့အကြောင်း၊ တိမ်တွေထက်မှာ နေဟာထွက်မြဲထွက်နေဝင်မြဲဝင်နေတဲ့အကြောင်း ငါတို့ရဲ့ သံသယတွေကင်းသွားခဲ့ပါပြီ။
(၆)
မိန်းကလေးတယောက်ဆီက စာဝင်လာတယ်။ မိုးကို မကြိုက်တဲ့မိန်းကလေး ၊ ချမ်းလွန်းတာကို မခံနိုင်တဲ့ မိန်းကလေးဆီက နေရောင်ပြန် ထွက်လာမှုနဲ့အတူ စာတစောင်ဟာ ငါ့ဆီကိုရောက်လာတာပဲ။ မိန်းကလေးရဲ့ပုံတူပန်းချီ ငါ့ဆီရှိတာ ရက်ပေါင်းရေတွက်ရရင် စဆွဲပြီး ကတည်းကလို့ ဆိုရမှာပဲ။ ဒီနေ့တော့ ပိုင်ရှင်ဆီပို့ပေးဖို့ စာဝင်လာပြီ။ ရာသီဥတုလည်း ပြန်ကောင်းလာပြီ။
ဆိုင်ကယ်ညစ်ပတ်ပတ်လေးကို စက်နှိုးပြီး အကြွေးဆပ်ဖို့သွားတဲ့ မိန်းမကြီးတယောက်လို လမ်းပေါ်ထွက် လာတယ်။ ကျောပိုးအိတ်ကြီးကိုလည်း လွယ်ထားသေးတယ်။ ကျန်နေသေးတဲ့တိမ်စတိမ်နတွေ ငါ့ကို မျက်စောင်းထိုးနေတယ်။ ဒါကို ငါမမှုပါဘူး။ ငါသိတာ မျက်လုံးသိပ်လှတဲ့မိန်းကလေးတယော
ပြောရရင်တော့ မိန်းကလေးအိမ်ကို ရောက်သွားခဲ့တယ်ပေါ့။ မိန်းကလေးဟာ နောက်ဆုံးတွေ့ခဲ့တဲ့ မေလ တုန်းကထက် ဆံပင်ရှည်လာတယ်။ လှလည်းပိုလှလာတယ်လို့တော့ လေပိုမမှုတ်ချင်ပါဘူး။ အမှန်က အရင်ရုပ်အတိုင်းပါပဲ။ မိန်းကလေးရဲ့ပုံတူပန်းချီကားကို အနုပညာချစ်တဲ့တဏှာ စိတ်နဲ့ ဆွဲ ပေးတာလို့ပဲ ပြောရမယ်။ ဘောင်တွေဘာတွေတပ်မထားဘူး။ စာရွက်ပေါ်က ခဲတံခြစ်ရာတွေနဲ့ပုံ ဖော်ထားတဲ့ မိန်း ကလေးကို မိန်းကလေးရဲ့လက်ထဲထည့်ပေးလိုက်တယ်။ မစ်ရှင်ပြီးပြီ။ ဒါ ငါ့မစ်ရှင်ပြီးတာပဲ။ ကော်ဖီ သောက်မလာ အအေးသောက်မလား ဘာသောက်ချင်လဲတဲ့။
တကယ်တော့ ဘာမှမသောက်ချင်ဘူး။ ဒီတခါ ထပ်သောက်ရင် ဒီနေ့တနေ့မှာကို သုံးခွက်မြောက်ဖြစ် တော့မယ်။ ဒါပေမဲ့ ကော်ဖီပဲသောက်မယ်လို့ ငါပြောမိလိုက်တယ်။ ပရီးမီးယားသောက်မလား ဆန်းဒေး သောက်မလား နောက်ပြီးနို့ဆီထည့်ရမလားတဲ့။ တံတားလယ်ကို ငါရောက်ခဲ့ပြီ။ တံတားအဆုံးကို ငါဆက် လျှောက်ရတော့မယ်။ ပရီးမီးယားပဲ လုပ်ပေးပါလို့ ပြောလိုက်မိပြန်တယ်။ နေ့လည်တုန်းကပဲ ပရီးမီးယားငါ သောက်ပြီးပြီ။ မနက်က ချိုစိမ့် သောက်ခဲ့သေးတယ်။ ငါမငြင်းချင်ဘူး။ နောက်ဆုံးတော့ မိန်းကလေး ဖျော် တာကို ငါသောက်ခဲ့တယ်။ အဆင်ပြေပါတယ်။ စကားဘာပြောရမှန်း ငါမသိဘူး။
တောင်ပြောမြောက်ပြောနဲ့ ရှက်ကန်းကန်းနဲ့ ငါပြန်ခဲ့တယ်။ မိန်းကလေးကတော့ သိမယ့်ပုံမပေါက်ဘူး။ မိန်း ကလေးရဲ့အိမ်နံရံမှာ မိန်း ကလေးရဲ့ရိုးရာဝတ်စုံနဲ့ပုံကြီး ချိတ်ထားတယ်။ စိတ်ထဲ သတိထားမိတာလေးပါ ။ ဘာပဲဖြစ်နေဖြစ်နေ။
တကယ်တော့ ဘာမှမသောက်ချင်ဘူး။ ဒီတခါ ထပ်သောက်ရင် ဒီနေ့တနေ့မှာကို သုံးခွက်မြောက်ဖြစ် တော့မယ်။ ဒါပေမဲ့ ကော်ဖီပဲသောက်မယ်လို့ ငါပြောမိလိုက်တယ်။ ပရီးမီးယားသောက်မလား ဆန်းဒေး သောက်မလား နောက်ပြီးနို့ဆီထည့်ရမလားတဲ့။ တံတားလယ်ကို ငါရောက်ခဲ့ပြီ။ တံတားအဆုံးကို ငါဆက် လျှောက်ရတော့မယ်။ ပရီးမီးယားပဲ လုပ်ပေးပါလို့ ပြောလိုက်မိပြန်တယ်။ နေ့လည်တုန်းကပဲ ပရီးမီးယားငါ သောက်ပြီးပြီ။ မနက်က ချိုစိမ့် သောက်ခဲ့သေးတယ်။ ငါမငြင်းချင်ဘူး။ နောက်ဆုံးတော့ မိန်းကလေး ဖျော် တာကို ငါသောက်ခဲ့တယ်။ အဆင်ပြေပါတယ်။ စကားဘာပြောရမှန်း ငါမသိဘူး။
တောင်ပြောမြောက်ပြောနဲ့ ရှက်ကန်းကန်းနဲ့ ငါပြန်ခဲ့တယ်။ မိန်းကလေးကတော့ သိမယ့်ပုံမပေါက်ဘူး။ မိန်း ကလေးရဲ့အိမ်နံရံမှာ မိန်း ကလေးရဲ့ရိုးရာဝတ်စုံနဲ့ပုံကြီး
(၇)
ဒီနေ့ ဘောလုံးပွဲသွားကြည့်တယ်။ ဝမ်သူမောင်းကွင်းဟာ အရင်လိုတကွင်းလုံးမှာ လူတွေစိတ်ကြိုက်ထိုင် လို့မရတော့
သူမူးတယ် ငါလည်း ခေါင်းနည်းနည်းမူးတယ်။ မိန်းကလေးနဲ့တွေ့ပြီး ပထမဆုံးမူးတာပဲ။
လမ်းကလည်း ပိုဆိုးလာသလိုခံစားရတယ်။ နွေးထွးမှုတွေတော့ ရင်ထဲကျန်ခဲ့တယ်။ ခေါင်ရည်ကြောင့်ဖြစ်ဖြစ် မိန်းကလေးကြောင့်ပဲဖြစ်ဖြစ်။
(၈)
ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ
ဟားခါရာသီဥတုက မိုးမရွာတော့ကောင်းတယ်ပြောလို့ရေ
လူတွေရဲ့ ဘာသာတရားယုံကြည်မှုလိုပဲ ငါယုံကြည်တယ်။ ငါယုံကြည်တယ်ဆိုတာက ငါသူ့ကိုကြိုက်တယ် ဆိုတာကိုပါ။ မိန်းကလေးက ငါ့ကို ဘယ်လို သဘောထားလဲဆိုတာ ငါမသိနိုင်ဘူး။ မြေငလျင်ကို တိုင်းလို့ မရသလိုပဲ။ လှုပ်ပြီဆိုမှ သိရတယ်။ ခန့်မှန်းလို့မရဘူး။ ညတိုင်း အိပ်မက်လှလှလေးမက်ဖို့ မေ့ဆေခ်ျပို့နေ ကျအတိုင်း ထပ်ပို့တယ်။ ဒီချိန်ဟာ မိန်းကလေး လိုင်းသုံးနေကျပဲ။ ဒါပေမဲ့ ဒီည မိန်းကလေး ကျွန်တော့် ကို စာမပြန်ဘူး။ ဒီညမှမဟုတ်ပါဘူး သုံးလေးညလောက်ရှိပြီ။ ကျွန်တော်ကျ ပုံမှန်ပို့ရက်နဲ့ ဘာလို့ပုံမှန်စာ မပြန်တာလဲတွေးမိ
ကံကြမ္မာဘာညာ၊ ဖူးစာဘာညာ၊ ကံတရားဘာညာ၊ ရှေးဘဝဘာညာများရဲ့အကျိုးသက်ရော က်မှုများလား။ ကောင်းကင်အလိုတော် ဘာညာများလား။
(၉)
ဒီနေ့ရာသီဥတု တဖန်ဆိုးလာပြန်ပါပြီ။ အစိုးရနဲ့ပြည်သူကြားကပြဿနာလို
ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ယုံချင်မှလည်းယုံကြမှာပါ။ မိန်းကလေးကို ငါကြိုက်တယ်။ မိန်းကလေးငါ့ကို ပြန်ကြိုက်ချင်မှပြန်ကြိုက်လိမ့်မယ်။ ငါလည်း မိန်းကလေးကို ကြိုက်ချင်မှတသက်လုံးကြိုက်မယ်။ ဟားခါး ရုန်းတောင်ကြီးပြိုကတည်းက ဖြစ်တတ်တဲ့အရာတွေကို ကြိုတွက်မိ တတ်လာတယ်။
ဆိုင်တော့ မဆိုင်ဘူးပေါ့ ။
ဘဝဆိုတာ ဒီလိုပါပဲ။
နောက်ပိုင်း ရာသီဥတုဆိုးဆိုးနဲ့ ဟားခါးကို နှုတ်ဆက်ဖြစ်တယ်။ ချစ်တယ်ဆိုတာ ချစ်တာပါပဲဆိုတဲ့ ဒဿန တွေကိုခံယူလိုက်တယ်။
ဆုမတောင်းခင် ထမင်းစားတာမဟုတ်ဘူး။ ထမင်းမစားခင်ဆုတောင်းတာ ၊ ထမင်းစားပြီး ဆုထပ်တောင်း တာ။
ချစ်ပြီးမှတော့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်မြတ်၌ အာမင်။
လူဖြစ်လာမှတော့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်မြတ်၌ အာမင်။
" ဘဝဆိုတာ ဒါပါပဲ " အဲ့လိုတွေးပြီးပြောမှလုပ်မှ အရာရာ အဆင်ပြေမယ်ဆိုရယ်လို့လည်း မဟုတ်ဘူးပေါ့။
ဆလိုင်းနံရံ
Comments