ကျော်ဟုန်း - လူကြိုက်မများတဲ့ကောင်



ကျော်ဟုန်း - လူကြိုက်မများတဲ့ကောင်
(မိုးမခ) မတ် ၃၊ ၂၀၁၈

လူဝင်ဆံ့ချင်သလား
ညည်းကြွားလေး ကြွားတတ်လို့ လား။

လူကြိုက်များချင်သလား
ဘယ်သူ့ တွေ့ တွေ့  သူ့ အကြိုက်လိုက်တတ်မလား။

လူရှိန်စေချင်သလား
စံနစ်ကျကျ ပလွှားတတ်နိုင်မလား။

လူငြိမ်စေချင်သလား
မှားမှားမှန်မှန် ခေါင်းညိတ်ပေးနိုင်မလား။

ဒါတွေ ဖီလာတိုက်မှတော့
သေချာတယ် လူကြိုက်မများတဲ့ကောင်။ ။

၂၀၁၈၀၂၂၂

Comments