ကိုသန်းလွင် - ဗွီဒီယို အကူအညီနှင့်ဒိုင်လူကြီး



ကိုသန်းလွင် - ဗွီဒီယို အကူအညီနှင့်ဒိုင်လူကြီး
(မိုးမခ) ဇူလိုင် ၂၀၁၈၊ ၂၀၁၈


(၁)

ဘောလုံးပွဲဆိုသည်မှာ များစွာသည်းထိတ်ရင်ဖိုရသော ကစားနည်းဖြစ်ပါသည်၊ စက္ကန့်ပိုင်းအတွင်းတွင် အလုပ် များ၊ အလုပ်ရှုပ်သူ ဒိုင်လူကြီးများက တက်သုတ်ရိုက်အကဲဖြတ်ပေးရပါသည်၊ ကိုက် ၃၀ခန့်ကကန်လိုက်သော ဘောလုံးအတွက်လူအောက်ဆိုက်ဖြစ်မဖြစ်ကိုလည်းကောင်း၊ ကစားပွဲကို အဆုံးအဖြတ်ပေးနိုင်သော ပင်နယ်တီ ဘောကို ပေးထိုက် မပေးထိုက၊် ဘောလုံးဂိုးထဲဝင်မ၀င် စသဖြင့်လည်းကောင်း၊ အရေးကြီးသော ဆုံးဖြတ်ချက် များကို တတ်သုတ်ရိုက်ဆုံးဖြတ်ရလေ့ရှိပါသည်။

စိတ်လှုတ်ရှားရသော ပွဲများတွင် ကျဉ်းကြပ်သော စည်းမျဉ်းများကြားမှရွေ့လျားလှုပ်ရှားနေသော ဘောလုံး နှင့် အတူ အမှီလိုက်ရသောအခါ တခါတရံ ရော်ရမ်းမှန်းဆပြီးသာ ဆုံးဖြတ်ပေးရသောအခါများလည်းရှိပါသည်။

ဤကဲ့သို့ အဆုံးအဖြတ်ပေးရသော လူ၏နေရာတွင် ဆုံးဖြတ်ချက်အရည်အသွေးကိုမြှင့်တင်နိုင်ရန် အတွက် FIFA က ( ကမ္ဘာ့ဘော်လုံးအသင်းချုပ်) သိပ္ပံနည်းများကိုအသုံးပြု၍ အမြဲတိုးတတ်အောင် ပြုပြင်ခဲ့ပါသည်၊ လွန်ခဲ့သော လေးနှစ်က ဘရာဇီးတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ‘Goal line Techonology’ ကို အသုံးပြုခဲ့ ပါသည်၊ ဂိုး မဂိုးကို သိပ္ပံနည်းဖြင့်စောင့် ကြည့်ခြင်း ဖြစ်ပါသည်၊ ဤသို့အသုံးပြုခြင်းအတွက် မကျေနပ်သူအချို့ ရှိနေခဲ့သော်လည်းခြုံ ၍ပြောရလျှင် အောင်မြင်သည်ဟု ဆိုနိုင်ပါသည်၊

ယခု ရုရှားနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့ဖလားဘောလုံးပွဲတွင် VAR Videos Assistant Refree သည် လည်း ဒိုင်လူကြီးများကို များစွာအကူအညီပေးလျက်ရှိပါသည်၊ ဘောလုံးပွဲကို ဒါဇင်ပေါင်းများစွာသော ကင်မရာ များဖြင့် အဖက်အဖက်မှ ဒေါင့်စုံအောင် ကြည့်ရှု့လျက်ရှိပြီး ဒိုင်လူကြီးတွင်ရှိသော Ear piece ဖြင့် အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်၊ ဤသည်မှာ သိပ္ပံနည်းကို မှားရန်ရှိသော မှားနိုင်သော အချက်များကို ကြည့်ရှုရန် အသုံးပြုခြင်းဖြစ်ပါသည်၊ ယခုအချိန်ထိအရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြပါသည်၊၊

အရေးကြီးသော အငြင်းပွားဘွယ်ရှိသော ပြဿနာများတွင် ဒိုင်လူကြီးကသူ၏ ဆုံးဖြတ်ချက်များကို ဗွီအေအာ ကိုကြည့်ပြီးမှဆုံးဖြတ်ပါသည်၊ စပိန်နှင့် ပေါ်တူဂီနှင့် ၃ဂိုးစီနှင့် သရေကျသော ပွဲတွင် စပိန်၏ပထမဆုံးဂိုးကို ဗွီအေအာ နည်းဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်၊ ပြင်သစ်နှင့် သြစတြေးလျတို့၏ ၂ -၁ ပွဲတွင် အလွန်အရေးကြီး သော ပင်နယ်တီကို ဗွီအေအာ ကိုကြည့်၍ ပေးခဲ့ခြင်းဖြစ်ပါသည်။

စပိန်နှင့် ပေါ်တူဂီတို့မှာ သူတို့၏ အခြားဂိုးများအတွက် ဗွီအေအာ မှာ အရေးကြီးသော ကဏ္ဍမှပါဝင်ပါသည်၊ ဂရုပွဲများတွင် စပိန်နှင့် မော်ရိုကို ၂-၂ သရေကျပါသည်၊ ပေါ်တူဂီမှာ အီရန်နှင့် ၁-၁ သရေဖြစ်ပါသည်၊ နှစ်သင်း လုံးမှာ ဂရုအဆင့်ကို ကျော်လွန်သွားကြသော်လည်း ဗွီအေအာ နှင့် ပတ်သတ်၍ နှလုံးအခုန်မြန်ကြရပါသည်။

စပိန်က သရေဖြစ်အောင် ကန်သွင်းရသော နောက်ဆုံးဘောလုံးမှာ ငြင်းပယ်ခံရဆဲဆဲဖြစ်ပါသည်၊ သို့သော် ဗွီအေအာ ကို ကြည့်၍ စပိန်မှာ ဂိုးရရှိသွားပါသည်၊ ပေါ်တူဂီလည်း ဗွီအေအာ ကြောင့်ပင် နောက်တန်းလူ၏ လက်ထိဘော မှာ ပင်နယ်တီ အပြစ်ပေးခြင်းခံလိုက်ရပါသည်၊ ဗွီအေအာ ၏ slow motion မှာဘာတွေဖြစ်ခဲ့ သည်ကို အကုန်ပြန်မြင်ရပါသည်၊၊

(၂)

ဤသည်မှာ ဗွီအေအာ ကိုပြန်ကြည့်ရသော ဥပမာနှစ်ခုမျှသာဖြစ်သည်၊ ဗွီအေအာကိုကြည့်၍ကုန်ရသောအချိန် များမှာ Injury Train အဖြစ်ပွဲပြီးခါနီးတွင်မူလကစားချိန်ထဲသို့ ထည့်၍ ပေါင်းကြရပါသည်၊ Stoppage Time ဟူ၍လည်းခေါ်ကြပါသည်၊ ဤသည်တို့မှာ ဒိုင်လူကြီးလုပ်သူက ဆုံးဖြတ်ရပြီးသူ့ဆုံးဖြတ်ချက်အပေါ်တွင် မူတည်၍ ထည့်သွင်းရပါသည်၊၊

ယခုအခါ ဗွီအေအာ ကြောင့် ယခင့်ယခင် ကမ္ဘာ့ဖလားပွဲစင်များတလျောက်လုံးထက်ပို၍ များသော ပင်နယ်တီ များကိုပေးနိုင်င်ခဲ့ပါသည်၊ အကယ်၍ ဗွီအေအော ကြည့်ရှု့ပြီးမှ ဖြစ်ပေါ်လာသော မကျေနပ်မှုများကို “တွစ်တာ” တွင် ဒါရိုက်တွေ့ကြရပါသည်၊၊ တွစ်တာတွင် တက်လာကြသော မကျေနပ်မှုများမှာ မနည်းပါ၊ ဗွီအေအာကို ကြိုက်သူရှိသလို မကြိုက်သူများလည်းရှိပါသည်၊

အာဂျင်တီးနားနှင့် အိုက်စလန်ပွဲတွင် အဘယ့်ကြောင့် ဗွီအေအာ ကိုမသုံးရပါသလဲဟု မေးခွန်းထွက်ပေါ်ခဲ့ပါ သည်၊ နောက်ထပ် ပင်နယ်တီ သာရလျှင် ဂိုးရမည်မှာမလွဲပါ၊ ဘရာဇီး အရာရှိများကသူတို့ဆွစ်ဇာလန် ပွဲတွင် အဘယ့်ကြောင့် ၊ (Gabereal Jems) ကိုပြစ်ဒဏ်ဘော မပေးသလဲ မေးခွန်းထုတ်ကြပါသည်၊ ဗွီအေအာ ကို မသုံးဘဲနေခြင်းကြောင့်မကျေနပ်သော ဆုံးဖြတ်ချက်ကို ဒိုင်က ချရခြင်းဖြစ်သည်ဟုယူဆကြပါသည်၊

အဖြစ်အပျက်တခုကိုသေချာမြင်နိုင်ရန်အတွက် ကင်မရာ ရှုမြင်ရသောပုံ (Angle ) ကိုရွေးကြရပါသည်၊ ဗွီအေ အာ ကိုကိုင်တွယ်သူများ အနေဖြင့်အချိန်တိုတိုအတွင်း ကင်မရာမြင်ကွင်းကိုရွေးချယ်နိုင်ရန် အရေးကြီးပါသည်၊ သူတို့ အလုပ်ကိုင်နှေးသဖြင့် ကြည့်လိုသောအရာကို အချိန်မီအောင် မကြည့်နိုင်လျင်လည်း ဆုံးဖြတ်ချက်မှာ မှားသွားပါတော့သည်၊ အာဂျင်တီးနားနှင့် အိုက်စလန် ပွဲတွင် ဗွီအေအာ ကိုင်တွယ်သူများက အချိန်မီ ပုံကိုရွေးမ ပေးနိုင်သည်များနှင့်ကြုံကြရပါသည်။

ကမ္ဘာ့ဖလားပွဲ အုပ်စုပွဲများပြီး၍ အဆင့်ဆင့်တတ်လာသည်နှင့်အမျှ ဗွီအေအာ စနစ်သည်ပို၍ပို၍တွင်ကျယ်စွာ အသုံးပြု သွားကြမည်ဖြစ်ပါသည်၊ တစုံတဦးကသော်လည်းကောင်း တနိုင်ငံလုံးအနေဖြင့်လည်းကောင်း ဤစနစ် အပေါ်တွင်မကျေမနပ်ဖြစ်နေသည်များကြုံကြရပါလိမ့်ဦးမည်။

ကစားပွဲကိုထိန်းချုပ်ရသူများအဖို့မှုမှန်ဘို့ရာသာအရေးကြီးပါသည်၊ တကယ်ဖြစ်ခဲ့သည်များကို အမှန်အတိုင်း ဆုံးဖြတ်နိုင်ရေးသည်သာ အခြားအရာများထက် သာလွန်၍အရေးကြီးပါသည်၊ယခင်အခါများကကဲ့သို့ မှားသည် မှန်သည်ကို အပထား၍ ဒိုင်လူကြီးမြင်မမြင်၊ မြင်လျှင်ဘယ်လိုမြင်သည်က အရေးကြီးဆုံးဖြစ်ခဲ့သော အချိန်များ ကိုတော့ ပြန်မသွားတော့ပါ၊ မာရာဒိုးနား၏ “ဘုရားပေးသောလက် “ ဖြင့် ဂိုးသွားသည်ကို စာရူ့သူများမှတ်မိကြ ပါလိမ့်ဦးမည်၊ ဗွီအေအာ ခေတ်တွင်ဤဂိုးမျိုးမရှိနိုင်တော့ပါ။

အခြားကစားနည်းများနှင့်မတူဘဲ ပွဲကို ရပ်ဆိုင်းပြီး Slow Motion Cawers များနှင့် ဗွီအေအာ ကိုကြည့်နေသော ဘောလုံးဒိုင်လုပ်သူကို ပွဲကြည့်သူပရိတ်သတ်က ကြိုက်နှစ်သက်မှာ မဟုတ်သော်လည်း ဆုံးဖြတ်ချက် မှန်ကန် ရေးအတွက် ဗီအေအာ သည်လိုအပ်ပါသည်။

(၃)

လူမျက်လုံးထက် အဆများစွာပို၍အင်အားကြီးမားလာသော သိပ္ပံနည်းဖြင့် ပိုမိုအသေးစိတ်ပြီး ပိုမိုတိကျသော မျက်လုံးဖြင့်ကြည့်ရူ့ခြင်းလည်းဖြစ်ပါသည်၊ သို့ပါသော်လည်း မျက်လုံး ပို၍မြင်ရရုံဖြင့် ပို၍ကောင်းသော ဆုံးဖြတ် ချက်များကိုချနိုင်မည်တော့မဟုတ်ပါ၊ နောက်ဆုံးတော့ လူကသာ အဆုံးအဖြတ်ပေးသည် မဟုတ်ပါလော။

ကိုသန်းလွင်

Ref: The tech take over has hit the world cup. Telmon Smith New York Yimes June 27, 2018

Comments