ကြိုးကြာငှက်တို့ရဲ့အပြန်လမ်း (ဒေါက်တာစိန်ဝင်း)
မြတ်လှိုင်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈
ပြောမယ်ဆိုရင်ကျွန်တော်တကယ်မသိခဲ့ပါ။ ဒီအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို မတရား အသင်းကြေညာခဲ့တာ၊ အကြမ်းဖက်သူများလို့သတ်မှတ်ခဲ့ တာ ဘယ်တုန်းကလဲဆိုတာ။ကျွန်တော်သိခဲ့ တာက အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ်က ဒေါက်တာစိန်ဝင်းဆိုတာရယ်၊ ၂၀၁၂ ခုနှစ်က ဒေါ် အောင်ဆန်းစုကြည်အမေရိ ကားမသွားခင်မှာ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဆိုတာလောက် ပဲ သိခဲ့ရပါတယ်။၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်အယ်ဒီအနိုင်ရပြီး အစိုးရဖွဲ့ခွင့်ရတော့ ဒေါက်တာစိန်ဝင်းတယောက် အမိမြန်မာပြည်ကို ပြန်လာနိုင်တော့ မယ်ဆိုပြီး ဝမ်းသာမျှော်လင့်နေမိပါသေးတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၉၀ ခုနှစ်က အင်အယ်ဒီအထွေထွေရွေးကောက်ပွဲအနို င်ရတဲ့အချိန်မှာ ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှ ယ်တဦးဖြစ်နေပါတယ်။ အင်အယ်ဒီပါတီကနေ ဝင်အရွေးခံရတဲ့ လွှတ် တော်ကိုယ်စားလှယ်မဟုတ်ပေမယ့် တကယ်လို့ အင်အယ်ဒီပါတီကိုမတရား အသင်းကြေညာလိုက်ရင် ဆို တဲ့အတွေး နဲ့ သက်ကယ်ပါတီတခုအနေနဲ့ ”အမျိုးသားဒီမိုကရေစီပါတီ” အဖြစ်ဖွဲ့ပြီး အထွေထွေရွေးကောက် ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားခဲ့တာပါ။ အဲဒီ ”အမျီုးသားဒီမိုကရေစီပါတီ” ရဲ့ဥက္ကဋ္ဌကို ဒေါက်တာစိန်ဝင်း တာဝန် ယူခဲ့ရတာပါ ။ အတွင်းရေးမှူးကိုမြင့်ဆွေ(ကဗျာ ဆရာတင်ဆွေမိုး)အလုပ်အမှုဆောင်တွေ ကတော့ ကိုစိုးဝင်း(အဖြူလေး)နဲ့ ကိုသိန်းဦးတို့ ပါဝင်ခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းက အဲဒီအမျိုးသားဒီမိုကရေစီ ပါတီ ကနေ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၉၀ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ေ နတာပါ။
ဒေါက်တာစိန်ဝင်းဟာ အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုရင်းဖြစ်တဲ့ အာဇာနည်ဦးဘဝင်းရဲ့သားဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုတစ် ဝမ်းကွဲဖြစ်ပါတယ်။
အစ်ကိုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားအကိုးဆုံးအစ်ကိုတယောက်ကြို ပပါဆိုရင် ဒေါက်တာ စိန်ဝင်းကို ပြရပါလိမ့်မယ်။ သင်္ချာဘာသာနဲ့ပါရဂူဘွဲ့ယူခဲ့သူပါ ။ ဒေါက်တာစိန်ဝင်းဟာ ဂျာမနီနိုင်ငံ ဟမ်း ဘတ်တက္ကသိုလ် က မဟာသိပ္ပံဘွဲ့နဲ့ ပါရဂူဘွဲ့ကို ရခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ ဒေါက်တာစိန်ဝင်းက အင်အယ်ဒီရဲ့ဗဟိုတတ်သိအဖွဲ့ဝင်ဖြ စ်သလို မှတ်တမ်းလွှာရဲ့ ဘဏ္ဍာရေးမှူးတာဝန် ယူခဲ့ရပါတယ်။
၉၀ ခုနှစ်က အင်အယ်ဒီကထုတ်ဝေတဲ့မှတ် တမ်းလွှာရဲ့အယ်ဒီတာတွေအဖြစ် ကျွန်တော်နဲ့ ကိုအောင် ကျော်ဦး (ကိုပိန်ပိန်)တို့က တာဝန်ယူခဲ့ရတဲ့အချိန်မှာ ဒေါက်တာစိန်ဝင်းက ဘဏ္ဍာရေးမှူးတာဝန် ယူနေရ တော့ အမြဲထိတွေ့ဆက်ဆံနေရပါတယ်။ အလွန်ခင်မင်ခဲ့ကြရပါတယ်။ ဒေါက်တာစိန်ဝင်းကို ကျွန်တော်တို့ နောက်ရယ်ပြောင်ရယ်နဲ့ နေခဲ့ကြတာပါ။ ကျွန်တော်တို့ နောက်ပြောင်တာကို ပြုံးပြုံးကြီးနဲ့ နေတတ်ခဲ့သူဖြစ် ပါတယ်။ အမှတ်တရကတော့ ကိုစိုးဝင်း(အဖြူလေး) အိမ်အပေါ်ထပ်မှာပေါ့။ ဒေါက်တာစိန်ဝင်းက သူ့ တပည့်မ မိန်းမငယ်ငယ်လေးယူလို့ စားရင်းသောက်ရင်းနဲ့နောက်ပြောင်ေ နခဲ့တာကို အမှတ်ရနေဆဲပါ။
ကျွန်တော်တို့တွေ အမေရိကန်သံရုံးကအခန်းအနားတခုခု လုပ်လို့ဖိတ်ရင် အတူတူသွားခဲ့ကြပါတယ်။ အခမ်းအနားမှာ ဘီယာဗူးတွေလိုက်ပေး ရင်ယူထားပြီး ကျွန်တော့်ကို အမြဲပြန်ပေးလေ့ရှိတာကိုလည်း သတိ ရ နေပါတယ်။ ဒေါက်တာစိန်ဝင်းက ဆေးလိပ်၊ ကွမ်း၊ အရက် သောက်တတ်သုံးတတ်သူ မဟုတ်ပါဘူး။ ပြောတာ ဆိုတာလည်း ပြုံးပြုံးလေးနဲ့ပဲ ပြောတတ်ဆိုတတ်ပါတယ်။
ဒါပေမဲ့ အလုပ်လုပ်တဲ့နေရာမှာတော့ ပြတ်ပြတ်သားသား တိတိကျကျလုပ်ကိုင်တတ်သလို အလုပ်နဲ့ ပတ်သက်ပြီးပြောရင်လည်း တိတိကျကျပြောတတ်ပါတယ်။ ကျွန်တော်နဲ့ ကိုပိန်ပိန်နဲ့ပတ်သက်ရင်တော့ တော်တော် လိုက်လျောပါတယ်။ ဥပမာအနေနဲ့ပြောရရင် မှတ်တမ်းလွှာထုတ်လုပ်မှုစရိတ်တွေ စာရင်းရှင်း ကြတဲ့အခါ ကျွန်တော်နဲ့ကိုပိန်ပိန်က ညနေတို င်းအရက်သောက်တဲ့စာရင်းကို ထည့်ရေးပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ထဲအရက်သောက်တတ်တာက မြေနီကုန်း၊”အလင်းရောင်” နဲ့ မြေနီကုန်းညဈေး ထဲက” ရွှေပုဇွန်”ခေါက်ဆွဲကြော်ဆိုင်မှာ ဘီအီး(အရက်ဖြူ) သောက်တတ်ပါတယ်။ ကျွန်တော်တို့မှတ်တမ်း လွှာထုတ်လု ပ်တဲ့အသုံးစရိတ်မှာ အရက်သောက်တဲ့စာရင်းကိုကြည့်ပြီး ဒေါက်တာစိန်ဝင်းက ရီ(ရယ်) ပါလေ ရော။
”နေ့စဉ်ထမင်းစရိတ်ကထားပါတော့၊ အရက်သောက်တာကိုစာရင်းထဲထည့်တင် တာ တရားမဝင်ဘူးကွ” လို့ ပြောပါတယ်။ ”သွားတဲ့လာတဲ့ကားခတော့မတင်ပဲနဲ့ အရက်ဖြူသောက်တာကျတော့တင်ရတယ်လို့ ကွာ” လို့ပြောတော့ ကျွန်တော်က ”ကျွန်တော်တို့ဘယ်သွားသွား ကိုစောလှိုင်ကသူ့ကားနဲ့လိုက်ပို့ တာဆိုတော့ ကားခမကုန်ဘူးလေ” လို့ ပြောလိုက်ပါတယ်။ ကိုစောလှိုင်ဆိုတာက ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာနေ တဲ့ မြို့နယ် အင်အယ်ဒီတာဝန်ခံပါ။ ကျွန်တော်နဲ့ကိုပိန်ပိန်ကိုခင် လို့ နေ့စဉ်ကားတစီးနဲ့ လိုက်ပို့နေတတ်ပါ တယ်။ ”ကိုစောလှိုင်ကစေတနာနဲ့လိုက်ပို့ ပေမယ့်၊ ထုတ်လုပ်စရိတ်ထဲမှာသွားလာစရိတ်တ င်ရတယ်၊ အဲဒီ သွားလာစရိတ်နဲ့အရက်သောက်ပေါ့ ၊ ပိုရင်တောင်ပိုဦးမယ်” လို့ ဒေါက်တာစိန်ဝင်းက ပြုံးပြုံးကြီးနဲ့ လမ်းညွှန် ပြပါေ တာ့တယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သွားလာနေရတဲ့ လမ်းကြောင်းတွေကမနည်းပါဘူး။ ဘားလမ်းကဦးတင်စိုးရဲ့စပယ်ဦးပုံ နှိပ်တိုက်၊ ၄၈ လမ်းက ကိုကျော်ဝင်းရဲ့သုခဝတီပုံနှိပ် တိုက်၊ ကျောက် မြောင်းက ဖလင်မောင်မျိုး (ပန်းချီတင်လှဝင်းထင်သား)၊ ကျောက်မြောင်းက ကိုမောင်မောင်နိုင်ရဲ့ မေတ္တာ မိုးေ အာ့ဖ်ဆက်၊ လမ်း ၃၀ က ဒေါ်မြင့်မြင့်တင်ရဲ့ မြင့်သီဂီေ အာဖ့်ဆက်တွေကို နေ့စဉ်သွားလာေ နရတဲ့ ခရီးတွေ မနည်းပါဘူး။ ဒီခရီးစဉ်တွေအတွက်တက္ကစီကားငှား တဲ့စရိတ်ကိုစာရင်းပြပြီးတင်ရင် ကျွန်တော်နဲ့ ကိုပိန်ပိန်အတွက် ညနေတိုင်းဘီအီးသောက်နိုင်နေပါ တယ်။ အဲဒီအချိန်တုန်းက ညနေဖက်ကိုစားသောက် ဆိုင်ကြီးတွေမှာ လိုက်ဒကာခံကြမယ့်သူတွေကလည်း အမြဲလိုပေါ်လာတတ်ပါတယ်။ ကျွန်တော်တို့အတွက် အသုံးစရိတ်ကဘာမှမရှိပါဘူး။ ကျွန်တော်နဲ့ကိုပိန်ပိန်ကိုတစ် လလေးရာကျပ်ပေးထားပါသေးတယ်။ ကိုယ် လုပ်ချင်တဲ့မှတ်တမ်းလွှာကို လုပ်ခွင့်ရနေတာကိုပဲ နှစ်သက်ပျော်ရွှင်နေတတ်ကြတာပါ။ ကျွန်တော်တို့ပြန် ကြားရေးက အုပ်စုလေးတအုပ်စုလိုဖြစ်နေပြီး စိတ်တူကိုယ်တူလက်တွဲပြီးပျော်ရွှ င်စရာကောင်းခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ကျွန်တော်တို့ပြန်ကြားရေးအုပ်စု နဲ့နေရတာပျော်ရွှင်နေတတ်ပါတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ စကားသိပ်မပြောတတ်ပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်တွေအပေါ်ကိုတော့ ပြတ်ပြတ် သားသား ဆန့် ကျင်တတ်တဲ့လူတယောက်ပါ။ အပြောပြတ်သားသလို စိတ်လည်း ရဲရင့်ပြတ်သားပါတယ်။
အင်အယ်ဒီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များရဲ့ပထမအကြိမ်အစည်းအဝေး (ဂန္ဒီခန်းမ)မှာ ကျင်းပတော့ ဒီဂန္ဒီခန်းအစည်းအဝေးကနေပြီး လွှတ်တော်အဖြစ်ကြေညာဖို့ ဒေါက်တာစိန်ဝင်း တက်ဖတ်တဲ့စာတမ်း ဟာ စစ်အာဏာရှင်ကို တင်းမာပြတ်သားစွာစိန်ခေါ်မှုပါပဲ။ ဂန္ဒီခန်းမမှာထက်ရောက်နေတဲ့အနိုင် ရ လွှတ်တော် ကိုယ်စားလှယ်က ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ဒီဂန္ဒီခန်းမကနေ လွှတ်တော်အဖြစ်ကြေညာလိုက်ပြီး အစိုးရဖွဲ့ဖို့ဆိုတဲ့အဆိုကို တင်ခဲ့တာပါ။ ဒီဂန္ဒီခန်းမစာတမ်းက ဒေါက်တာစိန်ဝင်းကို စစ်အာဏာရှင် အစိုးရ အနေနဲ့ ပိုပြီးသတိပြုမိသွားစေပါတယ်။
အဲဒီ့ဂန္ဒီခန်းမအစည်းအဝေးပြီးနော က်ပိုင်းမှာ စစ်ထောက်လှမ်းရေးက အင်အယ်ဒီမှာ တင်းမာတဲ့ တတိယအုပ်စု တခု ပေါ်ပေါက်လာတယ်လို့ သတ်မှတ်လိုက်တာပါ။ အင်အယ်ဒီမှာအုပ်စုနှစ်အုပ်စု အားပြိုင် နေတဲ့အချိန်ပါ။ မျိုးချစ်တပ်မှူးဟောင်းများအုပ် စုနဲ့ တတ်သိအုပ်စုပါ။ ဂန္ဒီအစည်းအဝေးနာက်ပိုင်းမှာ ကြေ ညာချက် ၅/၉၀ ထွက်ပြီး တတ်သိအုပ်စုကို ပျော့ပြောင်းသွားတယ်လို့ ထင်မှတ် ခံခဲ့ရပါတယ်။
ဂန္ဒီအစည်းအဝေးမှာဆုံးဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်မှာ လွှတ်တော်ခေါ်ယူရေးကို အဓိကထားခဲ့ပါတယ်။ လွှတ် တော်ခေါ်ယူပြီး လွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပေ ဒ ရေးဆွဲမယ်ဆိုတဲ့ သဘောထားပါ။ ၅/၉၀ ကို ကြေ ညာချက်အဖြစ်ထုတ်ပြန်လိုက်တော့ ဖွဲ့စည်းပုံကိုအရင်ရေးဆွဲပြီး ဒီဖွဲ့စည်းပုံအရ လွှတ်တော်ခေါ်ယူ မယ်ဆို တဲ့ သဘောထားဖြစ်သွားခဲ့ပါတယ်။ အဲဒီ ၅/၉၀ ကြေညာချက်ကြောင့် အင်အယ်ဒီပါတီတွင်းမှာ ပြဿနာ တွေဖြစ်ပြီး တတိယအုပ်စု ပေါ်လာခဲ့ပါတယ်။ ဒီစစ်အာဏာရှင်စနစ်အပေါ် တင်းမာတဲ့ သဘောထားရှိသူ တတိယအုပ်စုကိုဦးေ ဆာင်သူတွေကတော့ ဒေါက်တာစိန်ဝင်း၊ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဒေါက်တာမောင် မောင်စော၊ ဦးသိန်းတင်၊ ဦးမြဝင်း(အင်္ဂပူ)၊ ပီတာလင်းပင်၊ ဒေါ်စန်းစန်း(ဆိပ်ကမ်း) တို့ပါပဲ။
ဒီအုပ်စုက အမရပူရအပါအဝင် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး စင်ပြိုင်အစိုးရကိုဖွဲ့စည်းနို င်ဖို့ ပြင် ဆင်ပါတယ်။ ဒါကိုစစ်ထောက်လှမ်းရေးကသိသွားပြီး စတင် ဖမ်းဆီးပါတော့တယ်။
ဦးတင်မောင်ဝင်းတို့အဖမ်းခံလို က်ရပေမယ့် ဒေါက်တာစိန်ဝင်းတို့က တဖက်ထိုင်းနယ်စပ်ကို ထွက်သွားပါ တယ်။ အင်အယ်ဒီရဲ့အမာလိုင်းတတိယအုပ်စု ကိုဖမ်းပြီးတော့ ဦးကြည်မောင်၊ ဦးကျော်မင်း(ပိသုကာ)၊ ဦးခင်မောင်ဆွေတို့ဦးဆောင်တဲ့ တတ်သိအုပ်စုကိုပါ ဖမ်းလိုက်ပါတော့တယ်။
အင်အယ်ဒီပါတီတွင်းအားပြိုင်နေတဲ့ မျိုးချစ်တပ်မှူးဟောင်းအုပ်စုနဲ့  တတ်သိအုပ်စုနှစ်အုပ်စုမှာ၊ ဦးအောင် ရွှေဦးဆောင်တဲ့မျိုးချစ် တပ်မှူးဟောင်းအုပ်စုတခုထဲသာ ကျန်နေပါတော့တယ်။ ၁၉၉၀ ဒီဇင်ဘာလလောက် ရောက်တော့ လွတ်မြောက်နယ်မြေလို့ဆိုကြတဲ့ မာနယ်ပလောမှာ ဒေါက်တာစိန်ဝင်းကိုဝန်ကြီးချုပ် တင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်တယ်ဆိုတဲ့သတင်း ကြားလိုက်ကြရပါတယ်။
![]() |
မာနယ်ပလောနယ်မြေမှာ တပ်ပေါင်းစုနဲ့အတူ ဒေါက်တာစိန်ဝင်း -(Google) |
၂၀၁၅ ခုနှစ်မှာ ဒေါက်တာ စိန်ဝင်းရဲ့ညီမ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းနိုင် တော့ ဒေါက်တာစိန်ဝင်း မြန်မာပြည်ကြို ပန်လာနိုင် ပြီလို့ ထင်ခဲ့ပါတယ်။ အများကြီးလည်း မျှော်လင့် ခဲ့မိပါတယ်။ ဒေါက်တာစိန်ဝင်းလို ပီဘိ ပညာရှင်စစ်စစ်တယောက်လည်ြး ဖစ်၊ နူးညံ့တဲ့စိတ်သဘောထားရှိသူလည်ြး ဖစ်၊ နိုင်ငံရေးမှာလည်း စိတ် ခိုင်မာပြတ်သားတဲ့သူတယောက် သာရှိနေခဲ့မယ်ဆိုရင် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ သူတကယ်ယုံကြည် တဲ့ သူ့ညီမကို အများကြီးကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ မြန်မာပြည်ကို တကယ်ချစ်တဲ့သူ တယော က်ပါ။ သူ့ဖခင် အာဇာနည် ဦးဘဝင်းနဲ့ သူ့ ဦးလေး ဗိုလ်ချုပ်အောင်ဆန်းတို့လို မြန်မာပြည်အတွက် ဘဝတခုလုံးကို မြှုပ်နှံထားမယ်လူမျိုးဖြစ်တယ် ဆို တာ လုံးဝသံသယဖြစ်စရာမလိုတဲ့သူပါ။
ဒေါ်အောင်ဆန်းစုကြည်အစိုးရဖွဲ့နိုင်တော့ သူမြန်မာပြည်ကိုပြန်လာဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒေါက်တာစိန်ဝင်း မြန်မာပြည်ကြို ပန်လာချင်လို့ဆိုတဲ့စကားလေးကို မိုးမခမဂ္ဂဇင်း မှာဖတ်မိပြီး တော်တော်စိတ်မကောင်း ဖြစ်လိုက်ရပါသေးတယ်။
သူပြောသွားတာက ...
”နေကောင်းပါတယ်ခင်ဗျ၊ ကောင်းတယ်ဆိုသော်လည်း ဆေးတွေတော့စားနေရတာပေါ့။ ကျွန်တော်က နှလုံးရောဂါတော့ ရှိ တယ်လေ၊ သည်တော့ဆေးတွေစားနေရတာပေါ့” ။
မြန်မာပြည်ပြန်ဖို့ဆိုတာကိြုေ ဖတဲ့နေရာမှာတော့ ...
”ကျွန်တော်တို့ကလျှောက်တော့ အဲသည်တုန်းက ပြဿနာခံဝန်ချက်တွေထိုးရတာ၊ နိုင်ငံရေးမလုပ်ပါဘူး တို့ ဘာတို့၊ ခံဝန်ချက်ထိုးရတယ်။ အဲဒါကို ကျွန်တော် မကြိုက်ဘူး”။
အင်မတန်ဝမ်းနည်းစရာေ ကာင်းတာက ”ဗမာပြည်မှာ အခြေအနေက ပြောင်းနေပြီ။ ဒေါ်အောင်ဆန်းစု ကြည်တို့ ရွေးကော က်ပွဲအနိုင်ရတယ်။ ဒီမိုကရေစီ သွားနေပြီ။ ဒါဆိုရင် လွယ်လွယ်ကူကူဖြစ်ရမှာပေါ့ဗျာ။ တိုင်းပြည်ထဲဝင်တယ်ဆိုရင် တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့မကျေနပ် ရင် ပြန်မောင်းထုတ်လို့ရတယ်”။
”ကျွန်တော်တို့ကိုနိုင်ငံသားဟော င်းဆိုပြီးလုပ်တာကျတော့ ကျွန်တော်တို့က နိုင်ငံသားအဟောင်းလဲ မဟုတ် ဘူးဗျ။ နိုင်ငံသားအသစ်လည်း မဟုတ်ဘူးဗျ။ မြန်မာပြည်နိုင်ငံသားပဲ။ အဲဒါကိုတော့ ကျွန်တော်တို့ မလျှော့ ဘူး။ ဘယ်တော့မှမလျှော့ဘူး။ အဲဒါပါပဲ” တဲ့။
![]() | ||
ဒေါ်အောင်ဆန်းစုကြည်၏အမေရိကန်ခရီးစဉ်တခုတွင် | ဒေါက်တာစိန်ဝင်းနှင့်အတူဆုံခဲ့ကြ |
ပြောမယ်ဆိုရင် ဒေါက်တာစိန်ဝင်းက မြန်မာပြည်ကို တကယ်ချစ်ပြီး မြန်မာပြည်အတွက် ကျရာနေရာ ကနေ အလုပ်အကျွေးပြုချင်သူပါ။ အခုဒေါက်တာစိန်ဝင်းတို့ဖျက်ထာြး ပီးဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Govenment of Union of Burma-NCGUB) ကို မတရားအသင်းကနေဖျက်သိမ်းပြီး အကြမ်းဖက်သမားတွေ မသတ်မှတ်တော့ဘူးဆိုတဲ့ ကြေညာစာထွက် လာပါပြီ။ ဒီအမိန့်ကြေညာချက်နဲ့ ဒေါက်တာစိန်ဝင်းဟာ မြန်မာပြည်ထဲကိုပြန်ရင် ပြန်လာနိုင် ပါလိမ့်မယ်။
ဒေါက်တာစိန်ဝင်းပြန်ရောက်လာရင်ေ တာ့ မြန်မာနိုင်ငံအတွက်ရော သူ့ညီမ ဒေါ်အောင်ဆန်းစုကြည် အတွက် ပါ အားထားရာ အင်အားဖြစ်လာမယ်လို့ ယုံကြည်မိပါ တယ်။
ကျွန်တော်တို့ရဲ့ပျော်ရွှင်စရာနှ စ်ကာလများကတော့ ၁၉၉၀ ခုနှစ်မှာကျန်ခဲ့ပါပြီ။ မြန်မာ့စစ်အာဏာရှင်တွေရဲ့ ကမ္ဘာကျော်လိမ်လည်မှုနဲ့အတူ နာမယ်ကြီးခဲ့တဲ့ မြန်မာပြည်ရဲ့ ၉၀ေ ရွေးကောက်ပွဲကို ပြန်တွေးမိရင် ပြန် မှတ်မိနေဦးမှာပါ။
မကြာခင်ရောက်လာတော့မယ့် "ကြိုးကြာငှက်တို့ရဲ့အပြန်လမ်း မထက်” ဆီကို တင်ကြိုမျှော်လင့်ပြီး ကြိုဆို ချင်နေမိပါတော့တယ်။
မြတ်လှိုင်း
Comments