မောင်မိုးသူ - မြန်မာ့အသံနှင့် ဘကြီးမိုး


မောင်မိုးသူ - မြန်မာ့အသံနှင့် ဘကြီးမိုး
(ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ မတ် ၂၄၊ ၂၀၁၈

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံသစ်ကြီး စတင်ွင့်လှစ်သည်မှစ၍ ဘကြီးမိုးနဲ့ မြန်မာ့အသံတို့ ပတ်သက်ခဲ့ကြပါတယ်။

စာရေးဆရာ ဘကြီးမိုးဟာ မြန်မာ့အ သံမှတစ်ဆင့် တာဝန်ခံထုတ်ဝေသော သောတရှင် မဂ္ဂဇင်းတွင် စာမူများရေးသားပေးပို့ရာ စာမူခကို ပြည်လမ်း မြန်မာ့အသံ ရုံးသစ်ကြီးကိုသွားရောက်၍ ဆောင်းပါးခ ထုတ်ယူရပါတယ်။ ဆောင်းပါးခက နှစ် ဆယ်လား၊ အစိတ်လား မမှတ်မိတော့ပါ။

သောတရှင်မဂ္ဂဇင်းတာဝန်ခံမှာ စာရေး ဆရာမင်းရှင် ဖြစ်တယ်။ တိုက်ထိုင်ရသူမှာ ပန်းချီကိုညွန့်ဝေ ဖြစ်ပါတယ်။ နောင်သောအခါ တံခွန်အားကစားဂျာနယ်သို့ ရောက်ရှိ သွားသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သောတရှင် မဂ္ဂဇင်းစာမူခကို မြန်မာ့အသံရှိ ကိုညွန့်ဝေထံမှ သွားရောက်ထုတ်ယူရပါတယ်။

အဲသည်အချိန်က မြန်မာ့အသံတွင် သူငယ်ချင်း စန္ဒရားလှထွတ် အမှုထမ်းရှိ သည့်နည်းတူ အဆိုတော် ရီလေး (အဆိုတော် ကိုမင်းနောင်၏ဇနီး၊ ဓာတ်ပြား တိုက် တာဝန်ခံ) တို့ ရှိကြသည်ဖြစ်ရာ ဘကြီးမိုး မကြာခဏ ရောက်ရှိရပါတယ်။

စာမူခ သွားရောက်ထုတ်ယူစဉ် အတွင်း ပိန်ပိန်ရှည်ရှည်၊ ဖြူဖြူချောချော ကောင်မလေးတစ်ယောက်ကို တွေ့ရှိရသောအခါ ဘကြီးမိုးက ကိုညွန့်ဝေအား အဲသည်ကောင်မလေးက ဘယ်သူတုံးလို့ မေးရဖူးပါတယ်။ ကိုညွန့်ဝေကလည်း ကျုပ်တို့ မြန်မာ့အသံကို လာရောက်လာတဲ့ ပုရိသတိုင်းက အဲသည် ဖြူဖြူပိန်ပိန်ကောင်မ လေးကို ဘယ်သူလဲဟု အမြဲမေးမြန်းခံရ ပြီး သူတို့ကလည်း အဲသည်မိန်းကလေးဟာ အဆိုတော်ပေါက်စလေး ချိုပြုံး ဖြစ် ကြောင်း အမြဲဖြေရသည်ဟု အဆိုရှိခဲ့ပါတယ်။ နောင် ဘကြီးမိုး ရုပ်ရှင်ဒါရိုက် တာအဖြစ် ချိုပြုံးနဲ့ ရိုက်ကူးရသောအခါ ဘကြီးမိုးက ချိုပြုံးရယ် တကယ်တော့ ဘကြီးမိုးက ဟိုးရှေး ယခင် ပဝေသဏီ မြန်မာ့အသံခေတ်ကတည်းက စတင်တွေ့ဖူးတာပါ၊ တကယ်က ဘကြီးမိုးက အရင်လူပါပြောဖူးတော့ မချို က ရယ်ဖြဲဖြဲ နဲ့ အဲသည်တုန်းက ဘာဖြစ်လို့ မပြောတာ တုံးလို့ ချေပဖူးပါတယ်။ ချိုပြုံး၊ ရွှင်ပြုံးတို့ ညီအစ်မနှစ်ယောက်ဟာ ဘကြီး မိုးနဲ့ အရမ်းရင်းနှီးပါတယ်။ မချိုဆိုလို့ရှိရင် ယခုအထိ ခင်မင်ရင်းနှီး ချစ်ခင်နေရဆဲ ဖြစ်ပါတယ်။

အဲသည်လို အဲသည်လို မြန်မာ့အသံ နဲ့ ဘကြီးမိုး ရင်းနှီးရာမှ မြန်မာပိုင်းအစီ အ စဉ် နဲ့ ရင်းနှီးခဲ့သည်သာမက အင်္ဂလိပ် ပိုင်းအစီ အစဉ်ပုဂ္ဂိုလ်များနဲ့လည်း ရင်းနှီး ခင် မင် ရပါတယ်။ မြန်မာ့အသံမှ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတာဝန်ခံကိုသစ္စာနဲ့ လည်း ရင်းနှီးရပါတယ်။ ထိုနည်းတူ အဆို တော် ကိုမြကြီးတို့နဲ့လည်း ရင်းနှီးရပါ တယ်။

တကယ်တော့ မြန်မာ့အသံကို အ ကြောင်းပြုပြီးတော့ ဂီတလောက က ပုဂ္ဂိုလ် အတော်များများနဲ့ ဘကြီးမိုး ပါဝင်ပတ်သက်ခဲ့ရဖူးပါတယ်။ ဂီတလောကမှာဆိုရင် ဘိုကလေးတင့်အောင်၊ မောင်ကိုကိုတို့ ညီ အစ်ကိုမှအစ ကိုအောင် ကို၊ ဘိုးဘိုး (ဦးဒီ ဘိုး)၊ ဆရာရွှေပြည်အေး၊ အေဝမ်းစိုးတင့်၊ တင်တင်မြမြ၊မာမာအေး၊ မောင်မောင်ကြီး၊ ဦးမင်းနောင်တို့နဲ့လည်း ရင်းနှီးရပါတယ်။

မြန်မာ့အသံမှ ကြော်ငြာလုပ်ငန်းများ ထုတ်လွှင့်သည့်အချိန်တွင် ဘကြီးမိုးက ရုပ်ရှင်နယ်သို့ စတင်ရောက်ရှိနေပြီ ဖြစ် သည့်အတွက် ရုပ်ရှင်ဇာတ်ကားကြော်ငြာ များ ကိုယ်တိုင်ပါဝင်အသံလွှင့်ခြင်းများ ပြု လုပ်ခဲ့ဖူးပါတယ်။ ဘကြီးမိုး ရုပ်ရှင်ဒါရိုက် တာ ဖြစ်လာသောအခါ ဘကြီးမိုး ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကား ၁၀ ကားကျော် ကျော်ကို တာဝန်ခံ တီးခတ်ခဲ့သည့်ပုဂ္ဂိုလ်မှာ ဂီတမှူး စန္ဒရားလှထွတ် ဖြစ်ပါတယ်။ ဘကြီးမိုး ရုပ်ရှင်ကောင်စီလူကြီးအဖြစ် ဆောင်ရွက်ရစဉ် ရုပ်ရှင်နဲ့ဂီတ ပူးပေါင်း ဖျော်ဖြေရသည့် ပွဲကြီးတစ်ပွဲကို ဂီတဘက် မှ အစ်ကိုလေး (ဘိုကလေးတင့်အောင်) က  တာဝန်ခံကပြရသည့်နည်းတူ ပြဇာတ် များ လုံးဝမကဖူးသည့် မတတ်ကျွမ်းသည့် ဘကြီးမိုးကလည်း ရုပ်ရှင်ကောင်စီလူကြီးအဖြစ် အစ်ကိုလေးနဲ့ တွဲဖက်ကာ ရုပ်ရှင်ဂီတ ကျိုက္ကဆံပွဲကြီးကို ၁၀ ညတိုင်တိုင်မိုးလင်း ကပြခဲ့ရဖူးပါတယ်။

ဂီတနဲ့ပတ်သက်ပြီး မည်သည့် တူရိ ယာပစ္စည်းမှ မတီးခတ်တတ်သည့်အပြင် သူငယ်ချင်းဖြစ်သော မြတ်လေး၊ ချစ်ဆွေ၊ လှထွတ်တို့နဲ့ စနေ ဂီတဝိုင်းများ တီးခတ်သီ ဆို ကြသည့်ပွဲများတွင် ၄င်းတို့သုံးယောက် က သူတို့ သီချင်းဆိုရာမှာ ဘကြီးမိုးကို လုံးဝ လုံးဝ ဝင်ရောက်သီဆိုခြင်း ခွင့်မပြု ပါ။ အဲသည်လောက် ဘကြီးမိုး၏အသံမှာ ဘယ် ကီးနဲ့မှ မကိုက်ဟု အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။

ဘကြီးမိုးက တွံတေးသိန်းတန်နဲ့ မှုန်နံ့ သာဇာတ်ကားကို ရိုက်ကူးရာတွင် ဆရာ စိန်ဗေဒါကြီး၏ မြို့လယ်က မဏ္ဍပ်ဆိုတဲ့ ဗျောညွန့် မူရင်းသီချင်းကို မြန်မာ့အသံမှ သွားရောက်ကူးယူပြီး တွံတေးကို သီဆို ခိုင်းခဲ့ဖူးပါတယ်။ တွံတေးသည် မန္တလေး နန်းတော်ရှေ့ ဆရာတင်၏သား ရွှေနန်း တင်ထံသွားရောက်ပြီး ဆရာတင်ရဲ့ သီချင်း သုံးလေးပုဒ်ကို ခွင့်တောင်းကာ ရုပ်ရှင်ဇာတ်ကားထဲမှာ ထည့်သွင်း ရိုက်ကူးခဲ့ဖူးပါတယ်။

ထိုနည်းတူ မန္တလေးတက္ကသိုလ် သီးခြား တက္ကသိုလ်အကြိုပွဲတော် ပြုလုပ်ကျင်း ပရာတွင် ရန်ကုန်မှ ကိုမြတ်လေး၊ ကိုချစ် ဆွေ၊ ကိုလေးညွန့်တို့ကိုခေါ်ပြီး သီးခြားတက္ကသိုလ် သီချင်း ရေးစပ် သီဆို ထုတ် လွှင့်ခဲ့ဖူးပါတယ်။ မြတ်လေး၊ ချစ်ဆွေတို့မှာ တကသ တက္ကသိုလ်ကျောင်းသား များ သမဂ္ဂနဲ့ ရင်းနှီးခင်မင်ကြသူများ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် မြတ်လေး၏ ပြဇာတ်များ ကပြ ဖျော်ဖြေခဲ့သည့်နည်းတူ မြတ်လေး ကပြ ဖျော်ဖြေခဲ့သည့် ဆံမြိတ် လည်းပြေ ပန်းလည်းကြေဆိုသည့် စာအုပ်ကိုလည်း ဘကြီးမိုး ထုတ်ဝေခဲ့ ဖူးပါတယ်။

အစ်ကိုလေး၊ မောင်ကိုကိုတို့အိမ်တွင် ဂီတမိတ်ဆွေများ စုပေါင်းကြသည့် ဆွေးနွေးပွဲများတွင်လည်း ဘကြီးမိုး တက် ရောက်ပြီး ခပ်တည်တည်နဲ့ ဝင်ရောက် ဆွေးနွေးခဲ့ဖူးပါတယ်။ သူတို့တစ်တွေက ဘကြီးမိုးကို စာရေးဆရာ ဒါရိုက်တာအဖြစ် ခင်မင်ကြပါတယ်။

အဲသည်လို အဲသည်လို မြန်မာ့အသံနဲ့ ဘကြီးမိုး ရင်းနှီးခင်မင်ခဲ့ရာမှ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်ဖြစ်ပါမှ ရုပ်ရှင်ကောင်စီအမှုဆောင် အရွေးခံရမည် ဆို သည့်အချက်ကို အကြောင်းပြုပြီး လမ်းစဉ် ပါတီမဝင်နိုင်ခဲ့သော ဘကြီးမိုးတစ်ယောက် ရုပ်ရှင်ကောင်စီမှာ အရွေးခံခြင်း မပြုလုပ် တော့ဘဲ မြန်မာ့အသံနဲ့လည်း တဖြည်း ဖြည်းနဲ့ ဝေးကွာစိမ်းကားလာခဲ့ပါတယ်။ မြန်မာ့အသံ ထုတ်လွှင့်ခြင်းများကိုလည်း နားထောင်ဖြစ်ခဲ့ခြင်း မရှိခဲ့တော့ပါ။

သို့တိုင် ဘီဘီစီ၊ဗီအိုအေ၊အာရ်အက်ဖ် အေ၊ ဒီဗီဘီ အစရှိသော သတင်းများကို ခိုး ကြောင်ခိုးဝှက်နားထောင်ရသည့်ခေတ်က ရေဒီယိုတစ်လုံးဝယ်ယူ ၊နိုင်ငံသတင်းများကို နားထောင်ပြီး အလေ့အကျင့် ရရှိလာခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ အခါ ပေးခဲ့သည်မှာလည်း ဘီဘီစီ မှ ခရစ္စတိုဖာ ဂါးနက် ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံတွင် အရေးတော်ပုံတပ်သားအဖြစ် စာပေနဲ့အနုပညာ အဖွဲ့မှ မောင်သော်က၊ ဦးဝင်းတင်နဲ့ ဘကြီး မိုးတို့ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ် စတင် တည်ထောင်စဉ်တွင် ဒေါ် အောင်ဆန်းစုကြည်အဖွဲ့မှ စာရေးဆရာ ငါးဦး၊ ရှေ့နေလေးဦး၊ ဆရာဝန်နှစ်ဦးနဲ့အတူ တတ်သိပညာရှင်များအဖြစ် ပါဝင်ခဲ့ရာ ၁၉၈၉ တွင် ထိန်းသိမ်းခံရပြီး ၁၉၉၂ တွင် လွတ်တယ်။ ၁၉၉၆ တွင် ပြန်အဖမ်းခံရတယ်။ ၂၀ဝဝ မှ ဘကြီးမိုး ပြန်လွတ်ပါတယ်။ ၂၀ဝဝ လွတ်သည့်အခါတွင် စာရေး သားခွင့် ပြန်လည်ရရှိသည့်အတွက် မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားခြင်း၊ ဘာသာပြန်များ ရေးသားခြင်း၊ စာအုပ်အဟောင်းများ ထုတ်ဝေခြင်းများ ပြု လုပ်ခဲ့ပါတယ်။

ထောင်မှ လွတ်လာသောအခါ ပဉ္စဂံ စာအုပ်တိုက်မှ အောင်သူ့ကို ရေဒီယိုတစ် လုံး ဝယ်ပေးရန် ပူဆာခဲ့ရာ အောင်သူက သည်ခေတ် ရေဒီယိုကို ဘယ်သူမှ နား မထောင်တော့ဘူးဟု ပြောသော်လည်း မရ မက ပူဆာသည့်အတွက် အောင်သူက တရုတ်နိုင်ငံထုတ် တိုက်စင်ရေဒီယိုလေး တစ်လုံး ဝယ်ပေးခဲ့ပါတယ်။ အဲသည် ရေဒီ ယိုလေးနဲ့ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ် အေ၊ ဒီဗီဘီတို့ကို နားထောင်ဖြစ်ခဲ့သော် လည်း ဒီဗီဘီ၏ထုတ်လွှင့်မှုကို မြန်မာနိုင်ငံအတွင်းထိ ရောက်ရှိထုတ်လွှင့်ခဲ့ပြီး ရှစ်ပေ စလောင်းနဲ့ ကြည့်ပိုင်ခွင့် ရရှိခဲ့ပါတယ်။ ထို နည်းတူ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ် အေတို့ကိုလည်း ယူကျူ့မှတစ်ဆင့် အရုပ် ရော၊ အသံရော နားထောင်နိုင်သည်ဖြစ် ရာ တိုက်စင်ရေဒီယိုလေးကို ချောင်ပို့ထား မိရာ နောက်ပိုင်း အက်ဖ်အမ်လိုင်းများပေါ် လာပြီးသည့်နောက် သီချင်းတချို့ နား ထောင်ရန်နဲ့ တရားခွေများ နားထောင်ရန် ရေဒီယိုလေးကို ပြန်လည်အသုံးပြုရာမှ မြန်မာ့အသံနဲ့ ဘကြီးမိုး ပြန်လည်ရင်းနှီးလာပြန်ပါတယ်။

နောက်ဆုံး လွှတ်တော်သတင်းအဖြစ် လွှတ်တော်အစည်းအဝေးနေ့များတွင် ၄င်းနေ့မှာ ကျင်းပမယ့် အစည်းအဝေးများ၌ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသော အဆိုများ၊ ကြယ်ပွင့်ပြမေးခွန်းများ မည်သူမည်ဝါက မေးမြန်းမည်ဆိုသည်ကို နံနက် ရးဝဝ နာရီမှာ ကြေညာပါသည်။ ညနေ ရးဝဝ နာရီတွင် ၄င်းအဖြေများ၊ သတင်းအ စီအစဉ်များကို အပြည့်အစုံ နားထောင်ရ သည့်အခါ သတင်းသမား ဖြစ်သည့် ဘကြီး မိုးသည် ရေဒီယိုလေးကို ပြန်လည် နား ထောင်ဖြစ်လာပါတယ်။
နားထောင်ရင်း နားထောင်ရင်း မြန်မာ့အသံနဲ့ ဆက်သွယ်နားထောင်သည့် မြန် မာ့အသံ ပရိသတ်များမှာ တကယ့်ကျေး လက်မှ ပုဂ္ဂိုလ်များဖြစ်ကြသည်ကို တွေ့ရှိ ရပြီး မြန်မာ့အသံနဲ့ပရိသတ်များ ပြောဆို ဆက်ဆံကြပုံ၊ ဝိုင်းဝန်းကူညီကြပုံများကို နားထောင်ရင်း ဝမ်းသာကြည်နူးမိရပါ တယ်။

ဘကြီးမိုးအိမ်မှာ ဘကြီးမိုး ကိုယ်ပိုင် ဝယ်ယူတပ်ဆင်ထားသည့် စကိုင်းနက် ဖမ်းစက်တစ်လုံးရှိရာမှ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲတွင် စကိုင်းနက်မှ နှစ်စဉ် နှစ်တိုင်း ဆက်လက်လှူဒါန်းသောကြောင့် စကိုင်းနက်ရုပ်သံလိုင်းတစ်ခု ရှိပါတယ်။ ထိုနည်းတူ ဒီဗီဘီမှ နိုင်ငံခြားသတင်းများ အခမဲ့ထုတ်လွှင့်တဲ့ ဗန်းအသေးတစ်လုံး လည်း တပ်ဆင်ထားပါတယ်။ ထိုနည်းတူ မြေးမလေးဘုတ်ဘုတ်က သူ့ကလေးတွေ ဆော့တဲ့ ဆမ်ဆောင်းတက်ဘလက် တစ်လုံး ပေးပို့ထားရာ အိမ်ရှိ မြေးဘိုဘိုက မြန် မာနက်ကို တစ်လလျှင် ၂၅,ဝဝဝ ပေးသွင်းထားသောကြောင့် ၄င်းတက်ဘလက်လေးနဲ့ အင်တာနက်များ၊ ဖေ့စ် ဘုတ်ခ်များ၊ ယူကျု့များ ကြည့်ရှု ကြရာ သဲနုဝါက မာမာအေး၊ တင်တင်မြ၊ ချိုပြုံး အစရှိတဲ့ ဘကြီးမိုး ငယ်ငယ်က ကြိုက်နှစ်သက်သည့် သီ ချင်းများကို ပြန်လည် သီဆို ထုတ်လွှင့်သဖြင့် နားထောင်ဖြစ်သလို မန္တလေးသားပီသစွာ ဆိုင်းအဖွဲ့ များကို နှစ်ခြိုက်သူ ဖြစ် သဖြင့် ယူကျု့မှ ထုတ်လွှင့်သည့် စိန်ဒူးဝါး အဖွဲ့ကိုလည်း နားထောင်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ယခုတိုက်စင်ရေဒီယိုအဟောင်းလေးကို ဓာတ် ခဲနှစ်လုံးထည့်ပြီး မြန်မာ့အသံမှ ထုတ်လွှင့် ချက်များကိုလည်း နားထောင်ဖြစ်နေပါ ကြောင်း။

မြန်မာ့အသံနှင့်ဘကြီးမိုးပါ။
ဘကြီးမိုး

Comments