မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်



မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်
K  (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈


ရန်ကုန်ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီးထားသော မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုများပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ် အမှတ်၁၀၀ရှိ ပန်သူရိယ အနုပညာ ဆုံမှတ် ပြခန်းမှာ ဇူလိုင်၂၂ ရက် နေ့လယ်၂ နာရီ မှ ၄ နာရီထိ ပြသပြီး ဆွေးနွေးမှုများပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲမှာ ၀င်ကြေးအခမဲ့ဖြစ်ပြီး လူမှုအသိုက်အ၀န်းက ဒေသခံများမှ ကိုယ်တိုင် ဖန်တီးထားသော ဗီဒီယို ဇာတ်လမ်း တိုတစ်ခုနှင့် ရန်ကုန် ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီး ထားသော မှတ်တမ်းရုပ်ရှင် ဇာတ်လမ်း တိုများ ပြသခြင်းနှင့် ဆွေးနွေးခြင်းတို့ပါဝင်တယ်လို့သိရပါတယ်။

ပြပွဲနဲ့ပတ်သက်ပြီး Pansuriya လူမှုကွန်ရက်စာမျက်နှာမှာ “လူမှုအသိုက်အ၀န်းက ဒေသခံများမှ ကိုယ်တိုင်ဖန်တီးထား သော Safe Migration ဗီဒီယို ဇာတ်လမ်းတိုကို ပြသသွားမှာ ဖြစ်ပြီး အထူးအစီစဉ်အနေဖြင့် ထိုဇာတ်လမ်းကို ဖန်တီးသူ ဒေသခံများနှင့်ကိုယ်တိုင် အမေးအဖြေကဏ္ဍကို တွေ့ဆုံဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားရာနေရာရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ရင်နှင့်ဖွယ်အဖြစ်အပျက်များကို ပုံဖော်ထားသော ပုံပြမှတ်တမ်းရုပ်ရှင် Docuanimation ဇာတ်လမ်းတို သုံးကားနှင့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေး မှတ်တမ်းရုပ်ရှင် ဇာတ် ကားတစ်ကားလည်းပါဝင်ပါတယ်”လို့ရေးသားထားပါတယ်။

Comments