မောင်ကျေးရေ (ကယ်လီဖိုးနီယား) - ရာသီဥတုပြောင်းလွဲလာခြင်းနှင့်မြေအောက်ရေ



မောင်ကျေးရေ (ကယ်လီဖိုးနီယား) - ရာသီဥတုပြောင်းလွဲလာခြင်းနှင့်မြေအောက်ရေ - (Climate change and Groundwater)
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၇


စကားဦး

သက္ကရာဇ် (၁၇၆၀) ခုနှစ်အလွန်၊ စက်မူ့တော်လှန်ရေးစသည့်အချိန်မှစ၍ စက်ရုံအလုပ်ရုံ တည်ဆောက်ထားသည့်နေရာတိုင်း၌ စက်ရုံအလုပ်ရုံကထုတ်လွတ်သည့် အပူရှိန်ရှိမီးခိုးငွေများကြောင့် အပူချိန်တဖြေးဖြေး မြင့်တက်လာခြင်းမိုးရွာသွန်းသည့်အခါ အဆိုပါ အငွေ့များပျော်ဝင်လာခြင်း၊ လေတိုက်ရာအတိုင်း လွင့်မျောနေခြင်းများကစတင်၍ ရာသီဥတုကိုတဖြေးဖြေး ပြောင်းလဲလာစေသည်။ (၁၈)ရာစုက စတင်သည်ဟု မှတ်ယူထားရသည်။ နှစ်ပေါင်းရာကျော်ခဲ့၏။ (၁၉) ရာစု (၂၀) ရာစုနှစ်များကစ၍ ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ရေအရင်းအမြစ်များ၏ ဇလဗေဒ၊ ဇလဘူမိဗေဒ အနေအထားများကို ယိုယွင်းစေသည့် သက်ရောက်မူ့များရှိလာ သည်။ စာရေးသူသည် ရာသီဥတုပြောင်းလွဲမူ့ကြောင့် မြေအောက်ရေအပေါ်မည်သို့ သက်ရောက်သည်ကို အဓိကထား ရေးထားပါသည်။ မြန်မာနှိင်ငံ၏အခြေအနေများကိုလည်း စာရေးသူသိရှိနားလည်ထားသည်များကို အခြေခံရေးသားထားပါသည်။

 

ကမ္ဘာကြီးပူနွေးလာခြင်း

(၂၀)ရာစုအလယ်လောက်ကစ၍ လောင်စာဆီသုံးစွဲမှုက ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ထုတ် လွှတ်မှု မြင့်တက်လာခဲ့သည်။ ကမ္ဘာကြီးပူနွေးလာခြင်းသည် ကမ္ဘာ့ပျမ်းမျှအပူချိန်ကာ ကြာရှည်စွာမြင့်တက်လာ နေခြင်းကြောင့်ဖြစ်သည်။

ကမ္ဘာ့ကြီး၏ ပျမ်းမျှအပူချိန်သည် လွန်ခဲ့သော နှစ်တစ်ရာခန့်ကစ၍ (၁) ဒီဂရီ ဖာရင်ဟိုက်မှ (၁.၅) ဒီဂရီ ဖာရင်းဟိုက်အထိ ဆင်ကဲဆင်ကဲ မြင့်တက်လာခဲ့သည်။ ထိုအခြင်းအရာက ကဏ္ဍစုံ၌ ဆိုးကျိုးများကို တဖြေးဖြေး သက်ရောက်လာစေသည်။

သဘာဝတရား ဖြစ်စဉ်များ - (ကမ္ဘာမြေပေါ်သို့ နေရောင်ခြည်စွမ်းအင် ပိုမိုကျရောက်လာခြင်း၊ ပင်လယ်သမုဒ္ဒရာ မြင့်တက်လာခြင်း၊ မီးတောင်များပေါက်ကွဲခြင်း)ကြောင့် ကမ္ဘာကြီးပူနွေးလာသည်။ (၁၉၀၀) နှစ်လွန် ကာလများစ၍ ကျောက်မီးသွေး၊ ရေနံ၊ ဓါတ်ငွေ့ လောင်စာများက အပူချိန်နှင့် အပူရှိန်ကို မြင့်မားလာစေသည်။ ထိုဓါတ်ငွေ့များ လေထဲတွင် ပိတ်မိနေခြင်းကို ဖန်လုံမီးအိမ် (greenhouse gas) ဟု ခေါ်ကြသည်။ ရာသီဥတုပြောင်းလွဲမူ့ကို သက်ရောက်စေသည့်အထိက အကြောင်းအရင်းဖြစ်သည်။

ကမ္ဘာ့အပူချိန်သည် (၁.၄)ဒီဂရီဖရင်းဟိုက်အထိ မြင့်တက်လာခဲ့ပြီးဖြစ်သည်။ (၁၁.၅)ဒီဂရီဖရင်းဟိုက် အထိ မြင့်တက်လာနှိင်သည်ဟု သိပ္ပံပညာရှင်များခန့်မှန်းထားသည်။ (၂၀၁၆) ခုနှစ်က ကမ္ဘာ့ပျမ်းမျှအပူချိန်သည် (၆၁) ဒီဂရီ ဖာရင်ဟိုက်ရှိသည်။

ကမ္ဘာရာသီဥတုသိပ္ပံပညာရှင်များက နှစ်ဆယ်ရာစုနှစ်လယ်လောက်က စတင်ပြီး၊ အပူချိန်၊ မိုးရွာသွန်းမူ့၊ မုန်တိုင်းတိုက်ခတ်မူ့များ၊ သမုဒ္ဒရာရေစီးကြောင်းပြောင်းလွဲလာမူ့များ၊ လေဖိအားရပ်ဝှန်းတွင်းရှိ ဓာတုဖွဲ့စီးမူ့များ ပြောင်းလဲလာခြင်းတို့ကို အတူတကွလေ့လာမူ့များပြုလုပ်ခဲ့သည်။ ယနေ့ထိ ဆက်လက် စူးစမ်း သုတေသန ပြုလုပ် လျက်ရှိသည်။ စက်မူ့တော်လှန်ရေးခေတ်မှသည် ယနေ့အထိ လူတို့၏ လုပ်ဆောင်မူ့များက၊ ကမ္ဘာကြီးကို ပိုမို ပူလာစေပါသည်။ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်ကစ၍ ကမ္ဘာ့အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာနေ သည်။ နှစ်ပေါင်း (၁၃၄)နှစ်အတွင်း (၂၀၀၀) ခုနှစ်သည် ကမ္ဘာအပူဆုံးနှစ် တခုအဖြစ် မှတ်တမ်းတင်ရသည်။ ထိုသို့ ဖြစ်ပျက်လာရခြင်းမှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်များ တိုးပွားလာမူ့နှင့် လေထုညစ်ညမ်းစေခြင်း၊ နေရောင်ခြည်စွမ်းအင်ကို စုတ်ယူခြင်း၊ နေရောင်ရောင်ပြန်ဟတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အမေရိကန်နှိင်ငံကို လေ့လာကြည့်ပါက လျပ်စစ်ထုတ်လွတ်မူ့အတွက် ဓါတ်ဆီလောင်စာစွမ်းအင်၊ ကာဘွန်ဒိုင်အောက်ဆိုက် အပူဓါတ်ငွေ့ တန်ချိန် (၂) ဘီလျံကို နှစ်စဉ် လေထဲသို့ ထုတ်လွင့်ပြ့န်နှံနေစေသည်။

ကျောက်မီးသွေးလောင်စာ စွမ်းအင်သုံးစက်ရုံများကလည်း တနှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ (၁.၇) ဘီလီလျံ ထုတ်လွှတ်နေသည်။ ထိုသို့ဖြင့် လေထုသည် နှစ်ကာလများစွာ ညစ်ညမ်းနေစေသည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမူ့သည် လောင်စာဆီကြောင့် အပူလိုင်းများ မြင့်တက်လာခြင်းအပြင် မိုးခေါင် ရေရှားခြင်း၊ မိုးရွာသွန်းသည့်အခါ ပြင်းထန်စွာ မိုးရွာသွင်းခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းတို့ကို ရင်ဆို င်ကြုံတွေ့နေကြရသည်ဟု သိပ္ပံပညာရှင်များက သဘောတူအတည်ပြုထားကြသည်။

ပင်လယ်သမုဒ္ဒရာ၏ အပူချိန်သည်လည်း ပိုမိုမြင့်တက်လာသည်ကို လေ့လာသိရှိနေသည်။ အပူပိုင်း ဒေသမုန်တိုင်းများကို ပိုမိုပြင်းထန်စေသည်။ ယအခုအခါ ကမ္ဘာကြီးပူနွေးလာမူ့သည် အန္တရာယ်အဆင့် သတ်မှတ်ချက် (၃) မှသည် (၄) အထိ ဖြစ်လာသည်။ မှတ်တမ်းများအရ မြောက်အတ္တလန်တစ်ပင်လယ်၊ ဟာရီကိန်းသည် (၁၉၈၀) ခု လွန်နှစ်ကစ၍ မုန်တိုင်းပြင်းအား ပိုမိုလာပြီး ဖြစ်ပျက်မူ့အကြိမ်သည်လည်း များပြားလာသည်။ အမေရိကန်ကမ်းရိုးတန်းများတွင် တိုက်ခတ်သွားသော ဟာရီကိန်း ကတ်ထရီနာနှင့် ဆင်(န်)နီတို့ ပါဝင် သည်။

ကမ္ဘာကြီးပူနွေးလာမူ့၏ အကျိုးအပြစ်ကို တကမ္ဘာလုံးခံစားနေရသည်။ လူ ထောင်ပေါင်း ရာချီ၍ သေဆုံးနေကြရပြီ။ ရေခဲမြစ်များ အရည်ပျော်စီးဆင်းခြင်း၊ စိုက်ပျိုးမြေဆီလွာ များ အငွေ့ပြန်နှုန်း များလာသည့်အတွက် ခမ်းခြောက်လာခြင်း၊ အန္တာတိကမှ ရေခဲများ ပျော်ဆင်းလာမူ့သည် (၂၀၀၂) က စတင်ခဲ့ရာ ယနေ့အထိ ရေခဲ တန်ချိန်ပေါင်း (၁၃၄) တန် ပျော်ဆင်းခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာနေပြီ။ လောင်စာဆီသုံးစွဲမူ့ကို ဆက်လက် လုပ်ဆောင်နေပါက ပိုမိုဆိုးမည်ဖြစ်ပါသည်။ ကမ္ဘာကြီးသည် အမှန်တကယ်ပူနွေး လာနေကြောင်း အတည်ပြုထားကြပြီ။

 
 
ရာသီဥတုပြောင်းလဲလာခြင်း

ကမ္ဘာကြီးပူနွေးလာခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲလာသည်။ ကမ္ဘာကြီးတခုလုံး အချိန်ကာလ မရွှေး ဥတုရာသီ (အပူချိန်များပြောင်းလဲလာခြင်း၊ မိုးရွာသွန်းမူ့ပုံစံ ပြောင်းလဲလာခြင်း) ပြောင်းလဲလာမူ့ကို ရာသီဥတုပြောင်းလဲလာခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ရာသီဥတုပြောင်းလဲလာခြင်းသည် ကမ္ဘာကြီးပူနွေးလာ မူ့ကစတင်သည်။

ရာသီဥတုပြောင်းလဲလာခြင်းမှာ ကမ္ဘာ့ရာသီဥတုသည် ရာသီအလိုက် ပုံမှန်လည်ပတ်နေခြင်းမဟုတ်၊ နယ်မြေဒေသ၊ နှိင်ငံအလိုက်၊ နှစ်ရှည်လများ ကြာမြင့်စွာပြောင်းလဲနေခြင်း ဖြစ်သည်။ ထိုအထဲတွင် ပူနွေးလာခြင်း၊ အအေးလွန်ကဲလာခြင်းနှင့် အပူချိန်ပြောင်းလဲလာခြင်းများ ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှု့ကို ဖြစ်ပေါ်စေသည့်အကြောင်းများမှာ ရေနံလောင်စာ အလွန်အကျွံ သုံးစွဲခြင်းကြောင့်ဖြစ်သည်။ ဖန်လုံအိမ်ဓါတ်ငွေ့ကို ဖြစ်ပေါ်စေသည့် ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့နှင့် လူတို့ကြောင့် သစ်တောများ လျော့နည်းလာခြင်း၊ စိုက်ပျိုးမြေများ လျော့နည်းလာခြင်း၊ အငွေ့ပျံနှုန်း များလာခြင်း၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုအချက်များက ရာသီဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည်။ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ မြင့်တက်လာမူ့သည် (၄၀၀) ပီပီအမ် အထိ ရှိနေကြောင်း သုတေသနမှတ်တမ်းများက ပြဆိုထားသည်။ ရေခဲတောင်များ အရည်ပျော် စီးဆင်းလာခြင်းနှင့်အတူ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ကမ္ဘာကြီးပူနွေးလာခြင်း ကြောင့် ဖြစ်သည်။ ရာသီဥတုကိုပါ ပြောင်းလဲလာ စေသည်။ ပြင်းထန်သောမုန်တိုင်းများ၊ သမုဒ္ဒရာအပူချိန် မြင့်တင်လာခြင်း၊ ချိန်ခါမဟုတ် မိုးများရွာသွန်းခြင်း၊ မြစ် ရေကြီး၊ ရေလျံခြင်းများ စဉ်ဆက် မပြတ်ဖြစ်ပေါ်လာပြီး လူနှင့်သဘာဝ ပတ်ဝန်းကျင်၊ လူနေအိမ်ယာ၊ လမ်း တံတားအဆောက်အဦများ ပျက်စီး ဆုံးရုံးစေသည်။

ရာသီဥတုပြောင်းလဲမူ့ကြောင့်ထူးခြားသောဖြစ်စဉ်များမှာ - (၂၀၁၇) ခုနှစ် အောက်တိုဘာလ၌ ကမ္ဘာတ၀ှန်း၊ ကုန်းတွင်းပိုင်းနှင့် ပင်လယ်သမုဒ္ဒရာမျက်နှာပြင်များသည် ပုံမှန်ထက် ပိုမိုပူနွေးလာ၏။ ရုရုားပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်း၊ အလစကာ၊ ကနေဒါအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ အမေရိကန်နှိင်ငံ  အနောက်မြောက်ပိုင်းတို့သည် ပုံမှန်ဖြစ်စဉ်ထက် (၃) ဒီဂရီ စင်တီဂရိတ်မှ (၄.၅)  ဒီဂရီ စင်တီဂရိတ် အထိ အပူချိန်ပိုမိုမြင့်တက်ပြီး အပူလွန်ဒေသများအဖြစ် မှတ်တမ်းတင်လာရသည်။

အအေးလွန်ဒေသများအဖြစ်၊ အာရှအလယ်ပိုင်း (အနောက်ပိုင်းရုရှားမှသည် ကာဂျစ္စတန်၊ မွန်ဂိုလီးယားနှင့် တရုပ်ပြည်အရှေ့ပိုင်း)၊ အမေရိကန်အနောက်ပိုင်း၊ တောင်အာဖရိကဒေသများကို မှတ်တမ်း တင်ထား သည်။ ပစ္စဖိတ်သမုဒ္ဒရာ အရှေ့တောင်ပိုင်းနင့် အနောက်မြောက်၊ အန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနှင့် အတ္တလန် တိတ်တို့သည် အအေးလွန် ပင်လယ်ရပ်ဝှမ်းများအဖြစ် မှတ်တမ်းတင်နှိင်ခဲ့သည်။

အဆိုပါ မှတ်တမ်းအချက်အလက်များက ရာသီဥတုပြောင်းလဲလာနေပြီဖြစ်ကြောင်း၊ ပြောင်းလဲနေကြောင်းကို သက်သေပြနေသည်။


မြေအောက်ရေ (သက်ရောက်သည့် အကျိုးအပြစ်များ)
(Impact on Groundwater)

လေဖိအားရပ်ဝန်း၊ ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာတို့အတွင်း မိုးရွာသွန်းခြင်း၊ မြေလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်း၊ မြေပေါ်ရေအရင်းအဖြစ် စီးဆင်းခြင်း၊ အငွေ့ပြန်ခြင်း၊ လေတိုက်ခတ်မူ့ကြောင့် မိုးတိမ်များ ရွေ့လာနေခြင်း၊ အပင်များက ပြန်လည် ထုတ်လွင့်ခြင်းစသည်တို့သည် စဉ်ဆက်မပြတ်ဖြစ်ပျက်နေ၏၊ ထိုဖြစ်စဉ်ကို ရေသံသရာလည်သည် ဟု ဆိုသည်။ မြေအောက်ရေသည် အရေးပါသော ကဏ္ဍတစ်ခုအနေနှင့် ပါဝင်နေသည်။

မြေအောက်ရေသည် သောက်သုံးရန်သင့်တော်သည့်ကမ္ဘာ့အကြီးဆုံး သိုလှောင်ထားသောသန့်စင်၊ စိတ်ချရသည့် ရေအရင်းအမြစ်ဖြစ် သည်။ ကမ္ဘာလူဦးရေ တ၀က်နှင့် သုံးပုံ တပုံသော စိုက်ပျိုးရေးလုပ်ငန်းအတွက် တကမ္ဘာလုံး၏ အဓိကပင်ရင်း ဖြစ်၏။

မြေအောက်ရေသည် သဘာဝအလျောက်မြင့်ရာမှ နိမ့်ရာ (သို့) မြစ်ချောင်း အင်းအိုင်များဆီသို့ စီးဝင်ပြီး အပင်နှင့် သက်ရှိသတ္တ၀ါတို့၏ သဘာဝပတ်ဝန်းကျင်ကို မိုးမရွာသည့်အချိန်ကာလများတွင် စိမ်းလန်း စိုပြေ ရှင်သန်စေသည်။ ကမ္ဘာတစ်ဝှန်း၊ မြေအောက်ရေ လိုအပ်ချက် တိုးတက်လာသော်လည်း မြေအောက်ရေကို ပြန်လည် ဖြည့်တင်းပေးသည့် မိုးရေ၊ ရွာသွန်းမိုးရေချိန်သည် ရာသီဥတု ပြောင်းလဲလာမူ့ကြောင့် မမှန်မကန် ဖြစ်လာ၏။ ပြောင်းလဲမှု့များ များပြားလာသည်ကို တနစ်ထက် တနှစ် ပိုသိသာလာသည်။

မြေအောက်ရေသည်ကမ္ဘာမြေကြီး၏ ဘူမိစံနစ်နှင့် ရာသီဥတုပြောင်းလွဲလာမူ့ကြောင့် သိုလှောင်နှိင်မှု
 အားနည်းလာသည်။ ထိုအကြောင်းကို နိုင်ငံတကာ ဇလဘူမိဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များက စဉ်ဆက် မပြတ်လေ့လာနေကြသည်။

မြေပေါ်ရေမြေအောက်ရေကို ဆိုးကျိုးသက်စေသည့် ဥပမာတခုမှာ (၂၀၁၅) ခုနှစ်က ကယ်လီဖိုးနီယားပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော မိုးခေါင်ရေးရှားမူ့သည် ကမ္ဘာ့ပူနွေးလာမူ့၏ (၁၅ -၂၀) ရာခိုင်နှုန်းသာ ဆိုးကျိုး သက်ရောက်ခြင်းဖြစ်သည်။ ထိုအချိန်က မြေပေါ်မြေအောက် ရေသိုလှောင်မှု ပမာဏသည် အလွန်ဆိုးရွာစွာ လျော့နည်းလာခြင်းကို ခံစားခဲ့ကြ၏။ ဆည်မြောင်း ကန်ချောင်းများ ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ ရေ ခမ်းခြောက်လာခြင်း၊ မြေအောက်ရေမျက်နှာပြင် နှိမ့်ကျလာခြင်း၊ ရေထုတ်ယူနိုင်မှုပမာဏ လျော့ကျလာခြင်းတို့ကြောင့် ရေသုံးစွဲမူ့ကို ထိန်းသိမ်း လျော့ချခဲ့ရသည်။ ဤသည်မှာ မြေပေါ်မြေအောက်ရေကို ဆိုးကျိုး သက်ရောက်စေခြင်း ဖြစ်သည်။ သို့ပါ၍ ရာသီဥတုပြောင်းလဲမှုကို လေ့လာရာတွင် မြေအောက်ရေကို ထဲ့သွင်းစဉ်းစားရသည်။

မြေအောက်ရေချိုပမာဏသည် ကမ္ဘာရေချို ပမာဏ၏ (၃၀) ရာခိုင်နှုန်းနှင့် မြေအောက်ရေပမာဏ တခုလုံး၏ (၄၆) ရာခိုင်နှုန်းသာရှိသည်။

ရာသီဥတုပြောင်းလဲမှုသည် ရေသံသရာလည်ပုံနှင့်အတူ ရေချိုရေ အရင်းအမြစ်များကို ပြောင်းလဲ နေသည်ဟု ယူဆ၍ ရသည်။ သို့သော် ရာသီဥတု ပြောင်းလဲမှုသည် မြေအောက်ရေ၊ အရည်အသွေးနှင့် အရေအတွက်ကို ထိခိုက်စေခြင်းများကို အတိုင်းအတာတခုအထိသာ လေ့လာရသေးသည်။



သဘာဝဖြစ်စဉ်လုပ်ငန်းများဖြစ်သည့်မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ သိုလှောင်ခြင်း၊ ရေငံတိုးဝင်ခြင်း၊ သက်ရှိတို့၏ သဘောသဘာဝ ဆက်နွယ်မူ့နှင့် ဓါတုဖြစ်စဉ်များတို့အပေါ် ဆိုးကျိုးသက်ရောက်မှုသည် လူတို့၏လုပ်ဆောင်မူ့များက ပိုမိုများနေသည်။ မိုးခေါင်ရေရှားရပ်ဝန်းဒေသနှင့် မိုးများရေကြီးရေလျံသော ဒေသများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်း ပိုမိုများပြားလာ၏။ မြေအောက်ရေ အရင်းအမြစ်အပေါ် ဆိုးကျိုးသက်ရောက်စေသည်များမှာ ရာသီဥတု ပြောင်းလဲလာမှုသာမက ကမ္ဘာ့လူဦးရေ တိုးပွားများပြားလာခြင်း၊ မြို့ပြဖွံဖြိုးမှု များပြား လျင်မြန်လာခြင်းနှင့် အတူ မြေအသုံးချမူ့များပြားလာခြင်း၊ စီးပွားရေးလိုအပ်ချက်အရ ရေထုတ်ယူမူများလာခြင်းနှင့်လည်း ဆက် နွယ်နေ၏။

ပုံမှန်မဟုတ်သော ရာသီဥတုပြောင်းလွဲမူ့နှင့်အတူ၊ မြေမျက်နှာသွင်ပြင်၊ ရေအောင်းလွှာ၏ ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ သစ်ပင်သစ်တောနှင့် လူတို့၏ လုပ်ဆောင်ချက်တို့က မြေအောက်ရေကို ဆိုကျိုးသက်ရောက်စေသည်။ (ထိုအကြောင်းအရာများကို ယူနက်စကို - အိုင်အိပ်(ခ်ျ)ပီ (UNESCO-IHP) က စီမံကိန်း တခု ( project Groundwater Resources Assessment under the Pressures of Humanity and Climate Change (GRAPHIC)) အနေနှင့် လေ့လာနေသည်။

ယနေ့ကာလတွင်မူ ရာသီဥတုပြောင်းလွဲလာမူ့ကြောင့် မြေအောက်ရေဖြစ်စဉ် လေ့လာမူ့ကို တိုးတက် လုပ်ဆောင်လာကြသည်။ မြေအောက်ရေပမာဏသာမက အရည်အသွေးကိုပါ လေ့လာကြသည်။ မြေအောက်ရေ စီမံခန့်ခွဲမူ့ကို ချင့်ချင့်ချိန်ချိန်ဆောင်ရွက်လာရမည်ဖြစ်သည်။

အနာဂတ်ဖြစ်ပျက်လာမည့် ရာသီဥတုပူပြင်းခြောက်သွေ့မူ့နှင့် ကာလကြာရှည်မူ့တို့သည် မြေအောက် ရေကို ဆိုးကျိုးများစွာသက်ရောက်စေမှာ ဖြစ်သဖြင့် မြေအောက်ရေစီမံခန့်ခွဲမူ့ကို အဓိကထားရမည်ဖြစ်သည်ကို ပြဆိုနေသည်။ ရာသီဥတုပြောင်းလွဲခြင်းနှင့် အပူချိန်မြင့်တက်လာခြင်းသည် (၂၀၀၁) ခုနှစ် ခန့်က စတင်ခဲ့သည်ကို မှတ်တမ်းများ၌ တွေ့ရသည်။ (၂၀၅၀) ခုနှစ်ဝန်းကျင်အထိ ပိုမိုမြင့်တက်လာပေမည်ဟု ခန့်မှန်းထားသည်။

ရာသီဥတုပြောင်းလဲလာခြင်းက ရေသံသရာ လည်ပတ်ပုံကိုပြောင်းစေသည်။ ထိုအချက်က မြေအောက် ရေ၊ မြေပေါ်ရေများသည် ပိုမိုအရေးကြီးလာသည်ကို ပြနေသည်။

 

မြန်မာပြည်ရာသီဥတု ပြောင်းလဲမှုနှင့် မြေအောက်ရေ အရင်းအမြစ်
(Climate change and Groundwater resources in Myanma)

မြန်မာနှိင်ငံသည် ဧရာဝတီမြစ်ဝန်းဒေသကို ဗဟိုပြု၍ အရှေ့ရိုးမ၊ အနောက်ရိုးမအတွင်း တည်ရှိပြီး မြောက်ပိုင်းကုန်းမြင့်ဒေသမှသည် တောင်ဘက်စွန်း မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်းအထိ ပြန့်ကျယ်သည်။ ဧရိယာ စတုရန်း မိုင်းပေါင်း (၂၆၁၂၂၈) ရှိ၏။

မိုးရွာသွန်းမူ့သည်လည်း နေရာဒေသ၊ မိုးအနဲအများ၊ ပြောင်းလွဲမူ့များ၊ ရေကြီးရေလျံခြင်းများ၊ ပူပြင်း ခြောက်သွေ့ခြင်းများ အဆက်မပြတ် ဖြစ်ပျက်လာနေသည်။ အပူချိန်သည် (၂၀၀၁) ခုနှစ် ကစ၍ မြင့်တက် လာသည်။ (၂၀၀၁) မှ (၂၀၂၀) အထိ (၀.၅ - ၀.၇) ဒီဂရီ စင်တီဂရိတ်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား၏။ မိုးရွာသွန်းမူ့သည်လည်း (၄) ရာခိုင်နှုန်း မြင့်တက်လာ၏။ ပုံမှန်မဟုတ်သည့် မိုးရွာသွန်းခြင်းများ ဖြစ်လာသည်။

ပူအိုက် စွတ်စိုသော ရပ်ဝန်း၊ ရာသီဥတုသာယာပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောများ၊ ရေလုပ်ငန်းများ တိုးတက် ထွန်းကားသော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ရာသီဥတုပြောင်းလဲမှုက ထိုလုပ်ငန်းများကို ထိခိုက်နေသည်။ မြန်မာပြည်အလယ်ပိုင်းသည် မိုးရေချိန် လက်မ (၄၀) အောက်သာ ရှိသည်။

မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသသည် အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှု ပိုမိုနည်းပါးလာသည်။ သို့သော် မြန်မာပြည်အထက်ပိုင်း မုတ်သုံမိုး၊ မုန်တိုင်းမိုးများ ရွာသွန်းပါက အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ရေကြီးရေလျံပြီး လမ်းတံတား၊ အဆောက်အဦများ ပျက်စီးစေပြီး လယ်ယာမြေများ ရေလွှမ်းခံရသည်။ ထိုပုံမန်မဟုတ်သော ရာသီဥတု ပြောင်းလဲခြင်း၊ အပူချိန် မြင့်တက်လာခြင်းများက စိုက်ပျိုးမွေးမြူရေလုပ်ငန်း၊ ကုန်ထုတ်များ ကျဆင်းစေမည်။

မြေအောက်ရေဖြစ်တည်နေသည့် အလားအလာသည် (၄၉၅) ကုဗ မီတာရှိ၏။ ရေအောင်းလွာ အမျိုး အစားပေါင်း (၁၁) မျိုးရှိသည်။ နုန်းမြေနုရေအောင်းလွာ၊ ဧရာဝတီမြေအောက်လွှာနှင့် ပဲခူးရေအောင်းလွှာ တို့သည် ကျယ်ပြန့်ပေါများသည်။ စိုက်ပျိုးရေး ၊ စက်ရုံအလုပ်ရုံနှင့် သောက်သုံးရေအတွက် သုံးစွဲသည့် မြေအောက်ရေပမာဏသည် (၁၂) ရာခိုင်နှုန်းခန့်သာဖြစ်သည်။ သုံးစွဲရသည့် ရေအရင်းအမြစ်များတွင် မြေအောက်ရေသည် အဓိက အခမ်းက ပါဝင်နေသည်။ မြေအောက်ရေသုံးစွဲမှုသည် (၂၀၁၃ -၁၄) ခုနှစ်က စ၍မြင့်တက်လာသည်။

ရာသီဥတုပြောင်းလဲလာခြင်း၊ အပူချိန်လွန်ကဲလာခြင်းများကို စနစ်တကျ ကာကွယ်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ နည်းပညာများ၊ ပညာရှင်များ လိုအပ်ပေမည်။ မြန်မာပြည်၏ ဖွံဖြိုးတိုးတက်မူ့ကို တည်တန့်ခိုင် မာစေရန် ဖြစ်သည်။ မြေပေါ်၊မြေအောက် ရေအရင်းအမြစ်များကို ရေရှည်ကာကွယ်ထိန်းသိမ်းရန် အထူး လိုအပ်နေပြီ။ ကြုံတွေ့ရမည့် ရာသီဥတုပြောင်းလွဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းတို့ကြောင့် ဖြစ်ပျက်လာမည့် ဆိုးကျိုးများကို ကာကွယ်ရန် အဆင့်မြင့်နည်းပညာများအပြင် ဥပဒေ၊ နည်းဥပဒေ၊ ပညာရှင်များ အထူး လိုအပ်လျက်ရှိနေသေးသည်။ လက်တွေ့အနေနနှင့် မဟာရန်ကုန်နယ်နမိတ်အတွင်း မြေအောက်သုံးစွဲမူ့ မြင့်တက်လာခြင်း၊ မလိုလားအပ်သော ရေအရည်အသွေးကျဆင်းမူ့ကို ဖြစ်ပေါ်နေ၏။ ပြည်လမ်း၊ လှည်းတန်း၊ ကမာရွတ်၊ မြေနီကုန်းဒေသများတွင် မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ မြစ်ချောင်းများနှင့် နီးသည့် ရပ်ကွက် မြို့နယ်များတွင် ရေငံ တိုးဝင်လာမှု ဖြစ်လာသည်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမူ့နှင့် ပြန်လည်ဖြည့်တင်းမူ့ သဟဇာတ မဖြစ်သည်ကို ပြနေသည်။

(မှတ်ချက်။ ရေဥပဒေသည်လည်း (၂၀၁၆) ခုနှစ်က စ၍ လုပ်ဆောင်လာခဲ့ရာ ဒီနေ့အထိ အကောင်အထည် မပေါ်သေးပေ)။

မြန်မာပြည်သည် မုတ်သုံမိုး ရွာသွန်းမူ့စနစ်၏ အကျိုးအပြစ်များကို ရာသီဥတုပြောင်းလဲခြင်းအဖြစ် တဖြေးဖြေး ဒုက္ခတရပ်အနေဖြင့် ခံစားနေရပြီ။

ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲမှု့၏ အကျိုးအပြစ်အဖြစ် ဆိုက်ကလုံးမုန်တိုင်းများ၊ အကြိမ်အရေအတွက် ပိုမိုများပြားလာခြင်းကြောင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလျံရေကြီးခြင်း၊ အပူချိန် ပိုမိုမြင့်တက်လာခြင်း၊ အချို့အရပ်ဒေသတွင် မိုးခေါင်ရေရှားခြင်း၊ ပင်လယ်မြေမျက်နှာပြင် မြင့်တက်လာခြင်များကို ကြုံတွေ့ခံစားလာရသည်။ ပင်လယ်ကမ်းရိုတန်းဒေသရှိ မြေအောက်ရေအောင်းလွှာများထဲသို့ ရေငန်းတိုးဝင်မှု ပိုပိုများပြားလာသည်။ မြန်မာနိုင်ငံ သည် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြစ်ရေကြီး၊ ရေလျံသည့်ဒေသဖြစ်သည်။ အလယ်ပိုင်းဒေသသည် ခြောက်သွေ့သောဒေသဖြစ်သော်လည်း မိုးရွာသွန်းပြီးပါက မြစ်ရေကြီး၊ ရေလျံခြင်းများ အမြဲဖြစ်နေသည်။





ဤအချက်များကို နိုင်ငံတော်အနေနှင့် အရေးကြီးသောအချက်တခုအဖြစ် လိုအပ်သောလုပ်ငန်းများကို လုပ်ဆောင်ကြရမည်။ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ခုခံနှိင်စွမ်းနဲပါးသော အခြေအနေများ တိုးပွားလာနေသည်။ အဓိကထား လုပ်ဆောင်ရန်မှာ ရေအရင်းအမြစ်များ (မြေပေါ်ရေ၊ မြေ အောက်ရေ) မပျက်မစီးအောင်ထိမ်းသိမ်းရန်ဖြစ်သည်။

လေ့လာသိရှိခြင်းနှင့် ဆွေးနွေးအကြံပြုခြင်း

အမေရိကန်နှိင်ငံသည် (၂၀၀၀) ခုနှစ်လွန် ကာလများက စ၍ ယနေ့ထိ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်နေမှုများကို နေရောင်ခြည်စွမ်းအင်နှင့် အခြားစွမ်းအင်များဖြင့် အစါးထိုး လျော့ချနေသည်။

လက်ရှိအခြေအနေတွင် တရုပ်ပြည်သည် ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်မှုများ၏ (၂၈) ရာခိုင်နှုန်းကို အများဆုံး ထုတ်လွှတ်နေပြီး အမေရိကန်သည် ဒုတိယနေရာမှာ ရှိနေသည်။ ဥရောပ နိုင်ငံများနှင့် အိန္ဒိယနိုင်ငံသည် တတိယနှင့် စတုထ္တနေရာတွင် ရှိနေ၏။

ရာသီဥတုပြောင်းလဲချက်များကို ထိန်းချုပ်ရန်မှာ ကာဘွန်ဒိုင်အောက်ဆိုက်အပူဓါတ်ငွေ့ ထုတ်လွှတ်သည့် စက်ရုံအလုပ်ရုံများ၊ မော်တော်ယာဉ်များက နေ့စဉ်ထုတ်လွတ်နေသော ဓါတ်ငွေ့များကို လျော့ချခြင်းသည်လည်း လုပ်ဆောင်ရမည့် အချက်တချက်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမူ့ကို သိပ္ပံပညာရှင်များက နှစ်စဉ် စောင့်ကြည့်လေ့လာချက်များအရ ပတ်ဝန်းကျင်၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍများကို ဆိုးကျိုး သက်ရောက်စေသည့်အပြင် ရေခဲမြစ်၊ ရေခဲတောင်များ အရည်ပျော် ကျဆင်းလာခြင်း၊ မိုးခေါင်ရေရှားခြင်းက မြေပေါ်မြေအောက် ရေပမာဏကို လျော့နဲလာစေခြင်း တောမီးများ လောင်ကျွမ်းမူ့ ပြင်းထန်လာခြင်းတို့ကို ကြုံတွေ့လာသည်။ ပင်လယ်ရေမြင့်တက်လာခြင်းက ကမ်းရိုးတန်ဒေသ ဖွံဖြိုးမူ့ကို ခြိမ်းခြောက်လာခြင်း၊ ရေကြီးရေလျံမူ့များ များပြားလာခြင်း၊ စိုက်ပျိုးမြေများနှင့် ငါးမွေးမြူရေးလုပ်ငန်း ထိခိုက်ပျက်လာခြင်း၊ သက်ရှိသတ္တ၀ါတို့၏ နေရာ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေသည်။

ထိုသို့ ဖြစ်ပျက်နေခြင်းကို နှိင်ငံအများ ပူးပေါင်းဆောင်ရွက်မှသာ ကမ္ဘာကြီးပူနွေးလာမှုကို လျော့နဲ ကာကွယ်နှိင်မည်။ ပတ်ဝန်းကျင်ကို မညစ်နွမ်းစေဘဲ သန့်စင်သည့် စွမ်းအင်ကို အသုံးပြုစေရမည်။ သိပ္ပံပညာရှင်များကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမူ့ကို သက်သာစေမည့် ခေတ်မှီသောစွမ်းအင်များ ဖြစ်ပေါ်ရရှိအောင်စဉ် ဆက်မပြတ် သုတေသနပြု လုပ်ဆောင်နေကြသည်။

ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်၊ ကမ်းရိုးတန်းဒေသနှင့် သဘာဝ ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တ၀ါများသည် ရာသီဥတုပြောင်းလဲလာမူ့ကြောင့် ထိခိုက်စေနှိင်သည့် ကဏ္ဍများ ဖြစ်ကြသည်။



အမေရိကန်ပြည်တောင်စုအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီက ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွတ်မှုကို (၂၀၃၀) တွင် သုံးပုံတပုံ လျောကျစေရန် (၂၀၁၅) ခုနှစ် က စ၍ တွန်းအားပေးဆောင်ရွက်နေပြီ။ တချိန်တည်မှာပင် နေစွမ်းအင်နှင့် လေစွမ်းအင်သုံးပြုခြင်းကို လျပ်စစ်စွမ်းအင် ထုတ်လွတ်မူ့၏ (၅) ရာခိုင်နှန်းအထိ အသုံးပြုလာစေသည်။

ပြီးခဲသောလများက ပြင်သစ် တွင်ပြုလုပ်သည့် ရာသီဥတုပြောင်းလွဲလာမှုဆိုင်ရာ ဆွေးနွေးပွဲ၌ နှိင်ငံပေါင်း (၁၉၅) နိုင်ငံများက ကမ္ဘာဖျမ်းမျှအပူချိန်ကို (၁.၅ - ၂.၀) ဒီဂရီ စင်တီဂရိတ် လျော့ချနိုင်ရေး ဆောင်ရွက်ကြရန် သဘောတူကြပါသည်။

ပြင်သစ်သဘောတူညီချက်အရ (၂၀၂၀) ခုနှစ် က စ၍ ပူးပေါင်ပါဝင်သော နိုင်ငံများသည် (၅) နှစ် တကြိမ် တွေ့ဆုံပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပြန်လည်သုံးသပ်ရန်ဖြစ်သည်။ (၂၀၂၃)ခုနှစ် တွင် အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲလာခြင်း၊ အပူချိန်မြင့်မား မြင့်တက်လာခြင်းများကြောင့် မြေပေါ်ရေ၊ မြေအောက်ရေများကို လျော့နဲလာစေသည်။ ရေ အရည်အသွေး ကျဆင်းလာမည်။ ထုတ်ယူမူ့ ခက်ခဲလာစေသည်။

ရာသီဥတုပြောင်းလဲလာခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနေကြသော်လည်း မြေအောက်ရေအပေါ် အကျိုးသက်မှုများ မည်သို့ရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန် လိုအပ်နေသေးသည်။ စူးစမ်းမှု နဲနေသေးသည်။

မြေအောက် ရေအရင်းအမြစ်များသည် မြေပေါ်ရေအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းအင်းအိုင် ကန်မြောင်းများနှင့် ဆက်သွယ်၍ မြေအောက်ရေဖြည့်တင်းနေရသည်နှင့်အတူ ရာသီဥတုပြောင်းလဲမှုများနှင့်လည်း ဆက်သွယ်မူ့ ရှိနေသည်။ ထိုရာသီဥတုပြောင်းလဲမှုက မြေအောက်ရေအရင်းအမြစ်များမှ မြေအောက်ကို ဖြည့်တင်းပေးမှု အနဲအများ၊ ပမာဏဖြင့် ဆက်နွယ်နေသည်။ ထို့ကြောင့် မြေအောက်ရေအပေါ် ရာသီဥတုသက်ရောက်မူ့ကို လေ့လာရာတွင် ရာသီဥတုပြောင်းနေခြင်းကို ကြိုတင်ခန့်မှန်းခြင်းသာမက မြေအောက်ရေဖြည့်တင်းမှုကိုလည့်း သုတေသနပြုနေရမည်။ အလွန်အရေးကြီးသော အချက်တစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြေအောက်ရေကို မိုးရေကအဓိကဖြည့်တင်းပေးနေပြီ အင်းအိုင်၊ ကန်၊ မြစ်ချောင်းများကလည်း ဆက်နွယ်ဖြည့်တင်းနေသည်။ ရာသီဥတုသည် မြေအောက်ရေအပေါ်သက်ရောက်မူ့မှာသေချာနေသည်။

ရေသံသရာလည်ပုံ အနေအထားအရ၊ မြေအောက်ရေကို ဖြည့်တင်းပေးသည့်ပမာဏနှင့် ကာလသည် ပြောင်းလဲနေသည့် အနေအထားကို သိသာလာနေသည်။ ရာသီအလိုက် ပမာဏနှင့် ကာလသည် အနဲအများဖြစ်ပေါ်လျက်ရှိသည်။ ပိတ်လှောင်မထားသော မြေအောက်ရေအောင်းလွာ (unconfined aquifer) သည် ရာသီဥတုနှင့် တိုက်ရိုက်သက်ရောက်နေသည်။ ပိတ်လှောင်ထားသော မြေအောက်ရေအောင်းလွာ (confined aquifer) သည် ရာသီဥတုက တိုက်ရိုက် မသက်ရောက်ပေ။ မြေအောက်ရေအပေါ် ရာသီဥတုသက်ရောက်နေမူ့ကိုလေ့လာရန် ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ရာသီဥတုပြောင်းလွဲမူ့ဆိုင်ရာ အချက်အလက်များ အတူတကွ ရှိနေရန်လိုအပ်နေသေးသည်။ ယနေ့အခြေအနေသည် မြေအောက်ရေအပေါ် ရာသီဥတုကအကျိုးအပြစ်သက် ရောက်နေနှိင်မူ့ကို နေရာဒေသအလိုက် အချက်အလက်အပြည့်အစုံ မရှိသေးခြင်းက ဆုံးဖြတ်ချက်ပေးရန် ခက်ခဲနေသေးသည်။

ကမ္ဘာသူကမ္ဘာသားတိုင်း စွမ်းအင်သုံးစွဲမူ့၊ ရေသုံးစွဲမူ့ကို ချွေတာခြင်း၊ သစ်ပင်ပန်းပင်များစိုက်ပျိုးခြင်းဖြင့် ကူညီရာ ရောက်ပေသည်။ ကမ္ဘာရာသီဥတုအကြောင်းကို လေ့လာခြင်းဖြင့်လည်း ကူညီရာရောက်ပေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ကူညီဖြေရှင်းလိုစိတ်ဖြစ်ပေါ်စေမည်။ စွမ်းအင်ထိန်းသိမ်းရေးကို နေ့စဉ် လုပ်ငန်းတရပ်အနေနှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။

မြေအောက်ရေမျက်နှာပြင် နိမ့်ဆင်းလာခြင်းနှင့် ရေပမာဏ လျော့နဲကုန်ခမ်းလာခြင်းသည် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် မြေဆီလွှာများ ခမ်းခြောက်စေခြင်းကို အကြီးအကျယ်ဖြစ်စေသည်။ ရေနှင့် လေသည် လူသားအားလုံးအတွက် အခြေခံရပိုင်ခွင့် ဖြစ်ပါသည်။

ကျမ်းကိုး
၁) NOAA National Centers for Environmental Information, State of the Climate: Global Climate Report for October 2017.

၂) Journal of Groundwater Science and Engineering 2017 Vol.5 No.1 pp.59-66 ref.4

၃) NCEA, Vision-Green Environment Myanmar (Vision-GEM),Groundwater & Climate Change

၎) Climate Change Effects on Groundwater Resources (CRC book)

Comments