နောက်ဆုံးလက်ကျန် အသက်ငွေ့ငွေ့
မောင်နောင်မွန်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈
အားယူ၍ပွင့်ထွက်လာသောမျက်ဝန်းထဲ တွင်
မျှော်လင့်ချက်တစုံတရာပျော်ဝင်ေ နမှန်းသူသိသည်။
သို့သော် သူလက်မှစမ်း၍ရသောသွေးခုန်နှုန်း သည်ကာ
သူဆီသို့ တိုးတိတ်စွာသာ လာရောက်ထိခတ်နေ တော့သည်။ အရိုးပေါ်အရေတင်နေသော ရင်ဘတ်ပေါ်တွင်
ဝါးလုံးချောင်းများစီထားသကဲ့သို့  နံရိုးချောင်း များအထင်းသာပေါ်နေသ ည်။ အခန်းမီးရောင်မှိန်မှိန်အောက်တွ င်
လက်ကျန်အချိန်လေးအတွက် လေထု ထဲမှ သက်စောင့်ဓာတ် အငွေ့အသက်များကို အားယူရှုရှိုက်နေမှန်းသူသိနေသည်။
လက်မောင်းရင်းတွင်ပတ်ထားသော သွေးပေါင်ချိန်တိုင်းကိရိယာ၏မီတာခွက်မှ
အတံလေးသည် လေဘော လုံးထဲမှလေ လျော့သံနှင့် အတူ တဖြည်းဖြည်းကျလာသည်။ နားထဲမှနားကြပ်တွင်ကြားရသောအသံ သည်
တိုးတိတ်လွန်းလှသည်။ မျှော်လင့်ချက်မျက်ဝန်းများစြွာ ဖင့် စူးစိုက်ကြည့်နေသောအကြည့်ဒဏ်ကို
သူခံနိုင် ရည်မရှိတော့။ "ရေ သောက်ချင်တယ်" ဟူသော စကားသံလေးကိုလေသံဖြင့်တိုးတိုးေ လး
လူနာဆီမှကြား လိုက်ရသည်။
"ဂွမ်းလေးနဲ့ရေကိုဆွတ်ပြီနှုတ် ခမ်းပေါ်တင်ပေးလိုက်လေ။
သူရေဆာနေတယ်။ ဒီအတိုင်းတိုက်ရင် သီးနေ မယ်။ ပြန် အန်ထွက်မှာကြောက်ရတယ်ကွဲ့" ဟု လူနာရှင်များဘက်လှည့်ပြီး
သူပြောမိသည်။ ဒီအချိန်တွင် လူနာတယောက်၏ စိတ် ချမ်းသာမှုသည် အရေးကြီးဆုံးသောအရာဖြစ်သည်ဟု
ခံယူထားသောကြောင့်ဖြစ် သည်။
ညနေခင်း၏အလှတွင် ချုပ်ငြိမ်းသွားတော့မည့်
နေရောင်ခြည်၏အလှပဆုံးသော အလင်းရောင်လည်းပါ သည်။ အိပ်တန်းဝင်မည့်ငှက်ကလေးများ၏နှုတ်ဆက်တေးသံများကို
သဲ့သဲ့ကြားနေရသည်။ တနေ့တာ ခွဲ ခွာခါနီးချစ်သူများ၏အလွမ်းမျက်ရည်များကျချိန်ဖြစ် သည်။
ထိုအချိန်သည် လူကြီးသူမများပြောသောအပုပ် ချိန် ဆိုတော့အချိန်ဖြစ်သည်။ သို့သော် အကျည်းတန်လှချိန်ဖြစ်သကဲ့သို့
နွားရိုင်းသွင်းချိန်သည် မကောင်း သောအချိန်ဖြစ်သည်ဟု ဆိုစမှတ်ပြု ကြသည်။
........
"ဆရာ၊ ဗိုက်ကတော့ တနေ့တခြားဖောင်းလာတယ်။
ဝမ်းကလည်းချုပ်တယ်ဗျာ" ဟူသောစကားသံကို သူတရက်ခြား တခါခန့် ကြားနေရသည်။
သူ့ဆေးခန်းလေး၏သက်တမ်းကြာလာသည်နှ င့်အမျှ
လူနာဦးရေတနေ့တခြားတိုးပွားလာ သည်။ ရောဂါမျိုးစုံကိုလည်း တဖြည်းဖြည်း တွေ့လာရသည်။
ဤလူနာသည်က သူ့ဆေးခန်းဖွင့်စကတည်းက ပုံမှန် လာရောက်နေရသည့်လူနာဖြစ်သည်။ စပြသောရောဂါလက္ခဏာသည်
ယခုနှစ်နှစ်ခန့်ကြာတဲ့အထိ ထိုအရာ သာဖြစ်သည်။
စပြသောအကြိမ်တကည်းက သူအာထရာဆောင်းခေါ်သော
တီဗွီဓာတ်မှန်ရိုက်ခိုင်းထား၍ရလာသော အဖြေတွင် အူမကြီးတွင် ကင်ဆာကဲ့သို့သော အလုံးတွေ့ရှိရသည်ဟု
အဖြေထွက်ခဲ့သည်။ စီပွားရေးပြေလည်သောအခြေအနေတွင် ထိုလူနာအားဆေးရုံမှာ ကျွမ်းကျင်သမားတော်များနှင့်ေ သချာပြသ ၍
ခွဲစိတ်ကုသရန် သူအကြိမ်ကြိမ်တိုက်တွန်းဖူးခဲ့ သည်။ တိုက်တွန်းသည့်အခါတိုင်း သူပြန်ပြောလေ့ရှိသည့် စကားက
"ကျွန်တော်ကိုယ်ကျွန်တော်သိတယ်ဆ ရာ ဒီရောဂါ ဖြစ်နေတာကြာပြီ၊ ခွဲစိတ်ဆရာဝန်ကြီးနဲ့ လည်း
ပြခဲ့ဖူးတယ်ဆရာ၊ ဆရာဝန်ကြီးက အဲဒီ့အလုံးကိုခွဲစိတ်ထုတ်ပြီး ဗိုက်ပေါ်မှာ မစင်အိတ်ဖောက်မယ် ဆိုလို့
ကျွန်တော်ငြင်းခဲ့တာဆရာ။ ဒီမစင်အိတ်တကားကားနဲ့ကျွန်တော်လြူ ဖစ်ရှုံးမှာပေါ့။ လူရာဘယ်ဝင် တော့မလဲဆရာ"
ဟူသောစကားသာ အမြဲကြားရသည်။
တချို့သောသူများအတွက် လူရာဝင်မှုသည် အသက်ရှင်ခြင်းထက်
ပိုမိုလိုအပ်သည်။ ဆေးခန်းသို့လာတိုင်း ဝမ်းပျော့ ဆေးနှင့်ဗိုက်အောင့်ေ ပျာက်ဆေးသာပေးနိုင်သည်။
"ဆရာ အဘိုးအိပ်ရာကနေထလို့မနိုင်ဘူးဆရာ ဝမ်းမသွားတာလည်း ၂ ရက်ရှိနေပြီ။ အဲဒါလူနာရှင်းရင်
ဆရာအိမ်ကို ခဏကြွခဲ့ပေးပါလားဆရာ" ဟူသောစကားသံသည် သူလူနာကြည့်နေစဉ် အခန်းလိပ်ကာ လေးကိုလှပ်ခနဲဖွင့် ရင်း
ကြားလိုက်ရသည်။ အဘိုးအိမ်မှာမြေးမလေးကို သူတွေ့လိုက်သည်။
သူခေါင်းလေးညိတ်ကာ "အေး
အေးသမီး၊ ဆရာခဏ နေ လူနာရှင်းရင်လိုက်ခဲ့မယ်" ဟုပြောလိုက်မိ သည်။
........
........
အိပ်ရာပေါ်တွင် ခွေခွေလေးကွေးနေသော အရိုးပေါ်အရေတင် အဘိုးသည်ကား သူဆီသို့ နှစ်ရက်တခါ သုံး ရက်တခါ ဝမ်းပျော့ဆေးလာတောင်းနေသောလူနြာ
ဤအချိန်အတောအတွင်း
လူနာ၏အသွင်အပြင် သည်ကား လုံးဝကိုခြားနားသွားသည်။
"ဝမ်းမသွား လေမလည်တာ ၃ ရက်လောက်တောင်
ရှိတော့မယ်ဆရာ" ဟု လူနာ၏သမီးဖြစ်ပုံရသောအမျိုး သမီး တဦး၏စကားသံကိုကြားရသည်။
သူ လူနာ၏ ဝမ်းဗိုက်ကိုစမ်းသပ်ကြည့်သည်။
အူလမ်းကြောင်းလှုပ်ရှားမှုသံများက ဆူညံနေသည်။
လေနှင့်ပြည့်ဝနေသောဝမ်းဗိုက်တခု။ ဘောလုံတလုံးလိုတင်းပြောင်နေလေသည်။ ပတ်ပတ်လည်တွင်ဝိုင်းနေသော
လူနာ၏သားသမီးတစု ကတော့ သူဆီသို့ မျှော်လင့်ချက်များစွာကို ငံ့လင့်သောအကြည့်မျိုးဖြင့်
ကြည့်နေကြသည်။
သူလုပ်စရာရှိတာလုပ်သည်။ ဒီလိုအချိန်တွင်တော့
သူ့မှာ လုပ်စရာများစွာလည်းမရှိတော့ပေ။ သက်သောင့် သက်သာရှိရေးသည်သာ သူလုပ်နိုင်တော့သည်။
ဘဝတခုချုပ်ငြိမ်းရေး အသက်တခုအဆုံးသတ်ရေးကို အလွယ်လေးလို လူတွေများစွာက တွေးမိကြမည်။
ဖြုတ်ခနဲ့ ချက်ချင်းကောက်ခါငင်ခါ ပြီးသွားမည့်ဇာတ် လမ်း၏ဇာတ်သိမ်းတခုဟုထင်ကြသည်။ သို့သော်
ဘဝတခုရှင်သန်မှုအတွက် အစပြုရေးသည် ခက်ခဲ သကဲ့သို့ အဆုံးသတ်ဖို့က လည်း လွန်စွာနာကျင် လွန်းလှသည်။
ဟဲမင်းဝေး၏ကယ်လီရိုး မင်နာဂျာရိုး ဝတ္ထုတိုလေးတွင် တောင်ပေါ်တက်ရင်း သစ်ငုတ်စူးရာက အနာရင်းသွားတော့
မင်းသား၏သေဆုံးခါနီးပုံကို သရုပ်ဖော်ထားပုံကိုပင် ပြန်လည်အမှတ်ရမိသည်။ သို့သော် လူသားများက
အရာရာတိုင်းကို သက်သောင့် သက်သာဖြတ်သန်းချင် ကြသည်မဟုတ်ပါလား။
......
သူ သင်ကြားခဲ့သောပညာရပ်များတွင် လူနာအသက်ကယ်ခြင်းသည်သာပါသည်။ အသက်ကိုအဆုံးသတ်ခြင်းမပါချေ။
ကျမ်းသစ္စာဆိုခဲ့သော ဟစ်ပိုးခရေးတီးကျမ်းစာတွင် လူနာအားသေစေ သောပစ္စည်း၊ ဆေးဝါးများမှရှောင်ကြဉ်ရမည်ဖြစ် သည်။
လူနာအား ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ ပြုစုကုသပါမည်ဟုပါရှိသည်။ ထိုအရာသည်ပင် ဆေးပညာကိုသင်ယူခဲ့သော
သမားတယောက်၏ခါးဝတ် ပုဆိုးဖြစ်သည်။ ထိုအရာကိုမလိုက်နာသော သူများသည် ဆေးပညာကို တဖက်ကမ်းခတ်အောင်
ကျွမ်းကျင် ပိုင်နိုင်ပါစေ သမားဂုဏ်ရှိသောသူဟုမသတ်မှတ်ချေ။ အရာရာတိုင်းတွင် ကိုယ်ချင်းစာတရားသည်
အရေး ကြီးသည်မဟုတ်ပါလား။
ဗုဒ္ဓပင်လျှင် " ဥပဒါနံ အနုကမ္မဒယာ" ဟု မိန့်ကြားဖူးသည်။
လူနာများကို ကိုယ်ချင်းစာတရားလက်ကိုင် ထား၍ြ ပုစုကုသပါမည်ဟု ပညာရှိများကအဓိပ္ပာယ်ဖွင့်ဆိုခဲ့ ကြသည်။
ဘဝတခုနေဝင်ချိန်သည်က အလွန်မှပင်ပန်းလှသည်။
ခက်ခဲလှသည်။ အလွန်မြင့်မားမတ်စောက်သောတောင်ေ စာင်း တခုပေါ် ကုတ်ဖဲ့တက်နေရသကဲ့သို့ပင်ဖြစ် သည်။
ဘဝတခုအဆုံးသတ်ဖို့အရေးသည် လွယ်ကူလှသောအရာမဟုတ်ချေ။ အချို့သူများသည် ဘဝတခုချုပ်ငြိမ်း ဖို့အရေးကို
လွယ်ကူသည်ဟု ထင်မှတ်ကြသည်။ ဆရာဝန်ကြီးတဦးပြောဖူးသော စကားတခွန်းကိုနားထဲမှာ ကြားယောင် မိသည်။
"လူတွေက သေတာကိုလွယ်ကူတယ်ထင်နေကြတယ်ကွာ၊
ဖြုတ်ခနဲကြွေကျကုန်မယ်ထင်တယ်။ မသေခင် ပင်ပန်း ဆင်းရဲမှုကိုခံစားရ ဖို့ကြိုမတွေးထားဘူး"
ဟုပြောဖူးသည်။
ယခု သူလူနာသည်လည်း ထို့နည်းအတူဖြစ်သည်။ ဘာဝေဒနာမှခံစားခြင်းအလျဉ်းမရှိဘဲ
ဖြုတ်ခနဲကြွေကျ သေဆုံးသွား မည်ထင် နေမိသောသူတယောက်ဖြစ်သည်။
"ရေ သောက်ချင်တယ်" ဟူသောစကားသံကို
အားစိုက်ကဖွင့်ဟလာသံကိုကြားရသည် ။
အသက်ကိုအားယူရှိုက်နေရသည်။ "သေမှာသိလေ
လူတွေကကြောက်လေပဲကွ။ အသိဉာဏ်ရှိလေ ကြောက်လေပဲ။ တွယ်တာလေပဲ။ ဘာမသိတဲ့သူတွေက သေတာတောင်ဘာမှန်းမသိတော့
သေရမှာ ဝန်မလေးဘူးကွ။ အသိရှိတဲ့ သူတွေကတော့ ဘဝတချုပ်ငြိမ်းဖို့အရေးက အင်မတန် ရင်လေးစရာပေါ့ကွာ"
ဟူသောဆရာတယောက်၏ ဒဿနဆန် ဆန်သဘောတရားတခုကို တစွန်းတစပြန်လည်သတိရမိသည်။
.......
လူနာရှင်နှင့်လူနာ၏မျက်ဝန်းထဲတွ င် တွေ့ရသောမျှော်လင့်ချက်များကို သူကြောက်ရွံ့နေမိသည်။
လူနာ၏နောက်ဆုံးအချိန်ကို အားလုံးသိထားကြသော်လည်း ရေနစ်သောသူအတွက် နောက်ဆုံးကောက်ရိုး တမျှင်သည်လ ည်း
အားထားရာဆိုသည့်အတိုင်း သူတို့၏မျက်ဝန်းထဲတွင် အတိုင်းသားမြင်နေရသည်။ အခန်းထဲတွင် လူနာ၏ အသက်ရှုသံပြင်းပြင်းရှရှကို သာကြားနေရသည်။
မကြာသေးမီက သူကြည့်ခဲ့သောလူနာတယောက်အကြောင်းသတိရမိသည်။
ငွေရေးကြေးရေးပြည်စုံသောမိသားစု ၏ မိခင်၏နောက်ဆုံးအချိန်။ ငယ်စဉ်တောင်ကျေး ကလေးဘဝက တည်းက
ရင်အုပ်မကွာစောင့်ရှောက်ခဲ့သော မိခင်တယောက်လေဖြတ်ခံရသည့်အခြေအေ နတွင် အသိစိတ် တို့ပျောက်နေလေသည်။
သူ၏လူနာဖြစ်သောကြောင့် ရောဂါ ခံစားသည်နေ့မှစ၍ သူကိုယ်တိုင်ကြည့်ရှု ကုသပေးသည်။ လိုအိပ်သောဆေးများကိုထိုး၊
လိုအပ်သောဆေးများကို တိုက် ကျွေး ခဲ့သည်။ အောက်စီဂျင်ပေးထားခဲ့သည်။ တစ်ရက်နှစ်ရက်သုံးရက်။
ကိုမာအနေအထားနှင့်သတိမေ့နေသော လူနာ အမေကို သားသမိးများက ပြုစုပေးသည်။
တနေ့ ၊ သူဆေးခန်းထိုင်နေချိန်တွင် ထိုလူနာ၏သမီးအကြီးဆုံးမှ
ဆေးခန်းလာကာ လူနာအခြေအနေ အကြောင်းလာ မေးသည်။ သူလည်း လူနာအခြေအနေသည် နောက်ဆုံး အချိန်ရောက်နေကြောင်း၊
ထိုသို့ သာ သတိမေ့မျောနေမည်ဖြစ် ကြောင်းနှင့် တတ်နိုင်သရွေ့ပြုစုရန်လိုအပ်ကြောင်းပြောသည်။
သည်တွင် လူနာရှင်က သူတို့လူနာကို ဆေး ထိုးခြင်းမပြု လိုတော့ကြောင်း၊ အောက်စီဂျင်ဖြုတ်ချင်ကြောင်းနှ င့်
ပြုစုရန် သားသမီးများသည်လည်း ကိုယ်စီနှင့်မို့ အချိန်မပေးနိုင်ကြ ကြောင်းပြန်ပြောလာသည်။
ထိုအခါ သူက မိမိသဘောမတူကြောင်း၊ လူနာရှင်တို့၏ရွေးချယ်မှုသာဖြစ်ေ ကြာင်း၊
သမားဂုဏ်နှင့်အညီ သူကတော့ လူနာအသက်ရှင်ရေးကိုခွင့်ပြုကြော င်းပြောခဲ့သည်။ ထိုနေ့မှစ၍
သူလည်းထိုလူနာကိုမကြည့် တော့ပေ။ သုံးရက်မြောက်သောနေ့တွင် ထိုလူနာ၏အသုဘအခမ်းအနားကို သိရသည်။
သူစိတ်ထဲတွင်မူ မိဘကိုပြုစုကုသရန် အချိန်မရှိသောသားသမီးများကို ထိုသို့ထပ်တူအကျိုးမပေးရန်သာ
ဆုတောင်းပေး မိသည်။
.........
"ဆရာ အဖေ အသက်မရှုတော့ဘူး ခဏလောက်ကြည့်ပေးပါဦး" ဟု လူနာစောင့်များ၏အသံကိုကြားရ သည်။
ရင်ဘတ်ပေါ်တွင် နားကြပ်လေးတင်ကာ နှလုံးခုန်သံလေး နားစိုက်မိသည်။
သူ့နားထဲတွင်နှလုံးခုန်သံအစား
လေတိုး သံများသာကြားရသည်။ လူနာ၏သူငယ်အိမ်ကိုမီးထိုးကြည့် မိသည်။ သူငယ်အိမ်သည်ငြိမ်သက်နေချေပြီ။
သူပွင့်နေသော မျက်ဝန်းကိုမှိတ်ချလိုက်သည်။
ဝေဒနာခံစားနေရသောအဘိုးသည် ချုပ်ငြိမ်းသွားသည်။
သေဆုံးခြင်းတရားနှင့်ရှင်သန်ြ ခင်းတရားသည် အလွှာပါးပါးလေးသာ ခြားထားမှန်းသူသိခဲ့သည်။
ဖြစ်ချိန်တန်ဖြစ်ခဲ့သော လောကနိယာမတရားဖြစ်သည်။
ငိုသံလေးများတိုးတိုးတိတ်တိတ်ကြားနေရသည်။
နာရေးအတွက် မြေချသင်္ဂြိုဟ်ရန် စတင်လုံးပမ်းနေကြပြီ။ သူသည်ဆေးအိတ်ကိုဆွဲကာ ဆေးခန်းသို့ပြန်ခဲ့သည်။
ပြန်လည်ရှင်သန်ခြင်းအကြောင်းသူမ သိ။ သေဆုံးခြင်းအကြောင်းသူမသိ။
သူသိသည်ကာ အသက်ရှင်သန် ရေးသည် ခက်ခဲသကဲ့သို့ သေဆုံးခြင်းသည်ခက်ခဲသည်။
"လူတွေက သေတာကိုလွယ်တယ်ထင်နေကြတယ်။ သေဖို့ထက်
မသေခင်ခံစားနေမဲ့အရာတွေက ပိုခက်ခဲ မှန်းမသိကြဘူး" ဟူသောဆရာကြီးစကားသာ နားထဲကြားမိသည်။
ညနေခင်းအလင်းရောင်မှိန်မှိန်ပျောက်ကာ
လရောင်ဖြာဖြာနှင့် ညအချိန်ပင်ရောက်နေချေသည်။
လမ်းထိပ်ကညောင်ပင်တွင် ဇီးကွက်အော်သံက စူးစူးဝါးဝါးကြားနေရသည်။
ဘဝတခုတွင် အသက်ငွေ့ငွေ့ရှင်သန်ရေးသည် တဖြည်းဖြည်းခက်ခဲလာမှန်းသူသိခဲ့ေ လသည်။
။
မောင်နောင်မွန်
Comments