ကိုသန်းလွင် ● အိန္ဒိယနှင့် ဒီမိုကရေစီ

ကိုသန်းလွင် ● အိန္ဒိယနှင့် ဒီမိုကရေစီ
(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၈

(၁)
လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ၊ လွတ်လပ်သောတရားစီရင်ရေး၊ ဆူညံသော အတိုက်အခံပါတီများ၊ လွတ် လပ်သောမီဒီယာနှင့် နိုင်ငံရေးနှင့်ကင်းအောင်နေသော စစ်တပ်တို့ဖြင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးကို သတ်မှတ်ထားခဲ့သည်မှာ သူ့နိုင်ငံ၏ ဖွဲ့စည်းပုံကိုရေးဆွဲခဲ့သော ၁၉၅ဝ ခုနှစ်မှစတင်ခဲ့ပါသည်။

အိန္ဒိယသည် နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေကို နိုင်ငံတော်အုပ်ချုပ်ရေး ဥပဒေပြုနှင့် တရားစီရင်ရေးတို့ကိုလိုက်နာရာ၌ အခြားတိုးတက်သောနိုင်ငံများနှင့်မတူပါ။ သို့ပါသော်လည်း လွန်ခဲ့သည့်လေးနှစ်က Bhartiya Janata Party အာဏာရယူပြီး အုပ်ချုပ် ခဲ့သည့်ကာလအတွင်း ဘယ်သောအခါနှင့်မျှမတူအောင် ပျက်စီးခဲ့ပါပြီ။

အိန္ဒိယနိုင်ငံတွင်ဗဟိုအုပ်ချုပ်ရေးမဟုတ်ဘဲ (Decentralized System) စနစ်နှင့်အုပ်ချုပ်ပါသည်။ တိုင်းပြည်နယ်တိုင်းကို Chief Minister ကအုပ်ချုပ်ပါသည်။ ထိုဝန်ကြီးချုပ်များသည် ရွေးကောက်ခံပါတီတခု (သို့မဟုတ်) ညွန့်ပေါင်းပါတီများကို ကိုယ်စားပြုရပါသည်။ အိန္ဒိယတွင် အစိုးရခန့်ထားသော အုပ်ချုပ်ရေးမှုး (Governor) များ လည်းရှိပါသည်။ ထိုအုပ်ချုပ်ရေးမှူး များက ရွေးကောက်ပွဲပြီးတိုင်းပြီးတိုင်း အနိုင်ရသည့်ပါတီကို ဝန်ကြီးချုပ် (Chief Minister) ခန့်ထားရန် ဖိတ်ခေါ်ကြပါသည်။

ဂါဗာနာ၏ရုံးသည်မိမိလိုရာကို ဆွဲ၍သုံးကြသည်မှန်သော်လည်း (Karnaaka) တောင်ပိုင်းအိန္ဒိယပြည်နယ်တခု၏လုပ်ပုံမှာ အလွန်ဆိုးရွားပါသည်။ ဘီဂျေပီကိုဆန့်ကျင်သော အတိုက်အခံများ၏ ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲ အနိုင်ရရှိသော်လည်း ဝန်ကြီးချုပ် မစ္စတာမိုဒီ (Mr Nerandra Modi) ၏လက်ထောက်တယောက်ဖြစ်သော မစ္စတာဘာလာ (Vajnbhai Vala) က ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ငြင်းဆန်ခဲ့ပါသည်။

မစ္စတာဘာလာက ဘီဂျေပီပါတီကိုသာ အစိုးရဖွဲ့ရန်ဆောက်ရွက်ခဲ့သဖြင့် တိုင်းပြည်၏ အမြင့်ဆုံးတရားရုံးက ဝင်ရောက် စွက်ဖက်ခဲ့ရပါသည်။ တရားရုံးကဝင်ရောက်ပြောဆိုမှသာ အတိုက်အခံတို့ဘက်မှ အစိုးရဖွဲ့နိုင်ခဲ့ကြပါသည်။

အလားတူအဖြစ်ပျက်များသည် ပါလီမန်တွင် ဖြစ်ပွားခဲ့ပြန်သည်၊ အတိုက်အခံ ဆိုသည်မှာ အစိုးရလုပ်ချင်ရာ မလုပ်နိုင်အောင် ဖွဲ့စည်းထားရှိရပါသည်။ Check and Balance System ဖြစ်ပါသည်။ လွန်ခဲ့သောလအနည်းငယ်အတွင်းက အစိုးရအပေါ် အယုံကြည်မရှိ အဆိုတင်သွင်းရန် အတိုက်အခံပါတီများမှ ကြိုးစားခဲ့ကြပါသည်။ ပါလီမန်သည် အလုပ်အမြဲရှုပ်၍ အခြား အရေးကြီးသောတာဝန်များကို ထမ်းဆောင်ကြရသော်လည်း အစိုးရအပေါ် အယုံကြည်မရှိ အဆိုတင်သွင်းခြင်းကို လက်ခံ ကြရပါသည်။ ဘီဂျေပီကခန့်ထားသော အောက်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူ (Speaker) က ထိုအဆိုကို တင်သွင်းရန် အမြဲငြင်းဆန်နေခဲ့ပါသည်။

ဘီဂျေပီသည် လွှတ်တော်ထဲတွင် မဲနေရာအများဆုံးရရှိထားသဖြင့် အစိုးရအပေါ် အယုံကြည်မရှိ အဆိုတင်သွင်းခြင်းမှာ အောင်မြင်စရာအကြောင်းမရှိပါ။ သို့ပါသော်လည်း တတိုင်းပြည်လုံးက တွေ့မြင်ကြရသည့် တီဗွီ ဒီဘိတ်တွင် အတိုက်အခံ များက မိုဒီ၏ စီးပွားရေးပေါ်လစီများ၏ မှားယွင်းနေပုံကို ထောက်ပြကြသည်။

အိန္ဒိယသည် ဖွံ့ဖြိုးလာသောစီးပွားရေးကဏ္ဍ၏ပွင့်လင်းမှုကို မြင်ကြရသော်လည်း အိန္ဒိယနိုင်ငံ၏ဘတ်ဂျက်သည် လွန်စွာ များပြားနေသည်၊ အတိုက်အခံတို့က ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သတ်၍ ဘတ်ဂျက်ရာထားမှုအပေါ် ဝေဖန်ကြသည်၊ ၎င်းတို့ကို သူ့အချိန်နှင့်သူ ဆွေးနွေးရန်ကန့်သတ်ထားသည်။ အချိန်မရ၍ မဆွေးနွေးနိုင်ပါက သည်အတိုင်းသာ အတည်ပြု လိုက်ရသည်။ ဤဖြစ်ရပ်ကို ဂယ်လူတင်း Guillotine ဖြစ်သည်ဟု ခေါ်သည်။

မတ်လရောက်သောအခါ ဘတ်ဂျက်နှစ်သည် ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ မိုဒီ၏ပါတီသည် နိုင်ငံ၏ဥပဒေပြုသူများ အတွက် ဘတ်ဂျက်ကို ဝေဖန်ဖို့မဖြစ်နိုင်တော့လောက်အောင် ဖြစ်သွားစေသည်။ ဤသို့ဖြင့် ဂယ်လူတင်းဖြစ်ရပ်ဖြင့် လျော့ ပေးလိုက်ရသော ဥပဒေများမှာ များလှသည်။

နိုင်ငံ၏အမြင့်ဆုံးတရားရုံးက ကိစ္စများကိုဆုံးဖြတ်ရာတွင် Chief Justice ကလိုအပ်သလို တရားသူကြီးများကို တာဝန်ချ ထားလေ့ရှိပါသည်။ ဇန်နဝါရီလတွင်တရားသူကြီး ၄ ဦးက သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့သည်။ သူတို့က တရားသူ ကြီးချုပ်သည် အမှုများကိုသတ်မှတ်ချထားရာ၌ မသမာမှု များရှိနေသည်ဟု စွတ်စွဲခဲ့သည်။

မစ္စတာဘူရှန် (Prashant Bhushan) ခေါ် ထင်ရှားသည့်ရှေ့နေတယောက်က ပြောဆိုရာတွင် အမှုများကိုတာ ဝန်ချထားရာ၌ နိုင်ငံရေးသဘောအရပါဝင်သောအမှုများတွင် တရားသူကြီးချုပ်က တရားသူကြီးရွေးချယ်ရာတွင် အရည်ချင်းရှိသူများ ပါဝင် နေသဖြင့် အမှု၏အဖြေမှာ အစိုးရအလိုအတိုင်းသာဖြစ်စေသည်ဟု ဆိုသည်။ တရားသူကြီးချုပ်သည် အစိုးရဘက်က ဘက်လိုက်နေသည်ဟု စွတ်စွဲပြောဆိုသည်။ သူက အစိုးရနှင့်အုပ်ချုပ်သောပါတီသည် တရားသူကြီးချုပ်ကို အကြပ်ကိုင် လေ့ရှိသည်ဟုဆိုသည်။ တရားသူကြီးချုပ်မှာ လာဘ်စားမှုဖြင့် တရားရင်ဆိုင်နေရသည်။

မိုဒီ၏ အစိုးရလက်ထက် ခြစားမှုများမှာစစ်တပ်ကိုလည်း အလွတ်မပေးခဲ့ပေ။ ဂျင်နရယ် ရာဝတ် (Bipin Rawat) မှာ သူ့အ ထက် စီနီယာအကျဆုံးလူများကိုကျော်လွှားကာ မထိုက်တန်ဘဲရာထူးကို ရရှိထားသည်။ ဂျင်နရယ်ရာဝပ်သည် စစ်တပ်အ ကြီးအကဲဖြစ်ပြီးနောက်ပိုင်း မိုဒီအစိုးရကို နိုင်ငံရေးအရ ထောက်ခံလေ့ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှာလည်း အိန္ဒိယကော်မရှင်များသည် လွတ်လပ်သော၊ တရားမျှတသောကော်မရှင်များအဖြစ် အမည်ရခဲ့သော်လည်း မိုဒီလက်ထပ်တွင် ရွေးကောက်ပွဲရက်များကို အစိုးရအားအသာရစေမည့်ရက်များကိုသာ ရွေးချယ် ပေးလေ့ရှိသည်။ သူ ဂူဂျာရက်ပြည်နယ် ဝန်ကြီးချုပ်လုပ်စဉ်က အတူတွဲလုပ်ခဲ့ဘူးသော သူကဦးဆောင်လျက်ရှိရာ မသမာမှု များရှိနေသည်။

အိန္ဒိယမီဒီယာများကလည်း ရိုသေလေးစားအပ်သော သတင်းဌာနအနည်းငယ်မှအပ မစ္စတာမိုဒီနှင့် သူ၏အပေါင်းပါများအ ကြိုက် ရေးသားကြသည်။ မီဒီယာအားလုံးလိုလိုမှာ အစိုးရ၏ ကောင်းသတင်း၊ ကောင်းသောအပြုအမူများကိုသာ ရေးသား နေကြသည်။ အထူးသဖြင့် မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒ၏ကောင်းမြတ်ပုံကို အလေးအနက်ထား၍ရေးသားကြသည်။

Cobrapost ဆိုသောဝက်ဆိုက်သည် မီဒီယာကုမ္ပဏီအများအပြားနှင့် တွေ့ဆုံကာ၊ ဟိန္ဒူအမျိုးသားရေးဝါဒနှင့်ပတ်သတ်၍ ကောင်းမွန်စွာရေးသားပါက ကုမ္ပဏီများကို ဒေါ်လာသန်းနှင့်ချီ၍ပေးရန် မြူဆွယ်သည်။ သူတို့လိုအပ်သောကြေညာချက် များမှာ ဘီဂျေပီအစိုးရနှင့် ဟိန္ဒူအမျိုးသားရေးဝါဒကို အကျိုးရှိစေမည့်ကြေညာချက်များ ဖြစ်သည်။

အိန္ဒိယသည် အထွေထွေရွေးကောက်ပွဲကို နောက်နှစ်တွင်ကျင်းပရန် ရည်ရွယ်ထားသည်။ ထိုရွေးကောက်ပွဲတွင်  မိုဒီအပေါ် တိုင်းပြည်မှ အမြင် (Rating) မှာ ကျဆင်းလျက်ရှိပါသည်။ သူ့ကိုဆန့်ကျင်သောအသံများတိတ်သွားစေရန် အတိုက်အခံ ပါတီများကို ကျရှုံးစေရန် မိုဒီက ဒီမိုကရေစီမကျသောနည်းများဖြင့် အဘယ်မျှလုပ်နိုင်မည်ကို စောင့်ကြည့်ရပါလိမ့်မည်။

ကိုသန်းလွင်
Ref: India’s embattled Democracy , By Harton Singh Bal New York Times May 30 2018

Comments