ကိုသန်းလွင် ● အာဖဂန်နစ္စတန်စစ်ပွဲ

 
ကိုသန်းလွင် ● အာဖဂန်နစ္စတန်စစ်ပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈

(၁)
လွန်ခဲ့သောရက်သတ္တနှစ်ပတ်အတွင်း အာဖဂန်နစ္စတန်မှာ အကြမ်းဖက်များ၏တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ကြရပါ သည်။ ကာဘူးရှိ အင်တာကွန်တီနင်တယ်ဟိုတယ်၊ ဂျလာလာဘတ်မှ ဗြိတိသျှအကူအညီပေးရေး ဆိုင်ရာ ရုံး၊ ကာဘူးရှိ ယဉ်ကျေးမှု ဆိုင်ရာစင်တာတို့ ပါဝင်သည်။ ရက်များမကြာမီက လူနာတင်ယဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များတင်ကာဖေါက်ခွဲခဲ့သဖြင့် လူပေါင်း ၁၀၀ ကို သေကြေစေခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုမှာ စစ်တပ်စခန်းတခုဖြစ်ပြီး လူ ၁၁ ဦးမျှ သေကြေခဲ့သည်။

(၂)
၂၀၀၈ ခုနှစ်က သမ္မတ ဂျော့ဘုရှ်ထံတင်ပြသော အာဖဂန်နစ္စတန်စစ်ပွဲအပေါ် သုံးသပ်ချက်တွင် “ကျွန်တော်တို့ အာဖဂန်နစ္စ တန်မှာ ရှုံးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်လည်း မနိုင်ဘူး။ အကောင်းတွေလည်း ဖြစ်လာမှာမဟုတ်ဘူး” အဖွင့်တွင် ရေးသားထားပါသည်။ နောက်ပိုင်းမှာရောက်လာသမျှသောစစ်ပွဲဆိုင်ရာ ရီပို့အားလုံးမှာ ဤပုံစံအတိုင်း ပင်ဖြစ်ပါသည်။

လွန်ခဲ့သော သြဂုတ်လကလည်း ထရန့်အစိုးရသို့ အစီရင်ခံစာတစ်စောင်တင်ခဲ့ပါသည်။ ဘိန်း၊ ခြစားခြင်း၊ လူမျိုးစုကွဲပြားခြင်း၊ ၎င်းတို့မညီညွတ်ခြင်းတို့အပြင် ပါကစ္စတန်နိုင်ငံ၏ (Directorate for Inter-service Intelligence) ၏ တာလဘန်တို့ အပေါ်အကာအကွယ်ပေးနေခြင်းများ ပါဝင်ပါသည်။

ပြဿနာသည် အဘယ့်ကြောင့် ဤမျှ ကြီးထွားနေရပါသနည်း။ အမေရိကားတွင် စက်တင်ဘာလ ၁၁ ရက် အရေးအခင်းဖြစ်ပြီး ကတည်းက ပါကစ္စတန်နိုင်ငံကို ဒေါ်လာဘီလီယံပေါင်းများစွာ ထောက်ပံ့ခဲ့ပြီပြီ။ ထိုအထဲကမှ အဘယ့်ကြောင့် တာလဘန် တို့ရန်ကို မတွန်းလှန်နိုင်ရပါသနည်း။

အမေရိကန်သမ္မတသုံးယောက်စလုံး သမ္မတဘုရ်၊ အိုဘားမားနှင့် ထရန့်ကိုမေးနေခဲ့သောပြဿနာမှာ ဤ ပြဿနာပင်ဖြစ် ပါသည်။ အဘယ့်ကြောင့် “ငါတို့ အာဖဂန်နစ္စတန်မှာ စစ်တိုက်နေရသလဲ၊ ငါတို့အတွက် ဘာအရေးကြီးသလဲ။ စစ်ပွဲကြီး ဘယ်တော့ပြီးဆုံးမှာလဲ” ဟူ၍ ဖြစ်သည်။

မစ္စတာထရန့်က သူ့အရင် သမ္မတများနှင့်မတူ ပါကစ္စတန်ကို အရေးယူမှုများရှိခဲ့သည်။ သူ့အစိုးရက ပါကစ္စတန်ကို နှစ်စဉ် ပေးနေကျ ၁ . ၃ ဘီလီယံ တန်ဖိုးရှိသော စစ်ရေးအထောက်အပံ့များကို မပေးဘဲ ဆိုင်းငံ့ထားသည်။ သူ့အနေဖြင့် တာလ ဘန်များအပေါ်တွင် ပါကစ္စတန်က ဖိအားပေးစေလိုသည်။

မစ္စတာထရန့်သည် မျှော်မှန်းချက်နှင့် လက်တွေ့သဘောတရားကို နှိုင်းယှဉ်ရာတွင် ပထမဆုံးမဟုတ်ပါ။ ၂၀၀၉ ခုနှစ်ကစစ်တပ်အင်အားတိုးမြှင့်ခဲ့သော သမ္မတအိုဘားမားကို သူအကြံပေးသူများက အဓိကအချက်ကြီးနှစ်ချက် ထောက်ပြခဲ့ကြသည်။
ပထမအချက်မှာ ပါကစ္စတန်၏ နျူးကလီးယားလက်နက်များ လုံခြုံမှုပင်ဖြစ်သည်။ ဒုတိယအချက်မှာ အယ်ခိုင်ဒါ (Al Qaeda) နှင့်အပေါင်းပါတို့၏ရန်ပင်ဖြစ်သည်။ ထိုရန် မှာအာဖဂန်နစ္စတန်တွင်ရှိသည်မဟုတ် သူတို့သည် ပါကစ္စတန်၏ အော်ဒါမှာရ သော ပြဿနာများဖြစ်သည်။ ၂၀၁၁ တွင် အယ်ခိုင်ဒါ၏ အရေးကြီးသောအကြမ်းဖက် သူတို့သည် ပါကစ္စတန်တို့ထွက်ပြေး သွားခဲ့သည်။ အိုဘားမား၏ အယူအဆမှာ အာဖဂန်နစ္စတန် ပြည်တွင်းမှာ ရုတ်ရုတ်ရက်ရက်ဖြစ်လျှင် အယ်ခိုင်ဒါက ပြန်လာလိမ့်မည်။ ဤအကြောင်းများကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ အမေရိကန်စစ်သားများကို စေလွှတ်ရခြင်း ဖြစ်ပါသည်။

တာလဘန်သည် အယ်ခိုင်ဒါးကဲ့သို့ အမေရိကန်နိုင်ငံကို အန္တရာယ်ရှိသလားဟူ၍ မေးစရာရှိသည်။ သမ္မတအိုဘားမားက ဤသို့မထင်ပါ။ တာလဘန်တို့သည် အာဖဂန်နစ္စတန်တို့၏ နိုင်ငံရေးတွင်မပါမဖြစ် ပါနေသည်။ တာလဘန်ကိုနိုင်ရန် မဖြစ် နိုင်၊ အာဖဂန်နစ္စတန်တွင် တာလဘန်တိုက်ခိုက်ရေးမှာ အာဖဂန်တို့ သဘောသာ ဖစ်ခဲ့သည်။ ဤသို့ဖြင့် အမေရိကန် စစ်သားဦးရေကို တဖြည်းဖြည်းလျော့ချပြီး ၂၀၁၁ တွင် ပြီးအပိုင် ထွက်ခွာမည်ဟု အိုဘားမားက ကြေညာခဲ့သည်။

ပါကစ္စတန်၏ စစ်ဗိုလ်ချုပ်ကြီး ကာရာနီ (Ashsaq Parvez Kayani) ကမူ တာလဘန်စစ်ပွဲသည် အောင်မြင်မည်မဟုတ်ပါဟု အမေရိကန်နှင့် နေတိုးအရာရှိများကို ပြောခဲ့သည်။ အမေရိကန် စစ်တပ်အင်အားကလည်း မလုံလောက်။ ထို့ကြောင့် ပါကစ္စ တန်စစ်ဗိုလ်ချုပ်ကြီးကသူ့နိုင်ငံဧရိယာမှ မကောင်းဆိုးဝါးတွေမရှိလျှင် လုံလောက်သည်ဟုပြောခဲ့သည်။ ပါကစ္စတန်မှာ အာဖ ဂန်နစ္စတန်မှ အကြမ်းဖက်မှုများသည် ဘော်ဒါကိုကျော်၍ မလာရန်နှင့် အိန္ဒိယနိုင်ငံ၏ သြဇာအာဖဂန်နစ္စတန်တွင် လွှမ်းမိုး မသွားစေရန်သာ ဖြစ်သည်။

အယ်ခိုင်ဒါ များသည် ပါကစ္စတန်နယ်မြေထဲ ဝင်ရောက်ပြီးနောက် ဆိုးသွမ်းသူများနှင့် ပူးပေါင်းခါ ပါကစ္စတန်နယ်မြေထဲတွင် မွှေခဲ့သည်။ ၂၀၀၇ ခုနှစ်သည် အဆိုးရွားဆုံးနှစ်ဖြစ်သည်။ အသေခံဗုံးခွဲမူများ၊ ပါကစ္စတန်၏မြို့ကြီးများတွင် မကြာခဏ ဖြစ်ပွားခဲ့သည်။ ရာပေါင်းများစွာသော ပါကစ္စတန်ပြည်သူများ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် သောင်းကျန်းသူများပါ သေ ကြေခဲ့ကြသည်။

၂၀၁၆ ခုနှစ်ရောက်မှသာ ပါကစ္စတန်၏ ပြည်တွင်းလုံခြုံရေးတွင်တိုးတက်မှုရှိလာခဲ့သည်။ ယမန်နှစ်က အသေ အပျောက် အနည်းဆုံးပင်ဖြစ်သည်။ တောင်အာရှမှ သောင်းကျန်းသူထိန်းသိမ်းရေးအဖွဲ့မှ ခန့်မှန်းချက်အရ အနည်းဆုံး ပြည်သူ ၅၀၀ ထက်မနည်း သေကြေခဲ့ရသည်။

သမ္မတအိုဘားမားက စီအိုင်အေကို ပါကစ္စတန်၏ ဘော်ဒါနေရာ (Tribal Area) တွင် အယ်ခိုင်ဒါများကို ဒရုန်းများဖြင့်တိုက်ခိုက် ရန်ခွင့်ပေးခဲ့သည်။ ပါကစ္စတန်ကို အသိမပေးဘဲ အိုဆာမားဘင်လာဒင်ကို ဝင်ရောက်သတ်ဖြတ်ခဲ့သည်။ သို့ပါသော်လည်းပါ ကစ္စတန် ထောက်လှမ်းရေးအဖွဲ့ကြီးက အကာအကွယ်ပေးထားသော တာလဘန်ခေါင်းဆောင်အဖွဲ့နှင့် အခြားအကြမ်းဖက် အုပ်စုတို့ကို ရန်မပြုနိုင်ခဲ့ပေ။

အာဖဂန်ခေါင်းဆောင်များနှင့် အမေရိကန်ခေါင်းဆောင်များက ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့က တာလဘန်တို့ကို အကာအကွယ်ပေးနေသည်ကို စိတ်ပျက်လက်ပျက် ထိုင်ပြီးကြည့်နေရသည့်သဘောဖြစ်နေသည်။ အမေရိကန် စစ်သည်များ လည်း သေကြေနေကြသည်ကို ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေကြရသည်။

၂၀၁၇ ပဌမ ၉လအတွင်းက ကုလသမ္မဂ္ဂ ရီပို့တစ်ခုတွင်တာလဘန်စစ်ပွဲကြောင့် ပြည်သူ ၂၆၄၀ ကလေး၇၀၀ အပါအ၀င် သေကြေရ သည်။ ယမန်နှစ်ကလည်း ထိုပမာဏပင်သေကြေနေကြရသည်။

ယခုအချိန်သည် အခြားပါကစ္စတန်မိတ်ဆွေနိုင်ငံများကို ဖိတ်ခေါ်ရမည့် အချိန်ဖြစ်ပါသည်။ တရုတ်၊ ပါကစ္စတန်၊ ရုရှား၊ အီရန်၊ နိုင်ငံတို့ကလည်း အစ္စလန်နိုင်ငံ (Islamic State ) ပေါ်လာမည့်အရေးကို စိုးရိမ်နေကြသည်။ ယခု အခါ IS အဖွဲ့သား များသည် အာဖဂန်နစ္စတန်၏ အရှေ့ပိုင်းကို ခြေကုပ်ယူနေကြပြီးဖြစ်သည်။ တရုတ်တို့က ပါကစ္စတန်ကို အကြမ်းဖက်များ ကာကွယ်ခြင်းနှင့် နျူကလီယာအရေးကိစ္စများတွင် ပြင်ပမှဖိအားပေးခြင်းကို အကာအကွယ်ပေးသည်။

အမေရိကန်မှ အာဖဂန်နစ္စတန်သို့ စေလွှတ်သမျှ စစ်ဗိုလ်ချုပ်ကြီးများက အာဖဂန်နစ္စတန် ပြဿနာဖြေရှင်းရန် နိုင်ငံရေးနည်း ဖြင့်သာဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။ အမေရိကန်ကမူ ယခုအချိန်ထိ စစ်ရေးအရသာ ဖြေရှင်းလိုသေးသည်။ စစ်ပွဲကတာရှည်နိုင်ပါသည်။

အိုဘားမားအစိုးရက တာလဘန်တို့နှင့် စကားပြောဆိုပြီး ပြဿနာကိုဖြေရှင်းရန် ကြိုးစားခဲ့ပါ၏၊ ပါကစ္စတန်အဖွဲ့ကလည်း သဘောတူညီချက် မှန်သမျှ သူတို့ပါရမည်ဟုဆို၏၊ တာလဘန်တို့ကလည်း ပါကစ္စတန်၏လွှမ်းမိုးမှုကို အလိုမရှိ၊ အာဖဂန် အစိုးရ ခေါင်းဆောင်တိုင်းကလည်း တာလဘန်တို့နှင့် စကားပြောစေ့စပ်လိုကြသည်။ သို့ သော် ထိုခေါင်းဆောင်များမှာနောက် ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံကြရသည်။

(၃)
အမေရိကန်တို့အနေဖြင့် ယခုအချိန်တွင်အတင်းဆုပ်ခွာသွားနိုင်ကြပါ၏၊ ထိုသို့လုပ်လျှင် တာလဘန်နှင့် အစ္စလန်စစ်တပ် တို့၏သြဇာအာဏာမှာ တန်ခိုးကြီးထွားလာမှာ သေချာပါသည်။

ကိုသန်းလွင်
Ref: we Can’t Win In Afghanistan Because we don’t know why we were there. Steve Coll
Newyork Times 29 January 2018

Comments