မိုနေးသစ် ● သဘာဝကျကျ လမ်းများ

မိုနေးသစ် ● သဘာဝကျကျ လမ်းများ
(မိုးမခ) မေ ၂၈၊ ၂၀၁၈

ကျဉ်း​မြောင်းတဲ့အ​ကွေ့အတက်​အဆင်း​တွေနဲ့ ဖုန်​လုံး​တွေလှိမ့်​​နေတဲ့ ခလုတ်​ကန်​သင်းများများ ခရီး​လေးဟာ ဘဝမှာ​နေသားတကျဖြစ်​ခဲ့။

နှစ်​များစွာစ​တေးထားပြီး ​ပြောင်းလဲမသွားတဲ့ ကတ်​ပြားက​လေးတခုစာ ကြိုးက​လေးတ​ချောင်းက ​ခြေလှမ်းတိုင်းကို ဆွဲ​နှောင်​ထားခဲ့။

ပြတင်း​ပေါက်​က​လေ​ပွေ​တွေ စားပွဲ​ပေါ်ကစာရွက်​​တွေကို ဆွဲချသွားခဲ့သလို။ လက်​မှတ်​ထိုးမထား​သေးတဲ့ဇယားကွက်​အလွတ်​​တွေက ကီးဘုတ်​​ပေါ် ထခုန်​ပြ​နေကြတယ်​။ မနက်​ဖြန်​မှာ သတင်း​ကောင်းကြားရမလား ထူးခြားတဲ့ကရုဏာသက်​တဲ့အမိန့်​တစုံတ​ရာကိုပဲ တမ်းတမိ။ ပိန်​ချိုင့်​​နေတဲ့ဒန်​ချိုင့်​တလုံးလို အရာရာဟာ ​ခေတ်​​နောက်​ကျလို့ပါ။

အမြန်​ဆုံး အတီထွင်​နိုင်​ဆုံး စိတ်​ကူးဏ်ဉာဏ်​​တွေကို ပန်​ကာ​တွေထဲထည့်​​ပေးရမလား၊ အဲယားကွန်း​တွေထဲပဲ စွန့်​ပစ်​ရမလား၊ အမှိုက်​ပုံဟာ အမှန်​တရားလိုလို။

မနက်​ခင်းဟာ ယင်​​ကောင်​​တွေနဲ့ပဲစွတ်​စို​နေတယ်​၊ မသန့်​ရှင်း​တော့တဲ့စွပ်​ကျယ်​​တွေ ဝတ်​လို့။ အခန်း​ထောင့်​​မှောင်​​မှောင်​ထဲ ​ချောဆီ​တွေ​ပေကျံ​နေပုံက သူ့အနားလာလာသမျှ ညစ်​​ထေးသွား​အောင်​လုပ်​နိုင်​တဲ့မာန်​နဲ့။ အ​ဟောင်းအ​ရောင်​လွင့်​​နေတဲ့ စက်​ပစ္စည်း​တွေရဲ့ အံ့မခန်းလည်​ပတ်​နိုင်​​သေးတဲ့စွမ်းအင်​မီးခိုးများထဲ အနံ့အသက်​များထဲ ​လှေခါးထစ်​​တွေလို ဇွဲနပဲနဲ့ရင့်​ ကျက်​တဲ့ပုံသဏ္ဍာန်​။ ဆီ​ပေရင်​ဘီ​အေမ​ကြောက်​ဘူးဆိုတဲ့​ခေတ်​​တွေကို ​ကျော်​ဖြတ်​ခဲ့ရ ကိုယ့်​ကိုယ်ကိုစလစ်​မထုတ်​ဖြစ်​တဲ့​နေ့​တွေကို ပိုက်​ထဲသွန်​ချရင်း ဖြတ်​​ကျော်​ခဲ့ရ​နေ့​တွေ။

အိမ်​ခြံထဲမှာစိုက်​ပျိုးထားတဲ့အသီးအနှံ​တွေနဲ့ ကိုယ်​ပိုင်​ထမင်းဝိုင်းကိုခင်းကျင်းလွတ်​လပ်​စို​ပြေတဲ့မိသားစုထမင်းဝိုင်း​လေးက လည်း ရင်​ထဲမှာစိုက်​လို့။ သန့်​ရှင်းတဲ့​လေ​တွေများများလိုအပ်​တယ်​၊ ​အောက်​စီဂျင်​ငတ်​တဲ့အဆုတ်​​တွေ ကျန်းမာ​ရေး​ကောင်း​စေဖို့အတွက်​။ ​ဆေးဝါး​တွေက​ဆေးဖက်​ဝါးဖက်​ဖြစ်​ရဲ့လားတခု​သော​ဆေး​ပေးခန်းထဲ ဂရုစိုက်​မှု​တွေများများစိုက်​ချင်​တယ်​၊ အ​လေ့ကျပင်​​တွေမှာ ​ပေါင်းမြက်​​တွေကင်းရှင်းရင်း စိတ်​​တွေကိုယုယကြမယ်​။

သွား​နေကျ စီးဆင်း​နေကျသမားရိုးကျအမှတ်​​တွေနဲ့ ယဉ်​ယဉ်​​ကျေး​ကျေး​လေး​ကွေ့ခဲ့၊ ညင်​ညင်​သာသာပဲ​ရွေ့ခဲ့။ ကိုယ်​မပိုင်​တဲ့ကိုင်းပင်​​တွေ ထပ်​​ပေါက်​​ရောက်​မှာ။ ပိုက်​ဆံမရှိတဲ့ည​တွေဟာ မလင်းပဲနဲ့​မှောင်​​နေတယ်​။

အိမ်​မိုးဖို့​ငွေမရှိ။ မိုး​ရေစက်​​တွေကတစက်​စက်​​တောင်​မက​တော့ဘူး ရွာကျလာတဲ့အခါတိုင်း ​ရေတံခွန်​လိုအိမ်​ထဲစီးကျလာ တယ်​။ အရိပ်​ကို​ရွှေ့ထိုင်၊​ ခွက်​ပလုံး​တွေ​ရွှေ့ခံရင်း အိမ်​ကြမ်းပြင်​​ပေါ်က မိုးသားများ မြစ်​လိုဖြာကျ​နေရဲ့။

ပျစ်​ခဲ​နေတဲ့လူ့မလိုင်​​တွေသာစု​ဝေးနိုင်​ရာကို ကိုယ်​ချင်းစာတရား​တွေ အလည်​မလာ​ပေဘူး။ ကျ​နေတဲ့​နေ​ရောင်​ကိုခွက်​နဲ့ ခံစရာမလိုပဲ ကိုယ့်​​ရှေ့​ရောက်​လာတယ်​။ မိုး​လေ​တွေဒလကြမ်းစီး​နေတဲ့ရာသီ မိုးခြိမ်းသံတဂျိမ်းဂျိမ်း၊ လျှပ်​စီး​တွေဟီးထလို့။ ကွင်းပြင်​မှာ မိုးမိ၊ မိုးခြိမ်းသံနဲ့ညံ။

အတတ်​ပညာနဲ့​ရေးတဲ့လက်​​ရေး​တွေပြည့်​​နေတယ်​။ မျက်​နှာကြက်​​ပေါ်ကပန်​ကာ​တွေ ဘာ​ကြောင့်​ အဲသ​လောက်​လည်​ပတ်​​နေရသလဲ ​တွေး​နေမိပါတယ်​။ ဒီ​နေ့ရှာခဲ့တဲ့မဖြစ်​စ​လောက်​ဟာ တစ်​​နေ့စာကိုဖူလုံမှုမ​ပေးနိုင်​ခဲ့ဘူးဆိုတာ အိမ်​နံရံ​တွေသိ တယ်​။

မ​ပျော်​တဲ့​နေ့​တွေကို ပြက္ခဒိန်​မှာ ​ရေးမမှတ်​နိုင်​​တော့ဘူး။ ကိုယ်​စားရသ​လောက်​ ကိုယ်​က ပြန်​အ​လျော်​​ပေးရတာပဲဆိုတဲ့ စကား​တွေနဲ့ ​ရေ​တွေစီးကျ​နေကြတယ်​။
မြို့ကို​ဈေးဝယ်​ထွက်​ရမယ်​။ ပန်းသည်​​တွေ ဆိုင်​ကယ်​​တွေနဲ့ဝင်​လာတယ်​။ အ​ရောင်​အ​သွေးအစုံပန်းခြင်းထဲမှာ ကိုယ်​လိုချင်​တဲ့ပန်း​တွေဝယ်​ ဘုရားကပ်​ဖို့ ဆု​တွေ​တောင်းဖို့ ဆု​တောင်းပြည့်​​စေတီရင်​ပြင်​​ပေါ်တက်​ခဲ့တယ်​။

ယန္တရားတခုက​နေတခုကိုအချိတ်​အဆက်​မမိပဲ ကွဲပြား​ရောက်​ရှိသွားစဉ်​ လှုပ်​ရှား​နေကျစက်​ဝန်းဟာ ပျက်​သွားတယ်။ ​ပုံမှန်​လည်​​နေတဲ့ဘီးတခုခုနဲ့ထိခိုက်​မိ။ ကမ်းနားလမ်းကအ​ဟောင်းဆိုင်​မှာ ပွဲတက်​ဝတ်​စုံ​တွေကို​ရွေးရင်း ချွေးထွက်​​နေတဲ့မြို့ထဲက ထွက်​ခဲ့ပါတယ်​။

နာရီစင်​ကြီး​ရှေ့စကြာပုံလမ်းဆုံက​လေးမှာစုပုံ​နေတဲ့ ယာဉ်​​တွေခဏရပ်​နား။ ဆိုင်​ကယ်​အိတ်​​ဇောက ထွက်​လာတဲ့အသံ​တွေနဲ့နှုတ်​ဆက်။ ​တ​​ယောက်​တလမ်းစီ မြစ်​ရဲ့လက်​တံရှည်​ဖက်​ကိုထွက်​ခွာ။

တခါတ​လေ ပူ​နွေးပြီးအ​ငွေ့​ထောင်း​ထောင်းထ​နေတဲ့​ခေါက်​ဆွဲ​ကြော်​​လေးကို ဟန်​ကျပန်​ကျစားချင်​လှတယ်​။ အပြန်​ကျရင်​​​မျှော်​​နေမယ့်​မိသားစုအတွက် ​စပျစ်​သီးရယ်၊ ​ပန်းသီးရယ်​၊ လက်​ကျန်​အသက်​ရှုသံ​လေးကိုအိတ်​ကပ်​ထဲထည့်၊ ဇလီဖားတုံး​တွေထဲဝင်​သွားတဲ့လမ်းသွယ်​​လေးရယ်၊​ နာကျင်​ဖို့မရှိတဲ့ ဇာတ်​ဝင်​ခန်းတချို့ကို​ ရေးခြယ်​ချင်​တယ်​။ ​ခေါင်း​လောင်းသံဟာ ​မောင်း​နေ တဲ့ကား​တွေကိုရပ်​တန့်​​စေပါတယ်​၊​ ဝင်​ချလာတဲ့ရထားအလံ​ထောင်​ထားတဲ့ လက်​ပြသူနဲ့ရှုခင်းကို ဓာတ်​ပုံရိုက်​ခဲ့တယ်​။ အနီဝတ်​ထားတဲ့ လီဗာပူး ဘယ်​​ကြေး​ပေါက်​လဲပွဲကူးဇယားမှာ ငါတို့စိတ်​ကိုချ​လောင်းခဲ့တယ်​။

ထမင်းစားပြီး တ​ရေးတ​မောအိပ်​ပြီး သူများမ​ကောင်း​ကြောင်း​လေကန်​ပြီး ​နေ့ကိုအချိန်​ဇယားအရ ဇွတ်​ဖြတ်​ခဲ့ရတယ်​။

ဘုရားပန်းအိုးလဲတယ်၊ ​​သောက်​​တော်​​ရေကပ်​တယ်​၊ ဆွမ်း​တော်​တင်​တယ်၊ ​ဆု​တောင်းများ မဂ်​ဖိုလ်​နိဗ္ဗာန်​ရ​စေသား။ ​စောင်းတန်းတ​လျှောက်​​လှေခါးထစ်​​တွေအတိုင်း ကုသိုလ်​ဟာ တစထစ်​ချင်း စိတ်​အညစ်​​ကြေး​တွေနည်းနည်းချင်း တံမြက်​လှည်းခဲ့ရ​နေ့စဉ်​။

နေပူရှိန်​ဟာ သွပ်​မိုးကို​ဖောက်​လို့ မျက်​နှာကျက်​ကို​ဖောက်​လို့ တံစက်​မြိတ်​ရှည်​​အောင်​​ ရှေ့ကိုအဖီဆွဲထားတယ်​။ မိုး​လေ​တွေကျအလာ အိမ်​​ရှေ့ကသရက်​ပင်​အသီး​တွေ​ကြွေ​နေတယ်​။

ထင်​သ​လောက်​​ဈေး​ကောင်းမရဘူး၊ ​ရှောက်​သီး​တွေမာလကာသီး​တွေ သံပုရာသီး​တွေ ငှက်​​ပျောသီး​တွေ ကိုယ်​စိုက်​သ​လောက်​ ကိုယ်​ရိတ်​သိမ်းရတယ်​ဆို​​ပေမယ့်​ မ​ပြောင်းသေးခင်​ အရင်​ခြံထဲမှာ ကြက်​သွန်​နီ​တွေစိုက်​ခဲ့ခရမ်းသီးပင်​​တွေ စိုက်​ခဲ့နွား​ချေး​မြေသြဇာက သဘာဝ​မြေ​ဆွေးပဲ မန်​ကျည်းရွက်​​မြေ​ဆွေးလည်း သဘာဝ​မြေ​ဆွေးပဲ သဘာဝကျကျ အသီး​တွေသီး လာတယ်​။

စားပွဲကုလားထိုင်​​တွေလည်း အခန်းထဲ​နေ​နေ​ပေမယ့် ပူ​လောင်​လို့ အပြင်​မှာ​ရေ​တွေဆူ​တော့မယ်။ ​မိုးတိမ်​တစ်​စတက်​လာ တယ်​ဆိုရင်​​ လေက​လေးတ​ချက်​​ဝေ့လာတယ်​ဆိုရင်​ ​အေးချမ်းမှု​တွေ တုန်​ရင်​သွားရ။

ဖုန်း​တွေပူ​လောင်​လို့ အားသွင်းကြိုး​တွေပူ​လောင်​လို့၊ အဲယားကွန်းခန်းထဲ​က ရေခဲ​ရေ​သောက်​​နေရရင်​​ ကောင်းမယ်​။

မိုးခြိမ်းသံ​တွေအများကြီးကြား​နေရ​ပေမယ့်​ မိုးက ထင်​သ​လောက်​ မရွာခဲ့ဘူး။ ပူအိုက်​ပြီး​လေမတိုက်​တဲ့​နေ့လည်​ခင်း​တွေက ဗန်​ဒါပင်​​တွေကြားထဲ ဒရွတ်​တိုက်​ဆွဲလို့။ လိုအပ်​သ​လောက်​ပဲ စက္ကူ​ပေါ်​ဘောလ်​ပင်​​တွေဖြတ်​မယ်​။ မာရသွန်​လက်​​တွေက တခုခုနဲ့ငြိ​နေတယ်​။

မိုနေးသစ်

Comments