ဆောင်းယွန်းလ ● အသံထွက်များ

 ဆောင်းယွန်းလ ● အသံထွက်များ
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၈

နိုင်ငံအရေးကို စာလုံးပေါင်းဖတ်တော့
သူပုန်လို့ အသံထွက်ခဲ့တယ်

သူပုန်အရေးကို စာလုံးပေါင်းဖတ်တော့
ဒုက္ခသည်ဆိုတဲ့ အသံထွက်ခဲ့တယ်

ဒုက္ခသည်အရေးကို စာလုံးပေါင်းဖတ်တော့
ငွေဝယ်ကျွန်ဆိုပြီး အသံထွက်ခဲ့တယ်

ငွေဝယ်ကျွန်ကို စာလုံးပေါင်းဖတ်ကြည့်တော့မှ
စကားလုံးတွေ နေဝင်သွားမှန်းသိရတယ်။

ဆောင်းယွန်းလ

Comments