ဆောင်းယွန်းလ ● ရှာဖွေပျောက်ဆုံးမှုတစ်ခု


ဆောင်းယွန်းလ ● ရှာဖွေပျောက်ဆုံးမှုတစ်ခု
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၈

ပျင်းပျင်းရှိလာလို့
စကားပြောဖော်ရှာတော့
အခန်းထဲ
စိမ်းစိုနေတဲ့ သစ်ပင်နှစ်ပင်ကိုတွေ့ တယ်

သဘာဝမကျပေမဲ့
သစ်ပင်တွေပေါ်ကို စကားလုံးလှလှတွေ ခြွေချပစ်လိုက်တယ်

ငြီးငွေ့မှုကို အကြောဆန့်ဖို့
တောအနှံ့ထွက်စရာ
ကိုယ့်ဝန်းကျင်မှာ တောင်တွေလည်း မရှိပါဘူး

လေညင်းခံဖို့အတွက်
လေဟာပြင်ကိုထွက်တော့
အရွက်မရှိတဲ့သစ်ပင်တွေက မြင်ကွင်းကိုဆီးကြိုကြရင်း
လေတိုက်နှုန်းအတိုင်း
သူတို့ရဲ့အကိုင်းတွေနဲ့ ကပြကြတယ်

သဘာဝက
လှချင်တိုင်း လှလို့မရတဲ့ ညနေခင်းကိုပိုင်ထားပြီး
ကိုယ်က သခါင်္ရတရားကို ကိုင်ထားခဲ့ရတယ်

ဇိမ်ခံပစ္စည်းတွေ ပန်းလိုပွင့်ပြီး
စိတ်ပြတင်းနဲ့ အခန်းတံခါးတွေကို အကျဉ်းထောင်လိုပိတ်ထားရတဲ့
ကမ္ဘာ့တစ်နေရာမှာ။

ဆောင်းယွန်းလ

Comments