မိုနေးသစ် ● ဆေးသား​တွေကွာစပြု​နေတဲ့ ကျ​နော်​တို့စာကြည့်​တိုက်

မိုနေးသစ် ● ဆေးသား​တွေကွာစပြု​နေတဲ့ ကျ​နော်​တို့စာကြည့်​တိုက်
(မိုးမခ) မေ ၉၊ ၂၀၁၈

ဆေးသား​တွေကွာစပြု​နေတဲ့ ကျ​နော်​တို့စာကြည့်​တိုက်​က​လေး

အခန်းထဲ စာအုပ်​​တွေပြန့်​ကျဲ​နေတယ်​။ စာအုပ်​စင်​​ကောင်း​ကောင်း​လေးတစ်​ခု ရှိချင်​​နေခဲ့တာ​တော့ကြာပါပြီ။ စာအုပ်​​တွေပုံထားရတာ မိုးတွင်း ဆိုရင်​ခြရန်​က​ကြောက်​ရ​သေးတယ်​။ စာအုပ်​​တွေ နည်းနည်းစီဝယ်​ထားခဲ့​ပေမယ့်​ ကြာကြာစုလာတဲ့ အခါ ပမာဏနည်းနည်း​တော့များလာခဲ့ပါပြီ။

ကိုယ်​ဝါသနာပါတဲ့ကဗျာနဲ့ကဗျာဆိုင်​ရာစာအုပ်​​တွေကပိုများ​နေပါတယ်​။

ငှါးဖတ်​တဲ့သူ​တွေဆီ အချို့ ပါ သွား​ ပေမယ့်​ လည်း အ​တော်​များများကျန်​ရှိ​နေ​သေးတာကဝမ်းသာ စရာ ပါ။

ကျ​နော်​တို့၁၉၉၀ ​ကျော်​နှစ်​ကာလ​တွေဆီကို ပြန်​တမ်း လိုက်​မိပါတယ်​။အဲဒီအချိန်​က ကျ​နော်​တို့သူငယ်​ချင်း​လေးငါး​ယောက်​စုမိ​နေချိန်​ ဋ္ဌာန​လေးတစ်​ခုရဲ့ စာကြည့်​တိုက်​​လေးတစ်​ခုမှာကျ​နော်​တို့လူငယ်​​တွေစုမိခဲ့တာပါပဲ။ အားကြိုးမာန်​တက်​ နဲ့စာကြည့်​တိုက်​​ လေးမှာကိုယ်​စွမ်းဥာဏ်​စွမ်းရှိသ​လောက်​ အားတက်​သ​ရောလုပ်​​ဆောင်​ခဲ့​ပါတယ်​။

စာ​ပေဝါသနာရှင်​သူငယ်​ချင်း​တွေပါ။လူငယ်​​တွေဖြစ်​​တော့အမြဲတက်​ကြွ​နေတဲ့အရွယ်​လည်းဖြစ်​ပါတယ်​။ လူငယ်​လူကြီး​တော်​​တော်​များများလည်း စာဖတ်​ကြတဲ့အချိန်​ပါ။ အချိန်​အားရရင်​ရသလို စာအုပ်​ဆိုင်​စာကြည့်​တိုက်​ ​တွေကို​ပြေးကြပါတယ်​။

ကျ​နော်​တို့ရွာငယ်​ဇနပုဒ်​​လေးတစ်​ခုမှာ​တောင်​ စာအုပ်​အငှါးဆိုင်​သုံးဆိုင်​နဲ့စာကြည့်​တိုက်​တစ်​တိုက်​ရှိပါတယ်​။စာအုပ်​သစ်​တစ်​အုပ်​ထွက်​ပြီဆို အဲဒီဆိုင်​သုံးဆိုင်​မှာ ပြိုင်​တူ​ရောက်​ပါတယ်​။ဒါ​ပေမယ့်​ဖတ်​သူပမာဏကလည်းများ​တော့စာအုပ်​အသစ်​ဖတ်​ရဖို့ ကိုစီနီယာလု​နေရပါ​သေးတယ်​။ ကျ​နော်​တို့လုပ်​​နေတဲ့ စာကြည့်​တိုက်​မှာလည်း မဂ္ဂဇင်းအသစ်​​တွေဝတ္တု​ဆောင်းပါး စာအုပ်​အသစ်​​တွေကို​ရွေးချယ်​ပြီး ရန်​ပုံ​ငွေအ​ခြေအ​နေကိုကြည့်​ပြီးတင်​ပါတယ်​။

မဂ္ဂဇင်းအသစ်​စာအုပ်​အသစ်​​တွေကို​တော့ရက်​အကန့်​အသတ်​ထားပြီးမှ​ပေးငှါးရပါတယ်​။ဒါမှ​နောက်​ဖတ်​ချင်​တဲ့သူကအဆင်​​ပြေမှာပါ။

ကျ​နော်​လည်းဆင်းဆင်း​ရဲရဲနဲ့ဘဝကိုရုန်းကန်ခဲ့ရ ပါတယ်​​​။ စိတ်​အပန်း​ဖြေစရာစာအုပ်​​တွေနဲ့ အမြဲ​နေသားကျရင်းနှီးခဲ့ရပါ တယ်​။စာအုပ်​ဖတ်​တဲ့အခါစိတ်​ခွန်​အား​တွေရပါတယ်​။ အားကျအတုခိုးစရာ​တွေရပါတယ်​။ ကိုယ့်​ကိုယ်​ကိုမသိမ်​ငယ်​​စေတဲ့စိတ်​ခွန်​အား​တွေအားလုံးကို စာအုပ်​​တွေထဲက​နေတူး​ဖော်​ရပါတယ်​။ အချိန်​အားရတိုင်းစာကြည့်​တိုက်​ထဲမှာသွားအချိန်​ဖြုန်း​လေ့ရှိ ပါ တယ်​။ကျ​နော်​ဖတ်​ချင်​တဲ့ စာအုပ်​​တွေစာကြည့်​တိုက်​ထဲမှာအပြည့်​ရှိ​နေပါတယ်​။

အထိမ်းအမှတ်​လို​နေ့​တွေတိုင်းမှာလည်း ကျ​နော်​တို့သူငယ်​ချင်း​တွေစုပြီးစာကြည့်​တိုက်​ထဲမှာပဲ နံရံကပ်​စာ​စောင်​ပြပွဲ​လေး​တွေပြုလုပ်​​လေ့ရှိပါတယ်​။

အရုပ်​နည်းနည်းပါးပါးရတဲ့ကျ​နော်​ကပန်းချီတာဝန်​ခံလည်းဟုတ်​ပါတယ်​။ စာစီစာကုံးပြိုင်​ပွဲ​တွေပြုလုပ်​ကျင်းပပြီးဆု​တွေလည်း​ပေးဖို့အစီအစဉ်​​တွေလည်းဆွဲခဲ့ကြပါတယ်​။ကျောင်းမှာစာစီစာကုံးပြိုင်​ပွဲ​တွေ စာစီစာကုံး​ရေးစရာ​တွေရှိလာတဲ့အခါ​ကျောင်းသားအများစုက စာစီစာကုံးစာအုပ်​​တွေလာရှာ​လေ့ရှိပါတယ်​။စာစီစာကုံးစာအုပ်​​တွေထဲကစာစီစာကုံး​တွေကိုနမူနာယူတာ တို့မှီငြမ်းအသုံးအသုံးပြုတာတို့လုပ်​ရင်​​တော့​ကောင်းပါတယ်​။တိုက်​ရိုက်​ကူးချတာမျိုး​တော့ကျ​နော်​အားမ​ပေးချင်​ပါ။စာစီစာကုံး​ရေးဖို့အစကတည်းကလိုအပ်​တာ​တွေကိုစာအုပ်​​တွေထဲက​နေကြိုတင်​စု​ဆောင်းထားသင့်​ပါတယ်​။စာအုပ်​များများဖတ်​လာတဲ့အခါ ကိုယ်​​ပြောချင်​တဲ့အ​ကြောင်းအရာကိုအဆင်​​ပြေ​ပြေ ​ပြေ​ပြေပြစ်​ပြစ်​ဖြစ်​​အောင်​​ပြောတတ်​​ရေးတတ်​ဖြစ်​လာမှာ​သေချာပါတယ်​။ဒါ​ကြောင့်​​ကျောင်းသား​တွေအ​နေနဲ့ဘက်​စုံထူးချွန်​မှုရှိ​အောင်​မြန်​မာစကား​ပြေအ​ရေးအသားနိုင်​နင်းကျွမ်းကျင်​အောင်​စာအုပ်​စာတမ်းများများဖတ်​​ပေးဖို့လိုပါလိမ့်​မယ်​။

ကျ​နော်​တို့စာကြည့်​တိုက်​မှာကျ​နော်​တို့မတိုင်​ခင်​ လုပ်​လာတဲ့ စာ​ပေဝါသနာရှင်​ဆရာကြီးတစ်​​ယောက်​ရှိပါတယ်​။ သူကညာဖက်​တစ်​ခြမ်း​လေအနည်းငယ်​ဖြတ်​ထား​ပေမယ့်​ သွားလာလှုပ်​ရှားမှုအားလုံး​ကောင်းပါတယ်​။ဒါ​ပေမယ့်​စာကို​တော့ညာဖက်​လက်​နဲ့မ​ရေးနိုင်​​တော့ပါ။ဘယ်​ဖက်​လက်​နဲ့ပဲ​ဖြေး​ဖြေးချင်း​ရေးပါတယ်​။ စာအုပ်​အစုံကိုအ​တော်​​လေ့​လေ့လာဖတ်​ရှုသူပါ။စာအုပ်​ဖတ်​ရင်​လည်း​သေ​သေချာချာတစ်​လုံးတစ်​ပါဒမှမကျန်​ဖတ်​မှတ်​​လေ့ရှိပါတယ်​။ တခြားစာ​ရေးသူမသိပဲ​ကျော်​သွားတဲ့ ကျန်​သွားတဲ့မှားသွားတဲ့အ​ကြောင်းအရာ​တွေကို​တောင်​မှ သူကစာအုပ်​ရဲ့လွတ်​​နေတဲ့​နေရာ​လေး​တွေမှာ ဘယ်နှဲခုနှစ်​ဘယ်​​စာအုပ်​ဘယ်စာ​​ရေးသူအစရှိသဖြင့်​​အတိအကျ မှတ်​ချက်​​တွေအများကြီး​ရေး​ပေးထားတတ်​ပါတယ်​။လူတိုင်း​တော့အဲလို​ရေးသား​ပေးထားတာကိုမကြိုက်​ကြပါဘူး။ကျ​နော့်​အ​နေနဲ့က​တော့ ဆရာ့ရဲ့သိစပ်​ကျွမ်းကျင်​မှုကို​လေးစားချီး ကျူး မိပါတယ်​။ စာအုပ်​ဖတ်​ခြင်းရဲ့အကျိုး​ကျေးဇူး ဆိုတာကိုလည်းသိမြင်​လာခဲ့ရပါတယ်​။

ဆရာ့ကို ဆရာရယ်​ဆရာ့မှာစာ​ပေအသိ​တွေအများကြီးရှိ​နေတယ်​။ ကျ​နော်​တို့မသိတဲ့အ​ကြောင်းအရာ​တွေဆရာသိတာမှအများကြီးပဲ။အဲဒါ​တွေနဲ့အက်​​ဆေးဖြစ်​ဖြစ်​ တခြားအ​ကြောင်းအရာဖြစ်​ဖြစ်​ဝတ္တုဖြစ်​ဖြစ်​​ရေးပါလားဆရာရယ်​လို့ကျ​နော်​ခဏခဏ​ပြောဖူးခဲ့ပါတယ်​။ ကျ​နော်​ကစာ​ရေးဝါသနာပါပြီးအဲဒီအချိန်​တုန်းမဂ္ဂဇင်းများစွာကို ကဗျာ​တွေ​ရေးပို့​နေပါပြီ။ ဒါ​ကြောင့်​ဆရာရဲ့ဗဟုသုတစာ​ပေ​တွေကိုနှ​မျောမိပြီးစာ​ရေးဖို့ တိုက်​တွန်း​နေမိပါတယ်​။ ထိုအခါတုန်းကဆရာက ဟငါမ​ရေးတတ်​ဘူးကွလို့ပြန်​​ပြောပါတယ်​။ စာ​တွေသိပ်​ဖတ်​ သိပ်​မှတ်​တာ​တော့ဟုတ်​ပါတယ်​ ဒါ​ပေမယ့်​ပြန်​​ရေးဖို့​ခေါင်းထဲလည်းမရှိဘူး ​ရေးလည်းမ​ရေးတတ်​ပါဘူးကွာလို့​ပြောပြန်​ပါတယ်​။

သူကစာဖတ်​ဖို့ မှတ်​ဖို့သာဝါသနာပါပြီး စာ​ရေးဖို့ စာ​ရေးဆရာလုပ်​ဖို့ ဝါသနာမပါတာပဲလို့ နားလည်​သ​ဘော​ပေါက်​ခဲ့ရပါတယ်​။စာကြည့်​တိုက်​အသိပညာ အဖြစ်​စာကြည့်​တိုက်​ပညာကိုမသင်​ဖူး​ပေမယ့်​ စာကြည့်​တိုက်​မှာရှိတဲ့ စာကြည့်​တိုက်​ပညာဆိုတဲ့စာအုပ်​ကို​တော့ကျ​နော်​တို့​တွေဖတ်​ဖူးပါတယ်​။ စာရင်း​ရေးသွင်းခြင်းစာအုပ်​အမျိုးအစားခွဲသတ်​မှတ်​ခြင်း အစရှိတဲ့လုပ်​ငန်း​တွေကို​တော့ကျ​နော်​တို့ အတတ်​နိုင်​ဆုံးစံနစ်​တကျရှိ​အောင်​ ​ရေးသွင်းထားရှိကြပါတယ်​။

ဆရာတက္ကသိုလ်​ဘုန်းနိုင်​ မကွယ်​လွန်​ခင်​ တစ်​နှစ်​ခန့့်​အလိုက ကျ​နော်​တို့စာကြည့်​တိုက်​က​လေးအတွင်းကို စာ​ပေ​ဟော​ပြောပွဲကိစ္စနဲ့လာ​ရောက်​ခဲ့ဖူးပါတယ်​။

ကျ​နော်​တို့စာကြည့်​တိုက်​ကလူငယ်​​တွေကို လည်း​လေ့လာဖို့ သင်​ယူဖို့ စာအုပ်​စာတမ်းများများရှာဖတ်​ဖို့ လမ်းညွှန်​သင်​ပြသွားခဲ့ပါတယ်​။

ကျ​နော်​တို့ငယ်​ငယ်​ကမိုး​သောက်​ပန်း​ရွှေ​သွေး​တေဇဆိုတဲ့စာ​စောင်​က​လေး​တွေကို ကျ​နော်​တို့က​လေးတိုင်းကြိုက်​နှစ်​သက်​ခဲ့ရပါတယ်​။ဖေ​ဖေ​မေ​မေ​ပြောပြတဲ့ပုံပြင်​ဇာတ်​လမ်း​တွေကလည်းကျ​နော်​တို့အတွက်​ပထမဦးဆုံးစာ​ပေဆိုလည်းမှားမည်​မထင်​ပါ။ ကျ​နော်​ပထမဆုံးစာစဖတ်​တာ​ဖေ​ဖေ့ရဲ့စာအုပ်​စင်​ကပါ။ ​စာအုပ်​စင်​မှာနိုင်​ငံ​ရေး​တွေ​ရောရသ​တွေပါရှိပါတယ်​။ နိုင်​ငံ​ရေးဂျာနယ်​​တွေမှာ ​ကျော်​ငြိမ်းငါ့ညီမင်းငယ်​ပါ​သေးတယ်​ဟဲဟဲ ဆိုတဲ့​ဆောင်းပါး​​​​ခေါင်း​စဉ်​​လေးကို​​တော့မှတ်မှတ်ရရရှိ​နေပါ​သေး တယ်​။ ဝတ္တုစာအုပ်​က​လေး​တွေထဲက​တော့ ဆရာတက္ကသိုလ်​ဘုန်းနိုင်​ရဲ့ ကမ္ဘာကုန်​ကျယ်​သ​ရွေ့ဝယ်​နဲ့ သူငယ်​ချင်းလို့ပဲဆက်​၍​ခေါ်မည်​ခိုင်​ ဆိုတဲ့စာအုပ်​နှစ်​အုပ်​ကို​တော့အ​တော်​​လေးစွဲစွဲလန်း ဖတ်​ဖြစ်​ခဲ့ပါတယ်​။အဲဒီနှစ်​ပုဒ်​​ကြောင့်​လည်း ဝတ္တုရှည်​​တွေကိုကျ​နော်​စွဲလန်းခဲ့ရပါတယ်​။ ​နောက်​ဘာသာပြန်​အ​နေနဲ့ ဆရာ​ရွှေဥ​ဒေါင်းရဲ့ ရတနာသိုက်​ ကလည်းစိတ်​ဝင်​စားစရာအလွန်​​ကောင်းခဲ့ပါတယ်​။

ဖေ​ဖေကသစ်​​တောဌာနမှာအလုပ်​လုပ်​ခဲ့ပါတယ်​။ သစ်​​တော​ကြေးမုံမှာ ​ဖေ​ဖေ မင်းတပ်​မတူပီလမ်းအူ​ကြောင်း ရှာ​ဖွေရတဲ့ဒုက္ခအဖုံဖုံကို ရတုပိုဒ်​စုံ​ရေးသားခဲ့ဖူးတာ ကျ​နော်​ငယ်​ငယ်​က ​ဖေ​ဖေ့စာအုပ်​စင်​မှာဖတ်​ခဲ့ရဖူးပါတယ်​။ ​မေ​မေက​တော့ ​ဖေ​ဖေ လမ်းအူ​ကြောင်းရှာရင်းပင်​ပန်းဆင်းရဲခဲ့တာ ငှက်​ဖျား​ရောဂါရလို့ ​ဆေးရုံတက်​ခဲ့ရတာ လမ်းနဲ့ပတ်​သက်​ပြီးဘာအကျိုးခံစားခွင့်​မှမရခဲ့တာ​တွေကို ကျ​နော့်​ကို​ပြောပြခဲ့ပါတယ်​။ အဲဒီသစ်​​တော​ကြေးမုံစာအုပ်​က​လေးကို အခုပြန်​ပြီးဖတ်​ချင်​ပါ​သေးတယ်​။အိမ်​နဲ့​ဝေးခဲ့ရပြီး​နောက်​ကျ​နော့်​အကိုကိုလှမ်း​မေး​တော့ လည်း စာအုပ်​က​လေးရှိမရှိမ​သေချာ​တော့ပါ။ဖေ​ဖေ့လက်​ရာ​လေးမို့အမှတ်​တရလည်းသိမ်းထားချင်​မိပါတယ်​။

စာကြည့်​တိုက်​​သော့က​လေးကကျ​နော့်​လက်​ထဲမှာတစ်​​ချောင်းရှိ​နေပါတယ်​။စာကြည့်​တိုက်​ကိုညပိုင်းနှစ်​နာရီ​လောက်​သာဖွင့်​​ပေးပါတယ်​။အဲဒီအချိန်​မှာစာအုပ်​အပ်​သူစာအုပ်​​ရွေးသူနဲ့သတင်းစာစာ​စောင်​များလာ​ရောက်​ဖတ်​ရှုသူ​တွေနဲ့စည်​ကား​နေတတ်​ပါတယ်​။စာအုပ်​လာအပ်​တာ​နောက်​ကျသူစာအုပ်​ပြန်​ငှါးချင်​သူ​တွေကိုလည်းကျ​နော်​တို့ အချိန်​ယူ​စောင့်​​ပေးကြပါတယ်​။ရက်​လွန်​​နေတဲ့စာအုပ်​​တွေပြန်​မအပ်​ဖြစ်​တဲ့စာအုပ်​​တွေကိုလည်း စာရင်းထဲမှာ​သေချာမှတ်​ပြီးကြုံရင်​ကြုံသလို​တောင်းရပါတယ်​။ စာကြည့်​တိုက်​မဖွင့်​ချိန်​ ​နေ့လည်​​နေ့ခင်း​တွေမှာ အားလပ်​​နေရင်​ကျ​နော်​စာကြည့်​တိုက်​ထဲကိုသွားတတ်​ပါတယ်​။ စာအုပ်​စင်​မှာစာအုပ်​​တွေပြန်​စီတာရယ်​ သန့်​ရှင်း​ရေးလုပ်​တာရယ်​​တွေပြီးတဲ့အခါ မဖတ်​ရ​သေးတဲ့စာအုပ်​​တွေကိုဇိမ်​​ပြေန​ပြေထိုင်​ဖတ်​ခွင့်​ရခဲ့ပါတယ်​။

အဲဒီလိုဖတ်​မှတ်​​လေ့လာခွင့်​ရတာ​တွေက တန်​ဖိုးမဖြတ်​နိုင်​တဲ့အသိတရား​တွေကို​ပေးစွမ်း​နေတာပါ။ စာ​ပေအနုပညာကိုဝါသနာထုံ​အောင်​တွန်းအား​ပေးရင်းခံစားမှုနဲ့အရာရာကိုကြည့်​မြင်​လာ​အောင်​သင်​ယူရင်း ကျ​နော်​တို့ကြီးပြင်းခဲ့ကြပါတယ်​။

စာကြည့်​တိုက်​ရဲ့စာ​ပေအနုပညာအသင်း​လေးကို ကျ​နော်​တို့သူငယ်​ချင်း​တွေစိတ်​တူကိုယ်​တူဖွဲ့ဖြစ်​ခဲ့ပါတယ်​။ စာ​ပေ​ဟော​ပြောပွဲ​လေး​တွေလည်း ကျင်းပပြုလုပ်​နိုင်​​အောင်​ကြိုးစားကြပါတယ်​။ မှတ်​မှတ်​ရရ စာ​ပေ​ဟော​ပြောပွဲရန်​ပုံ​ငွေအတွက်​ ဗီဒီယိုလက်​မှတ်​က​လေး​တွေကိုတစ်​အိမ်​တက်​ဆင်း​ခြေတို​အောင်​အာ​ပေါက်​​အောင်​လိုက်​​ရောင်းခဲ့ဖူးကြပါတယ်​။ အဲဒီအချိန်​တုန်းက ကျ​နော်​တို့​ဒေသက အကြီးအကဲ​​တွေကလည်းစာပေကိုစိတ်​ဝင်​စားတဲ့မြတ်​နိုးတဲ့သူဖြစ်​​နေတဲ့အတွက်​ခွင့်​ပြု​ပေးခဲ့ကြခြင်းလည်း ဖြစ်​ပါတယ်​။ စာ​ရေးဆရာဖိတ်​တဲ့အခါမှာ​တော့ အကြီးအကဲ​တွေရဲ့ဆန္ဒကိုဦးစား​ပေးရပြန်​ပါတယ်​။

စာ​ပေ​ဟော​ပြောပွဲပြုလုပ်​ခွင့်​​လေးကိုပဲမြတ်​နိုးတန်​ဖိုးထားရင်း အစစကျ​နော်​တို့ဝမ်း​မြောက်​တက်​ကြွ စွာလုပ်​ကိုင်​​ဆောင်​ရွက်​ခဲ့ကြပါတယ်​။

ကျ​နော်​တို့သူငယ်​ချင်း​တွေကလည်း လက်​​ရေးကဗျာစာအုပ်​က​လေး​တွေ စုပြီးထုတ်​​နေကြတဲ့ အချိန်​ပဲဖြစ်​ပါတယ်​။ စာ​ပေ​ဟော​ပြောပွဲလာ​ဟောတဲ့ ဆရာတစ်​​ယောက်​နဲ့​ရေးသူဖတ်​သူ​ဆွေး​နွေးပွဲမှာ ကဗျာအယူအဆ သ​ဘောထားကွဲလွဲခဲ့ကြပါ​သေးတယ်​။ စာ​ရေးဆရာက​တော့​ရှေးရိုးစွဲမှလက်​ခံသူဖြစ်​ပြီး ကျ​နော်​တို့အဖွဲ့လူငယ်​များက​တော့​ခေတ်​ နဲ့လိုက်​ပြီး​ပေါ်လာတဲ့ဆန်းသစ်​မှုကိုကြိုက်​ကြ​ကြောင်း ​ပြောကြရင်း သ​ဘောထားကွဲလွဲကြတာပါ။

ကျ​နော်​တို့နှစ်​သက်​တဲ့စာ​ရေးဆရာများကိုလည်း စာ​ပေ​ဟော​ပြောပွဲစင်​မြင့်​​ပေါ်တင်​နိုင်​ခဲ့ကြပါတယ်​။ အဲဒီအချိန်​တုန်းက​တော့ စာ​ပေ​ဟော​ပြောပွဲ​တွေနဲ့စာဖတ်​သူ​တွေနဲ့ စည်​ကားခဲ့တဲ့ကျ​နော်​တို့စာကြည့်​တိုက်​က​လေးပါ။

ဆရာသိန်း​ဖေမြင့်​ရဲ့ အ​ရှေ့က​နေဝန်းထွက်​သည့်​ပမာ ဝတ္တုရှည်​ စာအုပ်​ကြီးလည်းကျ​နော်​တို့စာကြည့်​တိုက်​မှာရှိပါတယ်​။ဆရာမြသန်းတင့်​ရဲ့စာအုပ်​​တွေကို​တော့ကျ​နော်​အကြိုက်​ဆုံးဖြစ်​ခဲ့ပါတယ်​။ ဆရာမြကလက်​နှိပ်​စက်​တစ်​လုံးနဲ့ စာ​တွေကိုက​လောင်​ခွဲအမျိုးမျိုးနဲ့​ရေးသားပါတယ်​။ ဘက်​စုံ​ရေးသားနိုင်​တဲ့ဆရာမြပါ။ ကဗျာဘာသာပြန်​တာရယ်​ ဝတ္တုတိုရှည်​နဲ့ အက်​​ဆေးပင်​ကိုယ်​​ရောဘာသာပြန်​ပါ ​ရေးသားနိုင်​သူပါ။တစ်​လတည်းမဂ္ဂဇင်းတစ်​​စောင်​တည်းမှာ​ဆရာမြရဲ့က​လောင်​ခွဲသုံး​လေးခု​လောက်​​တွေ့ရ​တော့ ဆရာ့ကိုလက်​ဖျားခါမိပါတယ်​။

ဆရာ့စာက​နေပါရီက​ဖေး​တွေကိုလှမ်းမြင်​ခဲ့ရပါတယ်​။ဆရာဘာသာပြန်​တဲ့ယက်​ဖ်​တူရှင်​ကိုရဲ့ဇီမာလမ်းဆုံကဗျာနဲ့ကျ​နော်​ကဗျာလမ်း​တွေကိုဖြတ်​သန်းနိုင်​ခဲ့ပါတယ်​။နောက်​ ဆရာ့ရဲ့ဓား​တောင်​ကို​ကျော်​၍မီးပင်​လယ်​ကိုဖြတ်​မည်​ နာမည်​​ကျော်​စာအုပ်​က​လေးလည်း ကျ​နော်​တို့စာကြည့်​တိုက်​မှာ အငှါး အများ ဆုံးဖြစ်​ခဲ့ရပါတယ်​။

မိုးရာသီဆိုရင်​​တော့ခြတက်​တတ်​တာရယ်​မိုးယိုပြီးမိုးစိုတတ်​တာ​တွေ​ကြောင့်​ကျ​နော်​တို့အဖွဲ့ စာကြည့်​တိုက်​အတွင်းအ​နေအထားစာအုပ်​ပုံ​တွေကို ​သေချာဂရုစိုက်​ကြရပါတယ်​။ ​ကျောက်​ပြားမိုးထား တဲ့စာကြည့်​တိုက်​​ခေါင်​မိုး​ပေါ်တက်​ပြီး သံ​ချောင်း​ပေါက်​​ တွေ ​ကျောက်​ပြားအကွဲ​တွေက ​မိုး​ရေ​တွေမ ဝင်​ နိုင်​​ အောင်​လည်းကျ​နော်​တို့ကိုယ်​တိုင်​ကိုယ်​ကျ ပြုပြင်​ခဲ့ကြရပါတယ်​။စာကြည့်​တိုက်​ကိုစာအုပ်​​တွေ နဲ့လည်​ပတ်​ကြရတာပါ။ စာအုပ်​အလှူရှင်​​တွေ ပံ့ပိုးကူ ညီ သူ​တွေသာမရှိရင်​ ​ရေရှည်​လည်​ပတ်​နိုင်​ဖို့ ခဲယဉ်းလှပါတယ်​။

လူငယ်​ဘဝကိုစာကြည့်​တိုက်​မှာပဲဖြတ်​သန်းမိခဲ့တဲ့ ကာလ ​တွေကို​ကျေနပ်​မိပါတယ်​။ဘဝမှာကိုယ်​တိုင်​​တွေ့ကြုံရတဲ့အ​တွေ့အကြုံ​တွေရယ်​ဖတ်​ရှု့​လေ့လာခဲ့ တဲ့ စာ​ပေ​တွေဟာ အဖိုးမဖြတ်​နိုင်​တဲ့ အရာ​တွေဖြစ်​ပါတယ်​။ မြန်​မာ့စွယ်​စုံကျမ်း​တွေကအစကျ​နော်​တို့ထိန်းသိမ်းထားနိုင်​ပါတယ်​။

တချို့ငှားသူ​တွေအ​ပျောက်​ရိုက်​သွားတဲ့စာအုပ်​​တော်​​တော်​များများလည်းရှိပါတယ်​။ နှ​မျောမိတဲ့စာအုပ်​​တွေလည်းအများအပြားပါ။စာကြည့်​တိုက်​ရဲ့​မျက်​နှာစာမှာ ဆရာကြီးသခင်​ကိုယ်​တော်​မှိုင်းရဲ့ဓာတ်​ပုံကြီး ကိုချိတ်​ဆွဲထားပါတယ်​။
မနီးမ​​ဝေးတခြားရွာမှာရှိတဲ့ကဗျာဆရာစာဖတ်​သူ သူငယ်​ချင်းတစ်​​ယောက်​က​တော့ ကျ​နော်​တို့စာကြည့်​တိုက်​ထိ တကူးတကလာ​ရောက်​ပြီးစာအုပ်​ငှါး​လေ့ရှိပါတယ်​။

စက်​ဘီး​လေးစီးပြီး စာကြည့်​တိုက်​ကိုမကြာမကြာ ​ရောက်​​ရောက်​လာတတ်​ပါတယ်​။အဲဒီအချိန်​ဆိုကျ​နော်​တို့ဝါသနာတူ သူငယ်​ချင်းတစ်​စုရဲ့စကားဝိုင်းဟာစာသံ​ပေသံ​တွေညံပြီး စည်​ကား​နေပါ​တယ်​။

နောက်​မလှမ်းမကမ်းကရွာက​လေးတစ်​ရွာရဲ့ရွာဦး​ကျောင်းမှာလည်း စာ​ပေ​ရေးသားပြီးစာဖတ်​ဝါသနာထုံလှတဲ့ ဦးပဇင်းတစ်​ပါးလည်းရှိပါတယ်​။ ကျ​နော်​နဲ့အ​တော်​​လေးခင်​မင်​ပြီး အားလပ်​ချိန်​​တွေဆို အဲဒီရွာဦး​ကျောင်းကို ကျ​နော်​​ရောက်​သွား​လေ့ရှိပါ တယ်​။ ဦးပဇင်းကလည်းစာကြည့်​တိုက်​ရဲ့အမာခံ အသင်း ဝင်​ တစ်​ဦးဖြစ်​ပါတယ်​။ ခု​တော့အဲဒီဦးပဇင်း​လေး ဇာတိဖြစ်တဲ့​အညာ​မြေ​ကျောင်းကိုပြန်​ကြွသွား ခဲ့ပါပြီ။ပရဟိတ နာ​ရေးကူညီမှုအသင်းတစ်​ခုကို  ဦး​ဆောင်​ဦးရွက်​ပြု​နေ​ကြောင်းကိုလည်း ကြားသိရပါ တယ်​။ အသစ်​ထွက်​တဲ့မဂ္ဂဇင်း​တွေကို​စောင့်​ဖတ်​ရင်း ပါလာတဲ့ကဗျာ​တွေကိုတရှိုက်​မက်​မက်​ ကျ​နော်​တို့ဖတ်​ခဲ့တယ်​​လေးစားခဲ့ကြတယ်​အားလည်းကျခဲ့ ကြပါတယ်​။ ကဗျာ​တွေစမ်း​ရေးရင်းမဂ္ဂဇင်းတစ်​ချို့ ကိုလည်းပို့တတ်​​နေခဲ့ပါပြီ။မှတ်​မှတ်​ရရ မြားနတ်​​မောင်​၊ရယ်​စရာ၊သရဖူတို့မှာ ​ပေးစာကဏ္ဍ​လေး​တွေ​ဖော်​ပြ​ပေး​နေချိန်​ပါ။ကျ​နော်​လည်းအဲဒီမဂ္ဂဇင်း​တွေမှာ ပထမဦးဆုံးအ​နေနဲ့ ​ပေးစာ​လေး​တွေ​ရေးခဲ့ဖူးပါတယ်​။ပေးစာ​လေးပါလာရင်​ ကျ​နော့်​မှာသူငယ်​ချင်း​တွေကိုကြွားလို့မဆုံး​တော့ပါဘူး။

ဆရာဒဂုန်​တာရာရဲ့​မေ၊ မြိုင်​ ဝတ္တု​တွေကိုလည်းဖတ်​ခဲ့ရပါတယ်​။ခေတ်​ပြိုင်​ရုပ်​ပုံလွှာကလည်း ကျ​နော်​တို့အတွက်​ ထိတဲ့စာပါပဲ။နောက်​ဆရာမကြည်​​အေးရဲ့နွမ်းလျအိမ်​ပြန်​။ဆရာပါရဂူရဲ့စိတ္တရ​လေခါ။

သခင်​တင်​မြရဲ့ဘုံဘဝမှာ။ဆရာ​ရွှေဥ​ဒေါင်းရဲ့ တစ်​သက်​တာမှတ်​တမ်းနှင့်အ​​တွေးအ​ခ်ါများ​။ဆရာတက်​တိုးရဲ့​လောကနီတိ။ဆရာ​ဇော်​ဂျီရဲ့မိုးကြယ်​မို့လားနှင့်​အခြားဝတ္တုတိုများ။ဗေဒါလမ်း။ဆရာမင်းယု​ဝေနဲ့ဆရာမ​ငွေတာရီတို့ရဲ့ ကမ္ဘာ​ကျော်​ဂရင်းညီ​နောင်​ပုံပြင်​များ။ကျ​နော်​လတ်​တ​လော​မေ့​နေပြီး မ​ရေးဖြစ်​တဲ့စာအုပ်​​ကောင်းများစွာကျ​နော်​တို့စာကြည့်​တိုက်​က​လေးမှာရှိပါတယ်​။ ကျ​နော်​တို့သူငယ်​ချင်းများစာကြည့်​တိုက်​မှာလှုပ်​ရှားခဲ့ကြစဉ်​ တတ်​နိုင်​သမျှ သုတစာေ​ပရသပညာ နဲ့က​လေးများအတွက်​ စုံလင်​​အောင်​ရှိသမျှ​ငွေ​ကြေးထဲက​နေဝယ်​ယူစု​ဆောင်းခဲ့ပါတယ်​။

ကျ​နော်​တို့ဆရာက စာအုပ်​ကိုအရိုအ​သေကြီးပါ တယ်​။ စာအုပ်​မှာ​ခေါက်​ကြိုး​လေး​တွေ ထည့်​ထား​ပေးပြီးလုံးဝစာရွက်​ကို​ခေါက်​ပြီးမှတ်​တာကိုမကြိုက်​ပါ။ခေါက်​ကြိုးနဲ့အသုံးပြုဖို့လည်းမှတ်​ချက်​​ရေးထား​ပေးပါတယ်​။ သူ​ရှေ့မှာစာအုပ်​ခါးကြားထိုးတာ ကို လုံးဝလက်​မခံပါ။ မြင်​​တွေ့ရင်​မြင်​​တွေ့ချင်းမထိုးဖို့​သေချာ​ပြောပြပါတယ်​။ စာကြည့်​တိုက်​ထဲစာဖတ်​တဲ့က​လေး​တွေ စာရွက်​လှန်​တဲ့အသံကြမ်းရင်​ ​စောင့်​ကြည့်​တတ်​ပြီး က​လေးနား လည်​​အောင်​​သေ​သေချာ ချာရှင်းပြ​ပေးတတ်​ပါတယ်​။  က​လေးများနား မလည်​ တဲ့ အ​ကြောင်း အရာတစ်​ခုကို ​မေးရင်​လည်း ​သေချာခ​ရေ​စေ့တွင်းကျရှင်းပြတတ်​ပါတယ်​။

စာအုပ်​အဖတ်​နာသူမို့ ကျ​နော်​တို့သိချင်​တာရှိရင်​လည်း ဆရာ့ကိုပဲကျ​နော်​တို့​မေးမြန်းရပါတယ်​။

သူ့မှာရှိတဲ့ကိုယ်​ပိုင်​စာအုပ်​​တွေကိုလည်းဖတ်​ဖို့ကျ​နော်​တို့ကိုမကြာခဏ​ဝေမျှ​လေ့ရှိပါတယ်​။ သူငှါးထားတဲ့စာအုပ်​​တွေကိုလည်း စံနစ်​တကျ​နေ့စွဲအချိန်​နဲ့ ​သေချာမှတ်​ထားပြီး မ​မေ့မ​လျော့ပြန်​​တောင်း​လေ့ရှိပါတယ်​။

အဲလိုစံနစ်​​လေး​တွေက​တော့တကယ်​အတုယူစရာပါ။

ဆရာလည်းဌာနတစ်​ခုက​နေအငြိမ်းစားယူပြီးတခြား​ဒေသတစ်​ခုကို​ပြောင်း​ရွှေ့သွားပါပြီ။သူမရှိ​တော့ စာအုပ်​ ကို ဂရုတစိုက်​ချစ်​မြတ်​ရို​သေထိန်းသိမ်း ​စောင့်​​ ရှောက်​သူ တစ်​ဦး​လျော့သွားရပါတယ်​။

ညပိုင်း စာကြည့်​တိုက်​ပိတ်​ချိန်​​ရောက်​တဲ့အခါ ကျ​နော်​တို့သူငယ်​ချင်းများလဖက်​ရည်​ဆိုင်​ထိုင်​ဖြစ်​ကြပါတယ်​။လဖက်​ရည်​ဆိုင်​မှာလည်းစာအ​ကြောင်း​ပေအ​ကြောင်းအများကြီး​ဆွေး​နွေးခွင့်​ရကြပါတယ်​။

ခု​နောက်​ပိုင်းကျ​နော်​တို့သူငယ်​ချင်း​တွေလည်းတစ်​​ယောက်​တစ်​​နေရာစီကွဲကွာကုန်​ကြပါပြီ။ စာကြည့်​တိုက်​က​လေးကို စိတ်​ပါဝင်​စား​ထောက်​ပံ့​ပေးမယ့်​ လူကြီးပိုင်းကလည်း စာ​ပေဝါသနာပါသူ မရှိ​တော့ပါ။

ကျ​နော်​လည်း​နောက်​ပိုင်းကိုယ်​ပိုင်​အလုပ်​ကိစ္စ​တွေနဲ့ စာကြည့်​တိုက်​ဖက်​မ​ရောက်​ဖြစ်​​တော့။ ခု​တော့ကျ​နော်​တို့စာကြည့်​တိုက်​က​လေးကိုပရဟိတဝါသနာရှင်​တစ်​ဦးတည်းကပဲကြည့်​ရှု​စောင့်​​ရှောက်​ရင်းကျားကန်​​နေတဲ့အ​ကြာင်းကိုသိရပါတယ်​။ အရင်​ကလိုစာ​ပေလှုပ်​ရှားမှု​တွေစာ​ပေ​ဟော​ပြောပွဲ​တွေလည်းမလုပ်​နိုင်​​တော့တာကြာခဲ့ပါပြီ။ ခုလိုအစဉ်​အလာ​ကောင်း​လေး​တွေကိုဆက်​လက်​မထိန်းသိမ်းနိုင်​​တော့တာဝမ်း နည်းစရာပါ။ လူငယ်​​တွေရဲ့စိတ်​ဝင်​စားမှုက စာကြည့်​ တိုက်​ မှာ ရှိမ​နေ​တော့တာဟာ​ကောင်း​ သော လက္ခဏာတစ်​ရပ်​မဟုတ်​တာ​သေချာ ပါ တယ်​။ စာကြည့်​တိုက်​က​လေးနားဖြတ်​သွား မိတဲ့ အခါ တိုင်းရင်​တုန်းကလှုပ်​ရှားမှုပုံရိပ်​​တွေကို မြင်​​ယောင်​​နေမိပါတယ်​။ အခု​တော့ စာကြည့်​တိုက်​ဆိုင်း ဘုတ်​က​လေးလည်း​ဆေးသား​တွေကွာလို့ စာကြည့်​တိုက်​ ဆိုတဲ့စာလုံး​လေးကို​တောင်​အပြည့်​အစုံဖတ်​မရ​တော့ပါ။ ​မှေးမှိန်​လှတဲ့စာကြည့်​တိုက်​က​လေးကို ကြည့်​​နေမိရင်း အတိတ်ဆီ​ကို ပြန်​လည်​တမ်းတလွမ်း​ နေမိပါတယ်​။

မို​နေးသစ်

Comments