လင်းသစ်နီ ● နောင်​တမဲ့ နိုင်​ငံ​တော်


လင်းသစ်နီ ● နောင်​တမဲ့ နိုင်​ငံ​တော်
(မိုးမခ) မေ ၂၈၊ ၂၀၁၈

ယင်​​ကောင်​​တွေက ခေါင်းမှာတဝီဝီနဲ့
အစာအိမ်​ထဲအ​လောင်းက
အလည်​လွန်​ဆဲပဲ

ချွတ်​ခနဲအသံကြားလို့
ဆယ်​စုနှစ်​တချို့နောက်​ပြန်​ဆုတ်​ကြည့်​​တော့
အ​လောင်းက အ​ခေါင်းထဲမရှိဘူး
အပုတ်​နံ့မကုန်​​သေးတဲ့ဦး​နှောက်​ရဲ့မီး​တောက်​​က
နှလုံးသားထဲ သံ​စုံမြည်​တယ်

ကျကွဲ​တော့မဲ့ နိုင်​ငံ​ရေးအခင်းအကျင်း
ဆတ်​ဆတ်​ထိမခံနိုင်​တဲ့ ဘာသာ​ရေးလိုအပ်​ချက်
လဲကျ​သူကို ကူသူမရှိ​နေ့ရက်​များ
လူထူထူထဲ​ရောက်​​တော့
အားလုံးဟာ​ ပျောက်​ရှသွားတဲ့တ​စ္ဆေ​တွေ
ဘယ်​​လောက်​​တောင်​များ​နေမလဲ
လမ်းကို​လျှောက်​​တော့
နောင်​တ​တွေက အရင်​​ရောက်​လို့
ပြီး​တော့လည်း
ပစ်​ချလိုက်​ကြတာပါပဲ

ပြန်​​ကွေ့လာတဲ့​လေယာဉ်​က
တောင်​ပံတဖက်​ပါမလာ​တဲ့စကားလုံး​တွေလား

ထစ်​ခနဲဆို
သေ​နေတဲ့အ​လောင်း​တောင်
ထွက်​​ပြေး​နေရတဲ့နိုင်​ငံ​တော်​ကို
အ​ခေါင်းထဲကလှမ်း​မျှော်​ကြည့်​​တော့
ဘိန်းမုန့်တချပ်​ကို
တစ်​​ယောက်​တဝက်​မစားနိုင်​​သေး​ဘူး
ဒါ​တောင်​ နှလုံးသားထဲ ဘုရားတည်​မလို့​တဲ့
ဦး​နှောက်​က ကိန်းခန်းကြီးချင်​​နေတာ
မျက်​ကန်းတ​စ္ဆေမ​ကြောက်​မို့
ကျ​နော်​တို့​စောင့်​ရတာလည်း
ဒူး​တွေ​ကတောင့်​လို့
စစ်​ဖိနပ်​သံ​တွေက
အိမ်​မပြန်​ကြ​​​တော့ဘူးလား
မေးမရဘူး

ဘယ်​နားက
နောင်​တ​တွေနဲ့ နိုင်​ငံရဲ့အသံလဲ
ဘယ်​​နားက
ယင်​နား​နေတဲ့အလံလဲ
ဘယ်​​တော့မှမ​သေ​တော့မယ့်​ပုံမျိုးနဲ့
အ​နေထိုင်​ရဲ​နေကြတဲ့
မျက်​လုံး​တွေ

အခု
ငေးမိ​တော့
ကျ​နော့်​ မျက်​လုံးက​ မျက်​ရည်​​ဝေ့မ​နေတာပဲ ​ကောင်းတယ်​။      ။

လင်းသစ်​နီ

Comments