နိုလှိုင်း ● ဦးထုပ်​​တွေအ​ကြောင်း

နိုလှိုင်း ● ဦးထုပ်​​တွေအ​ကြောင်း
(မိုးမခ) မေ ၂၃၊ ၂၀၁၈

၁။
လူတယောက်​ရဲ့ခန္ဓာကိုယ်​တခုအတွက်​ ဒါမှမဟုတ်​ ဦး​ခေါင်းတခုအတွက်​ ဦးထုပ်​တလုံးဟာ အမှန်​တကယ်​လိုအပ်​ပါသလား တဲ့။ ရုတ်​တရက်​အဲဒီ​မေးခွန်းဟာ နံရံ​ပေါ်က​နေ ကျ​နော်​ဆီခုန်​ထွက်​လာခဲ့ပါတယ်​။  ​မေးသံဟာ အဝတ်​ဗီဒို​ဘေးနံရံ​ဆီက​နေ စင်​ထွက်​လာခဲ့တာ​ပေါ့။ ပုံမှန်​အချိန်​ဆိုရင်​​တော့ တမင်​လုပ်​ယူထားတဲ့​မေးခွန်းမျိုးကို ကျ​နော်​ပြန်​​ဖြေ​လေ့မရှိပါဘူး။ ဥပမာ ​နေ​ကောင်းလား ထမင်းစားပြီးပြီလား စသည်​ဖြင့်​ ​​နေ့စဉ်​ဘဝ​တွေမှာ ကျ​နော်​တို့ဟာ သိပ်​မလိုအပ်​တဲ့​မေးခွန်း​​တွေနဲ့ အမြဲတ​စေရှုပ်​​ထွေး​နေတတ်​တယ်​မဟုတ်​လား။ အဲဒီလို​ အသားကျ​နေထိုင်​ခဲ့ရလို့လည်း ​မေးခွန်းဟာ သာမန်​ထက်​စိတ်​ဝင်​စားစရာ​ပို​ကောင်း​စေခဲ့တာပါ။ ကျ​နော့်​တယောက်​တည်းအတွက်​ဆို သိပ်​​ကောင်းတဲ့​မေးခွန်းလို့​တောင်​ ဆိုလို့ရ​သေးတာ​ပေါ့။ ဘာဖြစ်​လို့လည်းဆို​တော့ ကျ​နော်​က ဦးထုပ်​​တွေကိုကြိုက်​နှစ်​သက်​သူ ဂရုတစိုက်​ကြည့်​​လေ့ရှိသူဖြစ်​​နေလို့ပါ။ တချို့တွေအတွက်​​ ဦးထုပ်​တလုံး​လောက်​မှ လူ့အဖြစ်​ရပ်​တည်​မှုမှာ မလိုအပ်​ပါဘူးလို​ပြောချင်​​ပြောနိုင်​​မှာဖြစ်​​ပေမယ့်​ တချို့လူ​တွေအတွက်​​တော့ ဦးထုပ်​တလုံးဟာ အမှန်​တကယ်​လိုအပ်​​နေတတ်​တယ်​လို့ ကျ​နော်​ထင်​ပါတယ်​။

ဦး​ခေါင်း​ပေါ်​လောင်​မြိုက်​​နေတဲ့ ကိ​လေသာအခိုး​ငွေ့​တွေကို ဖုံးကွယ်​ထားနိုင်​ဖို့ပဲဖြစ်​ဖြစ်​ ပြုတ်​ကျလာမယ့်​အပူဒဏ်​ကို ကာ ကွယ်​ထားရတယ်​လို့ပဲ ဆိုဆို​ပေါ့​လေ။ လူမှာဦးထုပ်​တလုံးတလေ​လောက်​​တော့ လိုအပ်​တယ်​လို့ ကျ​နော်​ထင်​မိပါတယ်​။ စစ်​သူကြီးမဟာဗန္ဓုလမှာ ဦးထုပ်​တလုံးလိုပါတယ်​။ Jason Mraz ဆီမှာလည်း ဦးထုပ်​တလုံးရှိဖို့ လိုအပ်​ပါလိမ့်​မယ်​။ ချာလီချက်​ပလင်​မှာ​ ဦးထုပ်​တလုံး အမှန်​တကယ်​ရှိပြီး အမြဲသူနဲ့တွဲလျက်​မြင်​​တွေ့ရတတ်​တယ်​။ ကျ​နော့်​ဆီမှာ​​​ဆို ​​​နေ့စဉ်​ဘဝလူမှုအကျပ်​အတည်းများကိုရင်​ဆိုင်​ဖို့ ဦးထုပ်​​လေးငါးလုံးအမြဲရှိ​နေတတ်​ပါတယ်​။ လူတယောက်​ အိမ်​အပြင်​ထွက်​သွားတဲ့အခါ ဦး​ခေါင်း တခုစာအတွက်​ ဦးထုပ်​တလုံးသာယူသွားလို့ရတယ်​ဆိုတာ ကျ​နော်​သိ​ပေမယ့်​ ဦးထုပ်​ပုံစံအသစ်​​တွေ့ရင်​ ထပ်​လိုချင်​​နေမိ တာပါပဲ။ တခါတ​လေဦးထုပ်​အသစ်​တလုံးကို ကျ​နော်​ကြိုက်​မိလို့ထပ်​ဝယ်​ချင်​တဲ့အခါ လက်​ထဲရှိပြီးသား ဦးထုပ်​​အချို့ကို တခြားလူ​ဆောင်းဖို့​ပေးပစ်​ရတတ်​တယ်​။ ဒါ​ပေမယ့်​လည်း အမြဲတမ်းကျ​နော့်​ဆီမှာ ဦးထုပ်​​တွေက တလုံးမကရှိ​နေတတ်​ပြန်​တာပါပဲ။

တ​နေကုန်​​လမ်း​ပေါ်​လျှောက်​သွား​နေတတ်​တဲ့ကျ​နော့်​အတွက်​  ဦးထုပ်​တလုံး​လောက်​က​တော့ လိုအပ်​တယ်​လို့ မထင်​ဘူးလားလို့ အသံလာရာဆီ ကျ​နော်​ပြန်​​မေးလိုက်​မိတယ်​ထင်​ပါတယ်​။ အဲဒီလိုလည်း ယူဆလို့လည်းရနိုင်​တာ​ပေါ့။ ဦးထုပ်​အသစ်​ဝယ်​ဖို့ အ​ကြောင်းပြချက်​တခုအ​နေနဲ့ဖြစ်​ဖြစ်​ ဦးထုပ်​​ဆောင်းရတဲ့ဆင်​​ခြေတခုပဲဖြစ်​ဖြစ်​​ပေါ့။ လမ်း​ပေါ်​လျှောက်​သွား​နေတယ်​ဆိုတိုင်းလည်း ဦးထုပ်​တလုံးဟာ လိုအပ်​ချင်​မှလိုအပ်​မှာ​ပါလို့ ​ခင်​ဗျား​တွေးချင်​လည်း​တွေးစရာပဲ​လေ။ ဒါ​ပေမယ့်​ ဦးထုပ်​​ဆိုတာက​တော့ မလိုအပ်​လည်း ကိုယ်​ကြိုက်​နှစ်​သက်​ရင်​ ဝယ်​သိမ်းထားလို့ရနိုင်​တာပဲ​မဟုတ်​လား။ အဲဒါက လူ့အဖြစ်​ရရှိထားတဲ့ကျ​နော့်​ရဲ့ ​မွေးရာပါအခွင့်​အ​ရေးတခုပါပဲ။ ​ကဗျာဆရာ​အောင်​ချိမ့်​ဆီမှာ လျှာထိုးဦးထုပ်​တလုံး​အ​သေအချာရှိပါ တယ်​။ သစ္စာနီဆီမှာလည်း ဦးထုပ်​နဲ့လူဆိုတဲ့ ​ခေတ်​​ပေါ်ဝတ္ထုတပုဒ်​ကျိန်း​သေရှိခဲ့ပါတယ်​။ အဲဒီလို လူတယောက်​နဲ့အတူတွဲ လျက်​ ဝိ​သေသတခုအ​နေနဲ့ကပ်​လျက်​ရှိ​နေတတ်​တဲ့ ဦးထုပ်​​တွေရှိ​နေသလို ​နောက်​ထပ်​​နောက်​လူတယောက်​အတွက်​ထပ်​မံလိုလို​အပ်​​နေ​ဦးမယ့်​ ဦးထုပ်​​တွေလည်း ကျ​နော်တို့ အနီးအနား ဒါမှမဟုတ်​ ကျ​နော်​တို့မမြင်​ကွယ်​ရာ​​တွေမှာ​၊ရှိ​နေ​တွေ့​နေရ မှာပါပဲ။ မြို့ထဲလမ်းမ​တွေ​ပေါ် စတိုးဆိုင်​မှန်​ဗီဒို​တွေ​ထဲမှာ အ​ယောက်​စီတိုင်းအတွက်​ ဦးထုပ်​ဒီဇိုင်းမျိုးစုံ လိုချင်​စရာ​ကောင်း​လောက်​​အောင်​ပြသထားတတ်​ကြတာ​ပေါ့။ ကုန်​လွန်​ခဲ့ပြီးတဲ့အတိတ်​​တွေ​ပေါ် အဲဒီလိုလိုအပ်​ချက်​ဦးထုပ်​​တွေဟာ တလုံးပြီး တလုံးပြုတ်​ကျလာခဲ့ပါတယ်​။ ကျ​နော်​တို့အတိတ်​​တွေဟာ ဦးထုပ်​​တမျိုးပြီး တမျိုး ​ဆောင်းလာခဲ့ကြတယ်​။ ​ကျ​နော်​ဆက်​​ပြောတယ်​။ ဟိုးအ​ရှေ့မှာလည်း အသင့်​​စောင့်​​ကြို​နေတတ်​တဲ့ ​အနာဂတ်​ရဲ့​ရောင်​စုံဦးထုပ်​​တွေဆိုတာ ရှိ​နေဦးမှာပါပဲလို့။ ဟုတ်​မယ်​ ထင်​ပါတယ်​။ ​မေးခွန်း​တွေနဲ့စတဲ့ အ​ကြောင်းအရာတခုဟာ ​မေးခွန်း​တွေနဲ့ပဲဆုံး​လေ့ရှိမလား ကျ​နော်​စိတ်​ဝင်​စား စွာ သိချင်​​နေမိပါ​တော့တယ်​။

၂။
ဆိပ်​ကမ်းသာက ကဗျာဆရာကို ကျ​နော်​က မြစ်​လို့​ခေါ်တယ်​။ ကိုခိုင်​မျိုးမှာ အနီ​ရောင်​ဦးထုပ်​တလုံး​ရှိပါတယ်​။ မြစ်​လိုလှည့်​ ပတ်​စီး​တတ်​တဲ့ကိုခိုင်​မျိုးဆိုတာ ဦးထုပ်​အနီ​ရောင်​တလုံးကို အမြဲ​ဆောင်းထားတတ်​သူ​ပေါ့။ ဓာတ်​ပုံ​ထဲမှာ ဒါမှမဟုတ်​ အပြင်​တနေရာရာမှာ သူ့ကိုမြင်​တဲ့အခါ ဦးထုပ်​အနီ​ရောင်​တလုံးနဲ့သာတွဲပြီး​​တွေ့ရ​တတ်​တယ်​။ အနီ​ရောင်​ဟာသူအကြိုက်​နှစ်​သက်​ဆုံးအ​ရောင်​လားဆိုတာ ​သေချာမသိ​ပေမယ့်​ အဲဒီဦးထုပ်​အနီ​ရောင်​က​တော့ ကိုခိုင်​မျိုးရဲ့အမှတ်​အသားပါပဲ။ ဟိုးအ​ဝေးက​နေ ဦးထုပ်​အနီ​ရောင်​နဲ့လူတယောက်​လမ်းထဲစီးဝင်​လာပြီဆို ​သေချာတယ်​ အဲဒါကိုခိုင်​မျိုးလို့ပဲ ဆိုကြပါစို့။ သူကမြစ်​လိုပဲ တလမ်းဝင်​တလမ်းထွက်​အမြဲလှည့်​ပတ်​စီးဆင်း​နေ​​​​တော့တာ​လေ။ မြစ်​လိုပဲ သူ့လမ်း​ကြောင်း​ပေါ်မှာ အိ​နြေ္ဒရစွာရှိ​နေခဲ့တာ​ပေါ့။ အဲဒီအနီ​ရောင်​ဦးထုပ်​ဟာ သူအမှတ်​တရလက်​​ဆောင်​​ရထားတဲ့ မျှ​ဝေခြင်းဦးထုပ်​​ပါပဲ။ သူမြို့ထဲထွက်​လာတဲ့အခါတိုင်း ​သူ့​ခေါင်းမှာမျှ​ဝေခြင်းဦးထုပ်​အနီ​ရောင်​ကို​ဆောင်းထားခဲ့တာပါပဲ။ စာမူ​တွေပို့တဲ့အခါတိုင်း လမ်း​ဘေးလက်​ဘက်​ရည်​ဆိုင်​​လေးမှာထိုင်​​နေတဲ့အခါတိုင်း တခြားရည်​ရွယ်​ချက်​ဆိုတာထက်​ လမ်း​ပေါ်မှာ​စီးဆင်း​နေ​လေ့ရှိသူတယောက်​အဖို့ အပူဒဏ်​ကိုကာကွယ်​​စေဖို့ပဲဖြစ်​ဖြစ်​​ပေါ့။ အဲဒီဦးထုပ်​ကို ကိုခိုင်​မျိုး အရမ်းဂရုစိုက်​ပါတယ်​။ ကိုယ်​နဲ့မကွာ​ ဆောင်​ထားတတ်​ပါတယ်​။ သူ့လွယ်​အိတ်​ထဲအမြဲ​ထိုးသိပ်​ထည့်​ထားတတ်​တဲ့ ​ဘောပင်​ မင်​ဖျတ်​​ဆေး စာရွက်​ချုပ်​ကိရိယာ ကြက်​လည်​ဆံ​ဆေးအပါအဝင်​ မျှ​ဝေခြင်းဦးထုပ်​အနီ​ရောင်​ကလည်း အတူတွဲပြီးရှိ​နေခဲ့တာ​ပေါ့။ သူ့ဓာတ်​ပုံတပုံ အင်​တာနက်​လူမှုကွန်​ယက်​​ပေါ်တက်​လာရင်​ သတိထားကြည့်​လိုက်​ပါ။ ကိုခိုင်​မျိုးဆိုသူဟာ အနီ​ရောင်​မျှ​ဝေခြင်းဦးထုပ်​ကို ​ဆောင်းထားလျက်​နဲ့ပါပဲ။

ငယ်​ငယ်​တုန်းက​တော့ ​ဈေးကြီးတဲ့ဦးထုပ်​​တွေကို လင်းခတယောက်​ရူးသွပ်​ချင်ခဲ့​သေးတယ်​လို့ ကျ​နော်​​ပြောချလိုက်​တယ်​။ မထူး​တော့ပါဘူး​။ ဦးထုပ်​​တွေအ​ကြောင်းဆိုတာနဲ့ ကျ​နော်​တို့ လူ​တွေအ​ကြောင်းလည်း ​ဆက်​​ပြောဖြစ်​သွားမှာပါပဲ။ အရင်​ကဆို နာမည်​ကြီးတံဆိပ်​ဦးထုပ်​​တွေကို လင်းခမက်​​မောစွာလိုချင်​ခဲ့တယ်​။ ရုပ်​ရှင်​ဗီဒီယို​တွေထဲက မင်းသား​တွေ​ဆောင်း​လေ့ရှိတတ်​တဲ့ nike တို့ addidas တို့လိုတံဆိပ်​​မျိုး​တွေဆို အရူးအမူးကိုရချင်​ခဲ့တာ​ပေါ့။ မဝယ်​နိုင်​ရင်​သာမဝယ်​နိုင်​ရင်​ရှိလိမ့်​ မယ်​ စူပါမတ်​ကပ်​​တွေ​ရောက်​လို့က​တော့ နာမည်​ကြီးတံဆိပ်​ဦးထုပ်​​တွေ​ဈေးနှုန်းကိုလည်း အငမ်းမရလိုက်​ကြည့်​ခဲ့ရတာ လည်း အ​မော​ပါပဲ။ ဒါ​ပေမယ့်​ အသက်​အရွယ်​နည်းနည်းကြီးလာ​တော့ ​ဈေးကြီးတဲ့ဦးထုပ်​​တွေဟာ သူနဲ့မလိုက်​​ဖက်​မှန်း   လင်းခ သိလာတယ်​။ နာမည်​ကြီးဦးထုပ်​တလုံးရှိဖို့ထက် သူနဲ့လိုက်​ဖက်​မယ်​ထင်​ရတဲ့ မုဒိတာဦးထုပ်​တလုံးကိုသာသူလိုချင်​​​နေ​တော့တယ်​။ အဲဒီမုဒိတာဦးထုပ်​ကသာ သူ့ကိုဆွဲ​ဆောင်​မှုရှိ​စေတယ်​ လူအမြင်​မှာကြည့်​​ကောင်း​စေတယ်​လို့ထင်​သွားခဲ့ပါ​လေ​ရော။

၃။
ကျ​နော်​သိတဲ့ဦးထုပ်​​တွေက​တော့ အများကြီး​​ပေါ့။ အသံလာရာဆီ ကျ​နော်​ပြန်​​ပြောလိုက်​တယ်​။ ခိုင်​​သွေးကိုဆီမှာ ဝဲလှည့်​​နေတတ်​တဲ့ ပျင်းရိခြင်းငြီး​ငွေ့ခြင်းဦးထုပ်​တလုံးရှိတယ်​ခင်​ဗျ။ ကျ​နော်​ဆက်​​ပြောပြန်​တယ်​။ လင်းသက်​ငြိမ်​ဆီမှာ ​ကောင်းကင်​​လောက်​ကြီးတဲ့ အားမလိုအားမရခြင်းဆိုတဲ့ ဦးထုပ်​ရှိတယ်​။ ​မောင်​ဆက်​နိုင်​ဆီမှာ ​လမ်းမ​​​တွေကလွဲရင်​မမြင်​တတ်​တဲ့ မျက်​ကွယ်​ပြုခြင်းဦးထုပ်​တလုံးရှိတယ်​။ စိုးခိုင်​ညိန်းဆီမှာ ​သူနဲ့အသားကျ​နေတဲ့​ငေး​မောခြင်းဦးထုပ်​ရှိတယ်​။  ပြည်​သစ်​ဟန်​ဆီမှာ အာရုံစူးစိုက်​လွန်းတဲ့ အားထုတ်​လွန်​ခြင်းဦးထုပ်​ရှိတယ်​။ ​​ကျော်​​ကျော်​မြရည်​စမ်းဆီမှာ အချိန်​မ​ပေးနိုင်​တဲ့ပြည့်​စုံခြင်းဦးထုပ်​တလုံးရှိပါတယ်​။ လင်းခါးဆီမှာ အ​ရောင်​လက်​​နေတဲ့အာရုံခံစားမှုဦးထုပ်​ရှိတယ်​။ ဆရာကို​လေးမြတ်​ဟာ အပြင်​ထွက်​တိုင်း စိတ်​​အေးသက်​သာစွာ​ခေတ်​မှီခြင်းဆိုတဲ့ဦးထုပ်​တလုံးကို ​သူ့​ခေါင်းမှာ​ဆောင်းထား​လေ့ရှိပါတယ်​။ လူတယောက်​စီမှာ သူနဲ့လိုက်​ဖက်​မယ်​ထင်​ရတဲ့ ဦးထုပ်​ပုံစံ​တွေက​တော့ မသိစိတ်​မှာ အမြင်​ဆိုင်​ရာကြည့်​ရှုပုံနည်းစနစ်​အရ ရှိ​နေတတ်​တာပါပဲ။ ကျ​နော့်​မှာ ဦးထုပ်​သုံး​လေးလုံးအမြဲရှိတတ်​​ပေမယ့်​ အပြင်​တခါထွက်​ရင်​​ ကျ​နော့်​​ခေါင်းတလုံးစာ ဦးထုပ်​တလုံးသာ ​ဆောင်းထားနိုင်​တယ်​မဟုတ်​လား။ ကျ​နော်​အလုပ်​ကိုသွားတဲ့အခါ ဟိတ်​ဟန်​ထုတ်​ခြင်း ဦးထုပ်​ကို​ဆောင်းသွားတယ်​။ ခရီးထွက်​တဲ့အခါ စိတ်​ကူးယဉ်​လွင့်​​မျောခြင်းဆိုတဲ့ဦးထုပ်​ကို ယူသွားတတ်​ပါတယ်​။ အိမ်​အပြန်​လမ်း​ပေါ်မှာ​ဆောင်းလာတဲ့ ​မောပန်းနွမ်းနယ်​ခြင်းဆိုတဲ့ဦးထုပ်​ကို အိမ်​တံခါးဝမှာချွတ်​ထားခဲ့ရပြီး ​ပိုပြီး​နွေး​ထွေး​လုံခြုံတဲ့ ချစ်​ခြင်း​မေတ္တာဦးထုပ်​ကို လဲလှယ်​​ဆောင်း​ရ​လေ့ရှိတတ်​ပါတယ်​။

တီဗီမှာလာတတ်​တဲ့ အမ်​တီဗီ​တွေထဲမှာ​တော့ ဒီ​ခေတ်​အဆို​တော်​​တွေ​တော်​​တော်​များများဟာ ဦးထုပ်​​ကို​ဆောင်းထားတတ်​ကြတယ်​။ ကျ​နော်​ စကား​ပြောရတာ အာ​ခြောက်​လာပါတယ်​။ ဦးထုပ်​​တွေဟာ အပူဒဏ်​ကိုကာကွယ်​ဖို့အပြင်​ ​ရေငတ်​​ပြေ​စေ တတ်​သလား ကျ​နော်​မသိပါဘူး။ သီချင်း​စာသား​တွေထဲမှာ​တောင်​ သူတို့​ဆောင်း​လေ့ရှိတဲ့ဦးထုပ်​အ​ကြောင်းတကူးတက ထည့်​​ရေးထားတတ်​ကြတာကိုပဲကြည့်​​ပါလား။ အဲဒါကိုပဲ ထက်​လူ​အောင်​က ခ​ရေစီဖြစ်​​နေတာ​​ပါ။ အခု​ခေတ်​အဆို​တော်​​တွေရဲ့ဦးထုပ်​အသား​ပေး ကိုယ်​​နေဟန်​ပန်​ကလည်း လူငယ်​​တော်​​တော်​များများကို စွဲ​ဆောင်​နိုင်​ခဲ့တာမဟုတ်​လား။ သူတို့​ဆောင်း​လေ့ရှိတဲ့ ဦးထုပ်​​မျိုးကလည်း အပြင်​လူ့ဘဝမှာဝယ်​မရ​အောင်​ဖြစ်​သွားတတ်​တယ်​။ အတု​တွေလည်းအများကြီးထွက်​လာတတ်တာ​ပေါ့။ အဲဒါ လွတ်​လပ်​​ပေါ့ပါးခြင်းဦးထုပ်​ပါပဲ။ အဲဒီဦးထုပ်​ကလည်း ​အဆင်​ဒီဇိုင်းစုံအ​ရောင်​စုံရှိ​နေတတ်​ပြန်​တယ်​။ ဦးထုပ်​​ရောင်းတဲ့သူ​တွေက ​ရှေ့ကိုအကွက်​မြင်​ လူ့စိတ်​ကိုပိုနားလည်​တတ်​​တော့ လူငယ်​​တွေကြိုက်​တတ်​တဲ့ လွတ်​လပ်​​ပေါ့ ပါးခြင်းဦးထုပ်​ပုံစံ​တွေကို ​ဈေး​ပေါ​ပေါနဲ့ရနိုင်​တဲ့ အတု​တွေတိုးထုတ်​ကြ​တော့တာ​ပေါ့။ ဒါ​ကြောင့်​ လွတ်​လပ်​​ပေါ့ပါးခြင်းဦးထုပ်​အတု​တွေဟာ အစစ်​အမှန်​ထက်​ပို​လေး​ပင်​​နေတတ်​တာပါ။

မောင်​ကြည်​က​တော့ ယုံကြည်​​မျှော်​လင့်​ချက်​ဦးထုပ်​တလုံးနဲ့ ​ခပ်​တည်​တည်​​ကျေနပ်​​နေခဲ့ပြီးပါပြီ။ ကျ​နော်​ထင်​ပါတယ်​။ ဒီဦး ထုပ်​ကိုရဖို့ အ​တော်​​လေးကြိုးစားခဲ့ရတာဖြစ်​မှာပါပဲ။ ဘာဖြစ်​လို့လဲဆို​တော့ ဒီလိုမျိုးဦးထုပ်​အစစ်​အမှန်​က ဒီမှာလုံးဝမရှိလို့ နိုင်​ငံခြားက တကူးတကလှမ်းမှာလိုက်​ရတာ​မဟုတ်​လား။ အဲဒီအမှတ်​တံဆိပ်​ထွန်းကားတဲ့​နေရာ​တွေက ခက်​ခက်​ခဲခဲလှမ်း မှာခဲ့ရတာ။ ဒီမှာ​ပေါ​ပေါများများရနိုင်​တာ​တွေက ပုံစံတူ​ပေမယ့်​ ယုံကြည်​​မျှော်​လင့်​ချက်​အတု​တွေ​သာ ဖြစ်​​နေတတ်​တာ​လေ။ အဲဒီတံဆိပ်​ကိုအမှန်​တကယ်​လည်းတန်​ဖိုးထား အစစ်​အမှန်​ပစ္စည်းလည်းရချင်​တယ်​ဆိုလို့က​တော့ နိုင်​ငံခြားက​နေသာ လှမ်းမှာ​ရ​တော့တာပါပဲ။ အဲဒီ​တော့မှသာ အစစ်​ကိုရတယ်​။ ပုံစံကျနတယ်​။ ဒီဦးထုပ်​​ဆောင်းရတဲ့အရသာကလည်း အခုလိုပစ္စည်းအစစ်​အမှန်​ကို​ဆောင်းလိုက်​ရမှ အရသာရှိသလို ခံစားရ တန်​ဖိုးရှိတယ်​လို့ ​ထင်​ရတတ်​တာ​ပေါ့​လေ။

၎။
ဦးထုပ်​​တွေကို အမျိုးအစားခွဲခြားထားတာ ကျ​နော်​သိပ်​သ​ဘောကျ​နေမိပြန်​တယ်​​​လေ။ အခုလို​ပြောလိုက်​ရတာလည်း စိတ်​​ကျေနပ်​သလိုဖြစ်​သွားတယ်​။  ဒါမှလည်းလူ​တွေဟာ ကိုယ်​နဲ့လိုက်​ဖက်​မယ့်​ဦးထုပ်​​တွေကိုအလွယ်​တကူရှာ​တွေ့နိုင်​ကြမှာ​ပါ။ ကျ​နော်​အဲဒီလိုထင်​ပါတယ်​။ ဒီလို​ပြောလိုက်​မှလည်း ကိုယ်​ဘယ်​လိုဦးထုပ်​ကို​ဆောင်းထားသင့်​လဲဆိုတာ ခပ်​မြန်​မြန်​​ရွေးချယ်​နိုင်​ကြမှာ​ပေါ့။ ဥပမာ ရုံးဝန်းထမ်းအဖိုးကြီး​တွေ​ဆောင်းတတ်​တဲ့ ဦးထုပ်​မျိုး​တွေက ဂျင်း​ဘောင်းဘီနဲ့မလိုက်​သလို လျှာထိုး ဦးထုပ်​နဲ့လည်း ကြည့်​မ​ကောင်းတဲ့အဝတ်​အစားက ရှိ​နေတတ်​ပြန်​သလို​ပေါ့။ သူ့​နေရာနဲ့သူလိုက်​ဖက်​တဲ့ဦးထုပ်​မျိုး ကျ​နော့်​ မှာ သုံး​လေးလုံးအသင့်​​ရှိ​နေတတ်​တယ်​ မဟုတ်​လား။ ဒါ​ပေမယ့်​ ​ဂေါ့ဖ်​ရိုက်​သွားရင်​​ ဆောင်းရတဲ့ဦးထုပ်​မျိုး ကျ​နော့်​မှာမရှိပါ ဘူး။ ဘာဖြစ်​လို့လဲဆို​တော့ ကျ​နော်​က​ဂေါ့ဖ်​ရိုက်​ခြင်းကို ကိုယ်​လက်​လှုပ်​ရှားအားကစားတခုအ​နေနဲ့မသတ်​မှတ်​ဘူး​လေ။ တမင်​သက်​သက်​ ​သောက်​ကြီး​သောက်​ကျယ်​လုပ်​ခြင်းသက်​သက်​လို့ပဲကျ​နော်​ထင်​တယ်​။ ​ဂေါ့ဖ်​ဦးထုပ်​ကိုလည်း ကျ​နော်​က ဖင်​​ခေါင်းကျယ်​ခြင်းဦးထုပ်​လို့ပဲ ကျ​နော်​​ခေါ်ပါတယ်​။ ​ဂေါ့ဖ်​ရိုက်​တယ်​ဆိုတာ ပိုက်​ဆံအသင့်​အတင့်​ကြွယ်​ဝမှသာ ကစားလို့ရ တတ်​တာမဟုတ်​လား။ ​နောက်​တခုက အထီးကျန်​ဦးထုပ်​ပါ။ ယာဉ်​ထိန်းရဲ​တွေ​ဆောင်းတဲ့ဦးထုပ်​လိုမျိုး တချို့ဦးထုပ်​​တွေဟာ သီးခြားဆန်​​ဆန်​ဖြစ်​​နေတတ်​တယ်​လို့ ​တွေးမိသွားပြန်​​တာ​ပါ။ အဲဒီဦးထုပ်​​တွေကို ကျ​နော်​က​တော့ အထီးကျန်​ဦးထုပ်​လို့​ခေါ် ချင်​ပါတယ်​။ သူတို့ကလွဲပြီး တခြားဘယ်​လိုလူမျိုးမှ ​ဆောင်းလို့မရလို့လည်း အဲဒီဦးထုပ်​​တွေက အထီးကျန်​ဆန်​​နေတယ်​လို့ ထင်​တာပဲ​လေ။

မန္တ​လေးကကိုကလင့်​မှာ သူ့အဖိုးဆီကအ​မွေရထားတဲ့ဦးထုပ်​ကြီးတလုံးရှိပါတယ်​။ ခင်​ဗျားသိမလားပဲ။ သူကကဗျာလည်း​ရေးတယ်​​လေ။ သူ့အဖိုးဟာ ဟိုး​ရှေး​ခေတ်​က စစ်​သားတဦး​ပေါ့။ သူ့​အဖိုး​ဆောင်းခဲ့တဲ့ ဦးထုပ်​ကြီးကို ကိုကလင့်​ကအ​မွေရခဲ့ တာ​ပေါ့ဗျာ။ ဦးထုပ်​ရဲ့အ​ရောင်​အ​သွေးထက်​ သူ့ရဲ့သမိုင်းကို​ဆောင်းထားရသလို စီးစီးပိုင်​ပိုင်​ရှိလှတဲ့ သမိုင်း​ပေးတာဝန်​ဦး ထုပ်​​။ ၁၈၈၇ခုနစ်​ပါ​တော်​မူပြီးနှစ်​နှစ်​အကြာ​လောက်​က အိန္ဒိယမှာစတင်​ပြီးဖွဲ့စည်းလိုက်​တဲ့ ​​မြေမြုပ်​မိုင်းရှာ​ဖွေတဲ့မရင်းတပ်​ဖွဲ့ရဲ့အဆက်​ဟာ အဲဒီဦးထုပ်​ကြီးပါပဲ။ ကျ​နော့်​ဘဝမှာ သမိုင်းဝင်​ပစ္စည်းတခုကို ပြတိုက်​ထဲမှာပြသထားတာမျိုးမဟုတ်​ပဲ လူ တယောက်​ရဲ့​ခေါင်း​ပေါ် ပထမဦးဆုံးမြင်​ဖူးခြင်းလို့​တောင်​ ဆိုလို့ရခဲ့ပါတယ်​။ ထူးဆန်းအံ့သြဖို့လည်း ​ကောင်းပါတယ်​ဗျာ။ အဲဒီ​နေ့က ကိုကလင့်​ဟာ သမိုင်းဦးထုပ်​ကြီးကိုအရသာရှိစွာ​ဆောင်းထားနိုင်​တယ်​လို့ ကျ​နော်​တို့အလန့်​တကြား ​ရေရွတ်​ခဲ့ကြ​သေးတာ​ပေါ့။

၅။
မင်းည​တဲ့။ သူက​တော့ ​လောကဓံကိုခံနိုင်​တဲ့ ဦးထုပ်​မျိုးကိုလိုချင်​​နေတာတဲ့​​လေ။ အပူ​တွေစွန့်​ထုတ်​လို့ရမယ့်​ ​လောကဓံဦးထုပ်​လို့ပဲ အလွယ်​တကူဆိုကြပါစို့။ အဲဒီဦးထုပ်​ကိုပဲ ​မင်းညတယောက်​အ​ငမ်းမရ အခုရအခုလိုချင်​​ခဲ့တာ​ပေါ့။ တခြားဦးထုပ်​​တွေထက်​ အဲဒီဦးထုပ်​မှ အဲဒီဦးထုပ်​ပဲ ဖြစ်​​နေ​တော့တာ။ ဘယ်​​လောက်​​ပေးရ​ပေးရ ဘယ်​​နေရာသွားရသွားရ ဦးထုပ်​ရအာင်​ ​ကြိုးစားပမ်းစား ရှာ​နေခဲ့တာ​ပေါ့။ အဲဒီဦးထုပ်​ကိုမှ အခုလတ်​တ​လော သူ့​ခေါင်းမှာ​ရောက်​​စေ​ချင်​​နေမိတယ်​။ အချိန်​သင့်​ အခါသင့်​ဖြစ်​​နေလို့လည်း သူ့​ခေါင်း​ပေါ်​​ဆောင်းထားချင်​​နေ​တာ​တဲ့​လေ။ ဦးထုပ်​က ဘယ်​​လောက်​များသူ့အတွက်​​အဆင်​​ပြေ မှာမို့လဲ ဘယ်​​လောက်​တန်​ဖိုးရှိလာမှာမို့လို့လဲဆိုတာထက်​ ဦးထုပ်​ရဲ့တန်​ဖိုးဆိုတာ ကြိုက်​နှစ်​သက်​ခြင်းနဲ့ အဲဒီဦးထုပ်​အ​ပေါ်ထားတဲ့ရူးစိတ်​ အသုံးတည့်​မှုကသာ ပိုပြီးအဓိကကျလိမ့်​မယ်​လို့ ​သူက​တော့ထင်​​နေတာပါပဲ။ မင်းညလိုချင်​ပါတယ်​ဆိုမှ အဲဒီ​လောကဓံဦးထုပ်​ကလည်း အနီးအနားမှာဘယ်​လိုမှရှာမရပါဘူး။ အဲဒီလိုဦးထုပ်​မျိုးရှိနိုင်​တဲ့ ​နေရာအနှံ့​လျှောက်​သွား​မေးခဲ့ရတယ်​။ လူကြုံနဲ့လည်း ရှာ​ဖွေခိုင်းခဲ့ရတယ်​။ တခါက အဲဒီလိုဦးထုပ်​ပြုလုပ်​တယ်​ထင်​ရတဲ့ ​ဒေသကို​တောင်​ တကူးတက ပင်​မှာယူခဲ့ဖူးတယ်​ မဟုတ်​လား။ ဒါ​ပေမယ့်​ ဦးထုပ်​က​တော့ လက်​ထဲ ​တော်​ရုံနှင့်​​ရောက်​မလာခဲ့ပါဘူး​။ ဦးထုပ်​ဟာ ​လွယ်​လွယ်​ကူကူ​ရောက်​မလာ​ပေမယ့်​ သူအားမ​လျောခဲ့ပဲ ဆက်​ပြီးရှာခဲ့တာ​ပါပဲ။ သူ့ကို​မေးကြပါတယ်​။ အဲဒီဦးထုပ်​ရလို့​ရော ဘာထူးခြားမှာမို့လို့လဲတဲ့။ သူများ​တွေအတွက်​​တော့ ဘာမှထူးခြားမည်​မထင်​ရ​ပေမယ့်​ သူ့အတွက်​​တော့ထူးခြားသွားနိုင်​ပါ တယ်​။ အခုလိုအချိန်​အခါသင့်​ ​ဆောင်းလိုက်​ရမယ်​ဆို ​ထူးခြားမှုက​ဖော်​မပြနိုင်​​လောက်​​အောင်​ဖြစ်​​စေမှာ အမှန်​ပါပဲ​တဲ့။

စကား​တွေဆက်​တိုက်​​ပြောလိုက်​ရ​တော့ ကျ​နော်​​မောလာပါတယ်​။ ကျ​နော်​တကယ်​ပဲ ပင်​ပန်းနွမ်းနယ်​​နေခဲ့တယ်​။ ကျ​နော်​အလုပ်​ကို သွားရ​တော့မယ်​။ အပြင်​ထွက်​ရ​တော့မယ်​​လေ။ ကျ​နော်​အသံလာရာ​မော့ကြည့်​လိုက်​ပါတယ်​။ အခုတ​လော ဦး ထုပ်​​တွေ​ဆောင်းစရာရှိ​သေး​ပေမယ့်​ အ​ဟောင်းပုံစံလုပ်​ထားတဲ့ ပုံစံကျကျဂျင်းဦးထုပ်​တလုံး ဒါမှမဟုတ်​ လျှာအဝိုင်းနဲ့​ခေါင်း လုံရုံ​ခပ်​​ပျော့​ပျော့ ကာကီ​ရောင်​ဦးထုပ်​မျိုးကို ကျ​နော်​လိုချင်​​နေခဲ့တာပါ။ အဲဒီလိုအ​ရောင်​ခပ်​မွဲမွဲဦးထုပ်​မျိုးကို လတ်​တ​လော ကျ​နော်​​ဆောင်းချင်​​နေမိတာ​ပေါ့။ အဲဒီလိုဦးထုပ်​​ဆောင်းလိုက်​ရရင်​ ကိုယ့်​ကိုကိုယ်​လုံခြုံသလိုလည်း ခံစားရတယ်​။ သက်​​တောင့်​သက်​သာဖြစ်​​နေတယ်​လို့လည်း ခံစား​နေရတတ်​ပါတယ်​။ အဲဒီဦးထုပ်​မျိုးဟာ ​ဆောင်းထားသူကို အ​ရောင်​မှိန်​​ဖျော့​​နေ​စေတတ်​တာမဟုတ်​လား။ ကိုယ်​ပုံစံက ခပ်​နွမ်းနွမ်းဖြစ်​​နေ​လေ မြင်​ရတဲ့လူ​တွေက အထင်​မကြီး​လေ ဖြစ်​​နေတာကို ကျ​နော်​သိပ်​သ​ဘောကျ​နေမိတယ်​။ အဲဒီဦးထုပ်​ကို ကျ​နော်​ကဟန်​​ဆောင်​ခြင်းဦးထုပ်​လို့ နာမည်​​ပေးထားတယ်​။ ကိုယ့်​မလုံခြုံမှုကို အကာအကွယ်​ယူရတဲ့ ဟန်​​ဆောင်​ခြင်းဦးထုပ်​​တွေ​ပေါ့။ ကိုယ့်​မသိစိတ်​က မာန်​မာနကိုအကာအကွယ်​ယူထားတဲ့ ဦးထုပ်​မျိုး​တွေ​ပေါ့။ ဒီလိုဦးထုပ်​မျိုးက လူကြိုက်​လည်းများတယ်​​လေ။ ဒါ​ပေမယ့်​ အဲဒီဦးထုပ်​က ကျ​နော်​နဲ့လိုက်​ဖက်​မှာ မဟုတ်​ပါဘူး။

အပြင်​ထွက်​တဲ့အခါ ဦးထုပ်​တလုံး​တော့ ​ဆောင်းသွားရမယ်​ဆိုတာကို ဖျတ်​ခနဲသတိရပြီး အဝတ်​ဗီဒိုကိုကျ​နော်​ဆွဲဖွင့်​လိုက်​ပါတယ်​။  ကျ​နော်​မ​ဆောင်းတာကြာတဲ့ဦးထုပ်​​တွေ ကိုကျ​နော်​​ရွေးချယ်​ဖို့ ထုတ်​လိုက်​ပါတယ်​။ ကျ​နော်​ထုတ်​မကြည့်​ဖြစ်​ပဲ ဗီဒိုထဲထည့်​သိမ်းထားတဲ့ကျ​နော့်​ဦးထုပ်​​တွေကိုကြည့်​ပြီး ချက်​ချင်းကို ကျ​နော်​အလန့်​တကြား ဘုရားတလိုက်​မိတယ်​ထင်​တယ်​။ ကျ​နော့်​ဦးထုပ်​​တွေဟာ အ​ရောင်​​တွေစွန်းကွက်​ပြီး ညစ်​​ပတ်​​ပေ​ရေ​နေတယ်​ဗျာ။ မှိုတက်​ပြီ အနံ့အသက်​ကလည်း စူးခနဲ နံ​ဟောင်​​ထ​နေ​တော့တာပါပဲ။ ကျ​နော်​ထိတ်​လန့်​အံ့သြခဲ့ရတဲ့ အခိုက်​အတန့်​​ပေါ့။ ဘယ်​လိုဖြစ်​တာလဲ​ပေါ့။ ဒါဆိုကျ​နော်​အပြင်​ထွက်​တဲ့အခါ ​ဆောင်းစရာဦးထုပ်​မရှိ​တော့ဘူးလား။ ​ဦး​ခေါင်းကိုဖုံးကွယ်​ထားစရာ ဦးထုပ်​တလုံးတ​လေမှ အဆင်​သင့်​ ရှိမ​နေ​တော့ဘူးလားလို့​တွေးမိပြီး ကျ​နော်​စိတ်​ဓာတ်​ကျသွားတယ်​။ ဒါဆို ကျ​နော်​အပြင်​ကို​ရောက်​ရင်​ ဦးထုပ်​တလုံး​တော့ အမြန်​ရှာဝယ်​ရလိမ့်​မယ်​ထင်​တယ်​။ အခု​ခေတ်​စား​နေတဲ့ ရိုးသားခြင်းဆိုတဲ့ဦးထုပ်​ဆိုရင်​​ရော ကျ​နော်​နဲ့လိုက်​ပါ့မလား။ ကျ​နော်​မဖြစ်​မ​နေဝယ်​ရ​တော့မယ်​ထင်​ပါတယ်​။ ဒါ​ပေမယ့်​ အဲဒီဦးထုပ်​ကိုကျ​နော်​လိုက်​ရှာ​နေတာကြာပါပြီ။ ရိုးသားခြင်း ဦးထုပ်​ဘယ်​မှာ​ရောင်းတယ်​ဆိုတာ အခုအချိန်​အထိ ကျ​နော်​သိမှ မသိ​​သေးတာ။ 

နိုလှိုင်း
၂၀၁၈ ​ဖေ​ဖော်​ဝါရီ ၆

Comments