ပလတ်စတစ်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲ ဇွန်လ ၄ ရက်မှာ ပြုလုပ်မယ်



ပလတ်စတစ်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲ ဇွန်လ ၄ ရက်မှာ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၃၊ ၂၀၁၈

ပလတ်စတစ်ကြောင့်ညစ်ညမ်းမှုများ၊ စိန်ခေါ်မှုများကို ဖြေရှင်းဖို့နည်းလမ်းများအတွက် ဆွေးနွေးပွဲတခုကို Conyat Create အဖွဲ့က ကြီးမှုးပြီး ဇွန်လ ၄ ရက်နေ့မှာ ရန်ကုန်မြို့၄၇လမ်း၊ ၄၈လမ်းကြား မဟာဗန္ဓုလမ်းလမ်း၊ အမှတ် G26-49 မှာရှိတဲ့ Urban Village MM ၌ ညနေ ၄နာရီမှ ည ၇နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပွဲမှာ မြန်မာနိုင်ငံရဲ့ Plastics Expert တဦးဖြစ်သူ ChuChu ၏ co-founder Friedor က panelist တဦးအနေဖြင့် ပါဝင်ဆွေးနွေးသွားမှာဖြစ်ပြီး Palu Myanmar , Trash Hero Myanmar , Coca-Coal , 57 Below Cateringm , Recy Glo Myanmarနှင့် Myanmar Recycle တို့ကလည်း ပလတ်စတစ်နှင့် လမ်းခွဲလျှင် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အခွင့် အလမ်းများကို ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

၎င်းဆွေးနွေးပွဲတွင် ပလတ်စတစ်ကြောင့် ဖြစ်တဲ့ ညစ်ညမ်းမှုကို လျှော့ချတိုက်ထုတ်ရန် ပလတ်စတစ်ကြောင့် ဖြစ်တဲ့ ပတ် ၀န်းကျင်ထိခိုက်မှုက တနေ့တခြားကြီးမားလာမှုများကို ဖြေရှင်းရန်တို့အပြင် T-shirt ကနေ အိတ်ပြုလုပ်နည်း၊ အစာများ ထုတ်ပိုးနိုင်မယ့် ပျားဖယောင်းစက္ကူပြုလုပ်နည်းနဲ့ တခြား ပျော်စရာ game များဆော့ကစားဖို့အစီအစဉ်များလည်း ပါဝင် တယ်လို့သိရပါတယ်။

အဆိုပါပွဲနဲ့ပတ်သက်ပြီး “ဇွန်လ (၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နီးကပ်လာသည်နှင့် အတူ အားလုံး လည်း ပလတ်စတစ်ကြောင့် ဖြစ်သည့် ညစ်ညမ်းမှုကို လျှော့ချတိုက်ထုတ်ရန် စိတ်အားထက်သန်နေကြပါသည်။ Conyat Create ကလည်း ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ပါ သည်။ ပလတ်စတစ်ညစ်ညမ်းမှုများ၏ စိန်ခေါ်မှုများ၊ ဖြေရှင်းဖို့နည်းလမ်းများကို ဆွေးနွေးမည့် ဒီပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ စိတ်ဝင်စားသူ အားလုံးတက်ရောက်နိုင်ပါသည်”လို့ Conyat Create လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားထားပါတယ်။

Comments