ဒေါက်တာသန်းထွန်း – ဆရာအိုရဲ့ဆုံးမစာ


ဒေါက်တာသန်းထွန်း – ဆရာအိုရဲ့ဆုံးမစာ
(မိုးမခ ပြန်လည်ဖော်ထုတ်ခြင်း)ေ ဖဖော်ဝါရီ ၀၈၊ ၂၀၁၅
ဆရာအိုတွေရဲ့ ဆုံးမစာလိုချင်တယ် ဆိုလို့
သုတေသန ဖတ်မှ
တက္ကသိုလ် အသက်ရှည်မယ်
ခုတော့ သုတေသန ဆိတ်သုဉ်းပြီ
တက္ကသိုလ်သေပြီပေါ့..။
တက္ကသိုလ် ဆရာတွေ ပါမောက္ခတွေ
နားချိန် အားချိန် မရ
အောင်စာရင်းလုပ်
ဘွဲ့နှင်း
အစည်းအဝေး ထိုင်
နံရံ ထုံးရိုက်
မြောင်းဖော်
သစ်ပင်စိုက်
ကင်းဆော်
ဂုဏ်ထူးတန်းမှာ လူအပြည့်
ရိုးရိုးတန်းမှာ လူမရှိ
ကျမ်းကို အငှားရေး
ခရစ်ဒစ် များများပေး
ဒါတွေ ငါမြင် ငါသိ
တက္ကသိုလ် နင်တို့ မဖျက်
ဘယ်ကောင် ဖျက်မလဲ
သန်းထွန်း

မျှဝေသူ ကိုဘိုဘိုလန်းစင် ကို ကျေးဇူးတင်ပါတယ်။

Comments