ကိုသန်းလွင် ● အာဖဂန်နစ္စတန်မှ စာအုပ်ထုတ်ဝေရေး

ကိုသန်းလွင် ● အာဖဂန်နစ္စတန်မှ စာအုပ်ထုတ်ဝေရေး
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

(၁)
စားစရာများနှင့် မြေပဲကို အီရန်မှလည်းကောင်း၊ စိုက်ပျိုးသီးနှံအများအပြားကို ပါကစ္စတန်နိုင်ငံမှလည်းကောင်း၊ မှာယူတင် သွင်းသည်။ အာဖဂန်နစ္စတန်တွင် စိုက်ပျိုးသီနှံများကို အလျှံပယ်စိုက်ပျိုးနိုင်သည်မှန်၏။ သို့သော် လစာတွေ အများ ကြီးရပြီး နိုင်ငံခြားမှ ထောက်ပံ့ငွေများဖြင့် ဟန်ကျနေကြသော လူတန်းစားက အလွယ်တကူနိုင်ငံခြားမှ မှာယူတင်သွင်းလိုကြသည်။ အာဖဂန်နစ္စတန်နိုင်ငံအဖို့ နိုင်ငံခြားမှမမှာသော အရာနှစ်ခုသာရှိသည်။ ဘိန်းနှင့် စာအုပ်များသာ ဖြစ်ကြသည်။

(၂)
နိုင်ငံအများအပြားတွင် စာအုပ်ထုတ်လုပ်သူ အများစုမှာ လွန်ခဲ့သော သုံးလေးနှစ်အတွင်း အရင်းကိုက်အောင် ရုန်းကန် လှုပ်ရှားကြရသည်။ အာဖဂန်နစ္စတန်တွင် စာအုပ်ထုတ်လုပ်သူတို့မှာ ဝင်ငွေလမ်းဖြောင့်၍ ငွေရွှင်နေကြသည်။ တိုင်းပြည်တွင် လူ ၅ ယောက်လျှင် ၂ ယောက်မှာ စာမဖတ်တတ်ကြပါ။ ကျန်သောလူ ၃ ယောက်က စာကို အငမ်းမရ ဖတ်နေကြဟန်ရှိသည်။

မငြိမ်မသက်ဖြစ်နေသော ပတ်ဝန်းကျင်၊ အန္တရာယ်အလွန်များသော ပတ်ဝန်းကျင်မှာ စာအုပ်တအုပ်နှင့် မွေ့ ပျော်ရသည်မှာ သာ တခုတည်းသော အပမ်းဖြေစရာဖြစ်နေသည်။ တိုင်းသူပြည်သားများက စာကို အတင်းရှာဖွေဖတရရှုနေကြချိန်တွင် စာအုပ်ထုတ်ဝေသူများက ဤအခွင့်အရေးကို လက်လွှတ်မခံလိုကြပေ။ ပိုမိုအံ့သြဘွယ်ရာကောင်းသည်မှာ ဤလုပ်ငန်းသည် ပြင်ပမှအကူအညီမပါဘဲ အာဖဂန်ပြည်သူများကိုယ်တိုင် ဖန်တီးသောအလုပ်ဖြစ်သည်။

စာအုပ်ထုတ်ဝေသူများအနေဖြင့် ဤအချိန်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထုတ်ဝေသူများကလည်း စာအုပ်အသစ်ကို  ရှာဖွေနေကြသည်။ စာဖတ်သူ လူငယ်လူရွယ်များကလည်း ဖတ်စရာစာအုပ်အသစ်ကိုရှာကြသည်။ စာ ရေးသူများကလည်း ထုတ်ဝေသူကို တွေ့အောင်ရှာကြသည်။ အာဖဂန်နစ္စတန်တွင် ဤလုပ်ငန်းများမှာ အလွန်အင်နှင့်အားနှင့် လုပ်နေကြခြင်းဖြစ်ပါသည်။

ကာဘူးမြို့တော်တွင် လူဦးရေ (၅) သန်းကျော်မျှရှိပြီးတပြည်လုံးတွင်  ထုတ်ဝေသူ ၂၂ ဦးမျှ ရှိပါသည်။ အများစုမှာ ကိုယ်ပိုင် ပုံနှိပ်စက်များရှိကြသည်။ အချို့ကလည်း ပုဂ္ဂလိကပုံနှိပ်စက်ရှိသူများကို အားကိုးအားထားပြုကြသည်။  ပြည်နယ် ၃၄ ခုရှိရာ တွင် စစ်မက်ဖြစ်ပွားနေသော (Helmand) နှင့်ကင်ဒါဟာနယ်များတွင်လည်း စာအုပ်လုပ်ငန်း ကို လုပ်ကိုင်လျက်ရှိကြပါသည်။

လွန်ခဲ့သောနှစ်က ထုတ်ဝေသူများက နိုင်ငံအနှံ့တွင် ဖြန့်ချိရေးဌာနများ ဖွင့်ခဲ့ကြသည်။ စာအုပ်ဆိုင်များမှာလည်း နေရာအနှံ့ အလျှိုလျှိုပေါ်ပေါက်လာသည် အစိုးရကိန်းဂဏန်းများအရ ကာဘူးမြို့တွင် မှတ်ပုံတင်ထားသော စာအုပ်ဆိုင် ၆၆ ဆိုင်ရှိ သည်။

၁၉၉၆ ခု မှ ၂၀၀၁ ခုနှစ်အထိ တာလဘန်များ (Taliban) အုပ်စိုးသောကာလများနှင့် မတူတော့ပေ၊ တာလဘန် များအုပ်ချုပ်ပြီး စက ထုတ်ဝေသူနှစ်ဦးသာ ကျန်ရစ်သည်။ အစိုးရကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင် Aazem Publishing ကုမ္ပဏီတို့ဖြစ်သည် ၂၀၀၁ အဆုံးတွင် တခုတည်းသောစာအုပ်ဆိုင်ကျန်ခဲ့ရာ ထိုလည်းကောင်းမှာ မကြာမီကတိုက်ခိုက်ခံခဲ့ရသော အင်တာတွင်တီနင် တယ် ဟော်တယ်တွင် တည်ရှိသည်။

အမေရိကန် ဦးဆောင်သောစစ်တပ်များ ၀င်လာသောအခါ အလွယ်တကူ ပုံနှိပ်နိုင်သောအဖိုးမတန်သော ပါကစ္စတန် နိုင်ငံ ထုတ်စာအုပ်များသာဝင်လာပြီး တိုင်းပြည်၌  သစ်သီးနှံရောင်းသော ဆိုင်များနည်းတူ တစစတွင်ကျယ်လာသည်။ အာဖဂန် အစိုးရအဖို့ တိုင်းပြည်၏ပညာရေးစနစ်ကိုအပြင်းအထန်ထူထောင်ဖို့ ကြိုးပမ်းနေရချိန်လည်း ဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ စစ်ဒဏ်ကိုခံခဲ့ရသဖြင့် တာလဘန်အစိုးရ အုပ်ချုပ်သော ငါးနှစ်ကာလသည် အဆိုးရွားဆုံးဖြစ်သည်။ အစိုးရကကျောင်း များကိုပိတ်ပြီး နိုင်ငံခြားတွင်ပုံနှိပ်ထားသည့်စာအုပ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။

ကျောင်းသုံးစားအုပ်များမှာ သန်းချီ၍ ဖျက်စီးခဲ့ကြသည်။ များသောအားဖြင့် ပါကစ္စတန်ထုတ် စာအုပ်များသာဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားလာသောအခါ ထုတ်လုပ်ရေးလုပ်ငန်းသည် အာဖဂန်တို့လက်ဝယ်သို့ရောက်သွားသည်။

နိုင်ငံခြားမှရရှိသော အကူအညီများတွင် ကျောင်းသုံးစာအုပ် ပုံနှိပ်သောလုပ်ငန်းလည်း ပါဝင်ခဲ့သည်။ သန်းပေါင်းများစွာသော စာအုပ်များကို ရက်အနည်းငယ်အတွင်း အပြီးပုံနှိပ်ကြရသည်။ Aazem နှင့် အခြားကုမ္ပဏီအငယ်ကလေးများက ပုံနှိပ်စက်အသစ်များဖြင့်ရိုက်နှိပ်ကြသည်။ သူတို့မှာ ကျောင်းသုံး စာအုပ်ထုတ်ဝေသောရာသီ ကုန်သွားပါက ထုတ်ဝေရန်မရှိတော့ပေ။
တိုင်းပြည်၏အဓိကဘာသာ နှစ်မျိုးရှိရာ (Dari) နှင့် (Pashto) ဘာသာရပ်များသို့ဘာသာပြန် ကြရ သည်။ အာဖဂန်ပရိတ်သတ် သည် ကမ္ဘာကြီးအကြောင်း သိလိုကြသည်။ ကမ္ဘာကြီးက ဘာဖဂန်နိုင်ငံအပေါ် အမြင်ကိုလည်း သိလိုကြသည်။ ထိုသိလိုမှုကို အကြောင်းပြု၍ စာအုပ်ထုတ်ဝေသူ အများအပြားပေါ်လာကြပြီး စာအုပ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတတ်လာပါသည်။

ပဌမဆုံးပေါ်လာသည့် စာအုပ်အမျိုးအစားမှာ အနောက်နိုင်ငံမှာ စာရေးဆရာများ ရေးသားသည့် အာဖတန်နစ္စတန်ဆိုင်ရာ စိတ်ကူးယဉ်မဟုတ်သော (Non-fiction) စာအုပ်များဖြစ်သည်။

အာဖတန်နစ္စတန်၌ စာအုပ်အသစ်ဟူ၍ မထွက်ပေါ်ဘဲနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီးထုတ်ဝေသူများက စာအုပ်များ ကို တတ်နိုင်သမျှ လျှင်မြန်စွာထုတ်ပေးနေသည်။ သူတို့ကို ကန့်သတ်ထားသောအရာမှာ လုံလောက်သော ဘာသာပြန်ပေး သူများ မရှိခြင်းပင်ဖြစ်သည်။ Aazem ၏ ၂၀၁၇-၂၀၁၈ အတွက်ရည်မှန်းချက်မှာ တနေ့လျှင် ခေါင်းစဉ်အသစ် (၃) ခုနှုန်း ပုံနှိပ်ရန်ဖြစ်သည်။ တနှစ်ပေါက်လုံး စာအုပ်သစ် ၁၁၀၀ မျှ ထုတ်ဝေရန်ရည်မှန်းထာရာ လွယ်ကူသောရည်မှန်းချက် မဟုတ် ပေ။

Aksos ဆိုသောကုမ္ပဏီက အာဖဂန်၏ အမေဇုန် (Amazon) ဟုဆိုကာ စာအုပ်ရောင်းဖို့ ကြိုးစားနေသည်။ စာအုပ်တစ်အုပ် ကိုအွန်လိုင်းမှမှာကြားလျှင် ကာဘူးမြို့တွင်းဆိုလျှင် တအုပ်လျှင် အမေရိကန်ငွေ ဆင့် (၅၀) မျှဖြင့် နေ့ချင်းပို့နိုင်အောင် ကြိုးပမ်းနေသည်။ အိမ်များတွင် အင်တာနက်မှာ ပြတ်တောက်သဖြင့် Facebook ကို Smart ဖုန်းဖြင့် သုံး၍ရအောင်၊ လည်း ကောင်းမှတဆင့်မှာကြားနိုင်အောင် စီမံထားသည်။

နောက်လာသောပြဿနာတခုမှာ ခိုးကူးကော်ပီများပင်ဖြစ်သည်။ အဓိကဆိုင်ကြီးများ၌ပင် ခိုးကူးကော်ပီများကို ရောင်းချ လျှက် ရှိကြခြင်းပင်၊ မူလစာအုပ်က အုပ် ၁၀၀၀ ရောင်းရလျှင် ကော်ပီ ၄၀၀၀ ခန့်ကို ဈေးချိုချိုဖြင့် ရောင်းချပေးနိုင်ကြသည်။ အစိုးရက တခုခုလုပ်မှ ဖြစ်တော့မည့်အခြေအနေဖြစ်သည်။

အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့သောဥပဒေကို ပြန်လည်အသက်သွင်းပေးရမလို  ဖြစ်နေသည်။ လွန်ခဲ့ သော လေးလအတွင်း ဤဥပဒေအရ အရေးယူခံရသောအမှုလည်း လေးငါးခုမျှရှိလာပြီဖြစ်သည်။ ဤဥပဒေနှင့်ပင် ကော်ပီ လုပ်သော ဆိုင်တခုကိုလည်း ပိတ်ခံရပြီးဖြစ်သည်။

(၃)
များစွာမကြာသေးမှီက Aazem ကုမ္ပဏီက “အာဖဂန်နိုင်ငံ၏ နိုင်ငံရေး” ဆိုသောအတွဲ (၂) တွဲပါ စာအုပ်ထုတ်ခဲ့သည်။ ဟင်န ရီကင်ဆင်ဂျာကဲ့သို့သော ယခင်ကသမ္မတ ဟာမစ်ကာဇိုင်း၏ အကြံပေးပုဂ္ဂိုလ် Rangin Dadfar Spanta ၏ စာအုပ်ဖြစ်သည်။ စာအုပ်တစ်စုံလျင် ဒေါ်လာ ၁၅ ဖြင့်ရောင်းရာ စာအုပ်အရေအတွက် ထောင်ပေါင်းများစွာရောင်းခဲ့ရသည်။

သို့ပါသော်လည်းစာအုပ်ထွက်ပြီးတစ်လအကြာတွင် အင်တာနက်စာမျက်နှာများပေါ်၌စာအုပ်၏ဖိုင်မှာ ပြန့်နှံ့နေခဲ့ရာ စာအုပ် ရောင်းရမှုကို အကြီးအကျယ် ထိခိုက်ခဲ့သည်။ ယခုအခါ ကုမ္ပဏီရုံးကို တံခါးပိတ်ပြီး ပြတင်းပေါက်မှန်သမျှ လိုက်ကာ အမဲများ ချကာ ဆန္ဒပြနေခဲ့သည်။ အစိုးရက တစုံတရာအရေးယူဖို့လိုနေပြီဖြစ်သည်။

ကိုသန်းလွင်
Ref : Escape into Printed Page, by Rod Nordland , New York Times February 7 2018

Comments