ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – ပထမအဆင့်



ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – ပထမအဆင့်
(မိုးမခဘာသာပြန်အခန်းဆက်) ဇူလိုင် ၁၇၊ ၂၀၁၈


ဟာဘတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခနှစ်ဦးဖြစ်သော စတီဗင် လီဘစ်စကီ Steven Levitsky  နှင့် ဒယ်နီယယ်ဇိဘလပ် Daniel Ziblatt တို့ရေးသားသော How DEMOCRACIES Die စာအုပ်မှ ပထမအခန်း Fateful Alliances ကို ဘာသာပြန်ခြင်းဖြစ်ပါသည်။

ထိုအခန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က အီစွပ် (Aesop) ပုံပြင်ဖြင့်စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျောက် အီစွပ်ပုံပြင်များ သည် ယခုထက်တိုင်ခေတ်မီနေခြင်းကို ဤပုံပြင်ကပြသလျက်ရှိသည်။ ဤပုံပြင် ၏ ခေါင်းစဉ်မှာ မြင်း၊ သမင်နှင့် အမဲလိုက်မုဆိုးဖြစ်သည်။ ပုံပြင်မှာ ဤသို့ဖြစ်သည်။

မြင်းနှင့်သမင်တို့သည် ရန်ဖြစ်၍ တကောင်နဲ့တကောင် မတည့်ကြပါ။ ထိုအခါ မြင်းသည် သမင်ကို နှိမ်နင်းပေးရန်အတွက် အမဲလိုက်မုဆိုးကို အကူအညီ တောင်းသည်။ မုဆိုးက သမင်ကိုနှိမ်နင်းပေးရန် သဘောတူသော်လည်း သူသည် ယခုကဲ့သို့ တောင်းဆိုသည်။ " ကောင်းပြီ ၊ ငါ ဒီသမင်ကို နှိမ်နင်းပေးမယ်။ ဒါပေမယ့် ငါ့ကို မင်းအပေါ်တက်စီးခွင့် ပေးရမယ်။ ပြီးတော့ ဟော့ဒီကုန်းနှီးနဲ့ ဇက်ကြိုး စသည် တို့ကို တပ်ခွင့် ပေးရမယ်။ ဒါမှ ရန်သူကို လိုက်ပြီး နှိမ်နင်းနိုင်မှာဖြစ်တယ်" ။ မြင်းသည် မုဆိုးတောင်းဆိုသည့်အတိုင်းလုပ်ရန် သဘောတူလိုက်သည်။ မုဆိုးသည် သမင်ကို နှိမ်နင်းပေးလိုက်သည်။ သို့သော် ထိုကိစ္စပြီးစီးသွားသည့် နောက်ပိုင်းတွင် မြင်း၏ဇက်ကြိုးတန်ဆာနှင့် ကုန်းနှီးတို့ကို ဖြုတ်မပေးတော့ပဲ မြင်းကို တသက်လုံးခိုင်းစားသွားလေသည်။ ပုံပြင်လေးကတော့ ဒါပါပဲ။

ကမ္ဘာ့သမိုင်းတွင် ဤပုံပြင်ကဲ့သို့သော အဖြစ်အပျက်များစွာကိုတွေ့ရသည်။ ဤအဖြစ်အပျက်များသည် ဒီမိုကရေစီပျက်စီးဆုံးရှုံးခြင်း အကြောင်းများကို ပြသ ခဲ့သည်။ ယင်းအဖြစ်အပျက်များ၏ အဓိကဇာတ်ကောင်များမှာ ဟစ်တလာ (Hitler)၊ မူဆိုလီနီ (Mussolini) နှင့် ဗင်နီဇွဲလားနိုင်ငံ (Venezuela) မှ ယူဂိုချာဘတ် (Hugo Chavez) တို့ဖြစ်ကြသည်။ ဤအဖြစ်အပျက်များတွင် တူညီသောအကြောင်းအရာမှာ ဒီမိုကရေစီကျဆုံးစေမည့် အာဏာရှင်ဖြစ်မည့်သူများကို နိုင်ငံရေးသမားသည် နိုင်ငံရေးအာဏာကိုကျေကျေနပ်နပ်ဖြင့် လွှဲပြောင်းပေးခြင်းဖြစ်သည်။ ဤကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးအာဏာကို အာဏာရှင်ဖြစ်လာမည့်သူ၊ ဒီမိုကရေစီကိုကျဆုံးစေမည့်သူလက်ထဲ သို့ ထိုးအပ်လိုက်ခြင်းသည် ဒီမိုကရေစီကျဆုံးခြင်း၏ ပထမအဆင့်ဖြစ်လေသည်။

ဒီမိုကရေစီကျဆုံးခြင်းအပေါ် လူအများက ခံစားချက်မရှိခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် နိုင်ငံ သူနိုင်ငံသားများကို စားစရာ၊ ၀တ်စရာမပေးနိုင်၊ ဈေးနှုန်းများ အဆမတန်တက်ခြင်းကိုလည်း မကာကွယ်နိုင်၊ အကျင့်စာရိတ္တပျက်ပြားမှုကိုလည်း ဘာမှမတတ်နိုင် ဟူ၍ ယုံကြည်နေခြင်းကြောင့်လည်းဖြစ်သည်။ အာဏာရှင်များသည် ဤအ ကြောင်းကိုအခွင့်ကောင်းယူ၍ ဒီမိုကရေစီကို ပျက်စီးအောင်လုပ်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ဘယ်ဂျီယံ၊ ဗြိတိန်၊ ကော်စတာရီကာ၊ ဖင်လန်အစရှိသောနိုင်ငံများ တွင် ဒီမိုကရေစီစနစ်သည် မပျက်စီးသေးပဲ ဆက်လက်၍ တည်ရှိနေနိုင်သည်။

အဘယ်ကြောင့်နည်းဟူသည်ကို လေ့လာကြည့်ဖို့ကောင်းသည်။ ထိုအခါ ထိုနိုင်ငံများတွင် အစိုးရ၏ကံကြမ္မာသည် နိုင်ငံသားများ၏လက်ထဲတွင် သို့သော်လည်း ဘယ်လဂျီရံ၊ ဗြိတိန်၊ ကိုစကာရီလာ၊ ဖင်လန် အစရှိသော နိုင်ငံများတွင် ဒီမိုကရေစီစနစ်သည် မပျက်စီးသေးပဲ ဆက်လက်၍ တည်ရှိနေနိုင် သည်။ အဘယ်ကြောင့်နည်းဟူသည်ကို လေ့လာကြည့်ဖို့ ကောင်းသည်။ ထိုအခါ ထိုနိုင်ငံများတွင် အစိုးရ၏ကံကြမ္မာများသည် နိုင်ငံသားများ၏လက်ထဲတွင် လုံးဝဥသုံရှိသောကြောင့် ဖြစ်သည်။ မဲပေးသူများ၏ စုပေါင်းအင်အားနှင့် အတွေးအခေါ် ပညာစွမ်းအားကြောင့်လည်း ဖြစ်သည်ဟူ၍ တွေးစရာရှိသည်။ လူအများသည် ဒီမိုကရေစီအတွေးအခေါ်များ အပြည့်အ၀ရှိနေလျှင် ဒီမိုကရေစီသည် အန္တရာယ်ကင်းစွာဖြင့် ရှင်သန်နေမည်ဟု ထင်စရာရှိသည်။

ဤအတိုင်းသာမှန်ခဲ့လျှင် ဒီမိုကရေစီရှင်သန်ရေးအတွက် လွယ်သားပဲဟု ထင်နိုင်သည်။ သို့သော် ဤသို့ထင်ခြင်းသည် ကိုယ်ဖြစ်စေရာ ကိုယ်တွေး၍ တလွဲ ထင်ခြင်းဖြစ်သည်။ ဤအတွေးသည် ဒီမိုကရေစီနှင့်လူများအပေါ် သိပ်အထင်ကြီး လွန်းရာရောက်သည်။

ဤသို့ဆိုလျှင် ဒီမိုကရေစီကျဆုံးခြင်းမှကာကွယ်ရန် ဘာလုပ်သင့်သနည်း။?

ရှေးဦးစွာ ဒီမိုကရေစီကိုပျက်စီးအောင်လုပ်မည့် လူတန်းစားကို ခွဲခြား၍ သိရမည်။ ဤလူတန်းစားများကို ခွဲခြားသိရန် ထိုလူတန်းစားများကို ခွဲခြား၍ သိနိုင် သောနည်းဟူ၍ မရှိပါ။ ဟစ်တလာ၊ မူဆိုလီနီ၊ ချာဗတ်တို့ကဲ့သို့သော ထင်ရှားသောသူများကို မှတ်မိနိုင်သော်လည်း မှတ်မိရန်မလွယ်သောသူ များစွာ ရှိနေသည်။

ဤနေရာတွင် နိုင်ငံရေးသိပ္ပံပညာရှင် ဂျူဝမ်လင့် (Juan Ling) ရေးသားခဲ့ သော The Break of Democratic Regions (ဒီမိုကရေစီစနစ်များ ပျက်စီးခြင်း) ဟူသောစာအုပ်တစ်အုပ်ကို ညွှန်းရမည်ဖြစ်သည်။

၁၉၇၈ တွင် ထုတ်ဝေခဲ့သော ဤစာအုပ်တွင် နိုင်ငံရေးသမားများသည် မည်ကဲ့သို့ ဒီမိုကရေစီကို အထောက်အကူပြုနိုင်သလို၊ ပျက်စီးစေနိုင်သည်ကို ရေး သားဖော်ထုတ်ထားသည်။ သို့ရာတွင် ဒီမိုကရေစီရန်သူဖြစ်နိုင်သည့် အရည်အချင်း ၄ ခုကို အောက်ပါအတိုင်း ဖော်ထုတ်ပြသထားသည်။

(၁) ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်းစကမ်းများအပေါ် လိုက်နာကျင့်သုံးရန် ငြင်းပယ်ခြင်း သို့မဟုတ် မငြင်းပယ်သည့်တိုင်အောင် စိတ်မပါ့တပါ လိုက်နာကျင့် သုံးခြင်း။ 

(ဤနေရာတွင် အခြေခံဥပဒေကို ငြင်းပယ်လိုသောစိတ်မျိုး၊ ရွေးကောက်ပွဲများကို ပယ်ဖျက်ခြင်း၊ အချို့သော အသင်းအဖွဲ့များကို ပယ်ဖျက်ခြင်း၊ အခြေခံကျသော လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများကို ကန့်သတ်ခြင်း တို့ပါဝင်နိုင်သည်။)

(၂) နိုင်ငံရေးအတိုက်အခံများ၏ တရားဝင်မှုကို ငြင်းပယ်ခြင်း
(ဤနေရာတွင် သူတို့၏နိုင်ငံရေးအတိုက်အခံများကို ဖောက်ပြန်ရေးသမားဟုခေါ်ခြင်း သို့မဟုတ် လက်ရှိအခြေခံဥပဒေနှင့် မညီညွတ်ဟုစွတ်စွဲနိုင်သည်။
သူတို့၏ နိုင်ငံရေးအတိုက်အခံများသည် လုံခြုံရေးကိုထိခိုက်သည်ဟူ၍ စွပ်စွဲနိုင်သည်။
သူတို့သည် နိုင်ငံရေးအတိုက်အခံများအား ရာဇ၀တ်မှုကျူးလွန်သူများဖြစ်၍ နိုင်ငံရေးကိစ္စများတွင် မပါဝင်ရဟု ဆိုနိုင်သည်။
သူတို့၏နိုင်ငံရေးအတိုက်အခံများသည် နိုင်ငံခြား ရန်သူ အစိုးရ၏ လျို့ဝှက်ကိုယ်စားလှယ်များဖြစ်သည်ဟု အထောက်အထားကင်းမဲ့စွာ ပြောနိုင်သည်။

(၃) အကြမ်းဖက်မှုကို လိုလားခြင်း သို့မဟုတ် အားပေးခြင်း

(သူတို့သည် တရားမ၀င်သောလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အဆက် အသွယ်ရှိနိုင်သည်။
သူတို့သည် နိုင်ငံရေးအတိုက်အခံများပေါ် အကြမ်းဖက်မှုများကို ပြုလုပ်တတ်သည်။
သူတို့သည် သူတို့၏ထောက်ခံသူများ အကြမ်းဖက်မှုများကို ဘယ်တော့မှ ဝေဖန်ခြင်းမပြု။
သူတို့သည် ကမ္ဘာအရပ်ရပ်တွင်ဖြစ်နေသော နိုင်ငံရေးအကြမ်းဖက်မှုများကို မသိဟန်ဆောင်နေတတ်ကြသည်။ )

(၄) အတိုက်အခံများ၏ အခြေခံလွတ်လပ်ခွင့်များကို၎င်း၊ သူတို့ကို ဆန့်ကျင်သောမီဒီယာများ၏ အခွင့်အရေးများကို၎င်း လျော့ပါးအောင် လုပ်သည်။

သူတို့သည် အခြေခံအခွင့်အရေးများကို ထိခိုက်စေသော ဥပဒေများကို လုံခြုံရေးအကြောင်းပြ၍ ဖြစ်စေ၊ ပြစ်မှုများကိုကာကွယ်ရန်ဟူ၍ အကြောင်းပြ၍ ဖြစ်စေ တိုး၍တိုး၍ ပြဌာန်းသည်။
သူတို့သည် အတိုက်အခံပါတီများထဲရှိ ပုဂ္ဂိုလ်အချို့နှင့် မီဒီယာအချို့တို့ကို အရေးယူမည်ဟူ၍ ခြိမ်းခြောက်တတ်သည်။
သူတို့သည် အခြားသောအစိုးရများ၏ ဖိနှိပ်ချုပ်ချယ်သောလုပ်ရပ်များကို ချီးမွမ်းပြောဆိုတတ်သည်။)

ဤ အချက် (၄) ချက်သည် ဒီမိုကရေစီစနစ်ကို အားလျော့အောင်၊ ကျဆုံး သည်အထိရောက်အောင် ပြုလုပ်မည့်သူများကို မှတ်မိနိုင်သော လက္ခဏာများ ဖြစ်ကြသည်။

ဤဆောင်းပါးတစ်ခုလုံးသည် ဒီမိုကရေစီစနစ်ကျဆုံးခြင်းကို ဖြစ်စေသော ပထမအဆင့်ကို ဖော်ထုတ်ပြခြင်းဖြစ်သည်။

ထိုပထမအဆင့်ကို နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင်က ဒီမိုကရေစီစနစ်ကိုကျဆုံးအောင်ပြုလုပ်မည့် အာဏာရှင်လောင်းများကို နိုင်ငံရေးပေးအပ်ခြင်းပင်ဖြစ်သည်။

ဤအဆင့်ကို ကာကွယ်နိုင်ရန် ဒီမိုကရေစီရန်သူဖြစ်မည့်သူများကို မှတ်မိပြီး၊ ၄င်းတို့လက်ထဲကို နိုင်ငံရေးအာဏာမရောက်အောင်လုပ်ဖို့ လိုသည်။

ဆောင်းပါးအဆုံးတွင် ဒီမိုကရေစီရန်သူများကို မှတ်မိနိုင်သော နည်း (၄) ခု ပေးထားသည်။

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)

Steven Levitsky and Daniel Ziblatt တို့ရေးသားသော How DEMOCRACIES Die - Chapter 1
0