လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (36)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (36)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇

Adding pictures and shapes - ရုပ်ပုံတွေ ထည့်သွင်းခြင်း

သင့်ဆလိုက်တွေ စိတ်ဝင်စားမှုရှိစေဖို့နဲ့ ဆွဲဆောင်ဖို့က ရုပ်ပုံတွေ ကားချပ်တွေ ဘောင်တွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဂူးဂဲဆလိုက်မှာ Picture and Shape Tools ဆိုတာ ပါဝင်ပါတယ်။ ပြီးတော့ image တွေကို သင်ကြိုက်သလို ဖော်မက်ချလို့လည်း ရတယ်။ ဖော်မက် ချတယ်ဆိုတာက ပုံကို crop ဖြတ်ထုတ်တာ၊ reordering ရှေ့နောက်စီစဉ်တာ၊ changing color အရောင်ပြောင်းတာ စတဲ့ ကိစ္စတွေကို ဆိုလိုပါတယ်။

Inserting pictures - ပုံထည့်ခြင်း

ရုပ်ပုံတွေကို ဆလိုက်ထဲ ထည့်မယ်ဆိုရင် ကွန်ပြူတာထဲက ပုံ picture from a file on your computer ထည့်လို့ ရသလို အွန်လိုင်းပေါ်က ပုံတွေရော - online pictures ပြီးတော့ စကရင်ကို ပုံဖမ်းပြီး screenshots ထည့်တာရောပါ လုပ်လို့ရပါတယ်

To insert a picture: ပုံထည့်မယ် ဆိုရင်

  1. Insert menu ကို ဆွဲချပါ။ ပြီးတော့ Image ကို ကလစ်လုပ်ပါ။
  2. Selcting Image in the Insert menu
  3. Insert image အကွက်ပေါ်လာတဲ့အခါမှာ - ပုံကို နေရာအမျိုးမျိုးက ထည့်လို့ရတဲ့ Tab တွေ တွေ့ရပါမယ်။
  4. The Insert image dialog box
  5. နမူနာအားဖြင့် search the Web အင်တာနက်ပုံကို ရှာပြီး ထည့်မယ် ဆိုပါစို့ -
  6. Searching for an image
  7. Google Search ကနေပြီး Toy Robot ဆိုပြီး ရိုက်ပြီး ရှာပါ။
  8. Selecting an image
  9. နှစ်သက်ရာပုံကို ကလစ်လုပ်ပြီးနောက် ဆလက် လုပ်လိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း ပုံက ဆလိုက်ထဲမှာ ပေါ်လာပါတယ်။
  10. The image is inserted into the slide

Formatting pictures - ပုံများကို ဖော်မက်ချခြင်း

ဂူးဂဲဆလိုက်ထဲက ပုံတွေကို ဒါတွေ လုပ်လို့ရတာကို သင်ပြရမှာ ဖြစ်ပါတယ်။ resize , rotate, crop and adjust စတာတွေ ဖြစ်ပါတယ်။

To crop an image: ပုံကို လှီးခြင်း ဖြတ်ခြင်း

  1. ပုံကို ဆလက်လုပ်ပါ။ မီးနူးဘားမှာ Crop command ကို ရွေးလိုက်ပါ။
  2. Clicking the Crop command
  3. Cropping handles ဆိုတဲ့ လှီးတဲ့လက်ကိုင်က ပုံရဲ့ ဘောင်မှာ ပေါ်လာပါတယ်။ ကလစ်လုပ်ပြီး ဖိဆွဲပါ။ Resize Handle နဲ့ မှားတော့ မဆွဲမိစေနဲ့။  ပုံကို ဖြတ်ထုတ်တာထက် ဆိုက်ချဲ့ချုံ့တာ သွားလုပ်မိတာ ဖြစ်သွားပါမယ်။ ပုံကို မိမိအလိုရှိတဲ့ ဧရိယာကိုပဲ ရွေးထုတ်ပါ။ ကျန်တာကို ဖြတ်ထုတ်လိုက်တာကို crop လုပ်တယ်လို့ ခေါ်ပါတယ်။
  4. Dragging the crop handles
  5. အနက်ရောင် ထောင့်တွေက ကရော့၏ လက်ကိုင်တွေ ပါ။ အပြာရောင် ထောင့်တွေက ရီဆိုက်ဇ် လုပ်တဲ့ လက်ကိုင်တွေပါ။ ပုံကို လိုအပ်သလို ဘောင်ခတ်တဲ့ crop handle နဲ့ ကန့်ပြီးရင် Crop command ကို ထပ်နှိပ်လိုက်ပါ။ ပုံကို ဖြတ်ထုတ်ပြီးသား ဖြစ်သွားပါတယ်။
  6. The cropped image

To crop an image to a shape: ပုံကို ဘောင်တခုထဲဝင်အောင် ကရော့လုပ်ပုံ

  1. ပုံမှန် ကရော့လုပ်ရင် လေးထောင့်ဘောင်အတွက်ပဲ ကရော့ လုပ်လို့ရပါတယ်။ နောက်တနည်းကတော့ မိမိ စိတ်ကြိုက် shape ဘောင်ပုံသဏ္ဍာန် အမျိုးမျိုး - စက်ဝိုင်း၊ ကြယ်၊ မြား စတာတွေထဲမှာ ဘောင်ဝင်အောင် ဖြတ်ထုတ်နည်း ဖြစ်ပါတယ်။ ခုနင်ကအတိုင်း ပုံကို ဆလက်လုပ်။ Crop Command က အောက်စိုက်နေတဲ့ မြားကို ဆွဲချ။ အဲသည်မှာ ပုံသဏ္ဍာန်အမျိုးမျိုး ပေါ်လာပါတယ်။ crop shape မျိုးစုံပေါ့။ အဲသည်ထဲက အ၀ိုင်းဘောင်ကို ရွေးတယ် ဆိုကြပါစို့။
  2. The Mask Image menu
  3. ပုံကို တခါတည်း အ၀ိုင်းဘောင်ဖြင့် ဖြတ်ထုတ်ပေးတာကို တွေ့ရပါမယ်။
  4. The masked image
အ၀ိုင်းဘောင် ဖြတ်ထုတ်ပြီးတာကို ပြန်ပြင်ဆင်ချင်ရင် crop ကို ပြန်နှိပ်ပါ။ cropping handles ပြန်ပေါ်လာပါတယ်။ အဲသည်မှာ ပြန် ချိန်တာ ကစားတာ လုပ်လို့ရပါတယ်။

Image options - ပုံ၏ အခြားရွေးစရာ ဆက်တင်များ

ပုံရဲ့  transparency, brightness, and contrast ကို ပြင်လို့လည်း ရပါတယ်။ recolor ဆိုတဲ့ ပုံကို အရောင်ပြောင်းတာလည်း လုပ်လို့ရပါတယ်။ Image ကို ဆလက်လုပ်ပါ။ Image options ကို toolbar ကနေ ဆွဲချပါ။ သို့မဟုတ် Format menu ကနေလည်း image option ကို သွားလို့ရပါတယ်။  Image Options pane လို့ ခေါ်တဲ့ ၀င်းဒိုးတခု ပေါ်လာပါတယ်။
The Image Options pane

Moving and resizing pictures - ပုံကို ရွှေ့ခြင်း ဆိုက်ပြောင်းခြင်း

  • To move an image: ပုံကို ဆလက်လုပ်၊ ဖိဆွဲပြီး လိုချင်တဲ့နေရာကို ရွှေ့ပါ။
  • Moving an image
  • To resize an image: ပုံကို ဆလက်လုပ်လိုက်ပါ။ လုပ်လိုက်တာနဲ့ ပုံ၏ ဘောင်မှာ အပြာရောင် Sizing handles ပေါ်လာပါတယ်။ sizing handles  ကို လိုအပ်သလို ကလစ်လုပ် ဖိဆွဲ ရုံပါပဲ။
  • Resizing an image
  • To rotate an image: ပုံကို စောင်းချင် လှည့်ချင်ရင် ခုနင်ကလို ပုံကို ဆလက်လုပ်။ အပြာရောင် အပေါ်ဘောင်၏ အလယ်မှာ မျဉ်းကြောင်းနဲ့ ဆက်ထားတဲ့ အပြာရောင် အ၀ိုင်းလေး က rotation handle ဖြစ်ပါတယ်။ အဲသည်ကောင်ကို ဖိပြီး လှည့်ပါ။ ကစားပါ။
  • Rotating an image

Inserting shapes - ဘောင်များ ထည့်ခြင်း


ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဘောင်တွေ (Shape) တွေကိုလည်း Google Slide မှာ ထည့်သွင်းလို့ ရပါတယ်။ စာသားချည်း သက်သ်၊ ရုပ်ပုံတွေ သက်သက်ထက် shape တွေထည့်တာကလည်း မိမိ presentation ကို ပိုပြီး စိတ်ဝင်စားမှု ဆွဲဆောင်မှု ရှိစေပါတယ်။

To insert a shape: - ဘောင်တွေ ထည့်ပုံ

  1. Shape command ကို toolbar ကနေ ခေါ်ပါ။ Shape menu ဖွင့်လိုက်ပါ။  အလိုရှိရာ shape တခုခုကို ရွေးချယ်ပါ။ သင်ခန်းစာမှာ teardrop shape ကို ကလစ်လုပ်ပါတယ်။Selecting a shape from the Shape menu
  2. မောက်စ်ကို မိမိ ထားချင်တဲ့ နေရာမှာ ကလစ်လုပ်၊ ဖိဆွဲပြီး shape ကို ဆွဲပါ။ သင်ခန်းစာမှာကတော့ ခုနင်က စက်ရုပ်ခေါင်းပေါ်မှာ အဲသည် ဘောင်ကို ထပ်ပြီး ဆွဲလိုက်ပါတယ်။ အောက်ပုံကို ကြည့်ပါ။
  3. Click and drag on the slide to draw the shape
  4. မောက်စ်ကို လွှတ်လိုက်ရင် ဘောင်က စက်ရုပ်အပေါ်မှာ ဖုံးပြီး ထွက်လာပါတယ်။
  5. The new shape

Formatting shapes - ဘောင်များကို ဖော်မက်ချခြင်း


ရုပ်ပုံတွေလိုပဲ shape တွေကို move, resize စသည်ဖြင့် လုပ်လို့ရပါတယ်။ အဲသည်အတွက် ပုံကို ဆလက်လုပ်ပြီးရင် သူ၏ ဆိုက်တွေ အချိုးတွေ ပြောင်းချင်တာကို  diamond handle လေးကို ဆွဲပြီး သုံးလို့ရပါတယ်။ အောက်မှာ အ၀ါရောင်အစက်ကလေးက diadond handle ပါ။
Adjusting the proportions of a shape
ပြီးတော့ shape ဆိုတာက အသေချည်း မဟုတ်တဲ့အတွက် သူ၏ ဘောင်အတွင်းက အရောင်၊ လိုင်း၏ အရောင်၊ အထူ အပါး လိုင်းကို အပြတ်တွေ အရိပ်တွေ စသည်ဖြင့်လည်း ပြောင်းလို့ရပါတယ်။ fill color, line color, line weight, နဲ့ line dash. အဲဒါတွေအတွက် ဘောင်ကို ဆလက်လုပ်ပါ။ ပြီးတော့ ပြင်ချင်တဲ့ ပုံစံကို အောက်က ဖော်ပြထားတဲ့ menu option ၄ ခုကနေ ရွေးနိုင်ပါတယ်။
Shape format options

Reordering objects - ဘောင်များကို စီစဉ်ခြင်း

ဆလိုက်တခုမှာ ပုံတွေ စာသားတွေ ဘောင်တွေ ဒီဇိုင်းတွေ အမျိုးမျိုး ပါဝင်ပါတယ်။ သူတို့ကို နေရာချထားတဲ့ဆီမှာ အစီအစဉ်တွေ လိုပါတယ်။ ပန်းချီဆွဲသလိုပေါ့။

အခုသင်ခန်းစာမှာ စက်ရုပ်ပုံပေါ်မှာ ဖုံးနေတဲ့ teardrop ဘောင်ကို အောက်ခံဘောင်ဖြစ်အောင် နောက်ဆုတ်ပြပါမယ်။ reorder object လို့ ခေါ်ပါတယ်။ ရှေ့နောက်စီစဉ်ခြင်း ပေါ့။

To reorder an object: ရှေ့နောက် စီခြင်း

  1. ဘောင်ကို ဆလက်လုပ်ပါ။
  2. Arrange menu ကို ဆွဲချပါ။ Order, ကို ဆလက်လုပ်ပါ။ အဲသည်မှာ object တွေကို ရှေ့ နောက် စီစဉ်ပုံကို ရွေးစရာ ပေးထားပါတယ်။ Send to back ကို ရွေးပါ။
  3. Sending an object to the back
  4. အဲဒီမှာ စက်ရုပ်ပုံနောက်ကို ဘောင်က ရောက်သွားပါတယ်။
  5. The object is reordered
နောက်တချက်ကတော့ ပစ္စည်းတွေအားလုံးကို ရှေ့နောက် စီရာမှာ အခုပေါ်နေတဲ့ စက်ရုပ်ကို ဘေးမှာထပ်နေတဲ့ စကားပြောဘောင် နောက်ကို ရွေ့ချင်ရင် Send backward command သုံးလို့ ရပါတယ်။ အဲသည်အခါကျတော့ စက်ရုပ်က TEARDROP SHAPE နဲ့ စကားပြောဘောင်အကွက် ကြားထဲမှာ ပေါ်နေပါတယ်။
Sending an image back one layer

Challenge! အိမ်စာ

  1. ဒီဖိုင်ကို အွန်လိုင်းကနေ ရယူပါ။ https://docs.google.com/presentation/d/1ysZ9u5hwNOJiYmWx2gNo2ay16XJbaCpG0hLKf1rc2Po/edit?usp=sharing  File > Make a copy လုပ်ပြီး ကိုယ်ပိုင် ကော်ပီပွားလိုက်ပါ။
  2. slide 15 ဆီသွားပြီး စက်ရုပ်ကို ရှည်ထွက်လာအောင် resize လုပ်ပါ။
  3. စက်ရုပ်ကို Crop လုပ်ပါ။ စက်ရုပ်၏ လက်အောက်ပိုင်းအကုန်လုံးကို ဖြတ်ထုတ်ပါ။
  4. စက်ရုပ်ကို ညာလက် အောက်ထောင့်ကို ရွေ့ပါ။
  5. စက်ရုပ်၏ ဘယ်ဘက်မှာ စကားပြောခန်း ဘူဘောင်း ဘောင် - speech bubble shape ကို ထည့်ပါ။
  6. callout category မှာ အဲသည် ဘောင်အမျိုးအစား - Shape ရှိပါတယ်။
  7. ဘူဘောင်းက diamond handle ကို ဆွဲပြီး စက်ရုပ်၏ ပါးစပ်နားသို့ ရွေ့ပေးပါ။ ပြီးတော့ စာသားကို အောက်ပါအတိုင်း ရိုက်ထည့်ပါ။ Go forth and be safe!
  8. font size ကို 30 pt ပြောင်းပါ။ စာသားကို center align လုပ်ပါ။
  9. ဘောင်ကို fill color နဲ့ ကာလာတခုခု ထည့်ပါ။
  10. အောက်ပါအတိုင်း အနီးစပ်ဆုံး ဖြစ်ရပါမယ်။
  11. Adding Pictures Challenge

(ဆက်လက် ဖော်ပြပါမည်)

Comments