ရဲထက် - မဆုံးတဲ့အစ


ရဲထက် - မဆုံးတဲ့အစ
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

အစများ
မဆုံးနိုင်သေးဘူး
အဆုံးများ
အစကတည်းက ဆုံးခဲ့တာလား
မေးခွန်းပေါ်က ဆွံ့အမှုများ
နံရံများပေါ်ပဲ့တင်ထပ် လွတ်မြောက်ရာလမ်း
ငရဲခန်းပဲ
ရွေးချယ်မှာနဲ့ရွေးစရာရွေးရင်းသာ ပါးသွားမယ်
ပရုပ်လုံးဆိုတာ သူ့နာမည်နဲ့ ငါတို့အသက်
ကိုယ့်အသက်တောင် ကိုယ့်ဘက်မရှိတဲ့ဘဝ
ဘာလို့များ တက်မက်နေမိပါလိမ့်?
မချိုမြိန်ခဲ့သော ကတိစကားများ
နားနဲ့ပါးစပ်ဆေးပိုက် တပ်ထားရသလို
ကမ္ဘာတုန်အောင်အော်ဟီးလည်း
ကမ္ဘာက စုံလုံးကန်းတာကြာပေါ့
လက်ခတ် မမှားလည်း
နက္ခတ်လွဲနေတဲ့ည တေးသံဟာ
အပြေးအမြန်သေဖို့ပဲ ရှိတယ်။
အစကနေအဆုံး စာလုံးပေါင်းနေရတဲ့ဘဝတွေ
အသံထွက်ဟာ အသံတွေကို နက်စေတဲ့တွင်း။


ရဲထက်

Comments