နိုင်​ ဝင်း သီ - ငြိမ်​သက်​ခြင်း၏ အခြားတစ်​ဖက်​မှာ(ရုပ်​ပုံလွှာအမှတ်​တရ)
ငြိမ်​သက်​ခြင်း၏ အခြားတစ်​ဖက်​မှာ
(ရုပ်​ပုံလွှာအမှတ်​တရ)
နိုင်​  ဝင်း  သီ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈ 
(၁)
         " ဟား ..ဟား..ဟား..ဟား "
ရယ်​​မောသံဟာ မခိုးမခန့်​ ရယ်မောလိုက်​တဲ့ ရယ်​သံမျိုး။ ဘယ်​သူ့ကိုမှ စာရင်းဇယားထဲ ထည့်​ မထားတဲ့ ရယ်​သံမျိုး။
ခပ်​အုပ်​အုပ်​ ရယ်​​မောလိုက်​တာဖြစ်​​ပေမဲ့ ​အဲဒီတိုးတိတ်​တဲ့ရယ်​​မောသံကပဲ မတ်​လရဲ့​နေ့လယ်​ခင်းကြီးထဲကို မိုးခြိမ်းသလို ထစ်​ချုန်းစီးဆင်းသွားခဲ့။ အိကျ​နေတဲ့ဓာတ်​ကြိုး​ပေါ်က အ​ရောင်​မွဲမွဲ မြို့ပြခို သုံး​လေး​ကောင်​ဟာ ​တောင်​ပံတဖျပ်​ဖျပ်​ခတ်​ပြီး တိုက်​​ခေါင်​မိုးတ​ခု​ပေါ် ထပျံသွား။
ထူထူပွပွ သူ့ရဲ့ဆံပင်​အုံကြီးဟာ ခပ်​​ငေါ့​ငေါ့​ပြော​နေ​တဲ့ သူ့နှုတ်​ဖျားက စကားလုံး​တွေ​ကြားမှာ တ​ချက်​တ​ချက်​ လှုပ်​ခါသွား။
ပူ​လောင်​အိုက်​စပ်​​နေတဲ့ ​နေ့လယ်​ခင်းဟာ သူ့ရဲ့ ရယ်​​မောသံကြီးအောက်​မှာ ပိုပြီး​တော့ ပူ​လောင်​အိုက်​စပ်​သွားခဲ့။
          မ​ဟေသီက ဆုတ်​ခွာလာကတည်းက စိတ်​ဟာ ဆွဲတင်​လို့ မရ​လောက်​​အောင်​ ထိုးကျသွားခဲ့တာ။ နှစ်​ဆယ့်​ခွန် နှစ်​ဆယ့်​ရှစ်​​လောက်​ဆို မဂ္ဂဇင်း ထွက်​ပြီကွ... အဲဒီရက်​​လောက်​ကို စာအုပ်​နဲ့ စာမူခနဲ့ လာယူလိုက်​ပေါ့ကွာ။
မ​ဟေသီ အယ်​ဒီတာ ကိုဝင်းသူရဟာ လွန်​ခဲ့တဲ့ ဆယ့်​​လေးငါးရက်​​လောက်​ထဲက ​ပြောထားခဲ့ပေမယ့် သေချာ​သွားအောင်​ လဆန်းရက်မှပဲ တိုက်​ကို ​ကျွန်တော်ရောက်​သွားခဲ့တယ်။
         တိုက်​ကို​ရောက်​​တော့လည်း ကိုဝင်းသူရရဲ့စကားလုံးတွေဟာ ပူ​လောင်​ အိုက်​စပ်​​နေပြန်​တယ်​။ မင်းဝတ္ထုကို တ​ပုဒ်​လုံး ဖြုတ်​လိုက်​ရတယ်​ကွ။ ဘာတတ်​နိုင်​မလဲကွာ။ ဖြုတ်​ဆို​တော့လည်း ဖြုတ်​လိုက်​ရတာ​ပေါ့ကွာ။
ကိုဝင်းသူရဟာ ဖိုင်​​တွဲတွေကြားထဲမှာ အ​သေအချာ သိမ်းဆည်းထားတဲ့ စာမူ​လေးတ​စုံကို လှမ်း​ပေးလိုက်​တယ်​။
         မ​ဟေသီမဂ္ဂဇင်းထဲမှာ ကျဆုံးသွားခဲ့တဲ့ ကျွန်​​တော့်​ရဲ့ ဝတ္ထုလေး​ပါပဲ။
          ဝတ္ထု​ရဲ့နာမည်​​က " ငြိမ်​သက်​ခြင်း၏ အခြားတ​စ်ဖက်​မှာ"
ပန်းချီသရုပ်​​ဖော်​ပုံက ကိုကိုနိုင်ရဲ့လက်ရာ။ အလင်း​ရောင်​​တွေ ပါးလျ​မှုန်​ရီ​နေတဲ့ အခန်းကျဉ်း​လေးထဲမှာ အသက်​ရှင်​လျက်​နဲ့ ​သေဆုံး​နေကြတဲ့လူ​တွေ။ ချောက်​ချားစရာ ​လူ​တွေ။ အလင်း​မှုန်​မှုန်​ထဲမှာ အတုံးအရုန်း အိပ်​စက်​​နေကြတဲ့လူ​တွေ။ တချို့က ပက်​လက်​။ တချို့က ​ဘေး​စောင်း။ တချို့က ထိုင်​လျက်​အ​နေ အထား။
တချက်​ချက်​မြည်​​အော်​နေတဲ့ အသံဗလံ​တွေဟာ မြို့ပြညထဲက တစ္ဆေနာရီတွေရဲ့နာကျင်​​အော်​ဟစ်​သံ တွေ။ ​ခေတ်​ကြီးဟာ ​သွေးဆာ​နေတဲ့ Combat Boot​ ​တွေအောက်​မှာ  ​ဝပ်​စင်းငြိမ်​သက်​​နေတယ်​။ 
လင်းနို့​တွေဟာသန်​​ခေါင်​ညထဲမှာ ​ရှုပ်​​ထွေးလှုပ်​ခတ်လို့။ ခြေသံလုံလုံနဲ့ ပျံသန်းလာတဲ့လင်းနို့​တွေဟာ ည ဘက်​​ရောက်​တာနဲ့ လူ​တွေကို တယောက်​ပြီး တ​​ယောက်​ ဆွဲသွား​တော့တာပဲ။ ဒီညမှာ ဘယ်​သူ့အလှည့် လဲ။ လူ​တွေဟာ ကိုကိုနိုင်ရဲ့ လိုင်းတွေ မျဉ်းကွေးတွေ ​အောက်မှာ ​အေးစက်​​တောင့်​တင်း​နေတဲ့ အ​လောင်း​ ကောင်​​​တွေလို တိတ်​ဆိတ်​ငြိမ်​သက်​လို့။
မဟေသီထဲကနေပြီး လမ်းတဖက်ဆီလှမ်းကြည့်လိုက်တော့ မောင်စိမ်းနီတို့ရဲ့ ပိတောက်ပွင့်သစ်​ ရုံးခန်းကျဉ်းကျဉ်းလေးကို လှမ်း မြင်​နေရတယ်။ ​နေ့လယ်​ခင်းကြီးဖြစ်​နေပေမယ့်​ ပိ​တောက်​ပွင့်​သစ်​ဟာ လည်း အ​မှောင်​​ငွေ့​ငွေ့ထဲမှာ အသံဗလံတ​ခုမှမကြားရ​​အောင်​ ငြိမ်​ဆိတ်​လို့။
စိတ်​ပျက်​လက်​ပျက်​နဲ့ ပိ​တောက်​ပွင့်​ သစ်​ထဲကိုဝင်​သွား​တော့ ​မောင်​စိမ်းနီဟာ သူ့ရဲ့ဆံပင်​အုံလိုပဲ ထူထူပွပွကြီးဖြစ်​​နေတဲ့ စာရွက်​​ပုံ​တွေကြားမှာ စိတ်​ရှုပ်​​ထွေး​နေပုံရတယ်​။ ​ဘေးစားပွဲက ​မောင်​တင်​ဆင့်​ က​တော့ ​ဂျာနယ်​တစ်​​စောင်​​ပေါ်မှာ အာရုံကပ်​ငြိလို့။ ​ဇော်​မိုးလွင်​က အစီခံနား ရောက်​လုလုဖြစ်​နေတဲ့ တဲ့ ဆေး​ပေါ့လိပ်​တိုကို မီးညှိဖွာရှိုက်​ပြီး တ​စုံတ​​ယောက်​​ယောက်​ကို ​မျှော်​​စောင့်​​နေတဲ့ပုံ။ နေ​ရောင်​​အောက်​က လမ်းတိုလေးကိုပဲ မီးခိုး​ငွေ့မျှင်​​တွေကြားမှာ ​ငေး​မောမင်​သက်နေတယ်​။ စာ​ရေးဆရာ ကဗျာဆရာ​တွေ ဝင်​ထွက်​​နေတဲ့ လမ်းတိုလေးက​တော့ တံလျပ်​တွေ​အောက်​မှာ ပူလောင်ဝင်းပလို့။
မောင်​စိမ်းနီဟာ စာရွက်​ထပ်​​လေးကိုင်​ပြီးဝင်​လာတဲ့ ကျွန်​​တော့်​ကိုမြင်​​လိုက်​တာနဲ့ဘာမှ​ပြော မ​နေ​တော့ဘူး။ ကျွန်​တော့်လက်ထဲက စာရွက်​​တွေကို ဆတ်​ခနဲ ဆွဲယူလိုက်​တယ်​။ ဘာ​တွေလဲကွ။ မ​ဟေသီမှာအဖြုတ်​ခံ လိုက်​ရတဲ့ ဝတ္ထု​လေ။ ဟား...ဖြုတ်​မှာ​ပေါ့ကွာ စိစစ်​​ရေးက။ ငြိမ်​သက်​ခြင်း၏ အခြား တ​ဖက်​မှာတဲ့။
နာမည်​ကိုက ဖြုတ်​ချင်​စရာ​ကောင်း​နေတာ။ ကိုကိုနိုင်​ဆွဲထားတဲ့ ပုံကလည်းဖြုတ်​ချင်​စရာ။
ပုံနဲ့စာကို ဖျတ်ခနဲ ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့မျက်​နှာကြီးဟာ ညိုမှောင်တွန့်​​ခေါက်​သွားခဲ့ပြီ။ ပြီး​တော့ ​​ကောင်းတာ​ပေါ့ကွာ...သိပ်​​ကောင်းတာ​ပေါ့ကွာ။ သူ့ဟာသူ တ​ယောက်​တည်း ပွစိပွစိနဲ့ ပြော​နေခဲ့ပြန်။ ပြီးတော့ တဟားဟားနဲ့ မခိုးမခန့် ရယ်မောနေခဲ့ပြန်။
ပြီးတော့  ဟေ့​ကောင်​.. မ​ဟေသီမှာ အဖြုတ်​​ခံရပေမယ့်​ ပိတောက်ပွင့်သစ်ထဲမှာ ထည့်​မယ်​ကွာ... ဒီလ​ဖောင်​မပိတ်​ရ​သေးဘူးကွ။ တို​တောင်း ပြတ်​​တောက်​တဲ့ စကားသံအဆုံးမှာသူ့ရဲ့မျက်လုံးတွေ ဟာ သူ့​ရှေ့က စာရွက်ပုံကိုပဲပြန်ရောက်သွားခဲ့။ ထပ်ပြီး ဖြုတ်လိုက်ရင်​ ဘယ်​လိုလုပ်​မလဲ။ ဖြုတ်​ဖြုတ်​ကွာ... ငါ့ဟာငါ  ထည့်ချင်​လို့ထည့်​တယ်​ကွာ။
အဲဒီအချိန်တုန်းက စာပေစိစစ်ရေးဆိုတာ အလုံးစုံ​သော အနုပညာဖန်​တီးမှု မှန်သမျှကို တနေရာ မဟုတ် တနေရာရာမှာ ဆွံ့အမည်းမှောင်သွားစေတဲ့ ​နေရာ​ဒေသတခု​ပေါ့။ အဲဒီအချိန်တုန်းက ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာတွေထဲမှာဆိုရင်​ စာ​ပေစိစစ်ရေးနဲ့မငြိဘူးတဲ့ လူဆိုတာ ခပ်ရှားရှားပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ဟာ မွန်းကြပ်မှု​တွေကြားကပဲ စိတ်ပျက်လက်ပျက်နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။ အဲဒီလိုခြစ်ရှရာတွေ တခုပြီးတခု ရနေတဲ့ကြားကပဲ လေးလံထိုင်းမှိုင်း​နေတဲ့ ရက်​စွဲ​တွေကို တ​ရက်​ပြီးတ​ရက်​ ဆန်တက်လာခဲ့ကြတယ်။ ညနေ​စောင်းပြီဆိုရင်​ ပုဇွန်တောင်သုခမြို့​တော်​ထဲက ဆိုင်နံပတ် ၁၇ လား။
ဒါမှမဟုတ်ရင် ၄၂ လမ်းထဲက အမားတို့ရဲ့ဆိုင်​လေးကိုလား။ စစ်ပြန်မဂ္ဂဇင်းနားမှာဖွင့်​ထားတဲ့ မင်းသားကြီး ရဲ့တိုက်​ခန်းထဲကိုလား။ ကျွန်တော်တို့ဟာ ကိုယ့်အုပ်စုနဲု့ကိုယ်​ ​အောင်​လံ​တော်​ တလူလူလွှင့်​ထူပြီး တက်​ညီ လက်​ညီ ချီတက်​သွားကြပြီ။ ည​နေခင်း​တွေဟာ ကျွန်​​တော်​တို့ အတွက်​ အရသာ ရှိသွားခဲ့ပြီ။
မဂ္ဂဇင်းတခုမှာ ဝတ္ထုလေးတပုဒ် ​သေဆုံးသွားတယ်ဆိုတာကျွန်တော်တို့အတွက်​တော့ အဆန်းတကျယ် မဟုတ်တော့ဘူး။ အဲဒီမဂ္ဂဇင်းမှာ ​သေဆုံးသွားခဲ့တဲ့ဝတ္ထုလေးကို အခြားမဂ္ဂဇင်းတခုခုကို ပို့ရပါတယ်​။ အဲဒီလိုပို့လိုက်တဲ့ မဂ္ဂဇင်းထဲမှာလည်း ထပ်ပြီးချေမှုန်းခံရရင် အခြားတိုက်တခုကိုပြောင်းပြီး ပေးရတာပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အမှောင်​ခေတ်ကြီးထဲမှာ မမြင်​မကန်း ဟိုစမ်းဒီစမ်းနဲ့ ကိုယ့်အနုပညာ ကိုယ်ချွန်​မြ​​ နေ​အောင်​ ​သွေးခဲ့ကြရတာမဟုတ်လား။
ဖြစ်ချင်တော့မောင်စိမ်းနီထည့်မယ်ဆိုပြီး ယူထားလိုက်တဲ့ စာမူဟာလည်း ဟိုနေရာဖြတ်၊ ဒီနေရာဖြတ်။ ဟို စာပိုဒ်ကိုကျော်၊ ဒီစာပိုဒ်ကျော်နဲ့ တပုဒ်လုံးရစရာမရှိအောင် စိစစ်ရေးကလုပ်ချလိုက်ပြန်ပါတယ်။ ကျွန်​​တော့်​ စာမူမှ မဟုတ်​ဘူး။ ဒီ့ပြင့်​စာမူ​တွေ ​တော်​​တော်​များများလည်း မင်​နီတားလွှတ်​လိုက်​တယ်​။ လမ်းဆုံမှာ ကမ်း ကုန်အောင်မိုက်ရိုင်းတော့လည်း ချမ်းတုန်​မယ်လို့ထင်ရင် မှားသွားမှာပေါ့ကွာ။ 
ခပ်​တင်းတင်းစေ့ထားတတ်​တဲ့ သူ့ရဲ့ နှုတ်​ဖျားက ထွက်​ကျလာတဲ့ ခပ်​​ငေါ့​ငေါ့​လေသံပါ။
မောင်စိမ်းနီဟာ ကျွန်တော့်စာမူအပါအဝင်စိစစ်ရေးက မင်နီတားပြီး ဖြုတ်ခိုင်းထားတဲ့ စာမူတော်တော် များများထဲက တချို့လည်း နည်းနည်းပါးပါးဖြုတ်။ တချို့ကျ​တော့လည်း မဆိုစလောက်လေးဖြုတ်။ တချို့ကို​တော့ ခပ်တည်တည်နဲ့ မူလအတိုင်း ပြန်ထည့်ပြီး သူ့ရဲ့ပိ​တောက်​ပွင့်​သစ်​ကို ၄၅ လမ်းထိပ်​မှာ အချိန်​အခါမဲ့ ပွင့်​​ဖူးနေတဲ့ ပိ​တောက်​ပွင့်​​တွေနဲ့အပြိုင်​ သင်းရီဖူးပွင့်​​စေခဲ့ပါတယ်​။
အဲဒီလက နရီပျက်​ပိ​တောက်​​တွေနဲ့အတူ သူလည်းပဲ စိစစ်​​ရေးကို​​ပြေးဟယ်​လွှားဟယ်​နဲ့အ​တော်​​လေး ရှင်း လိုက်​ရပါ​သေးတယ်​။
ပြောကြစတမ်းဆိုရင်​​​တော့ ဒါသည်​ပင်​ သူ့ရဲ့တင်​ဆက်​မှုအနုပညာပါပဲ။ သူလိုလူမျိုးအတွက်​​​ ​စာ​ပေစိစစ်​​ရေး နဲ့  ငြိစွန်းတယ်​ဆိုတာမျိုးဟာ သိပ်​ပြီး အဆန်းတကျယ်​​တော့ မဟုတ်​လှပါဘူး။   
သူတို့ဟာ လွန်​ခဲ့​သော နှစ်​​ပေါင်းများစွာကတည်းက ​ခေတ်​ကြီးကို မ​ကြောက်​မရွံ့နဲ့တော်​လှန်​ပုန်​ကန်​ခဲ့ကြတဲ့ ကဗျာဆရာ​တွေမဟုတ်​လား။
( နှစ်​ )
ကျွန်​​တော်​ ရန်​ကုန်​ကို​ရောက်​သွား​လေတိုင်း ရန်​ကုန်​လမ်းမ​တွေ​ပေါ်မှာ သူ့ကို အမြဲတမ်းလိုလို မြင်​​ရတွေ့ရ တတ်​ပါတယ်​။ တ​ခါတ​ခါမှာ သူဟာတ​ယောက်​တည်း။ တခါတခါ သူ့အပါးမှာ ကဗျာဆရာလေးတွေ စာ​ရေး ဆရာ​လေး​တွေ ပါလာတတ်​တယ်​။ တခါတ​ခါမှာ သူဟာ ပလက်​​ဖောင်း​ပေါ်မှာ တ​စုံတခုခု ကို​မျှော်​​စောင့်​​နေ တဲ့ပုံ။။ တခါတ​ခါ​တော့ သူ့ကို မဂ္ဂဇင်း/ဂျာနယ်​တိုက်​​တွေထဲမှာ မြင်​​တွေ့ရ​ပြန်​တယ်​။
သူ့ရဲ့မျက်​နှာသွင်​ပြင်​က​တော့ ဘယ်​အချိ​န်​ကြည့်​လိုက်​ကြည့်​လိုက်​ သုန်​လို့မှုန်​လို့။ သူ့ရဲ့ပခုံး​ပေါ်မှာ ချိတ်​ဆွဲ ထားတဲ့လွယ်​အိတ်​ကြီးကလည်း သူ့လိုပဲ မှုန်​မှုန်​မှိုင်းမှိုင်းနဲ့ လမ်းသွားလမ်းလာ​တွေကို ​ငေးကြည့်​ရင်း ပင့်​ သက်​​တွေ တချက်​ပြီးတချက်​ ရှိုက်​လို့။
လမ်း​ပေါ်မှာ​တွေ့တဲ့ တ​စုံတ​ယောက်​​ယောက်​က ပိ​တောက်​ပွင့်​သစ်​အတွက်​ စာမူ​ပေးလိုက်​ရင်​ အဲဒီစာမူကို လွယ်​အိတ်​ကြီးထဲ သူ ပစ်​ထည့်​လိုက်​တာပဲ။ ဂျာနယ်​မဂ္ဂဇင်းနဲ့ စာအုပ်​​လေး​တွေ လက်​​ဆောင်​ရလာခဲ့ရင်​လည်း အဲဒီလွယ်​အိတ်​ကြီးထဲကိုပဲ သူ ပစ်​ထည့်​လိုက်​တာပဲ။ ဝမ်းသာ​ပျော်​ရွှင်​စရာ သတင်းစကားတခုခု ကြားရရင်​လည်း အဲဒီလွယ်​အိတ်​ကြီးထဲပဲ ပစ်​ထည့်​လိုက်​တာပဲ။ သူ့ရဲ့မိသားစုအတွက်​ တ​စုံတခုခု ဝယ်​ခြမ်း သွားခဲ့ရင်​လည်း အဲဒီလွယ်​အိတ်​ကြီးထဲကိုပဲ စိတ်​ချလက်​ချ ပစ်​ထည့်​လိုက်​တာပါပဲ။ အဲဒီလွယ်​အိတ်​ကြီးကို သူ့အမည်​တပ်​ပြီး​​တော့​ ခေါ်ကြည့်​လိုက်​ရင်​ ဘာလဲကွလို့များ ပြန်​ထူး​နေမလားမဆိုနိုင်​ဘူး။
ဖောင်းကား​ပြောင်​တင်း​နေတဲ့ အဲဒီလွယ်​အိတ်​ကြီးကို သွန်​ချလိုက်​ရင်​  ​ခေတ်​ကြီး ငါး​ခေတ်​ ထွက်​ကျလာ လိမ့်​မယ်​။ 
အနီနဲ့အပြာ ထွက်​လာလိမ့်​မယ်​။ ဗလာဒီမာပူတင်​ ထွက်​လာလိမ့်​မယ်​။ ဆင်​မြူယယ်​ဟန်​တင်​တန်​ ထွက်​လာလိမ့်​မယ်​။ 
အောင်​ဘညို ထွက်​လာလိမ့်​မယ်​။ မင်းနွယ်​စိုးထွက်​လာလိမ့်​မယ်​။ 
တော်​လှန်​ကဗျာထွက်​လာလိမ့်​မယ်​။ ဆူး​လေလမ်းက​ ​လေနု​အေးရယ်​ ထွက်​လာလိမ့်​မယ်​။ 
စစ်​ပွဲ​တွေထွက်​လာလိမ့်မယ်​။ အ​မွေးအ​တောင်​​တွေ ကျွတ်​ထွက်​နေတဲ့ ချိုးငှက်​​တွေ ထွက်​လာလိမ့်​မယ်​။ ရှောင်​​ဇေလီ​ဇေလမ်းထွက် လာလိမ့်​မယ်​။
မာန်​​ပြေ(၁၁)လမ်း ထွက်​လာလိမ့်​မယ်​။ 
နှစ်​လိုဖွယ်​ကောင်းတဲ့ ဆဲ​ရေးသံ​​လေးတွေ ထွက်​လာလိမ့်​မယ်​။ သူနဲ့ ဆက်​နွယ်​ပတ်​သက်​ခဲ့တဲ့ လူ​တွေ၊ ဘဝ​တွေ၊ သက္ကရာဇ်​တွေ တခုပြီးတခု အလုအယက်​ ခုန်​ထွက်​လာကြလိမ့်​မယ်​။
အဲဒီလွယ်​အိတ်​ကြီးကိုလွယ်​ပြီး​တော့ပဲ ​အေးစက်​မည်း​မှောင်​​နေတဲ့​ခေတ်​​တွေကို တ​ခေတ်​ပြီးတခေတ်  ဖြတ်​သန်းလာခဲ့တာမဟုတ်​လား။ 
အဲဒီလွယ်​အိတ်​ကြီးကိုလွယ်​ပြီး​တော့ပဲ သူ့အနုပညာနဲ့သူချစ်​တဲ့မိသားစု၊ ပြီး​တော့ သူ့ဘဝရဲ့အစိတ်​အပိုင်း တခုလိုဖြစ်​နေခဲ့တဲ့ ပိ​တောက်​ပွင့်​သစ်​ကို ရန်​ကုန်ရဲ့လမ်းမ​တွေ​ပေါ်မှာ ထွန်းသစ်​​ဝင်းပ​စေခဲ့တာမဟုတ်​လား။ အဲဒီလွယ်​အိတ်​ကြီးကို လွယ်​ပြီး​တော့ပဲ ၁၉၇၀ ဝန်းကျင်​​လောက်​က ဆိပ်​ဖလူးပန်းရနံ့ ​​မွှေး​ဝေ​နေတဲ့ ​နေရာ တ​​နေရာမှာ သူ အထိန်းသိမ်းခံခဲ့ရတာ မဟုတ်​လား။
                        ( သုံး )
၂၀၁၇ ဇန်​နဝါရီလရဲ့​နောက်​ဆုံးပတ်​မှာ သူရယ်​၊ ကျွန်​​တော်​ရယ်​၊ ​မောင်​​ကျော်​သာ(ပဲခူး)ရယ်​ ပန်းဆိုးတန်း က Super King မှာ မ​မျှော်​လင့်​ဘဲနဲ့ဆုံ​တွေ့ခဲ့ကြတယ်​။ ပန်းဆိုးတန်းလမ်းမကြီးဟာ ရက်​ရက်​စက်​စက်​ပူ​ပြင်းနေတဲ့ မွန်းလွဲ​ပိုင်းနေ​ရောင်ေ​အာက်​မှာ ပျော့တွဲအိကျ​လို့။ ကား​ရောင်​စုံဟာ လိ​မ္မော်​​ရောင်​မီး​လျှံ​တွေ ကြားမှာ တဝီဝီနဲ့။ လမ်းမ​ပေါ်ဖြတ်​တိုက်​သွားတဲ့​လေ​ဟာ မီး​လေ​တွေ။ Leo Sayer ရဲ့ When I Need You သီချင်းသံကို တစချက်​တ​ချက်​ သဲ့သဲ့ညင်​ညင်​​လေး ကြား​နေရတယ်​။
လေထန်​ကုန်းအလွန်​ ဒီဘက်​​ခေတ်​ထဲကို ​ရောက်​လာ​တော့စာရေးဆရာ ကဗျာဆရာ၊ ထုတ်​​ဝေသူ၊ အယ်​ဒီ တာ​တွေနဲ့သက်​ဝင်​လှုပ်​ရှား​နေတဲ့ Super King ဟာ ရိုတွန်းက​ဖေးနဲ့တူလာသလားလို့ တခါတခါ ကျွန်တော် တွေး​နေမိတတ်​တယ်
အဲဒီ​နေ့က သူဟာ ဘဝအ​မောတွေကြားက ပိ​တောက်​ပွင့်​သစ်​အ​ကြောင်းကို ​ပြောပြတယ်​။
ဘဝအ​မော​တွေကြားက စာ​တွေ​ရေး​နေတဲ့ အ​ကြောင်း​ပြောပြတယ်​။ ဘဝအ​မော​တွေကြားက သူ့မိသားစု အ​ကြောင်း​ ပြောပြတယ်​။ ဘဝအ​အ​မော​တွေကြားက ​ပြောင်းလဲချိန်​တန်​ပြီဆိုပြီး ဘာမှ​ပြောင်းလဲ မလာ​သေး တဲ့ အ​ကြောင်း ​ပြောပြတယ်​။ ပြီး​တော့ ဘဝအ​မော​တွေကြားကပဲ ကျွန်​​တော်​တို့ကို ချစ်​စရာ​ကောင်း​အောင်​ ဆဲဆိုသွားဖို့လည်း သူ မ​မေ့​လျော့ခဲ့ပါဘူး။
မြစ်ရေအလျဉ်ဟာ  တံတားအောက်မှာ တရွေ့ရွေ့။ ပျော်ရွှင်မှုတွေ..ဝမ်းနည်းကြေကွဲမှုတွေ..ချစ်သူ မုန်းသူ တွေ..မူးယစ်ဝေသောနွေဦးညတွေ..မသေချာမရေရာမှုတွေ..ဘရုတာ့စ်ရဲ့ဓားချက်တွေ...ရူးနှမ်း​နေတဲ့မိုး တိမ်​​တွေ။
နောက်​ သုံး​လေးရက်​​အကြာ ​ဖေဖော်​ဝါရီတစ်​ရက်​​နေ့ ညဉ့်​နက်​ပိုင်းမှာတော့ တ​ရွေ့​ရွေ့ မြစ်​​ရေအလျဉ်​နဲ့ အတူ သူလည်းပဲ အ​ဝေးတ​နေရာကို သစ်​ရွက်​​ကြွေတ​ရွက်​လို တ​ရွေ့ရွေ့။
သူနဲ့​တွေ့ခဲ့တဲ့ ​နောက်​ဆုံး​နေ့လယ်​ခင်းက ​နေ့ထုတ်​သတင်းစာတ​​စောင်​ကို ဟိုလှန်​ဒီလှန်​ လှန်​​နေရင်းနဲ့ သူ​ပြောသွားခဲ့တဲ့ စကားတခွန်းကို ကျွန်​​တော်​ အ​သေအချာ မှတ်​မိ​နေ​သေးတယ်​။
       ရန်​ကုန်​ဟာ ​ပျော်​စရာမ​ကောင်းတော့ဘူးတဲ့။
      သူထွက်​ခွာသွားခဲ့တာ တစ်​နှစ်​​ကျော်ကျော်ရှိသွားပြီ။
ရန်​ကုန်​ဟာ အခုချိန်​အထိလည်း ပျော်​စရာ မ​ကောင်း​လှသေးပါဘူး။ အရူး​တွေများပြား​နေတဲ့ မြို့ကြီးတ​မြို့ ဟာ ဘယ်​လိုလုပ်​ပြီး​တော့  ​ပျော်​ရွှင်​စရာ​ကောင်းလာနိုင်​မှာလဲ။
       ဒါဖြင့်​ရင်​  ရန်​ကုန်​ဟာ ဘယ်​​တော့​လောက်​မှ ​​ ပျော်​ရွှင်​စရာ​ကောင်းလာမှာလဲ။ ရန်​ကုန်​ဟာ ရန်​​တွေ ကုန်​သွားတဲ့အချိန်​​​လောက်​ဆိုရင်​ ​ပျော်​ရွှင်​စရာ​ကောင်းလာနိုင်​တာ​ပေါ့လို့ အရူးအနှမ်းတ​​ယောက်​လို ကျွန် တော်​ ​တွေး​နေမိပါတယ်​။ ။
                                             နိုင်​   ဝင်း    သီ
                                             ၆ ၊  ၇ ၊ ၂၀၁၈
          -----------------
                      ( တစ်​ )
0