Europe Day 2018 အထိမ်းအမှတ်အဖြစ် Europe meets Myanmar ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ်


Europe Day 2018 အထိမ်းအမှတ်အဖြစ် Europe meets Myanmar ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ်
K (မိုးမခ) မေ ၆၊ ၂၀၁၈


Europe Day 2018 အထိမ်းအမှတ် Europe Meets Manmar live in concert ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ကမ်းနား လမ်းရှိ Strand Hotel မှာ မေလ ၁၀ရက်နေ့ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ Europe meets Myanmar ဂီတဖျော်ဖြေပွဲမှာ ဥရောပ ဂန္တ၀င်တေးသွားများ၊ မြန်မာနဲ့ ဥရောပရိုးရာတေး သီချင်းများကို Maestro Luis Miguel Clemente အမှူးပြုတဲ့ The Orchestra For Myanmar ၊ the New Children Choir နှင့် the Strandမှ အဆိုတော်များက သီဆိုဖျော်ဖြေမယ်လို့သိရပါတယ်။

Europe Meets Manmar live in concert ဂီတဖျော်ဖြေပွဲကို မေလ ၁၀ရက်နေ့ ည ၆ နာရီခွဲကနေ ၈ နာ၇ီထိ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး အစားအသောက် အစီအစဉ်များလည်း ပါဝင်ကာ ၀င်ကြေးခမဲ့ ဖြစ်ပါတယ်။

Comments