လင်းသစ္စာဦး ● ဗုံးခိုကျင်းထဲက ငြိမ်းချမ်းရေး


လင်းသစ္စာဦး ● ဗုံးခိုကျင်းထဲက ငြိမ်းချမ်းရေး
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၈

ဆင်းရဲတဲ့နိုင်ငံမှာ
အသက်ကအစ ဆင်းရဲတော့
ဘာကို နှမျောနေရဦးမှာလဲ ...

စားစရာမရှိတော့
လာခဲ့ ကျည်ဆံတွေ
အတွဲလိုက်  အတွဲလိုက်
ဗိုက်ဝအောင်စားပစ်လိုက်တယ် ...

ဗုံးခိုကျင်းတွေ
မလိုပါဘူး
ငါတို့အသက်ဓာတ်ဟာ
ဗုံးခိုကျင်းထက် နက်တယ် ...

ငါတို့အသက်ကိုမှ
ငါတို့ မြဲမြဲ မကိုင်ချင်ကြတော့တာ
ရှင်သန်ခြင်းဟာ
ခဲရာခဲဆစ် လေးလံနေမှတော့
ဆန်ကာပေါက်ဖြစ်တာ
ဘာအရေးလဲ
အသက်ကို ဒိုင်းလိုကာပြီး တက်ခဲ့တယ် ...

တခုပဲ
ငြိမ်းချမ်းရေးဆိုတဲ့အသံလေး
ရောက်ရာအရပ်က ကြားချင်သေးတယ် ...

လင်းသစ္စာဦး

Comments