လင်းသစ်​နီ ● တစုံတရာ ဆိပ်​ကမ်း


လင်းသစ်​နီ ● တစုံတရာ ဆိပ်​ကမ်း
(မိုးမခ) မေ ၂၁၊ ၂၀၁၈

အပြုံး​တွေက အလွမ်းခုတ်​ရာ အစင်း​ကြောင်းနဲ့
ဈေးကြီး​ပေးဝယ်​ထားရတဲ့
လူ့ဘဝလို့ဆိုတယ်

အနက်​​ရောင်​မျက်​နှာဖုံး​တွေ​နောက်​မှာ
မျော​နေတဲ့ဘဝကို​တွေးမိ​တော့
ဘယ်​လိုရုပ်​​တွေများလဲ
အသက်​ရှူသံ​​တွေက
မျက်​နှာဖုံးကိုဆွဲဖြုတ်​လိုက်​တာနဲ့​​ ရေနစ်​​နေမလား
ပြတင်း​ပေါက်​ကို ထပိတ်​မိ​တော့မယ်

ငါးစာက မရှိဘူး
ဂျိတ်​မှာချိတ်​မိ​နေတဲ့
မမြဲ​သောတရား​​တွေကို စိတ်​နဲ့လွှတ်​ချလိုက်​​တော့
ကျ​နော့်​ ဆိပ်​ကမ်းမှာ
ငါးတကောင်​မှ ကပ်​မလာ​သေး

တစုံတရာမှာ
နေဝင်​စအချိန်​​လေး​ပေါ့
ည​နေခင်း​လေညှင်းကို
မျက်​စိမှိတ်​ပြီးငြင်းခဲ့မိ​တော့

ဝတ်​ထားတဲ့ဖိနပ်​ကိုချွတ်​ချ
ကိုယ့်​ပါးဟပ်​က အရသာတခုခုကို
ထိုး​ကြွေးလိုက်​သလိုမျိုး
ဆိပ်​ကမ်းတခုက
ဒိုင်​ဘင်​ထိုးဆင်းကြည့်​လိုက်​​​တော့
ချစ်​​ခြင်း​မေတ္တာနဲ့ ဖွင့်​မှပွင့်​တဲ့​သော့တချောင်း
အ​လျော်​ပြန်​​ပေးလို့ လက်​​ဆောင်​ရတယ်

အဲ့ဒီ​နေ့ပဲ
အိမ်​လိပ်​စာအမှား​တွေနဲ့​ သေခြင်းတရားက
ငါး​လေးတကောင်​မိတယ်
ကျ​နော်​က ပြတင်း​ပေါက်​​တွေကို ထဖွင့်​​ပေးလိုက်​တယ်​။  ။

လင်းသစ်​နီ

Comments